← Chapters

အခန်း(၆၇၉) ကော်မာရှယ်အိမ်ရာများ

Vol. 49 Ch. 679

အခန်း(၆၇၉) ကော်မာရှယ်အိမ်ရာများ

Vol. 49 Ch. 679

အခန်း(၆၇၉) ကော်မာရှယ်အိမ်ရာများ

အကြီးဆုံးအစ်ကို၊ အကြီးဆုံးမရီးနဲ့ ကျန်အုပ်စုတို့ နှစ်သစ် ၅ ရက်နေ့တွင် ပြန်ခဲ့ကြပါသည်။ ကျန်သူများလည်း လိုက်သွားခဲ့ကြ၏။

လင်းချင်းဟယ်က သူတို့အိမ်ပြန်သယ်သွားဖို့ လက်ဆောင်များစွာ ပြင်ဆင်ထားပါသည်။ သားမက်ဖြစ်သူ ဝမ်ယွမ်က လက်ဆောင်အများကြီး ပြင်ဆင်ထားသည်။ ဝိန်ကော်တုန်းတို့လည်း ထိုနည်းလည်းကောင်းပင်။

လက်ထဲ ပစ္စည်းအပြည့်ဖြင့် သူတို့ ပြန်လာခဲ့ကြပါသည်။

သူတို့ အပြန်ခရီးထွက်ခဲ့ကြပြီးနောက် ကျိုးခိုင်နဲ့ မေ့ကျားတို့ မအားမလပ် ဖြစ်လာကြပါသည်။ ၇ရက်နေ့နောက်ပိုင်း သူတို့ စခန်းသို့ ပြန်ခဲ့ကြပါသည်။

ကျိုးခိုင်က လေ့ကျင့်ရေးသို့ ပြန်သွားရပြီး ဝိန်မေ့ကျားကတော့ အလုပ်ပြန်လုပ်ရသည်။

ဆေးရုံဖြစ်သဖြင့် တစ်နှစ်လုံး အားလပ်ရက်သိပ်ပြီး မရခဲ့ပါ။ အထူးသဖြင့် သူမက သူနာပြုခေါင်းဆောင် ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

ဒီတစ်ခေါက် တစ်နှစ်တာခွင့်နဲ့ မင်္ဂလာကိစ္စ ခွင့်တို့ကြောင့် အကြာကြီး နေနိုင်ခဲ့ခြင်း ဖြစ်သည်။

လင်းချင်းဟယ်က ဘာမှ ထူးထူးခြားခြား မပြင်ဆင်ထားပါ။ ဝိန်မေ့ကျားအတွက် ပျားရည်ထုတ်ကုန် ပစ္စည်းများစွာကိုသာ ပြင်ဆင်ထားပါသည်။

လီမွန်ပျားရည်၊ စပျစ်ပျားရည်၊ သစ်သီးပျားရည် စသည်တို့ ဖြစ်ကြသည်။ အားလုံးကို ယူသွားပါသည်။

ထို့အပြင် နှစ်သစ်ကာလအတွင်း လင်းချင်းဟယ်က ဝိန်မေ့ကျားကို နေ့တိုင်း ဖောလစ်အက်စစ် သောက်ပေးဖို့ ပြောပါသည်။ သူမကို ကိုယ်ဝန်မရခင် ကြိုတင်ပြင်ဆင်နည်းလမ်းများစွာ ပြောပြခဲ့သည်။ သူမ ကိုယ်ဝန်ရနေပြီလား မရသေးဘူးလားဆိုတာ မသိပါ။ ဘာဲဖြစ်ဖြစ် အချိန်က တိုလွန်းနေသေးသောကြောင့် ဖြစ်ပါသည်။ သို့သော်လည်း သူတို့နှစ်ယောက်၏ ကျန်းမာရေးကတော့ ပြဿနာ မရှိပါ။ ဒီလထဲ ကလေးတစ်ယောက် ရနိုင်ချေ မြင့်မားပါသည်။

ဖောလစ်အက်စစ်ကိုလည်း ခန္ဓာကိုယ်အား ထောက်ပံ့ပေးရမည်။

ထိုဘက်တွင် ဖောလပ်အက်စစ်ဆေးတောင့်များ မရှိသဖြင့် သစ်သီး များများ စားပေးရမည်။ ဝိန်မေ့ကျားက နေ့တိုင်း ပန်းသီးစားပါသည်။

