← Chapters

အခန်း(၆၈၁) မူရင်းဇာတ်လိုက်မင်းသမီး

Vol. 49 Ch. 681

အခန်း(၆၈၁) မူရင်းဇာတ်လိုက်မင်းသမီး

Vol. 49 Ch. 681

အခန်း(၆၈၁) မူရင်းဇာတ်လိုက်မင်းသမီး

ဝိန်မေ့ကျား၏ ကိုယ်ဝန်က ကျိုးမိသားစုထဲတွင် တကယ်ပဲ ပွက်လောရိုက်သွားစေခဲ့ပါသည်။

ဟဲမြန်မြန် ဖုန်းဆက်သောအခါ လင်းချင်းဟယ်က သူမကို သတင်းကောင်း ပြောပြလိုက်သည်။ ဟဲမြန်မြန် ဖုန်းချပြီးနောက် ကျိုးရွှမ်ကို သွားရှာ၏။

သူမ၏ အကြီးဆုံးယောက်မ ကိုယ်ဝန်ရှိနေပြီဟု အားကျစွာ ပြောလိုက်ပါသည်။

"အင်း" ကျိုးရွှမ်က တည်တည်ငြိမ်ငြိမ်ပဲ ခေါင်းငြိမ့်လိုက်သည်။

သူ့အစ်ကိုကြီးက ဒီနှစ် အသက် ၂၄ နှစ်ပြည့်ပြီ ဖြစ်သည်။ ထို့အပြင် သူ့အစ်ကိုကြီးနဲ့ သူ့အကြီးဆုံးမရီးတို့ကလည်း လက်ထပ်ပြီးသား ဖြစ်၏။ ကလေးရတာ ပုံမှန်ပဲ ဖြစ်ပါသည်။

ဟဲမြန်မြန်က ပြောလိုက်၏။ "ကျွန်မတို့လည်း တစ်ယောက်လောက်ရရင် ကောင်းမှာပဲ။”

ထိုသို့ပြောပြီးသောအခါ သူမ မျက်လုံးများက ကျိုးရွှမ်ကို ကြည့်လိုက်ပါသည်။ ကျိုးရွှမ်က အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်လာပါသည်။ "ကိုတို့ အခု ကလေးယူဖို့ မသင့်တော်သေးဘူးလေ။”

ဟဲမြန်မြန်က ပြောလိုက်၏။ "ဘာလို့ မသင့်တော်တာလဲ။ ကျွန်မတို့ လက်ထပ်စာချုပ်ရပြီးပြီ။ အခု ကျွန်မတို့က တရားဝင် လင်မယားတွေပဲလေ။ မင်္ဂလာဧည့်ခံပွဲတွေ ဘာတွေ မလုပ်ရသေးရင်တောင် နောက်မှ လုပ်လို့ရတာပဲ။”

"ဒီနှစ် အလုပ်ကိစ္စနဲ့ ခရီးသွားရမှာလေ။ ခရီးက အရမ်းအလုပ်များမှာ။ ကိုမင်းကို ဂရုစိုက်ဖို့ အချိန်မရှိမှာ စိုးရတယ်။ ကို အခြေတည်ငြိမ်တဲ့အထိ စောင့်ပါဦး။ အဲ့ကျရင် ကလေးယူလို့ ရတာပဲ" ကျိုးရွှမ်က ချော့ပြောလိုက်ပါသည်။

အလုပ်ကိစ္စနဲ့ ခရီးထွက်ရမည်။ ထိုသို့ရောက်ပါက ထိုက လူပုဂ္ဂိုလ်များက မဟာမိတ်ဖွဲ့လိမ့်မည်။ သူက မြို့တော်က ဖြစ်နေရင်တောင် မလွယ်လောက်ပါ။ သန်မာသည့် နဂါးတစ်ကောင်မှာ အိမ်ကွင်းက မြွေကို အနိုင်မယူနိုင်ဘူးဆိုတာ ဟာသ မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ၎င်းတို့၏ ခံတပ်က ထိုနေရာတွင် ရှိနေသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ထိုနေရာသို့ သွားရောက်ပြီး ဦးနှောက်ကော အားအင်ပါ သုံးရမည်။ အမှန်ပင်။ ထိုက လူတွေကလည်း သူ့အတွက် အရမ်းခက်ခဲအောင် လုပ်မှာ မဟုတ်ပေ။

