← Chapters

အခန်း(၆၈၃) လူကြီးစုံတွဲ

Vol. 49 Ch. 683

အခန်း(၆၈၃) လူကြီးစုံတွဲ

Vol. 49 Ch. 683

အခန်း(၆၈၃) လူကြီးစုံတွဲ

လင်းရွှယ်က လာမည့်နွေရာသီမှ ဘွဲ့ရမည်ဖြစ်ပါသည်။ သူမက ဂျူနီယာကောလိပ်တစ်ခုကို တက်ရောက်သည်။ ကျိုးယန်နဲ့ ကျိုးဝူနီတို့လို ဘွဲ့ကြိုများလောက် မတော်သော်လည်း ဒီအသက်အရွယ်မှာ ကောင်းမွန်သည့် ဘွဲ့တစ်ခု ရရှိထားပါပြီ။

အားလပ်ရက်တွင် ပြည်နယ်မြို့မှ အိမ်ကိုပြန်လာပြီးနောက် ထိုကိစ္စအကြောင်း သူမ အမေပြောတာကို ကြားခဲ့ရပါသည်။ ဘွဲ့ရပြီးနောက် ပေးအပ်သည့် အလုပ်ကို လက်မခံဖို့ ပြောလိုက်သည်။ မြို့တော်က သူမ ဒေါ်လေးဆီကိုသာ သွားသင့်ပါသည်။

လင်းရွှယ်မြို့တော်ကို မကြာခဏရောက်ဖူးသည်။ ပြောစရာမလိုအောင် မြို့တော်ကို သဘောကျပါသည်။ အစကတော့ ချမှတ်ပေးမည့် အလုပ်အတွက် ပြင်ဆင်နေခဲ့သည်။ အခုတော့ သူမဒေါ်လေးမှာ လူလိုကာ နေရာတစ်နေရာ ရှိသည်ဟု ဆိုသဖြင့် သူမ ကျောင်းက ချမှတ်ပေးထားသည့် အလုပ်ကို မလိုအပ်တော့ပါ။

ဘွဲ့ရပြီးတာနဲ့ မြို့တော်ကို သွားဖို့ စီစဥ်ထားသည်။ ညနေခင်းတွင် သူမဒေါ်လေး အိမ်မှာ ရှိနေမှန်း သိသဖြင့် ဖုန်းဆက်လိုက်ပါသည်။

ကန်းကျစ်က ဖုန်းနားမှာ ရှိနေကာ ဖုန်းကိုင်လိုက်ပါသည်။

လင်းရွှယ်မှန်း သိသောအခါ သူ့ဒေါ်လေးကို ခေါ်လိုက်ပါသည်။ လင်းချင်းဟယ် ရောက်လာပြီး ဖုန်းကိုင်ကာ သူမ၏ တူမနဲ့ စကားပြောခဲ့၏။

ဖုန်းချလိုက်သောအခါ ကန်းကျစ်က မေးလိုက်ပါသည်။ "ဒေါ်လေး လင်းရွှယ် လာမှာလား။” သူနဲ့ လင်းရွှယ်တို့ တစ်ယောက်ကိုတစ်ယောက် သိကြပါသည်။ အရမ်းကြီးတော့ မရင်းနှီးကြပါ။

"အင်း ဒီနှစ်ဘွဲ့ရရင် ဒီကိုလာပြီး ငါ့အတွက် အထူးစာရင်းကိုင် လုပ်ပေးမှာလေ" လင်းချင်းဟယ်က ပြောပြလိုက်၏။

ကန်းကျစ် ကြောင်သွားပါသည်။ "အစ်မအာ့နီတို့ မရှိဘူးလား"

"စာရင်းကိုင်အလုပ်က အများကြီး မရဘူး။ နင့်အစ်မ အာ့နီက အလုပ်များတယ်။ နင့်ဒုတိယယောက်ဖကလည်း အထည်စက်ရုံ ပိုင်တယ်လေ။ လင်းရွှယ် ရောက်လာတော့ အာ့နီက နင့်ဒုတိယယောက်ဖနဲ့ ရှော့ပင်း အတူတူထွက်ဖို့ အချိန်ပိုရတာပေါ့။ အရင်တစ်ခေါက်တုန်းက နင့်ဒုတိယယောက်ဖ အဲ့အကြောင်း ပွစိပွစိလုပ်နေတာ ငါကြားတယ်" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။

