← Chapters

အခန်း(၆၆၄) ယုံကြည်မှု ပြည့်ဝစွာဖြင့်

Vol. 48 Ch. 664

အခန်း(၆၆၄) ယုံကြည်မှု ပြည့်ဝစွာဖြင့်

Vol. 48 Ch. 664

အခန်း(၆၆၄) ယုံကြည်မှု ပြည့်ဝစွာဖြင့်

"ငါက လာကူညီပေးတာပါ" ရှုရှန့်ချမ်းက သာမန်အတိုင်းပြောလိုက်ပါသည်။

"စတုတ္ထဦးလေးက တစ်လကို လစာဘယ်လောက်ပေးလဲ" ကျိုးလျို့နီကလည်း မသိမသာ မေးလိုက်ပါသည်။

အရင်ဘဝတုန်းက ရှုရှန့်ချမ်းနဲ့ ရှုရှန့်မိန်တို့မှာ အသုံးမဝင်သူများ ဖြစ်၏။ နှစ်ယောက်စလုံး ကျေးရွာမှာပဲ နေကြသည်။ ဒီဘဝမှာတော့ နှစ်ယောက်စလုံး သက်တောင့်သက်သာဖြင့် မြို့တော်မှာ တိုးတက်နေကြပါသည်။

အထူးသဖြင့် ရှုရှန့်မိန် ဖြစ်၏။ ဒီဘဝမှာ အိမ်ထောင်ကျ ကံကောင်းသည်။

အရင်ဘဝတုန်းက ကလေကချေတစ်ယောက်နှင့် လက်ထပ်ခဲ့ပြီး နေ့တိုင်း အရိုက်အနှက်ခံရသည်။ ကိုယ်ဝန်ပျက်ကျသည့်အထိ အရိုက်နှက်ခံရသည်ဟုပင် ကြားခဲ့ရပါသည်။

ဒီဘဝမှာတော့ မြို့တော်က လူနဲ့တောင် လက်ထပ်ခဲ့ရသည်။

အမှန်ပင်။ ကွာရှင်းသည့်ကိစ္စကိုတော့ ကျိုးလျို့နီ မသိပေ။

ရှုရှန့်ချမ်းက သူ့လစာဘယ်လောက်လဲ မပြောခဲ့ပါ။ လစာက ၁၀၀ ကျော်သဖြင့် အများကြီး ဖြစ်ပါသည်။ အကုန်လုံးကို အိမ်ပြန်ပို့ပေး၏။ သူ့နေစရိတ်စားစရိတ်ကိုလည်း တာဝန်ယူပေးထားသဖြင့် ပိုက်ဆံသုံးစရာ ဘယ်နေရာမှ မရှိပါ။

ကျိုးလျို့နီကလည်း သူ့ကို သိပ်ပြီး အရေးမစိုက်ပါ။ သူဖြေဖြေ မဖြေဖြေ အရေးမကြီးပါ။ လစာက ဘယ်လောက်များနိုင်မှာလဲ။

ကွာရှင်းသည့်ကိစ္စကိုလည်း မသိပေ။ သူဘာကြောင့် ကိုယ့်စီးပွားရေးကိုယ် မလုပ်တော့တာလဲဟုသာ စိတ်ဝင်စားနေပါသည်။

ဒီနေ့ခေတ်တွင် ကိုယ့်စီးပွားရေးကိုယ်လုပ်တာ အကောင်းဆုံးပဲဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ချင်ပါက လက်ရှိအခြေအနေများကို အခွင့်အရေး ယူတတ်ရမည်။ နောက်ပိုင်းတွင် ဥပဒေပြဌာန်းချက်များလည်း တိုးတက်လာမည်။ ထိုနိုက်ကလပ်ကဲ့သို့သော နေရာများ ဖွင့်ဖို့ အလွန်ခက်ခဲလာပါလိမ့်မည်။

ဟိုတစ်ချိန်တုန်းက သူမ တောင်ပိုင်းကို သွားခဲ့စဥ်က လည်ပတ်ဖို့ အလွန်လွယ်ကူပါသည်။ သို့သော်လည်း နောက်ပိုင်းတွင် တစ်စုံတစ်ယောက်က ရက်အနည်းငယ်ကြာတိုင်း လာရောက် စစ်ဆေးလေ့ရှိသည်။ သူတို့ အဆက်အသွယ်များ မခိုင်မာပါက ကလပ်ကို ပိတ်ခဲ့ရတာ ကြာပါပြီ။