သို့သော်လည်း လွယ်တာတော့ မလွယ်ကူပေ။ သူတို့ ဒီလိုအချိန်ကြီးမှာ ဘယ်လိုလုပ်ပြီး ကလေးယူလို့ ဖြစ်နိုင်မည်နည်း။

ဟဲမြန်မြန်က သက်ပြင်းချလိုက်ပြီး ပြောလိုက်ပါသည်။ "မိမိလေးကို မြင်တော့ ကလေးတစ်ယောက်လောက် လိုချင်တယ်။ အခု အကြီးဆုံးယောက်မက ဗိုက်ကြီးနေပြီ။ ကျွန်မတို့ကတော့ မယူနိုင်သေးဘူး။”

"မင်း ကလေးစောစောမယူချင်ဘူးလို့ ထင်ထားတာ" ကျိုးရွှမ်က သူမကိုကြည့်ကာ ပြောလိုက်၏။

သူ့မိန်းမက ဒီ့ထက်ပိုပြီး ခေတ်မမှီနိုင်တော့ပါ။ ထို့အပြင် အလွန်လည်း မာနကြီးသည်။ သခင်မလေး တစ်ယောက်လိုပင်။ အလွန် သွက်လက်၏။ သူမ၏ အကျင့်စရိုက်က မရင့်ကျက်သေးဘူးဟု ကျိုးရွှမ်ထင်ခဲ့သည်။ သို့သော် ထင်မထားစွာဖြင် သူမက ကလေးလိုချင်နေသည်။

"အဲ့တာ ရှင့်ကြောင့်ပေါ့" ဟဲမြန်မြန်က ပြောလိုက်သည်။

သူမ ယောက်ျားကို သူမ ချစ်ပါသည်။ ယောက်ျားတစ်ယောက်ကို ဒီလောက် ချစ်ရလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပါ။ ထို့အပြင် သူ့ညီမလေးကိုလည်း အလွန်ချစ်ဖို့ကောင်းသည်ဟု ထင်မိသည်။ သူ့ကိုကြည့်လိုက်ပြီး သူမကိုသူမ ပြန်ကြည့်လိုက်သည်။ သူတို့မွေးလာသည့် ကလေးကလည်း ရုပ်မဆိုးလောက်ပါ။

ထို့ကြောင့် ကျောက်စိမ်းလို ဖြူဖြူဖွေးဖွေး ချစ်ဖို့ကောင်းသည့် ဖက်ထုပ်လေးကို မွေးပေးချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။

ကျိုးရွှမ်က သူမ စကားလုံးများကြောင့် စိတ်ပြောင်းသွားခဲ့သည်။ သူ့ကြောင့် သူမက ကလေးမွေးပေးချင်တာတဲ့။

သူ စိတ်ပြောင်းသွားသဖြင့် အိမ်ပြန်ရောက်သည့်အခါ ဟဲမြန်မြန် ခြေထောက်များ တုန်ယင်နေခဲ့ပါသည်။

ကျိုးမိသားစုတို့အိမ်တွင် လင်းချင်းဟယ်က ကလေးအတွက် အဝတ်အစားများ စတင်ပြင်ဆင်သည်။ သို့သော်လည်း ပြင်ဆင်စရာ သိပ်မလိုပါ။

အဘယ့်ကြောင့်ဆိုသော် မိမိလေးဝတ်ခဲ့သော ကလေးအဝတ်အစားများ ကျန်ပါသေးသည်။ သေးခံများကိုတော့ လွှင့်ပစ်လိုက်ပြီ ဖြစ်သည်။ ထပ်ပြီး ဖြတ်ထုတ်ဖို့ လိုပါသေးသည်။

ထူထူထဲထဲ အပုံလိုက်ကြီးရှိပြီး အဝတ်အစားလည်း မလိုအပ်ပါ။ အားလုံးက အသားကောင်းကောင်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ သူတို့ အသစ်ဝယ်ဖို့ မလိုပါ။ အသက် ၁နှစ်လောက်အထိ ဝတ်လို့ အဆင်ပြေပါသည်။