ကန်းကျစ်က ရယ်လိုက်၏။ ကျိုးချင်းပိုင်က သူ့တူကိုကြည့်ကာ ပြောလိုက်ပါသည်။ "လက်ထပ်ဖို့ အချိန်ရောက်ပြီနော်။”

အခုဆို ကျိုးချင်းပိုင်နဲ့ တတိယမရီးတို့၏ အမြင်များက အတူတူပဲ ဖြစ်နေပါပြီ။ ပါရမီရှင်ကို သူများဆီ ရောက်မသွားဖို့ ရည်ရွယ်ထားကြသည်။ လင်းရွှယ် ဘွဲ့ရပြီးနောက် သူ့တူကို အစွမ်းအစရှိလာအောင် တွန်းအားပေးဖို့ ရည်ရွယ်ထားသည်။

ကန်းကျစ်ကတော့ သူ့ဦးလေးဖြစ်သူ၏ ရည်ရွယ်ချက်များကို နားမလည်နိုင်ဘဲ ခေါင်းခါလိုက်ပါသည်။ "ကျွန်တော်က အိမ်အရင်ဆုံး ဝယ်ချင်တာဗျ။။”

သူ့မှာ အိမ်အရင်ဆုံးဝယ်ဖို့ ဆုံးဖြတ်ချက်ရှိသည်။ တကယ်ပဲ သူ့ကိုယ်ပိုင်အိမ်လေးကို ပိုင်ဆိုင်ချင်ပါသည်။

သူ့ဦးလေးနဲ့ ဒေါ်လေးတို့အိမ်မှာ နေလို့ကောင်းသော်လည်း တစ်သက်လုံး နေလို့တော့ မရပေ။ နောက်ပိုင်းတွင် သူ မိန်းမယူရမည်။ သူ့မိသားစုကို သူ့ဦးလေးတို့ အိမ်မှာ ဘယ်နေခိုင်းလို့ ဖြစ်မည်နည်း။

ကျိုးကြောင်းမဆီလျော်ပါ။

"အိမ်ဝယ်ဖို့ဆိုတာ မိန်းမယူဖို့ပဲ မဟုတ်လား။ လူကောင်းတစ်ယောက်နဲ့ဆုံရင် အရင်ဆုံး စေ့စပ်ထားလိုက်လေ။ မဟုတ်ရင် မင်းအိမ်ကို ဘယ်အသက်အရွယ်မှ ဝယ်နိုင်မှာလဲ။ မင်းမှာ အိမ်ပိုင်လာရင်တောင် တခြားသူတွေက မင်းအသက်အရွယ်ကြည့်ပြီး အထင်သေးကြလိမ့်မယ်" ကျိုးချင်းပိုင်က ဆက်တိုက်တွန်း၏။

သူ့အသက်အရွယ်တုန်းကဆို ကျိုးချင်းပိုင် သား ၃ ယောက်လောက် မွေးပြီးနေပြီ ဖြစ်သည်။

ကန်းကျစ်က ပြုံးလိုက်သည်။ "ကျွန်တော် သင့်တော်တဲ့လူနဲ့ မတွေ့သေးလို့ပါ။”

"မင်းအတွက် ငါသင့်တော်တဲ့လူ ရှာပေးမယ်။ မင်းဖာသာမင်း တွေ့တဲ့လူနဲ့ မတွဲနဲ့" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။

ကန်းကျစ်က ခေါင်းငြိမ့်လိုက်၏။ ဒီတစ်ဘဝစာ ကိစ္စကို သူ့ဦးလေးနဲ့ ဒေါ်လေးတို့ကို လွှဲထားရတာ ကိစ္စမရှိပါ။ သူတို့သာ သဘောတူပါက မပျော်နိုင်စရာ အကြောင်း မရှိပေ။

အခု သူ့အစ်ကိုကြီးလည်း ပျော်ပျော်ရွှင်ရွှင်ဘဝမျိုးနဲ့ နေ နေရပါပြီ။ သူ အားမကျဘူးဟု ပြောလို့တော့ မရပေ။ မတတ်နိုင်ပါ။ သူက ကော်မာရှယ်အိမ်တစ်လုံးဝယ်ချင်ကာ ပိုက်ဆံလည်း အများကြီး လိုနေသောကြောင့် ဖြစ်ပါသည်။

