← Chapters

အခန်း(၆၇၈) ချစ်ဖို့ကောင်းလွန်းသည်

Vol. 49 Ch. 678

အခန်း(၆၇၈) ချစ်ဖို့ကောင်းလွန်းသည်

Vol. 49 Ch. 678

အခန်း(၆၇၈) ချစ်ဖို့ကောင်းလွန်းသည်

ဘယ်သူမှ မသိလိုက်ပဲ ကျိုးရွှမ်က မိသားစု အိမ်ထောင်စုစာရင်းကို ယူသွားသည်။ ဟဲမြန်မြန်ကိုလည်း ယူခိုင်းလိုက်ပါသည်။ ထို့နောက် သူတို့နှစ်ယောက် တိုးတိုးတိတ်တိတ် လက်ထပ်စာချုပ် လက်မှတ်သွားထိုးခဲ့ကြပါသည်။

ဟဲမြန်မြန် လက်ထပ်စာချုပ်ကို ရတော့ ပြောလိုက်သည်။ "ကျွန်မ ဘာမှမသိဘူး။ ကျွန်မဲ ဒီစာချုပ်ကို ယူထားမှာ။”

"အေးပါ" ကျိုးရွှမ်က တည်တည်ငြိမ်ငြိမ် ကားကို မောင်းနှင်နေပါသည်။ သို့သော်လည်း သူ့မျက်လုံးထဲမှာတော့ ပျော်ရွှင်မှုများ မြင်နိုင်ပါသည်။

လက်ထပ်စာချုပ်ကို ရပြီးနောက် သူတို့နှစ်ယောက်အား လင်မယားဟု တရားဝင် သတ်မှတ်နိုင်ပြီ ဖြစ်သည်။ မင်္ဂလာပွဲကို တရားဝင် မကျင်းပရသေးသော်လည်း စေ့စပ်ဧည့်ခံပွဲကို ကျင်းပပြီးသွားပြီ ဖြစ်သည်။ ဆွေမျိုးများနဲ့ မိတ်ဆွေများကလည်း လက်ခံထားပြီးသား ဖြစ်၏။

ဒီလိုဆိုရင်တောင် အမေဟဲက သူမသမီးကို တစ်ခေါက်လောက် ဝေဖန်လိုက်ပါသေးသည်။ "နင် ကျိုးရွှမ်ကို အခုတလော တော်တော်လေးကို ကပ်တွယ်နေတာ ငါ သတိထားမိတယ်နော်။”

"သူက သမီးခင်ပွန်းလောင်း ဖြစ်နေပြီလေ၊ သူ့နား ကပ်တော့ ဘာဖြစ်လို့လဲ" ဟဲမြန်မြန်က ပြောလိုက်သည်။

တကယ်တော့ စုံတွဲနှစ်ယောက်က အခုမှ စေ့စပ်ပြီးခါစ ဖြစ်သောအခါ အနည်းငယ်တော့ စည်းစောင့်ရပါသေးသည်။

"နင်တို့ စေ့စပ်ပြီးပြီဆိုပေမယ့် ဂရုတော့ စိုက်ဦးမှပေါ့။ ဘယ်လိုပုံစံ ဖြစ်နေတာလဲ။ တစ်ချိန်လုံး အိမ်တောင် မကပ်တော့ဘူးလား" အမေဟဲက သူမကို ဆုံးမလိုက်ပါသည်။

"သမီးက ဒီအရွယ်တောင် ရောက်နေပြီ။ အမေ သမီးကို မပြောပါနဲ့" ဟဲမြန်မြန်က ပြောလိုက်၏။

"နင့်အကြောင်းလည်း မပြောအားပါဘူး။ နင် ဂရုစိုက်သင့်တာကို စိုက်သင့်တယ်။ နင့်သူငယ်ချင်းတွေကို အတုယူမနေနဲ့၊ နားလည်လား။ သူတို့တစ်ယောက်မှ ကောင်းတာ မဟုတ်ဘူး။ ငါတို့ခေတ်တုန်းကဆိုရင်..."