ကလေးများကို ယောက်ျားလေး မိန်းကလေး အဝတ်အစားဟူ၍ အများကြီး ကန့်သတ်ထားစရာ မလိုပါ။ သူတို့က ဘာမှ နားမလည်သေးပေ။ လင်းချင်းဟယ် ဝယ်သည့် အဝတ်အစားများက ပုံမှန်ဖြစ်သော်လည်း ကျိုးချင်းပိုင် ဝယ်သည့် အဝတ်အစားများကတော့ အရောင်အသွေး စုံလင်နေသည်။ ဒီလို ယောက်ျားစစ်စစ်ကြီး၏ အလှအပ အမြင်က ကြောက်ဖို့ ကောင်းလွန်းပါသည်။

လင်းချင်းဟယ်က ပစ္စည်းများစွာ ပြင်ထားသည်။ အားလုံးကို လျှော်ဖွတ် နေလှန်းထားပါသည်။

သူမ လုပ်နေတာကို အမေဝိန် သိပါသည်။ သူမ ဝိန်မေ့ကျားနဲ့ ဖုန်းပြောဖြစ်သောအခါ ရွှင်ပျစွာဖြင့် ပြောလိုက်၏။ "နင့်မှာ ဒီလိုယောက္ခမမျိုး ရထားတာ ကံကောင်းလိုက်တာ။”

ဝိန်မေ့ကျားက ပြုံးကာ ပြန်ပြောလိုက်၏။ "ကံကောင်းပါတယ်။ အမေ့အိမ်မှာဆိုရင် အမေချစ်တာ ခံရတယ်။ ယောက္ခမတို့အိမ်မှာတော့ ယောက္ခမ ချစ်တာ ခံရတယ်။”

အမေဝိန်က ရယ်မောလိုက်ပါသည်။ ကိုယ်ဝန်သည်များ ဂရုစိုက်ရမည့် အရာတချို့ကို သူမ သတိပေးလိုက်၏။

ဒီအချိန်အလုပ်သိပ်မများသေးသဖြင့် လင်းချင်းဟယ်က သားငယ်ကို စခန်းသို့ သွားနှင့်ဖို့ ပြောလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် အဝေးကြီးလည်း မဟုတ်ပါ။ ရထားဖြင့်သွားပါက ၂ ရက် ၃ရက်လောက်ပဲ ကြာပါသည်။ သူမကိုယ်စား သူသွားကြည့်ပေးနိုင်သည်။

သားငယ်ကလည်း မကန့်ကွက်ပါ။ သူ့အမေ ပြင်ဆင်ထားသည့် ပစ္စည်းများကို သယ်ဆောင်ရင်း ရထားစီးလာခဲ့ပါသည်။

ရထားပေါ်တွင် သူခိုးခိုးခံရသည့် မတော်တဆမှု ဖြစ်ပွားခဲ့၏။ ကောင်မလေးတစ်ယောက်က ထိုသူခိုးအား တိုက်ခိုက်ပြီး ချောချောမွေ့မွေ့ ထိန်းချုပ်သွားတာကို ကျိုးကွေ့လိုင်ကိုယ်တိုင် မြင်ခဲ့ရပါသည်။ ထို့အပြင် သူမက လက်ထိပ်တစ်စုံကို ထုတ်လိုက်ပြီး ထိုလူ့ကို လက်ထိပ်ခတ်လိုက်ပါသည်။

"ရှင်တို့ ရာဇဝတ်မှုကျူးလွန်တဲ့ ဂိုဏ်းတစ်ခုရှိတယ်ဆိုတာ ကျွန်မသိတယ်။ ဒီတစ်ခေါက် ရှင့်ကို ခြုံခိုဖမ်းဖို့ အထူးရောက်လာတာ။ ဒါတောင် ကျွန်မရှေ့မှာ ခိုးရဲသေးတယ်ပေါ့" လှပသော ကောင်မလေးက သွေးအေးအေး ဆူငေါက်လိုက်ပါသည်။