အစကတော့ သူတို့အိမ်မှာ အလွန်အမင်း စည်ကားခဲ့သည်။ သို့သော်လည်း အခုတော့ တစ်ယောက်ပြီး တစ်ယောာက် ပြန်သွားကြသဖြင့် ခြံတစ်ခြံလုံး တိတ်ဆိတ်လာပါသည်။

ကျိုးရွှမ်နဲ့ ဟဲမြန်မြန်တို့က နှစ်သစ်ကူး ၂ ရက်နေ့တွင် သူ့ယောက္ခမလောင်းအိမ်သို့ ပြန်ခဲ့ပါသည်။ ထိုအချိန်ကတည်းက ပြန်မလာတော့ပါ။ ထို့အပြင် သူတို့ဘက်မှာလည်း အလုပ်များနေပြီ ဖြစ်သည်။ ထို့ကြောင့် သူ့ကိုယ်သူပဲ ဂရုစိုက်ဖို့ ပြောခဲ့ပါသည်။

ကျိုးချင်းပိုင်က အမြဲတမ်း ပြောလေ့ရှိ၏။ "ကံကောင်းလို့ သမီးလေးတစ်ယောက်မွေးထားလို့ပေါ့။”

ဒီသားတွေက တစ်ယောက်မှ မယုံကြည်ရပေ။ သူတို့အားလုံး အတောင်စုံတာနဲ့ ပျံထွက်သွားကြပါသည်။

လင်းချင်းဟယ်က 'ဟားဟား' ဟုသာ ရယ်လိုက်သည်။ ရင်ထဲမှာတော့ ရှင့်သမီးကလည်း ငယ်သေးလို့၊ ကြီးလာရင် မပျံဘဲနေမလား စောင့်ကြည့်စမ်းပါဟု ပြောလိုက်ပါသည်။

လင်းချင်းဟယ်က ဒီနှစ် သူမ၏ စတူဒီယိုကိုဖွင့်ဖို့ စီစဥ်ထားပြီး ဒီနှစ် ဘွဲ့နှင်းသဘင်ကာလအတွက် ဘာသာပြန်အလုပ်များကို လုပ်ကိုင်ဖို့ ကောလိပ်ကျောင်းသားတစ်ယောက်ကို ငှားရမ်းဖို့ ပြင်ထားပါသည်။

တစ်ချိန်တည်းမှာပင် ဘဏ်ပြန်ဖွင့်သောအခါ သူမ အကြွေးများစွာကို ဆပ်ဖို့ သွားရပါသည်။ ဒါက ဆင်ခြေဖုံးက မြေကွက်ကို ဝယ်ယူပြီးနောက် သူတို့ တင်ခဲ့သော အကြွေး ဖြစ်ပါသည်။ မိသားစု၏ လစဥ်ဝင်ငွေကို ကြည့်ခြင်းအားဖြင့် ဒီနှစ်လောက်ဆို ကြေလောက်ပါပြီ။

ဒီအချိန်တွင် မြို့တော်၌ သတင်းတစ်ခု ပြန့်လာသည်။ ကော်မာရှယ်အိမ်များ ရောင်းချမှုကို စတင်နေပါပြီ။

၁၉၈၆ အစောပိုင်းကတည်းက ကော်မာရှယ်အိမ်များ ရောင်းချခဲ့တာ ရှိသော်လည်း ဒီနှစ်မှ လူထုရှေ့ကို တရားဝင်ချပြခဲ့ခြင်း ဖြစ်သည်။

ကော်မာရှယ်အိမ်ရာကို နယ်မြေနှစ်ခုတွင် စတင်ဖွင့်လှစ်၏။ သို့သော်လည်း စျေးကတော့ မသေးပါ။ ချောင်းယန်ဒေသတွင် ၁ စတုရန်းမီတာကို ယွမ် ၂,၅၀၀ တန်ပြီး ဟိုင်းထျန်ဒေသတွင် ယွမ် ၂,၀၀၀ တန်ပါသည်။