"သိပါတယ် အမေတို့ခေတ်တုန်းကဆို သေချာပေါက် ဆုံးမခံရမှာ" ဟဲမြန်မြန်က သူမအမေ၏ စကားကို အမြန် အဆုံးသတ်ပေးလိုက်ပါသည်။

အခုက ဘယ်လိုခေတ် ရောက်နေပြီလဲ။ သူမ အပြင်ထွက်ပြီး ဆိုးဆိုးရွားရွား လုပ်နေတာ မဟုတ်ပါ။ သူမ ခင်ပွန်းလောင်းနဲ့ အတူနေတာ ဘာဖြစ်လို့လဲ။ သူမခင်ပွန်းလောင်း၏ အကျင့်စရိုက်က ဘယ်လိုမို့လို့လဲ။ သူက ချောမောသည့်ပုံပေါ်သော်လည်း အလွန် ထိန်းထိန်းသိမ်းသိမ်းရှိကာ တည်တံ့ပါသည်။

ဟဲမြန်မြန်ကို လုံခြုံသလို ခံစားရစေသည်။ ကျိုးရွှမ်ကို နာကျင်စေမည့် အလုပ်မျိုး ဒီဘဝမှာ မလုပ်ပါက သေချာပေါက် သူမကို ကောင်းကောင်းမွန်မွန် ဂရုစိုက်ပြီး တစ်သက်လုံး ပျော်ရွှင်အောင် လုပ်ပေးလိမ့်မည်ဆိုတာ သူမ သိပါသည်။

ဥပမာအားဖြင့် ဒီတစ်ခေါက် သူမက တိုက်တွန်းသဖြင့် မင်္ဂလာဦးညကိစ္စများကို စောစောစည်းစည်း ဆောင်ရွက်ခဲ့ရသည်။ နောက်တစ်နေ့ ရောက်သောအခါ သူမနှင့် လက်ထပ်စာချုပ်ကို ခိုးခိုးဝှက်ဝှက် လက်မှတ်သွားထိုးခဲ့ပါသည်။

ဒါက ဘာလဲ။ စဥ်းစားကြည့်ရုံနဲ့ သူက ချစ်ဖို့ကောင်းသည်ဟု ဟဲမြန်မြန် ခံစားမိပါသည်။ အထူးသဖြင့် သူမလို မိန်းကလေးမျိုးအတွက် သူ အရမ်းဆွဲဆောင်မှုရှိပါသည်။

သေချာပါသည်။ သူမ မြင်မြင်ချင်း ချစ်မိသွားသည့် ယောက်ျားက ခြားနားသည်။

သူမ၏ သမီးဖြစ်သူ အလွန်ရဲတင်းတာကို အမေဟဲကတော့ မသိပါ။ သို့သော်လည်း သတိပေးသင့်တာကိုတော့ သတိပေးခဲ့ပါသည်။ ကျန်တာ ဘာပြောနိုင်ဦးမည်နည်း။

မျက်စိတစ်မှိတ်အချိန်အတွင်း တရုတ်နှစ်သစ်ကူးနေ့သို့ ရောက်လာပါသည်။

ကျိုးရွှမ်က လွန်ခဲ့သည့်ရက်ပိုင်းအတွင်း အဖေဟဲနဲ့အတူ ဆွေမျိုးများ၊ မိတ်ဆွေများဆီသို့ သွားလည်နေခဲ့ပြီး ဟဲမိသားစုအိမ်မှာလည်း ဧည့်သည်များကို ဧည့်ခံနေပါသည်။ သို့သော်လည်း တရုတ်နှစ်သစ်ကူးနေ့ကို ကျိုးမိသားစုတို့အိမ်မှာ ဖြတ်သန်းဖို့ သူ စီစဥ်ထားပါသည်။

သူ့ဇနီးလောင်း ဟဲမြန်မြန်က သူ့နောက်ကို လိုက်လာခဲ့ပါသည်။

ဒီနှစ် တရုတ်နှစ်သစ်ကူးက အလွန်အမင်း စည်ကားလွန်းသည်။ အဖေကျိုး အမေကျိုးနဲ့ အဘိုးဝမ်တို့ အားလုံးကို အိမ်ခြံဝန်းကြီးသို့ ခေါ်ခဲ့ပါသည်။ တရုတ်နှစ်သစ်ကူးညစာစားသောက်ဖို့အတွက် အားလုံး ရောက်လာခဲ့ကြသည်။

စားပွဲကြီးနှစ်လုံးကို ချလိုက်ပြီး အားလုံး စုထိုင်လိုက်ကြသည်။

နွေဦးပွဲတော် ပျော်ပွဲရွှင်ပွဲ အစီအစဥ်ကို တီဗီပေါ်မှာ ထုတ်လွှင့်ပြသနေသည်။ ပူပူနွေးနွေး၊ စားချင်စဖွယ် တရုတ်နှစ်သစ်ကူးညစာများကို ညစာစားပွဲဝိုင်းများပေါ်တွင် တည်ခင်းထားပါသည်။

