← Chapters

အခန်း(၆၇၅) မိသားစုနဲ့ ဧည့်သည်များ ရောက်ရှိလာခြင်း

Vol. 49 Ch. 675

အခန်း(၆၇၅) မိသားစုနဲ့ ဧည့်သည်များ ရောက်ရှိလာခြင်း

Vol. 49 Ch. 675

အခန်း(၆၇၅) မိသားစုနဲ့ ဧည့်သည်များ ရောက်ရှိလာခြင်း

လင်းချင်းဟယ်က သူမသားကြီးကျိုးခိုင်ကို ပြောပြီးပါပြီ။ သို့သော် ဝိန်မေ့ကျားကိုတော့ မပြောပြရသေးပါ။ ထို့ကြောင့် ဝိန်မေ့ကျား အခု တွေ့လိုက်ရသောအခါ အနည်းငယ် ပူအိုက်လာပါသည်။

များလွန်းသည်။

"ဒေါ်လေး မှားပေးတာများလား။” ဝိန်မေ့ကျားက ကျိုးခိုင်ကို အခန်းထဲဆွဲခေါ်သွားပြီး တိုးတိုးလေး ကပ်မေးလိုက်ပါသည်။

"မမှားလောက်ပါဘူး" ကျိုးခိုင်လည်း မြင်ပြီးပါပြီ။ ၁၀၁,၀၀၀ ဖြစ်သည်။

ဝိန်မေ့ကျားက သူ့ကို အတည်ပြုဖို့ ပြန်ပေးလိုက်သည်။ ကျိုးခိုင်က ရွှင်ပျစွာ ပြောလိုက်၏။ "မှန်ပါတယ်။”

"ဒေါ်လေးလင်းက... ဘာလို့ အများကြီး ပေးရတာလဲ" ဝိန်မေ့ကျား ရှက်ရွံ့သွားမိပါသည်။

"ကို့မိဘတွေ ပေးတာဆိုတော့ သိမ်းထားလိုက်ပေါ့။ ကိုတို့နှစ်ယောက်တည်းပဲ မဟုတ်ဘူး။ အလတ်ကောင်နဲ့ အငယ်ကောင်လည်း နောက်ပိုင်းကျရင် ဒီလောက်ရမှာပဲ" ကျိုးခိုင်က ပြောလိုက်ပါသည်။

ထိုစကားကြားမှ ဝိန်မေ့ကျားအနည်းငယ် စိတ်သက်သာသွားပါသည်။

ထို့နောက် သေတ္တာကို ဖွင့်ကြည့်လိုက်ပြီး ရွှေဆွဲကြိုး၊ ရွှေလက်ကောက်၊ ရွှေလက်စွပ်တို့ကို ကြည့်လိုက်သည်။

ရွှေလက်စွပ်က အသာထားဦး။ ရွှေဆွဲကြိုးနဲ့ ရွှေလက်ကောက်တို့က လေးလွန်းလှသည်။ ၎င်းတို့၏ အလေးချိန်က အမေဝိန်ပေးသည့် ပစ္စည်းများထက် အဆ ၃၀ လောက် ပိုလေးပါသည်။

ကျိုးခိုင်က နေ့လည်စာစားပြီးနောက် အိမ်ပြန်သွဦားသည်။ ဝိန်မေ့ကျားကတော့ အိမ်မှာပဲနေပြီး မင်္ဂလာပွဲနေ့ကို စောင့်နေတော့သည်။

အမေဝိန်က ပြုံးကာ မေးလိုက်၏။ "နင့်ယောက္ခမ နင့်ကို ဘယ်လောက်ပေးလဲ။”

"ဘာလို့ မေးတာလဲဲ။ သူတို့အတွက်ပဲကို" အဖေဝိန်က ဆူလိုက်ပါသည်။

ဝိန်မေ့ကျားက ဖုံးကွယ်ထားစရာမလိုဘူးဟု ထင်သဖြင့် ပမာဏကို ပြန်ပြောပြလိုက်ပါသည်။

ပမာဏကိုပြောပြလိုက်တာနဲ့ သတင်းစာ အေးအေးဆေးဆေး ဖတ်နေသည့် အဖေဝိန်တောင် တုန်လှုပ်သွားပါသည်။