ထို့အပြင် နောက်ပိုင်း ကော်မာရှယ်အိမ်များလည်း ပေါ်လာလိမ့်မည်။ စျေးပေါတော့ စောစောဝယ်ထားမှ ဖြစ်လိမ့်မည်။ စျေးပေါရင်တောင် ဒီလောက် လစာလေးနဲ့ အိမ်တစ်လုံး ဝယ်နိုင်ပါ့မလား။

သူမ အများကြီး တွေးနေတာကို ရှုရှန့်ချန်း မသိပေ။ သူမ၏ လက်ကြောမတင်းမှုကို သဘောမကျဘဲ ပြောလိုက်ပါသည်။ "သွားထိုင်နေပါ။ ငါ့ဖာသာ ငါလုပ်လိုက်မယ်။”

တကယ်ပါ။ သူ အလုပ် မလုပ်တတ်ခဲ့တုန်းကတောင် သူမလောက် မဆိုးရွားပါ။ ဖက်ထုပ်ထဲက အစာတွေ အကုန်အပြင်ထွက်နေပါသည်။

ကျိုးလျို့နီက ပြောလိုက်သည်။ "စတုတ္ထဦးလေး ဘယ်တော့ လာမှာလဲ။”

"ခုနစ်နာရီလောက်" ရှုရှန့်ချမ်းက ဖြေလိုက်၏။

အခု ၆ နာရီခွဲလောက်သာာ ရှိသေးသည်။ အိမ်မှာ ညစာစားချိန်ရောက်နေပါပြီ။

လင်းချင်းဟယ်က ကျိုးလျို့နီကို ဘာမှ ဂရုစိုက်ပေ။ သူမ ကန်းကျစ်ကို မေးလိုက်သည်။ "ဘာဖြစ်လို့လဲ ဒီနေ့ နင်အရမ်း ပင်ပန်းနေသလိုပဲ။”

ကန်းကျစ်က ပြောလိုက်၏။ "ဒီနေ့ နေရာတော်တော် ပြေးလိုက်ရတယ်။ နည်းနည်း ပင်ပန်းပေမယ့် ပြဿနာ မရှိပါဘူး။”

လမ်းဘေးဆိုင်ဖွင့်သည့်အခါ တည်နေရာကို သေချာ ဂရုစိုက်ရသည်။ တချို့နေရာများက လမ်းဘေးဆိုင်ဖွင့်တာကို တားမြစ်ထား၏။ တချို့ ဂန်းစတားများက တားမြစ်ကြေး ယူထားတတ်သည်။ ဒီနေ့ သူအုပ်စု နှစ်စုနဲ့ တွေ့သဖြင့် ပစ္စည်းတွေ ပြန်ထုပ်ပိုးပြီး တခြားတစ်နေရာရာ သွားခဲ့ရပါသည်။

လင်းချင်းဟယ်က ဘာမှမပြောတော့ပါ။ သူဒီအလုပ်လုပ်လာတာ ကြာသဖြင့် အံတိုနေပါပြီ။ သူဘာလုပ်ရမလဲ သူသိ၏။ "ငါးခေါင်းစွပ်ပြုတ် များများသောက်။ နင်ခုတလော ပိုပိုပိန်လာသလိုပဲ။”

"အစားအသောက်တွေက ဒီလောက်ကောင်းတာ မပိန်နိုင်ပါဘူးဗျာ" ကန်းကျစ်က ပြောလိုက်ပါသည်။

သူ့ဒေါ်လေးအိမ်က အစားအသောက်များက သူစားခဲ့ဖူးသမျှထဲ အကောင်းဆုံးဖြစ်သည်။ နှစ်ပေါင်းများစွာ စားပြီးတာတောင် မငြီးငွေ့သေးပါ။