လူငယ်များက ယမကာ သောက်နေသည်။ မိန်းကလေးများက ဝိုင်နီသောက်ကြ၏။ လူကြီးတွေကတော့ ဝုလျန်ယဲ့ကို သောက်ကြပါသည်။

လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ စာအိတ်နီများစွာ လက်ခံရရှိခဲ့ပါသည်။ အဖေကျိုး၊ အမေကျိုးနဲ့ အဘိုးဝမ်တို့လည်း စာအိတ်နီတောင်းသည့် ကလေးများ ဝန်းရံတာကို ခံနေရသည်။

၁၉၈၈ ခုနှစ်က တရုတ်နှစ်သစ်ကူးညမှာ အတော်လေး အသက်ဝင်ခဲ့ပါသည်။

တရုတ်နှစ်သစ်ကူးညနေပိုင်းမှာ ပျော်ရွှင်ခဲ့ကြပါသည်။ ညရောက်တော့ ကျိုးချင်းပိုင်က ညဘက်ရောက်တော့ ရေအိမ်ထသွားသည်။ ပြန်ရောက်လာသောအခါ လင်းချင်းဟယ်ကို 'တရားလွန်လိုက်တာ'ဟု ပြောလိုက်ပါသည်။

"ဘာဖြစ်လို့တုန်း" လင်းချင်းဟယ်က ဒီနှစ်အတွက် ငွေစာရင်းစာအုပ်များကို စစ်ဆေးပြီးပြီ ဖြစ်သောကြောင့် နှစ်သစ်ကို ကုန်ဆုံးဖို့အတွက် သိမ်းရန် ပြင်နေသည်။ သူ ပြောတာကို ကြားသောအခါ သူမ ပြန်မေးလိုက်ပါသည်။

"အလတ်ကောင် သူ့မိန်းမရဲ့ အခန်းထဲကနေ ခိုးထွက်လာတယ်" ကျိုးချင်းပိုင်က ပြောလိုက်သည်။

လင်းချင်းဟယ်က အချိန်ကိုကြည့်လိုက်သည်။ ၁၂ နာရီတောင် ထိုးခါနီးနေပါပြီ။ ဒီနှစ် ငွေစာရင်းများစွာ စစ်ဖို့ ရှိသည်။ ထို့ကြောင့် သူမတို့လင်မယားနှစ်ယောက်သား အခုချိန်ထိ စာအုပ်များ လှန်နေခဲ့ရခြင်း ဖြစ်ပါသည်။

သူတို့ လတ်တလော အလုပ်များနေသဖြင့် ဒီနေ့ညကျမှ စစ်ရပါသည်။ နောက်ကျမှ ပြီးသွားကြ၏။

မထင်ထားစွာဖြင့် သူတို့ ဒါကို မိသွားကြသည်။

လင်းချင်းဟယ်က ခဏလောက် ကြက်သေ သေသွားသည်။ ထို့နောက် ချောင်းဟပ်လိုက်ပြီး ပြောလိုက်ပါသည်။ "သူတို့က စေ့စပ်ပြီးပြီ။ အရွယ်လည်းရောက်နေပြီ ထားလိုက်စမ်းပါ။”

သူတို့ အသက်အရွယ် ဒီလောက်တောင် ရှိနေပါပြီ။ ဒီအချိန်ကြီး ပြန်ထွက်လာတော့ ဘာမှ မဖြစ်ခဲ့ဘူးလို့ ပြောရင်တောင် သူမ ယုံကြည်မှာ မဟုတ်ပါ။

သို့သော်လည်း သူမ ဘာပြောနိုင်ဦးမည်နည်း။ ဘာပဲဖြစ်ဖြစ် ဖြစ်ပြီးတာက ဖြစ်ပြီးလောက်ပြီ။ ကံကောင်းစွာဖြင့် သူတို့နှစ်ယောက် စေ့စပ်ထားပြီးကြပါပြီ။

ကျိုးချင်းပိုင်လည်း ဝင်မပါတော့ပါ။ သူ သဘောမကျတာကို နည်းနည်းသာ ပြောပြပါသည်။ ထို့နောက် သူ့မိန်းမနဲ့ အတူ အိပ်ယာဝင်ခဲ့ပါတော့သည်။