ဝိန်မိသားစုကို မဆိုဦးနဲ့။ ကျိုးမိသားစုတို့ အိမ်ခြံဝန်းကြီးထဲတွင် အတော်လေး စည်ကားနေပါပြီ။ သာားလတ်က ဟဲမြန်မြန်နဲ့ ရောက်လာပါပြီ။

ဒီနှစ် ပြောင်းလဲမှုများက မသေးပေ။ ကျိုးရွှမ်က နိုင်ငံရေးလမ်းမပေါ် လျှောက်လှမ်းခဲ့သည်။ အစက ကျိုးရွှမ်သည် တက္ကသိုလ်ဆရာတစ်ယောက် ဖြစ်ချင်ခဲ့သူ ဖြစ်၏။

ဟဲမြန်မြန်က ခဲအိုလောင်းဖြစ်သည့် ကျိုးခိုင်နဲ့ တွေ့ရသည်။ ပြောရမည်ဆိုလျှင် သူတို့မိသားစု ဗီဇများက ကောင်းမွန်လွန်းပါသည်။

အမှန်ပင်။ သူမ၏ ရည်းစားကတော့ အချောဆုံး ဖြစ်သည်။

ကျိုးခိုင်က ကျိုးရွှမ်နဲ့ ပြင်ပကိစ္စများအကြောင်း ပြောခဲ့ပါသည်။ ကျိုးရွှမ်က နောက်နှစ် တောင်ပိုင်းသွားမည့် အကြောင်းကိုလည်း သူ့ကို ပြောပြခဲ့သည်။

"သားလတ်က တောင်ပိုင်းသွားမှာတဲ့။ မြန်မြန်... သမီးကော လိုက်သွားမှာလား" လင်းချင်းဟယ်က ဟဲမြန်မြန်ကို မေးလိုက်ပါသည်။

"သူ လိုက်ခွင့်ပြုရင်တော့ လိုက်သွားမယ်၊ သူလိုက်ခွင့်မပြုရင်တော့ မလိုက်တော့ပါဘူး" ဟဲမြန်မြန်က သိမ်သိမ်မွေ့မွေ့ လေသံလေးဖြင့် ပြောလိုက်ပါသည်။

ကျိုးရွှမ်က သူမကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ကိုလိုက်ခွင့်မပြုရင် တကယ် မလိုက်ဘူးလား။”

ဟဲမြန်မြန်က ရွှင်ပျစွာ ပြန်ပြောလိုက်သည်။ "ရှင်လိုက်ခွင့်မပြုရင် နားထောင်မှာပါ။”

ကျိုးရွှမ် မျက်လုံးထဲ အရောင်လင်းလက်သွားသည်။ သူမက စကားဖြင့်သာ နားထောင်မည်ဟု ပြောသည်။ လုပ်ရပ်ဖြင့် မဟုတ်ပါ။ သူဘာလုပ်နိုင်ဦးမည်နည််း။ ဘာပဲဖြစ်ဖြစ် သူမက သူ့ကောင်မလေး မဟုတ်ဘူးလား။

သို့သော်လည်း တောင်ပိုင်းသွားရင် သူ့ကောင်မလေးကို ခေါ်သွားချင်ပါသည်။ ဒီခရီးက နှစ်အနည်းငယ်ကြာမည့်ခရီး ဖြစ်သည်။ သူ့ကောင်မလေးကို ဒီမှာ တစ်ယောက်တည်း မထားခဲ့နိုင်ပါ။

"နောက်နှစ်ကျရင် အရင်စေ့စပ်ကြလေ။ စေ့စပ်ပြီးမှ အတူတူ သွားကြပေါ့" လင်းချင်းဟယ်က အကြံပေးပါသည်။

ကျိုးရွှမ်က ခေါင်းငြိမ့်လိုက်သည်။ ဟဲမြန်မြန်က အနည်းငယ် ရှက်နေသော်လည်း မငြင်းခဲ့ပါ။ စေ့စပ်သည့် ကိစ္စပြီးတာနဲ့ သူတို့ ခင်ပွန်းလောင်း၊ ဇနီးလောင်းများ ဖြစ်လာကြတော့မည်။