နောက်ပိုင်းမျိုးဆက်များ၏ အလွန်အမင်းစျေးကြီးသော အိမ်စျေးများနဲ့ ယှဥ်ကြည့်ပါက လက်ရှိ ကော်မာရှယ်အိမ်များ၏ စျေးနှုန်းမှာ မြင့်မားသည်ဟု မဆိုနိုင်ပါ။ သို့သော်လည်း လက်ရှိလစာအဆင့်မျိုးနဲ့ဆို ရင်တော့ ဒီစျေးက သံသယဖြစ်စရာမရှိအောင်ပင် စျေးကြီးလွန်းပါသည်။

၁ စတုရန်းမီတာကို ၂,၀၀၀ ကျော်သည်။ ၁၀၀ စတုရန်းမီတာကို ၂၀၀,၀၀၀ ကျော်မည်။ အနည်းငယ် ပိုသေးသည့် ၇၀ - ၈၀ စတုရန်းမီတာလောက်ဝယ်ရင်တောင် ၁၀၀,၀၀၀ တော့ ကျော်နေဆဲ ဖြစ်သည်။

၈၀ ဆယ်စုနှစ်တစ်ခု ပြီးဆုံးခါနီးဖြစ်သော်လည်း ယွမ် ၁၀၀,၀၀၀ လောက်ကို တစ်ခါတည်း ထုတ်ပေးဖို့က မလွယ်ကူပေ။

သို့သော်လည်း ဒီကမ္ဘာကြီးထဲမှာ မရှိမဖြစ်ဆုံးက သူဌေးများ ဖြစ်သည်။ ကော်မာရှယ်အိမ်ရာများကို စတင်ကြေညာပြီးနောက် ပထမ တစ်သုတ်ကို စျေးကွက်ထဲမှ လုယူသွားကြပါပြီ။

ကန်းကျစ်လည်း သွားကြည့်ပါသေးသည်။ ပြန်လာတော့ စည်ကားလှသော မြင်ကွင်းအကြောင်း ပြန်ပြောပြခဲ့ပါသည်။

"တစ်ညလုံး တန်းစီပြီး ဘာမှမဝယ်နိုင်တဲ့ လူတွေတောင် ရှိတယ်ဆို" သားငယ်က ပြောလိုက်သည်။

"ဟုတ်တယ်။ စျေးအရမ်းကြီးပြီး အရမ်းလည်း ရေပန်းစားတာကိုး" ကန်းကျစ်က ခေါင်းငြိမ့်လိုက်ပါသည်။

တကယ်ပဲ စျေးကြီးလွန်းပါသည်။ လက်ရှိ သူ စုထားတာ မနည်းတော့ပါ။ သို့သော်လည်း အသေးဆုံးကိုတောင် ဝယ်ဖို့ မလုံလောက်သေးပေ။

လင်းချင်းဟယ်လည်း ကြားပြီးပြီဖြစ်ပြီး သတင်းစာထဲမှာလည်း ဖတ်ပြီးပါပြီ။ သူမ ပြောလိုက်ပါသည်။ “လောလောဆယ် အဲ့တာကို စိတ်မပူနဲ့ဦး။ ပိုက်ဆံ အရင်ရှာလို့ရတယ်။ နောက်ပိုင်းကျရင် ပိုများလာလိမ့်မယ်။”

ဒီခေတ်က ကော်မာရှယ်အိမ်များက တကယ့်ကို ရှားပါးပါသည်။ ပထမနှစ်တွင် စျေးနှုန်းများက သံသယဖြစ်စရာမရှိအောင် မြင့်မားပါလိမ့်မည်။ နောက်နှစ်အနည်းငယ်လောက်မှ ဝယ်တာ အကောင်းဆုံး ဖြစ်လိမ့်မည်။ အများကြီး စိတ်ပူစရာ မလိုပါ။

မြို့တော်မှာလည်းရှိသည်။ ရှန်ဟိုင်းမြို့တော်တွင်လည်း ဒီနှစ်ကော်မာရှယ်အိမ်ရာများ ဖွင့်လှစ်ခဲ့သည်။ သူမရွှယ်မိန်လီကို ဖုန်းဆက်တော့ ထိုအကြောင်း ပြောခဲ့ကြပါသည်။