ထို့ကြောင့် ဘေးပတ်လည်က လူအားလုံး လက်ခုပ်သြဘာများ ပေးလိုက်ကြပါသည်။

ကျိုးကွေ့လိုင်က သူမကို လှည့်ကြည့်လိုက်သည်။ ဒီလိုပုံစံမျိုးနဲ့တင် သူ ကြွေသွားပါသည်။ ကောင်မလေးက အလွန်လှပလွန်း၏။

ကောင်မလေးကလည်း သူ့ကို ပြန်စိုက်ကြည့်ပါသည်။ အခု သူခိုးက ရထားပေါ်တွင် ထွက်ပြေးသဖြင့် အားလုံး ရှောင်လိုက်ကြသည်။။ လက်ရှိ ရထားပေါ်က လူဆင်းချိန်ကို အခွင့်ကောင်းယူကာ ထွက်ပြေးဖို့ ကြိုးစားသဖြင့် လွတ်သွားတော့မလို ဖြစ်သွားခဲ့သည်။ သို့သော်လည်း ခြေထောက်တစ်ချောင်းဖြင့် ခြေထိုးခံလိုက်ရသဖြင့် သူချော်လဲသွားပါသည်။

ထိုကောင်လေးက စိတ်ထားကောင်းရုံတင်မကဘဲ ချောလည်းချောသေးသည်။

"ကျေးဇူးတင်ပါတယ်" ကောင်မလေး ရင်ထဲတွင် သူ့ကို ခဏလောက် အထင်ကြီးမိသွားပြီး ကျိုးကွေ့လိုင်ကို ပြောလိုက်ပါသည်။

ကျိုးကွေ့လိုင်က ပြန်ပြောလိုက်၏။ "ခြေထောက်တစ်ချောင်းကမ်းလိုက်ရုံပါပဲ။”

ပုံမှန်ဆို ကူညီပေးသည့်အခါ လက်ကမ်းပေးသည်ဟုသာ ပြောတတ်ကြသည်။  သို့သော် သူက ခြေကမ်းပေးသည်ဟု ဆိုသဖြင့် ကောင်မလေးက ရယ်မောလိုက်ပါသည်။ ထိုအချိန်တွင် ရဲသားနှစ်ယောက် ရောက်လာပြီး သူခိုးကို ရထားတွဲထဲက ချက်ချင်း ဖမ်းခေါ်သွားကြပါသည််။

ကောင်မလေးက သူတို့နောက်လိုက်သွား၏။ ကျိုးကွေ့လိုင် သူမ နာမည်ကိုမေးဖို့ အချိန်မရလိုက်သဖြင့် ရင်ထဲမှာ အော်ဟစ်လိုက်မိပါသည်။ သူမ ဒီတိုင်းပဲ ထွက်သွားတာ နှမြောစရာပင်။

ထင်မထားစွာဖြင့် ကောင်မလေးက အမြန်ထွက်မသွားပါ။ ရထားပေါ်က ဆင်းသွားပြီး စကားနည်းနည်း ပြောရုံသာ ဖြစ်သည်။ ထို့နောက် ရထားတွဲထဲ ပြန်ဝင်လာပါသည်။

"ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ ခင်လို့ ရမလား။ ခင်ဗျားရဲ့ စကေးတွေကို ကြည့်ရတာ တော်တော် တော်မယ့်ပုံပဲ" ကျိုးကွေ့လိုင်က ပြုံးကာ ပြောလိုက်ပါသည်။

"ကျွန်မနာမည်က ကျုံးချင်းပါ။ ရဲတက္ကသိုလ်က ဘွဲ့ရထားတာပါ။ ကျွန်မက အဲ့လောက် မတော်ပါဘူး။ ကျွန်မတို့အဖွဲ့ထဲမှာ ဟန်ရှုကျယ်လို့ခေါ်တဲ့ လူတစ်ယောက် ရှိတယ်။ သူ့စကေးက ပိုကောင်းတယ်။ ဒါပေမယ့် ကျွန်မကတော့ စိတ်မရှည်တတ်ဘူး" ကျုံးချင်းက နှုတ်ခမ်းကိုကွေးကာ ပြောလိုက်ပါသည်။