"များများစား။ သားကြီးက ဒီနှစ်လက်ထပ်တော့မှာ။ နင့်အကြီးဆုံးဒေါ်လေး၊ တတိယဒေါ်လေးနဲ့ နင့်အမေတို့ပါ လာမယ်လို့ပြောကြတယ်။ သူတို့ နင့်ကို ပိန်ခြောက်ခြောက် ပုံစံနဲ့ မမြင်စေနဲ့။ အဲ့ကျရင် ငါမျက်နှာပျက်ရမယ်" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

"ကျွန်တော် စားကောင်းသောက်ကောင်းတွေ စားရတာ အမေ သိပါတယ်ဗျာ" ကန်းကျစ်က ပြုံးသည်။

ကျိုးဝူနီနဲ့ လင်းရွှယ်တို့က ရှန်ဟိုင်းမြို့တော်တွင် ရှိနေကြဆဲဖြစ်သည်။ သူတို့ မနက်ဖြန်ကျမှ ပြန်လာမည်။ လင်းချင်းဟယ် စိတ်ကောင်းဝင်နေပါသည်။

ကျိုးချင်းပိုင် ဖက်ထုပ်ဆိုင်ကို ထမင်းဗူးဖြင့် သွားဖို့ ပြင်နေစဥ် သူမ ပြောလိုက်၏။ "သူ့အတွက် စွပ်ပြုတ်ယူသွားပေးလိုက်ဦး။”

"ဟုတ်ပြီ" ကျိုးချင်းပိုင်က မလိုဘူးဟု ပြောချင်သည်။ သူ့မိန်းမ ဒီလိုပြောတာ ရှားသဖြင့် သူစွပ်ပြုတ်ပါ ထည့်လာခဲ့ပါသည်။ သယ်ရပြုရတာ မလွယ်ကူသော်လည်း တစ်ခါတစ်လေ ဖြစ်သဖြင့် အဆင်ပြေပါသည်။

ကျိုးချင်းပိုင် ထမင်းဗူးဖြင့် ရောက်လာစဥ် သူ့တူမ ကျိုးလျို့နီကို မြင်လိုက်ရသဖြင့် ချက်ချင်းဆိုသလို မျက်နှာပျက်သွားခဲ့သည်။

လင်းချင်းဟယ်က သူ့ကို ဒီတူမ ပြန်လည်ဝင်စားခြင်း သို့မဟုတ် ပြန်လည်မွေးဖွားလာခြင်း တစ်ခုခု ဖြစ်နိုင်ကြောင်း မပြောရသေးပေ။ သူ့ယောက်ျား ထိတ်လန့်သွားမှာကို စိုးရိမ်သောကြောင့်ဖြစ်ပါသည်။ ကျိုးလျို့နီက ဖျားနာနေပြီး သူ့အိမ်က ပိုက်ဆံခိုးကာ မြို့တက်လာသည်ဟုသာ ပြောခဲ့ပါသည်။

ထို့ကြောင့် သူ့တူမကို မြင်သောအခါ ကျိုးချင်းပိုင် မျက်နှာမကောင်းပါ။

"စတုတ္ထဦးလေး" ကျိုးလျို့နီက ပျော်ရွှင်စွာ အော်ခေါ်လိုက်ပါသည်။

ကျိုးချင်းပိုင်က စိတ်မချမ်းမြေ့သော်လည်း ဆူငေါက်ဖို့ကို သူ့မိန်းမတာဝန်သာ ထားလိုက်ပါသည်။ တူတစ်ယောက်သာဆို သူဆူမည်။ တူမတွေကိုတော့ အများကြီး မပြောချင်ပါ။ မပျော်ရွှင်သည့် မျက်နှာမျိုးသာ ထုတ်ပြလေ့ ရှိသည်။

သူ့တူကို ထမင်းသွားစားခိုင်းလိုက်ပြီး သူအလုပ်ဝင်လုပ်လိုက်ပါသည်။

"အစ်ကိုကြီး အစားအသောက်တွေက တကယ်ကောင်းတာပဲ" ကျိုးလျို့နီက သူ့စတုတ္ထဦးလေး၏ ဒေါသကို အာရုံခံမိတာ သေချာပါသည်။ ရှုရှန့်ချမ်းနှင့် မျက်နှာချင်းဆိုင် သွားထိုင်လိုက်သည်။ ထမင်းဗူးထဲက ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ခရမ်းချဥ်သီးများကို မြင်သောအခါ ရုတ်တရက် ပြောလိုက်ပါသည်။