နောက်တစ်နေ့က တရုတ်နှစ်သစ်ကူးနေ့ရက် ဖြစ်သည်။

ဝတ်စားဆင်ယင်ပြီးနောက် မိသားစုတစ်စုလုံး အဖေကျိုး၊ အမေကျိုး၊ အဘိုးဝမ်တို့ အိမ်သို့ နှစ်သစ်ဂါဝရပြုဖို့ သွားလည်ခဲ့ကြပါသည်။

နှစ်သစ်ဂါဝရပြုပြီးသွားသောအခါ ကျိုးခိုင်က ဝိန်မေ့ကျားကိုခေါ်ပြီး ရှော့ပင်းမောလ်လ်သို့ လာခဲ့ပါသည်။ နှစ်သစ်ဖြစ်တာတောင် ရှော့ပင်းမောလ်ကြီးများက ဖွင့်ထားဆဲဖြစ်၏။ သူတို့ ဝယ်စရာ ဘာရှိသလဲ လိုက်ကြည့်လိုက်ကြပါသည်။

ထို့အပြင်ရွှေဆိုင်ကိုလည်း သွားခဲ့ကြသေးသည်။ ရွှေဆိုင်မှာ လူတွေ ကြိတ်ကြိတ်တိုးနေပါသည်။ သို့သော်လည်း ကျိုးခိုင်က အတင်းတိုးဝှေ့ပြီး ရွှေဆွဲကြိုးနှစ်ကုံးကို ဝယ်ခဲ့၏။

နှစ်ခုစလုံးကို ဝိန်မေ့ကျားအား ပေးလိုက်ပါသည်။ ဝိန်မေ့ကျားက သူ့ကို ရွှင်ပျစွာ မျက်စောင်းထိုးလိုက်ပါသည်။ "ကျွန်မမှာ လက်ဝတ်ရတနာတွေ အများကြီးရှိပြီးသားပါ။”

"များပါစေပေါ့။ အကုန်လုံးက မင်းအတွက်ပဲ။ မင်းပဲသိမ်းထား" ကျိုးခိုင်က ပြောလိုက်သည်။

လက်ထပ်ပြီးတာတောင် သူမအတွက် ဘာမှ မဝယ်ပေးခဲ့ရသေးပါ။ ပိုက်ဆံလည်း များများစားစား မရှိပေ။ သူ့ပိုက်ဆံကို သူ့မိန်းမက ထိန်းသိမ်းထား၏။ သို့သော်လည်း အငယ်ကောင်ရှိတာပဲ မဟုတ်လား။ သူက သူ့ယောက်ဖနဲ့ အမေတို့နဲ့ ပူးပေါင်းကာ ဝိုင်အရောင်းဆိုင်တစ်ဆိုင်ကို ဖွင့်ခဲ့ပါသည်။ သူက အတော်လေး ဝင်ငွေကောင်းခဲ့၏။

ထို့ကြောင့် အငယ်ကောင်ကို ခြိမ်းခြောက်ခဲ့ပြီး သူ့မိန်းမအတွက် ရွှေဆွဲကြိုးနှစ်ကုံး ဝယ်ပေးနိုင်ခဲ့ပါသည်။ ဝိန်မေ့ကျားက ပြုံးကာ သိမ်းထားလိုက်သည်။ သူတို့နှစ်ယောက် လျှောက်လည်ပြီးသောအခါ အိမ်သို့ ပြန်ခဲ့ကြပါသည်။

သူတို့ အိမ်ပြန်ရောက်တော့ သားလတ်၊ ဟဲမြန်မြန်၊ ဟူကျစ်နဲ့ ချန်းရှန်ရှန်တို့ လက်ဖက်ရည်သောက်ရင်း တီဗီကြည့်နေကြတာကို မြင်လိုက်ရသည်။

"ပြန်လာကြပြီကိုး" ဟူကျစ်က ရယ်မောလိုက်သည်။

ကျိုးခိုင်နဲ့ ဝိန်မေ့ကျားတို့က ၎င်းတို့၏ မာဖလာများကို ချွတ်ကာ လှမ်းထားလိုက်သည်။ ကျိုးခိုင်က ရွှင်ပျစွာ ပြောလိုက်၏။ "ဟူကျစ် ကြွယ်ဝတဲ့ နှစ်သစ်ကို ပိုင်ဆိုင်ပါစေကွာ။”