"ဝူနီကို အိမ်မှာပဲနေခိုင်းဦး။ အဲ့တာတွေအခု စိတ်မပူနဲ့။ နောက်ပိုင်းကျမှသာဝယ်ကြ" လင်းချင်းဟယ်ကပြောလိုက်ပါသည်။

"အခု စိတ်ဖိစီးနေလို့ ဘာမှမထူးဘူး။ စျေးကိုက ကြီးလွန်းနေတာ။ စျေးပေါဆုံးတောင် ၁၀၀,၀၀၀ အထက်မှာရှိတယ်။” ရွှယ်မိန်လီက ပြောလိုက်ပါသည်။

"ဒါဆို ရှောင်ကမ်းအတွက် တစ်စုံဝယ်လိုက်တယ်ပေါ့" လင်းချင်းဟယ်က ရွှင်မြူးစွာ မေးလိုက်ပါသည်။

"ဘယ်လိုလုပ် တတ်နိုင်မှာလဲ။ စျေးကြီးလွန်းတယ်။ နောက်ပိုင်းကျ စျေးနိမ့်သွားမလား ကြည့်ရတာပေါ့။” ရွှယ်မိန်လီက ပြောလိုက်ပါသည်။

ဒီနှစ်ကော်မာရှယ်အိမ်ရာများ ကြိုတင်ထောက်ပံ့လိုက်ခြင်းကြောင့် သေချာပေါက် အကျိုးတော်ဆောင်များအတွက် ကြီးမားသော လုပ်ငန်း အခွင့်အရေးများ ပေါ်လာနိုင်သည်။ ထို့ကြောင့်လည်း အကျိုးတော်ဆောင်များက ၁၉၉၀ နောက်ပိုင်းမှ စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ပေါများလာလိမ့်မည်။ တစ်ချိန်တည်းမှာပင် ရွေးချယ်စရာတွေလည်း ပိုများလာလိမ့်မည်။ ဒီလို စျေးကွက်ပေါ် ရောက်တာနဲ့ အလုခံရတာမျိုး မဖြစ်တော့ပါ။

သို့သော်လည်း ကော်မာရှယ်အိမ်ရာကြောင့် ကန်းကျစ် စိတ်အားထက်သန်လာသည်။

အရင်တုန်းက သူ့ဒေါ်လေး ပြောဖူးတာ ကြားဖူးပါသည်။ အခုတော့ ဒီနှစ် လူတွေအများကြီး ဝယ်ကြတာကို မြင်သဖြင့် သေချာပေါက် အမှတ်ရစရာ ဖြစ်ခဲ့ပါသည်။

အထူးသဖြင့် သူ့စုဆောင်းငွေက အခု အများကြီး မဟုတ်သေးသောကြောင့်ဖြစ်သည်။ သူ တတ်နိုင်ဖို့အတွက် ကြိုးစားရပါမည်။

ထို့ကြောင့် ဒီနှစ်လည်း ရည်းစားထားချင်စိတ် မရှိခဲ့ပါ။ အခုမှ နှစ်သစ်စရုံ ရှိသေးသည်။ အထည်များ ရောင်းအားမကောင်းသော ရာသီ ဖြစ်သည်။ ထို့ကြောင့် အထည်များ မရောင်းတော့ဘဲ သူ့အဘိုးအဘွားများအိမ်သို့ ပြောင်းနေခဲ့ပါသည်။

သူတို့အိမ်တွင် အခန်းတစ်ခန်း လွတ်သေး၏။ ထိုအခန်းတွင်နေကာ မနက်တိုင်းစောစောထပြီး သူ့ဦးလေး၊ ဒေါ်လေးတို့နဲ့ ဘန်းမုန့်များ ကူလုပ်ပေးပါသည်။

အာရုဏ်တက်ပြီးသောအခါ ဘန်းမုန့်များ ထွက်ရောင်းသည်။ ရောင်းအားက အလွန်ကောင်းမွန်ပါသည်။ သူသာ ဘန်းမုန့်လုပ်ဖို့ လာမကူညီပါက သူ ယူဖို့ ပစ္စည်း မလုံလောက်နိုင်ပါ။