နောက်တစ်နေ့မနက်စောစော ကန်းကျစ် ပစ္စည်းများ အပြည့်အစုံဖြင့် ထွက်သွားခဲ့ပါသည်။ ဖက်ရှင်ကျကျ လူငယ်အဝတ်အစားများ သာမကဘဲ ခေါင်းစည်းများလည်း ပါသည်။ အပြင်မှာ ဘန်းမုန့်နည်းနည်းဝယ်ပြီး လမ်းဘေးဆိုင် စဖွင့်ပါသည်။

ပြောရမည်ဆိုလျှင် မနက်စောစော စျေး၌ ပစ္စည်း ၃ ပုံ ၁ ပုံကို ရောင်းထွက်နိုင်သည်။ ထို့နောက် ကျန် ၃ပုံ ၂ ပုံကို ကျန်အချိန်များတွင် ရောင်းထွက်ပါသည်။ ညဘက် သူ ဆိုင်သိမ်းသည့်အခါ ဘာမှ မကျန်တော့ပါ။

မနှစ်က အချိန်ကတည်းက လုပ်ငန်းမှာ တကယ်ပဲ အဆင်ပြေလှပါသည်။ အခု သူက လမ်းဘေးဆိုင် ဖွင့်ထားတာ ဖြစ်သော်လည်း ရောင်းအားအရဆို ဆိုင်တစ်ဆိုင်ဖွင့်တာထက်ပင် ပိုကောင်းပါသေးသည်။

လင်းချင်းဟယ်က သူ့ကို ရောင်းကောင်းရဲ့လား မမေးတော့ပါ။ နေ့တိုင်း အထည်များ ထုတ်လိုက်သွင်းလိုက် လုပ်နေသဖြင့် မေးစရာ မလိုဘဲ သိနေပါပြီ။

ဒီလိုမျိုး စိတ်ဓာတ်တက်ကြွတာ ကောင်းပါသည်။ နောက်ပိုင်းတွင် လမ်းဘေးဆိုင်ဖွင့်ချင်တောင် ဖွင့်လို့ မရလောက်တော့ပါ။ လက်မခံသည့် ပထမဆုံးသော သူများက မြို့တော်စီမံရေး ဖြစ်သည်။ လက်ရှိအချိန်ကို အခွင့်ကောင်းယူပြီး မြန်မြန်ငွေရှာက အိမ်ဝယ်ထားသင့်သည်။ ဒါက အလွန်ကြီးမားသော အကျိုးအမြတ် ဖြစ်ပါသည်။

ကျိုးကွေ့လိုင်က မာချန်းမင်နဲ့ အတူတူ တောင်ပိုင်းသို့ သွားခဲ့၏။ ရက် ၂၀ ကျော်လောက်ကြာပြီးမှ ပြန်လာခဲ့ကြပါသည်။

"ဦးလေးချန်းနဲ့ ကျွန်တော်တို့ သွားတုန်းက တခြား လက်ဖက်ရည်ကုန်သည်တချို့နဲ့ တွေ့ခဲ့သေးတယ်။ သူတို့ကလည်း လက်ဖက်ရွက်တွေ လာစုဆောင်းတာတဲ့။ ဒါပေမယ့် ဘာဖြစ်သွားလဲ သိလား။" ကျိုးကွေ့လိုင်က ရယ်မောလိုက်ပါသည်။

"လက်ဖက်ပင်စိုက်ပျိုးရေးသမားတွေက သူတို့ကို မရောင်းလိုက်ဘူးလား။" ကျိုးချင်းပိုင်က မေးလိုက်သည်။

ကျိုးကွေ့လိုင်က ရယ်လိုက်၏။ "မရောင်းဘူး၊ ကျွန်တော်တို့ မိသားစုကိုပဲရောင်းတာလေ။”