ဟူကျစ်က ရွှင်မြူးစွာဖြင့် ကျေးဇူးတင်လိုက်သည်။ ကြွယ်ဝတာ မကြွယ်ဝတာကို မပြောပါ။ ကျန်းမာပြီး ဘေးကင်းရင်ပဲ လုံလောက်ပါပြီ။ အမှန်ပင်။ သူက ငွေလည်း ရနေပါသည်။ သံသယဖြစ်ဖို့ မလိုပေ။

သူတို့ လူငယ်စုံတွဲသုံးတွဲ လက်ဖက်ရည်သောက်ကာ ထိုင်စကားပြောခဲ့ကြသည်။ မကြာမီ တခြားသူများ ပြန်လာကြပါသည်။

လင်းချင်းဟယ်၊ ကျိုးချင်းပိုင်တို့က မိမိလေးနဲ့ ပြန်လာကြသည်။ ကောင်မလေးက ပြန်ရောက်လာတာနဲ့ စာအိတ်နီများကို ထုတ်ကြည့်နေပါသည်။

"ဝိုး မိမိလေး ထောနေတာပဲ" ဟဲမြန်မြန်က ပြုံးကာ ပြောလိုက်ပါသည်။

"အကုန်လုံး စာအိတ်နီကြီးတွေပဲ" မိမိလေးက သူမကို ချိုမြိန်စွာ ပြုံးပြလိုက်ပါသည်။ သူမ မှတ်မိသွားသည်။ သူမ၏ ဒုတိယမရီးကို ဖုန်းဆက်လိုက်ပြီး စာအိတ်နီအကြီးကြီး လှမ်းတောင်းခဲ့ပါသည်။

ဒီနှစ် သူမ တကယ်ပဲ စာအိတ်နီများစွာ ရခဲ့သည်။ ဒီကောင်မလေးက ပေးတိုင်းလည်း မငြင်းပေ။ သူမကို ပေးသည့်အခါ လက်ခံပြီး မပေးရင်တော့ မတောင်းတတ်ပါ။

အဘယ့်ကြောင့်ဆိုသော် ဘယ်သူ စာအိတ်နီပေးတာလဲဟု လင်းချင်းဟယ်က ပြောခိုင်းသောကြောင့် ဖြစ်သည်။ သူမ မပြောလို့ မရပါ။

အဘယ့်ကြောင့်ဆိုသော် သူတို့ဘက်ကလည်း တန်ပြန်လက်ဆောင်ကို ပေးရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ အယူပဲ ရှိပြီး ပြန်မပေးလို့ မဖြစ်ပါ။

မိမိလေးက စာအိတ်နီများကို သိမ်းထားလိုက်သည်။ ထို့နောက် သူ့မိဘများ အခန်းထဲသို့ ထည့်ထားလိုက်ပါသည်။ သူမ၏ ဗီရီုလေးရှိသောနေရာတွင် ဖြစ်၏။ သူမ ပစ္စည်းအားလုံး ရှိပါသည်။ သူမ၏ စာအိတ်နီများလည်း အထဲတွင် ရှိ၏။ အားလုံးကို စုဆောင်းထားပါသည်။

"ချစ်ဖို့ကောင်းလိုက်တာ။ သမီးလေးတစ်ယောက်တောင် မွေးချင်လာပြီ" ဟဲမြန်မြန်က မိမိလေး ချစ်ဖို့ကောင်းစွာ ပြေးသွားသည်ကို မြင်သောအခါ ရေရွတ်လိုက်ပါသည်။

ထိုစကားကြောင့် လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သေချာပါသည်။ ဒီနှစ်ယောက်တော့ မင်္ဂလာဦးညကိစ္စများကို ကြိုတင်ဆောင်ရွက်ပြီးကြလောက်ပြီ။

ကျိုးရွှမ်ကတော့ သူ့မိဘများ၏ မျက်နှာထားကို မြင်သောအခါ နှာခေါင်းပွတ်လိုက်မိသည်။ သူ အနည်းငယ် ရှက်နေပါသည်။

ထင်ထားသည့်အတိုင်း သူ့အဖေ မနေ့ညက အခန်းထဲပြန်သွားပြီး သူ့အမေကို တိုင်ပြောခဲ့သည့်ပုံပင်။

All Chapters