ရှုရှန့်ချမ်းကလည်း 'အင်း' တစ်လုံးတည်းဖြင့်သာ ပြန်အဖက်လုပ်လိုက်ပါသည်။ ကျန်တာ ဘာမှမပြောပေ။ သူ့ဦးလေးလည်း ကျိုးလျို့နီ ရောက်လာတာကို သဘောမကျဖြစ်နေမှန်း သူသိပါသည်။

ကျိုးလျို့နီက တစ်ယောက်တည်း ထိုင်နေသည်။ ရှုရှန့်ချမ်းက စားသောက်ပြီးနောက် သူ့ဦးလေးဆီက ယောင်းမ ပြန်လွှဲယူလိုက်ပါသည်။

ကျိုးချင်းပိုင်က ကျိုးလျို့နီကို အိမ်ပြန်ခေါ်လာခဲ့၏။

"ဦးလေးနဲ့ ဒေါ်လေးတို့ အိမ်ဝယ်ထားတယ် ဆိုတာတော့ကြားတယ်။ ဒီလောက်ကြီးတဲ့ အိမ်ခြံဝန်းကြီး ဖြစ်မယ်လို့ ထင်မထားဘူး" ကျိုးလျို့နီက သူတို့အိမ်ကိုရောက်လာပြီး မျက်လုံးပြူးကာ စိုက်ကြည့်လိုက်ပါသည်။

အိမ်ခြံဝန်းကြီး။ နောက်ပိုင်းမျိုးဆက်တွေမှာဆို ဒါတွေက ဘယ်လောက်တောင် တန်ဖိုးကြီးလိုက်သလဲ။ အထူးသဖြင့် ဒီလို ဝင်ပေါက် ၂ ခုပါ သည့် ခြံဝန်းကြီးမျိုး ဖြစ်သည်။ အလွန့်အလွန် ကျယ်ဝန်းပါသည်။

ကျိုးချင်းပိုင်က ဘာမှပြန်မပြာ။ ကျိုးလျို့နီနဲ့သာ အိမ်ထဲဝင်လာခဲ့ပါသည်။

ဒီနေ့ သူမ ရောက်လာမည်ဟု လင်းချင်းဟယ်က ခန့်မှန်းထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူမ အိမ်မှာရှိနေ၏။ ကျိုးကွေ့လိုင်က သူ့ညီမလေးကို ခေါ်ပြီး ကားဖြင့် အပြင်ထွက်သွားသည်။ ကန်းကျစ်က ညပိုင်း လမ်းဘေးဆိုင် ဆက်ထွက်ဖို့ ပြန်သွား၏။

လင်းချင်းဟယ်၊ ဒေါ်လေးကျောင်းနှင့် အာ့တျယ်တို့က အိမ်မှာ တီဗီကြည့်နေကြပါသည်။ ခြံထဲမှာလည်း ခြံစောင့်ခွေးကြီးနှစ်ကောင်ရှိ၏။

ထိုခွေးများကို ကျိုးခိုင်က တောင်းဆိုသဖြင့် လမ်းကြုံသည့် သူ့ သူငယ်ချင်းများက အိမ်သို့ လာပို့ပေးသွားခြင်း ဖြစ်သည်။ ထိုခွေးများက စစ်တပ်တွင် အသုံးပြုခဲ့ပြီး ယခုအခါ အနားယူသွားသော ခွေးများဖြစ်သဖြင့် အိမ်မှာ ခြံစောင့်ထားဖို့ အသုံးဝင်ပါသည်။

"နင့်အိမ်က ဖုန်းဆက်တယ်။ နင်ဒီကိုရောက်လာမယ်ထင်တယ်တဲ့။ နင့်ခန္ဓာကိုယ် အခုဘယ်လိုဖြစ်နေလဲ မသိဘူးလား။ ဘာလို့ ဒီလောက် အဝေးကြီးကို လာခဲ့တာလဲ" လင်းချင်းဟယ်က သူမကို မြင်မြင်ချင်းပဲ ဆူငေါက်လိုက်ပါသည်။