တကယ်တော့ လက်ဖက်ပင် စိုက်ပျိုးရေးသမားများက ရိုးသားကြသည်။ ပိုက်ဆံအတွက်နဲ့ ပြောင်းလဲတက်ကြသူများ မဟုတ်ပါ။ သူတို့ လင်းချင်းဟယ်နဲ့ သဘောတူညီပြီးသား ဖြစ်သည်။ ၅နှစ်အတွင်း လက်ဖက်ရွက်အားလုံးကို ဝယ်ယူမည်။ ဒါတင်မကသေးဘဲ နှစ်စဥ်စျေးကွက်များ တက်လာပါက သူမကလည်း စျေးနှုန်းကို တိုးပေးမည်ဖြစ်ပါသည်။ လက်ဖက်ပင် စိုက်ပျိုးရေးသမားများက အခွင့်အရေး ဆုံးရှုံးမှာ မဟုတ်ပါ။

ထို့အပြင် သူတို့က ကိုယ်တိုင်လက်ဖက်ပင်များ စိုက်ပျိုးကာ ရောင်းချခြင်း ဖြစ်သဖြင့် ကြားလူ မရှိပါ။ လင်းချင်းဟယ် ပေးသည့်စျေးက တခြား လက်ဖက်ရည်ဆိုင်ပိုင်ရှင်များ ပေးနိုင်သည့် စျေးမျိုး မဟုတ်ပါ။ သူတို့ပေးသည့် စျေးက လင်းချင်းဟယ် ပေးသည့် စျေး၏ ၆၀ ရာခိုင်နှုန်းလောက်သာ ရှိသည်။ လက်ဖက်ရွက်များက တကယ်ကောင်းမွန်သဖြင့် သူတို့ ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းထက်တောင် တိုးပေးဖို့ အစီအစဥ် ရှိကြပါသည်။

သို့သော်လည်း လင်းချင်းဟယ်ပေးသည့် စျေးနဲ့ ဘယ်လိုလုပ် ယှဥ်နိုင်ဦးမည်နည်း။ စျေးက ဘယ်လောက်ပဲ မြင့်ပါစေ အမြတ် မရှိပါ။ သူမက ကိုယ့်ဖာသာကို ထုတ်လုပ်ပြီး ရောင်းချခြင်း ဖြစ်သည်။ လက်ဖက်ပင် စိုက်ပျိုးရေးသမားများအတွက် အမြတ်တချို့ကို ပေးဖို့ ဆန္ဒရှိသရွေ့ တခြားသူတွေက သူမ၏ ထောက်ပံ့ပေးသူများကို လုယူသွားလို့ မရနိုင်ပါ။

ထို့အပြင် လင်းချင်းဟယ်က လူမှုရေး နားလည်သူ ဖြစ်သည်။ ဒီတစ်ခေါက် ကျိုးကွေ့လိုင်နဲ့ မာချန်းမင်တို့က လက်ဆောင်များ ယူသွားခဲ့ကြသည်။

ကုန်ခြောက်ဆိုင်မှ ပင်လယ်ခရု၊ ပင်လယ်မျှော့နဲ့ စည်ဖောင်းများ ပါဝင်၏။

ထိုအရာများက တောင်တန်းနှင့် ပင်လယ်တို့မှ ဟင်းလျာများ ဖြစ်ကြပြီး အလွန်တန်ဖိုးကြီးသော လက်ဆောင်များ ဖြစ်ပါသည်။ ဒီလောက်ဆို စေတနာကို မြင်နိုင်ပြီ မဟုတ်လား။ စျေးနှုန်းများက ကောင်းမွန်ပြီး သူမ၏ ပြုမူပုံကလည်း လက်တွေ့ကျသဖြင့် လက်ဖက်ပင်စိုက်ပျိုးရေးသမားများက ငတုံးများ မဟုတ်ကြပါ။ ဘယ်သူနဲ့ လုပ်ငန်းတွဲလုပ်မလဲဆိုတာ ပြောဖို့ လိုသေးလို့လား။

ကျိုူးကွေ့လိုင်နဲ့ မာချန်းမင်တို့ ဒီခရီးမှာ ဘာအခက်အခဲမှ မတွေ့ခဲ့ပါ။ လက်ဖက်ပင် စိုက်ပျိုးရေးသမားများက အချိန်မှန် လက်ဖက်ရွက်များကို ပို့ဆောင်ပေးမည်ဟု အာမခံခဲ့ကြပါသည်။ အရည်အသွေးကိုလည်း လုံးဝ စိတ်ချနိုင်သည်။ ဘာမှ မမှားယွင်းနိုင်ပါ။