သူမ ကျိုးရွှမ်ကို သေချာ ကုပ်တွယ်ထားမည်။ ထိုအခါ သူ ဆင်ခြေပေးနိုင်မှာ မဟုတ်တော့ပါ။

သူမ ဘာပြောရမှန်း မသိတော့လောက်သည့်အထိ တကယ့်ကို ရိုးလွန်းပါသည်။ သူမ၏ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဆို အရင်ဆုံး ကိုယ်ဝန်ရပြီးမှ လက်ထပ်လိုက်ရသည်။

သူမက စောစောလက်ထပ်ဖို့ အစီအစဥ်တော့ မရှိပါ။ သို့သော်လည်း ကောင်လေးနဲ့ ကောင်မလေးအနေဖြင့် သူ့ကို အလိုရှိသည်။

ကောင်လေး တစ်ခါမှ မထားဖူးသည့် သူမက သူ့ကို အရာရာ ပေးဆပ်ချင်သည်။ သို့သော်လည်း သူက အတော့်ကို ရိုးပါသည်။

လင်းချင်းဟယ်က သူတို့စုံတွဲ၏ ကိစ္စများကို မသိပါ။ သားငယ်၏ စိတ်ခံစားမှု ဖွင့်ဟချက်များကို သူမ နားထောင်နေသည်။ "အစ်ကိုကြီးက လက်ထပ်တော့မယ်။ အစ်ကိုလတ်ကည်း စေ့စပ်တော့မယ်။ ကျွန်တော်တစ်ယောက်တည်းပဲ တစ်ကိုယ်တည်းဖြစ်နေတာ။ ဒီလိုချမ်းအေးတဲ့နေ့တွေမှာ စောင်နွေးနွေးလေး တစ်ထည်တောင် မရှိရှာဘူး။ သနားစရာ ကောင်းလိုက်တာ။”

"နင် အသက် ၁၈ နှစ်ပြည့်ပြီးရင် နင့်ကို ငါမတားဘူးလေ။ နင်လိုချင်ရင် ရှာပေါ့" လင်းချင်းဟယ်က လက်ခါပြလိုက်ပါသည်။

"အဲ့လောက်လွ ယ်မလား။ အစ်ကိုကြီးနဲ့ အကြီးဆုံးမရီးတို့က ငယ်ကျွမ်းဆွေတွေဖြစ်ပြီး အတူတူ ကြီးပြင်းလာကြတာ။ အစ်ကိုလတ်နဲ့ ဒုတိယမရီးတို့ကလည်း မြင်မြင်ချင်း ချစ်မိသွားကြတာဆိုတော့ ရေစက်ပါတယ်။ အစ်ကိုကြီးနဲ့ အကြီးဆုံးမရီးလို ငယ်ကျွမ်းဆွေဖြစ်ဖို့တော့ မမျှော်လင့်ဘူး။ အစ်ကိုလတ်တို့လိုပဲ မြင်မြင်ချင်း ချစ်မိသွားတာမျိုးဆို အဆင်ပြေပါပြီ" ကျိုးကွေ့လိုင်က ပြောလိုက်သည်။

"မျိုးရိုးနမည် ကျုံးပါတဲ့ ကောင်မလေးတွေကလွဲပြီး ကြိုက်တဲ့လူနဲ့ မြင်မြင်ချင်း ချစ်မိလို့ ရတယ်" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

"မျိုးရိုးနာမည် ကျုံးပါတဲ့ ကောင်မလေးတွေကလွဲရင် ဟုတ်လား" ဟဲမြန်မြန်က ကြောင်စီစီဖြင့် မေးလိုက်ပါသည်။

"အမေက ကျွန်တော့်အတွက် ဗေဒင်မေးထားတာ။ မျိုးရိုးနာမည် ကျုံးပါတဲ့ မိန်းကလေးနဲ့ လက်ထပ်လို့မရဘူးတဲ့" ကျိုးကွေ့လိုင်က စိတ်ပျက်လက်ပျက် မျက်နှာမျိုးဖြင့် ပြောလိုက်ပါသည်။