"စတုတ္ထဒေါ်လေး ဒီကိစ္စမှာ သမီးမှားတာ သမီးသိပါတယ်။ ဒါပေမယ့် ရွေးချယ်စရာမရှိလို့ပါ။ ရွာမှာဆိုရင် သမီး အမြဲတမ်း လက်ညှိုးထိုးခံရ၊ ဝေဖန်ခံနေရတာ။ သမီး အဲ့မှာ ဆက်ပြီး မနေနိုင်တော့လို့ပါ။” ကျိုးလျို့နီက ပြောလိုက်ပါသည်။

တကယ်တော့ သူမ ရင်ထဲမှာ အနည်းငယ် ဒေါသထွက်နေသည်။

တခြားသူတွေရဲ့ ကံကြမ္မာက အရင်ဘဝတုန်းကနဲ့ အတော်လေး ခြားနားစွာ ပြောင်းလဲနေကြသည်။ သူမတစ်ယောက်တည်းသာ ပြန်မွေးဖွားလာတာလာတောင် အရင်ဘဝတုန်းက အခြေအနေအတိုင်းပဲ ရှိနေခြင်း ဖြစ်၏။

ထိုမိသာားစုနဲ့ လက်ထပ်ပြီး တခြားယောက်ျားနဲ့ ဖောက်ပြန်တာကို မိသွားသဖြင့် ကွာရှင်းခဲ့ရသည်။ သူမ မိဘတွေဆီကို ပြန်သွားပြီး ၃ ရက်လောက် အမေဖြစ်သူ၏ ဆူငေါက် အထင်သေးမှုကို ခံခဲ့ရသည်။

ဟိုတစ်ချိန် သူ မြို့တော်ကို ပြေးလာခဲ့တုန်းက လင်းချင်းဟယ်သာ သူမကို လက်ခံခဲ့လျှင် ရှုရှန့်မိန်လိုပဲ မြို့တော်မှာ ယောက်ျားရနိုင်ပါသည်။

ထိုအချိန်တုန်းက သူမ ခက်ခက်ခဲခဲနဲ့ ရောက်လာခဲ့တာတောင် လင်းချင်းဟယ်က တစ်ညလေးတောင် နေခွင့်မပေးခဲ့ပေ။ ချက်ချင်း ပြန်ပို့ခဲ့ပါသည်။

ဒေါ်လေးကျောင်းနဲ့ အာ့တျယ်တို့က အနားယူဖို့ အရင်ထွက်သွားကြပါသည်။ လင်းချင်းဟယ်က ကျိုးလျို့နီကို ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "နင့်အကြောင်းနင်သိမှာမို့လို့ ဘာလို့ လက်ညှိုးထိုးခံနေရတာလဲဆိုတာကို ငါ မဆုံးမတော့ဘူး။ ဖုန်းထဲမှာ နင့်အကြီးဆုံးဒေါ်လေးက နင်ရေထဲပြုတ်ကျပြီး မဟုတ်တမ်းတရားတွေ ပြောနေတယ်ဆို။ အဲ့တာ ဘာဖြစ်တာလဲ။”

လင်းချင်းဟယ်က ယုံကြည်မှု ပြည့်ဝစွာဖြင့် ပြောလိုက်ပါသည်။ သူမမှာ လိပ်ပြာမလုံခြင်း တစ်စက်မှ မရှိပါ။ ထို့ကြောင့် ကျိုးလျို့နီ ကိုယ့်ကိုယ်ကို သံသယ အနည်းငယ် ဖြစ်သွားမိသည်။ သူ့စတုတ္ထဒေါ်လေး မပြောင်းလဲတာတော့ မဟုတ်ပါဘူးနော်။

ကျိုးချင်းပိုင်က သူ့တူမကို လှည့်ကြည့်ကာ မျက်မှောင်သာကြုတ်လိုက်သည်။

ကျိုးလျို့နီက သူမရင်ထဲက သံသယများကို ဖိနှိပ်ရင်း ပြောလိုက်၏။ "သမီး အဖျားကြီးပြီး ကိုယ်တွေ အရမ်းပူနေတာ။ အဓိပ္ပာယ်မရှိတာတွေ ပြောမိတာ နေမှာပါ။”

All Chapters