လက်ဖက်ရွက် စိုက်ပျိုးရေးသမားများကလည်း ဒီလိုဝယ်သူမျိုးနဲ့ ဆက်ဆံရေးကောင်းမျိုးကို တည်ဆောက်ချင်ကြပါသည်။

"ကျွန်တော့်အမေမှာ နည်းလမ်းကောင်းတွေ ရှိတာပဲ" ကျိုးကွေ့လိုင်က နောက်ဆုံးတော့ လေးစားစွာ ပြောလိုက်ပါသည်။ ထို့နောက် သူ့အဖေကို ကြည့်လိုက်သည်။

"အဖေ အမေ့လို မိန်းမမျိုးကို ယူပြီးတော့ စိတ်အေးလက်အေးနေလို့ရပြီလို့ ခံစားရလား။”

ကျိုးချင်းပိုင်က သူ့သားကို လှည့်ကြည့်လိုက်သည်။

ပျော့ပြောင်းသည့် အစားအသောက်များ စားရနိုင်ခြေရှိသော်လည်း ကျိုးချင်းပိုင်က မငြင်းပါ။ ဒီလိုအစွမ်းအစရှိသည့် မိန်းမမျိုးကို လက်ထပ်ပြီးနောက် သူ့မှာ ယောက်ျားတစ်ယောက်အနေဖြင့် ရည်ရွယ်ချက်တစ်ခုသာ ရှိပါသည်။ ဒါကတော့ မိသားစုမျက်နှာစာကို ထောက်ပံ့ပေးပြီး ဒီမိသားစုမှာ အိမ်ထောင်ဦးစီးတစ်ယောက်ရှိတာကို ပြသဖို့သာ ဖြစ်သည်။

ကျန်တာကိုတော့ စိုးရိမ်ဖို့ မလိုအပ်ပေ။ သူ့မိန်းမကို နှောင့်နှေးအောင် မလုပ်သရွေ့ အဆင်ပြေပါသည်။

သူ့မာနကို ထိခိုက်လား မထိခိုက်လားဆိုတာကို ကျိုးချင်းပိုင် ဂရုမစိုက်ပါ။ ထို့ကြောင့် သူ့မိန်းမက အစွမ်းအစရှိလည်း ဘာဖြစ်လဲ။ ဒီလိုမိန်းမမျိုးကို ယူပြီး သူ့အတွက် ကလေး မွေးခိုင်းခဲ့ခြင်းကလည်း သူ့အစွမ်းအစပဲ မဟုတ်လား။

သားငယ်က သူ့အဖေရှေ့မှာ ပြောလိုက်ရုံသာမကဘဲ သူ့အမေရှေ့မှာလည်း ချီူးကျူးလိုက်ပါသည်။ သူလည်း နောက်ကို ဒီလိုမိန်းမမျိုးပဲ ရှာချင်ပါသည်။

လင်းချင်းဟယ်က သူမလက်ကို ယမ်းပြရင်း ပြောလိုက်ပါသည်။ "နင့်မှာတော့ နင့်အဖေလို ကံကြမ္မာမျိုးရှိမှာ မဟုတ်ဘူး။ နွားကောင်းကောင်းသာ သွားလုပ်စမ်းပါ။”

သူမ ထိုသို့ပြောလိုက်တော့ သူမဘေးမှာ ရှိနေသည့် ကျိုးချင်းပိုင်၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် မြင့်တက်သွားပါသည်။ သူ့မိန်းမကို ကြည့်သည့်အကြည့် နူးညံ့ပုံကို ပြောဖို့ မလိုတော့ပါ။

လင်းချင်းဟယ်က သူ့ကို မျက်စိတ်တစ်ဖက် မှိတ်ပြလိုက်ပါသည်။ သူမယောက်ျားဖြစ်သဖြင့် ဆွဲဆောင်မှုရှိသည်ဟု ထင်မိပါသည်။

သားငယ်ကတော့ မသိချင်ယောင်သာ ဆောင်လိုက်ပါသည်။ နှစ်ပေါင်းများစွာ ကြာတာတောင် ဒီလင်မယားနှစ်ယောက် အခုထိ ပူးကပ်နေကြဆဲဖြစ်သည်။

တကယ့်ကို လူကြီးစုံတွဲပင်။

All Chapters