ဟဲမြန်မြန်က ရယ်မောလိုက်၏။ လင်းချင်းဟယ်က ပြောလိုက်သည်။ "မရယ်နဲ့။ တခြားကိစ္စတွေက ဆွေးနွေးလို့ရတယ်။ ဒီကိစ္စတော့မရဘူး။ နင်မှတ်ထားရမယ်။”

"ဒါဆို ကျွန်တော်တို့ကို ခွဲလို့မရတဲ့အထိ အရမ်းချစ်နေကြပြီး သူ့ကိုမှ လက်မထပ်ရရင် ကျွန်တော်မိန်းမမယူတော့ဘူး ဆိုရင်ကော" ကျိုးကွေ့လိုင်က မေးလိုက်၏။

"ဒါဆိုလည်း တစ်သက်လုံး လက်မထပ်နဲ့တော့ပေါ့။ နင် အထီးကျန်မှုကို ခံနိုင်ရည်ရှိရင်လုပ်ပေါ့" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။

သူမစိတ်ကို ပြောင်းလဲဖို့ မဖြစ်နိုင်ပါ။ ဒီကိစ္စကို ဆွေးနွေးဖို့ မလိုအပ်ပေ။

ကျိုးကွေ့လိုင်က ညည်းတွားလိုက်၏။ "အမေကလည်းဗျာ။ အမေက ဘာသာမဲ့ မဟုတ်ဘူးလား။ ဘာလို့ ဒါတွေ ယုံကြည်နေတာလဲ။”

လင်းချင်းဟယ်က သူ့ကို ဒီအကြောင်း ဆက်မပြောတော့ပါ။ အကြောင်းအရာကို ပြောင်းလဲလိုက်သည်။ "မနက်ဖြန် ရှောင်ကမ်း၊ ဝူနီနဲ့ နင့်ဒေါ်လေးမိန့်လီတို့ ရောက်လာကြလိမ့်မယ်။ နင့်အကြီးဆုံးဦးလေးတို့ကောပဲ။ မနက်ဖြန် ၈ နာရီလောက်ကတည်းက သွားစောင့်နေလိုက်။”

"အိမ်မှာပဲ စောင့်ပါလား။ သူတို့ရောက်လာရင် ဖုန်းဆက်လိမ့်မယ်။ ကျွန်တော်အိမ်မှာပဲနေပြီး ဖုန်းဆက်တာနဲ့ သွားကြိုလိုက်မယ်လေ" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်ပါသည်။

အပြင်ဘက်မှ ကားသံထွက်လာပါသည်။ ခဏလောက်ကြာသောအခါ ဝမ်ယွမ်နဲ့ ကျိုးအာ့နီတို့ အမြွှာနှစ်ယောက်ဖြင့်ရော က်လာကြသည်။ လင်းချင်းဟယ်က ရွှင်ပျစွာ ပြောလိုက်ပါသည်။ "နင်တို့ ဒီနေ့ည ညစာစားသွားရမယ်နော်။ ဒီနေ့ သိုးသား ဟော့ပေါ့ စားကြမယ်။”

"ကျွန်တော်တို့မလာခင် အိမ်တော်ထိန်းကို အိမ်မှာ ဒီနေ့ည ဘာမှ မချက်ဖို့ မှာခဲ့ပြီးသား" ဝမ်ယွမ်က ပြုံးကာ ထိုင်လိုက်ပါသည်။ ကျိုးခိုင်ကို ကြည့်လိုက်၏။ "မင်း ဘာလို့ အရပ်ထပ်ရှည်လာတယ်လို့ ထင်နေမိပါလိမ့်။”

"အရပ်ရှည်တာ မဟုတ်ဘူး။ နည်းနည်း ပိန်သွားတာ။ အဲ့တာကြောင့် ရှည်တယ်လို့ ထင်ရတာ" ကျိုးအာ့နီက ပြောလိုက်သည်။

"ငါလည်း သူ ဒီနှစ် ပိန်သွားတယ်လို့ ထင်တယ်" လင်းချင်းဟယ်ကလည်း ဝင်ပြောပါသည်။

ကျိုးခိုင်က တကယ်ပဲ အရင်နှစ်များထက် ဒီနှစ် အနည်းငယ် ပိုပိန်သွားပါသည်။ သို့သော်လည်း သာမန်အလေးချိန်ဟု သတ်မှတ်နိုင်ဆဲ ဖြစ်သည်။ ဒီလိုအရပ်အမောင်းနဲ့ ဝလာပါက အတော်လေး နေရခက်ပါလိမ့်မည်။