ကျိုးရှောင်မိန်၏ ကိုယ်လုံးကိုယ်ပေါက်လည်း ဒီနှစ်ထဲ ပြန်ပြည့်ဝလာသည်။ စိတ်ပျော်သောကြောင့် ကိုယ်လုံးပြည့်လာခြင်း ဖြစ်၏။

ယခု ဘန်းမုန့်ဆိုင်လုပ်ငန်းက အခြေငြိမ်နေပြီး လတိုင်း ဝင်ငွေအလွန်ကောင်းသည်။ လက်ဖက်ရည်ဆိုင်မှလည်း အစုပေါ်အမြတ်တချို့ ရသည်။ စုချန်း၊ စုရွှမ်း၊ စုယ၊ စုထျန်တို့အားလုံး ပညာရေးရလဒ်များ ကောင်းကြ၏။ အကုန်လုံး အလားအလာကောင်းကြပါသည်။

လင်မယားနှစ်ယောက်ကလည်း ဆက်ဆံရေး အဆင်ပြေကြသည်။ ထို့ကြောင့် သူမ ဝိတ်တက်လာခြင်း ဖြစ်ပါသည်။

ကျိုးရှောင်းမိန် ရောက်လာတော့ ကန်းကျစ် အများကြီး ကြိုးစားနေသည့်အကြောင်း ပြောပြသည်။ အမေကျိုးက သူမကိုသွားခိုင်းပြီး သူ့အတွက် အိမ်ထောက်ဖက်ကောင်းကောင်းရှိနေပြီလားဟု မေးခိုင်းခြင်း ဖြစ်ပါသည်။ သူ့အိမ်ထောင်ဖက်ကို ကောင်းကောင်းမွန်မွန် ထားချင်လို့ ဒီလောက်ထိ ကြိုးစားနေတာမလား။

လင်းချင်းဟယ်က ရွှင်ပျစွာ ပြန်ပြောလိုက်ပါသည်။ "မနှစ်က အဲ့ကိစ္စ နည်းနည်းတော့ ပြောတယ်။ သူ့အတွက် တစ်ယောက်ရှာပေးမလားလို့ ငါစဥ်းစားနေတာ။ ဒီနှစ် မရှာနဲ့ဦးလို့ သူကိုယ်တိုင် ပြောသွားတယ်။ သူ အလျင်မလိုသေးဘူး။”

"ဒါဆို ဘာလို့လဲ။ ဘာလို့ ဒီလောက် မီးကုန်ယမ်းကုန် ကြိုးစားနေတာတုန်း" ကျိုးရှောင်မိန်က သိချင်နေပါသည်။

"အိမ်ဝယ်ဖို့ပေါ့" လင်းချင်းဟယ်က ရှင်းပြသည်။ "ကော်မာရှယ်အိမ်တဲ့။ သတင်းစာထဲမှာ အမြဲတမ်း ပေါ်လာနေတဲ့ဟာတွေလေ။”

"ကျွတ် အဲ့တာတွေက စျေးကြီးလွန်းတယ်လေ" ကျိုးရှောင်မိန်က သက်ပြင်းချလိုက်မိပါသည်။ ၁စတုရန်းမီတာာအတွက် ၂,၀၀၀ ယွမ်ကျော်တောင် ကုန်ကျပါသည်။ လစာမြင့်မြင့်နဲ့ဆို တစ်နှစ်လောက် မစားမသောက်ဘဲနေရင်တောင် ၁ စတုရန်းမီတာလောက်သာ ဝယ်နိုင်လိမ့်မည်။

သူမယောက်ျား တာ့လင်းလည်း သတင်းစာထဲ ဖတ်ဖူးပါသည်။ သူမမိသားစု ဝင်ငွေက မနည်းပါ။ သို့သော်လည်း စုငွေများနဲ့တောင် အငယ်ဆုံးအိမ်ကိုပင် မဝယ်နိုင်ပါ။ စျေးနှုန်းတစ်ဝက်လောက်ကိုပဲ တတ်နိုင်ပါသည်။

လင်းချင်းဟယ်က ပြောလိုက်၏။ "သူ့မှာ ဒီလိုအိပ်မက်ရှိတာ ကောင်းတာပေါ့။ သူက အခုငယ်ပါသေးတယ်။ နည်းနည်းလောက် အပင်ပန်းခံတာ ကိစ္စမရှိဘူး။”

All Chapters