"ဟန်ရှုကျယ် ဟုတ်လား" ကျိုးကွေ့လိုင် အံ့သြသွား၏။ "ကျွန်တော့်အစ်ကိုကြီးမှာလည်း ဟန်ရှုကျယ်လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူလည်း ရဲတက္ကသိုလ် တက်ခဲ့တာလေ။”

ကျုံးချင်းလည်း မျှော်လင့်မထားပါ။ ထို့ကြောင့် သူမက ထိုဟန်ရှုကျယ်၏ ပုံပန်းသဏ္ဍာန်ကို မေးကြည့်ခဲ့ပါသည်။ ကျိုးကွေ့လိုင်က ပြန်မှတ်မိဖို့ ကြိုးစားသည်။ ဘာပဲဖြစ်ဖြစ် သူတို့ မတွေ့တာ နှစ်အနည်းငယ်ကြာပြီဖြစ်၏။ သို့သော်လည်း အကြမ်းဖျင်းပုံစံကိုတော့ ဖော်ပြနိုင်ပါသည်။

ရုပ်ချောချော အရပ်ရှည်ရှည်။ ဒါက အကြမ်းဖျင်း ဖြစ်သည်။ အမှန်ပင်။ အသေးစိတ်အကျဆုံးကတော့ ဟန်ရှုကျယ်၏ လည်ပင်းတွင် မှည့်တစ်ခု ရှိနေတာ ဖြစ်ပါသည်။

ဟန်ရှုကျယ်၏ မွေးရပ်မြေကိုလည်း သူ ပြောပြလိုက်သည်။ ကိုက်ညီမှု ရှိပါသည်။

"ဒါဆို ရှင်က ခေါင်းဆောင်ဟန်ကို တကယ်သိတာပေါ့" ကျုံးချင်းက ပြုံးလိုက်၏။

ကျိုးကွေ့လိုင်က ခေါင်းငြိမ့်လိုက်ပြီး သူမနဲ့ စကား စပြောခဲ့ပါသည်။ သူမက ဒီရထားပေါ်မှာ တာဝန်ကျတာဖြစ်ပြီး တစ်လမ်းလုံး စကားပြောလာခဲ့သည်။ တခြား ရထားတွဲများ ဘေးကင်းဖို့လည်း တာဝန်ရှိသဖြင့် ကင်းသွားလှည့်တတ်ပါသည်။

ကျိုးကွေ့လိုင်က သူမကို ပန်းသီး၊ ငှက်ပျောသီး တချို့ ပေးသည်။ ကျုံးချင်းက မငြင်းပါ။

သူမ ရထားပေါ်က ဆင်းသွားတော့ ကျိုးကွေ့လိုင်က သူမကို အိမ်ဖုန်းနံပါတ် ပေးလိုက်ပါသည်။ ဟန်ရှုကျယ်ကို ပေးလိုက်ဖို့ ဖြစ်ပါသည်။

"ခေါင်းဆောင်ဟန်ကို ကျွန်မ ပေးလိုက်ပါ့မယ်၊ မစိုးရိမ်ပါနဲ့။" ကျုံးချင်းက ပြောလိုက်ပါသည်။

"တကယ် ချစ်ဖို့ကောင်းတဲ့ ကောင်မလေးပဲ။ ဘာလို့ မျိုးရိုးနာမည်က ကျုံး ဖြစ်နေရတာလဲ။” ရထားပေါ်က ဆင်းပြီးနောက် ကျိုးကွေ့လိုင် စိတ်ပျက်လက်ပျက် ညည်းညူလိုက်မိပါသည်။

သူ အများကြီး ဒုက္ခမတွေ့ခဲ့ပါ။ ဘတ်စ်ကားစီးပြီး ကောင်တီမြို့သို့ သွားခဲ့ပါသည်။ ထို့နောက် ကောင်တီမြို့မှ စခန်းသို့ နောက်ထပ် ဘတ်စ်ကားစီးရပြန်သည်။

စီးစရာတွေ များလွန်းသည်။ အကွာအဝေးက တကယ်ပဲ မနီးလှပါ။

All Chapters