"ဒုတိယအစ်မ မနက်ဖြန် အစ်မကားကို ငှားရမယ်ထင်တယ်။ လူတွေက အများကြီးပဲ။ ကျွန်တော်တို့ မိသားစုကားနဲ့ မဆံ့လောက်ဘူး" ကျိုးကွေ့လိုင်က ကျိုးအာ့နီကိုလှည့်ပြောလိုက်ပါသည်။

"ငါတို့မောင်းလာတဲ့ကားလည်း ရှိသေးတယ်လေ" ဟဲမြန်မြန်က ပြောလိုက်၏။

"မလုံလောက်သေးဘူး။ လူတွေအများကြီး လာကြမှာ" ကျိုးကွေ့လိုင်ကပြောလိုက်သည်။

"ကားနှစ်စီးနဲ့တောင် မလောက်ဘူးလား။ ဘယ်သူလာမှာမို့လို့လဲ" ကျိုးရွှမ်က မေးလိုက်ပါသည်။

"အကြီးဆုံး ဦးလေးနဲ့ အကြီးဆုံးဒေါ်လေး၊ အစ်ကိုယန်နဲ့ ညီလေးဝမ်၊ အစ်မကြီးတာ့နီကလည်း တူလေးနဲ့ တူမလေးကို ခေါ်လာလိမ့်မယ်။ အစ်ကိုကြီးရှား၊ အဖေ့အစ်မ ဒုတိယဒေါ်လေး၊ တတိယဒေါ်လေးနဲ့ အမေ့မောင် ဦးလေးနဲ့ အာ့ရွှယ်တို့ပါတယ်" ကျိုးကွေ့လိုင်က ရေတွက်လိုက်သည်။

"သူတို့က ရှောင်ကမ်း၊ အစ်မဝူနီနဲ့ ဒေါ်လေးမိန့်လီတို့နဲ့ အတူတူ ဘူတာက ဆင်းလာရင် ကားသုံးစီးနဲ့ မလောက်ဘူး။"

"မနက်ဖြန်ကျရင် ငါနင်နဲ့ အတူတူလိုက်ခဲ့ပြီး ကြိုပေးပါ့မယ်" ကျိုးအာ့နီက ပြုံးလိုက်သည်။

"အဖေနဲ့ အမေ့ကို ငါတို့အိမ်မှာ သွားနေခိုင်းလိုက်။ အဘိုးနဲ့အဘွားလည်း ရှိတယ်။ အဲ့တာကြောင့် နည်းနည်းနီးတာပေါ့" ဝမ်ယွမ်က ပြောလိုက်သည်။

"အဲ့ကျရင် သူတို့ကို ငါတို့ သွားကြည့်ပေးပါ့မယ်" ကျိုးအာ့နီက ပြုံးလိုက်ပါသည်။

မင်္ဂလာပွဲလာတက်သည့် လူများ နောက်တစ်နေ့ ရောက်လာကြပါသည်။

ရှောင်ကမ်း၊ ကျိုးဝူနီနဲ့ ရွှယ်မိန်လီတို့ ရောက်လာသည့် အချိန်က ကျိုးမိသားစုတို့ ရောက်လာသည့်အချိန်နဲ့ မတိုက်ပါ။ ဒီလိုနဲ့ ပထမအုပ်စု ရောက်လာကြပါသည်။

ကျိုးခိုင်က သူတို့ကို သွားကြိုသည်။

ကျန်းဟန်ကတော့ ကျိုးဝူနီနဲ့ လိုက်မလာပေ။ နှစ်ကုန်ဖြစ်သဖြင့် လက်ဆောင်ဘာညာ ကိစ္စများ ရှိပါသည်။ ထို့ကြောင့် လက်ဖက်ရည်ဆိုင် ရောင်းအားက အတော်လေး မြင့်တက်လာ၏။ ပြောစရာမလိုလောက်အောင်ပင် ကျန်းဟန်မှာ လာချိန် မရှိတော့ပါ။

All Chapters