← Chapters

အခန်း(၆၈၉) လက်ထပ်ပြီးနောက် ဘဝအခြေအနေ

Vol. 50 Ch. 689

အခန်း(၆၈၉) လက်ထပ်ပြီးနောက် ဘဝအခြေအနေ

Vol. 50 Ch. 689

အခန်း(၆၈၉) လက်ထပ်ပြီးနောက် ဘဝအခြေအနေ

"ရှင်တို့ စားလို့မနိုင်ရင် အစ်ကိုကျန်းကို အာဟာရဖြစ်အောင် ကျွေးပေါ့။ သူနေကောင်းရင် ရှင်လည်း နေကောင်းမှာပဲ" လင်းချင်းဟယ်က ကျီစယ်သော လေသံဖြင့် ပြောလိုက်သည်။ ရွှယ်မိန့်လီက ရယ်မောလိုက်၏။

လင်းချင်းဟယ်က အဘိုးကျန်းနဲ့ အဘွားကျန်းတို့ ကျန်းမာရေးအကြောင်း မေးကြည့်လိုက်ပြီး လူကြီးနှစ်ယောက် ကျန်းမာရေး ကောင်းကြကြောင်း သိလိုက်ရပါသည်။ထို့ကြောင့် ကျိုးဝူနီတို့ အခြေအနေကို မေးကြည့်လိုက်သည်။

ကျိုးဝူနီဗိုက်က မသေးတော့ပါ။ ပထမစာသင်နှစ်တွင် စာသင်ခဲ့သေးသည်။ သို့သော်လည်း ဒုတိယစာသင်နှစ်မှာတော့ သေချာပေါက် သင်နိုင်မှာ မဟုတ်တော့ပါ။

ထို့ကြောင့် ကိုယ်ဝန်ဖြင့် ခွင့်ယူကာ နောက်နှစ်မှ သင်ဖို့ စောင့်လိုက်ပါသည်

လောလောဆယ် ကျိုးဝူနီ၏ အခြေအနေက အလွန်တည်ငြိမ်နေသည်။ ပြဿနာ ကြီးကြီးမားမား မရှိပါ။ သူမမွေးဖွားပြီးသည့်အချိန်တွင် သူမ ယောက္ခမက လာပြုစုပေးမည်ဟု ဆို၏။

သို့သော်လည်း ကျိုးဝူနီက သူမကို မလာစေချင်ပါ။

သူမ ရွှယ်မိန့်လီနဲ့ စကားပြောသည့် နေ့မှာပဲ ကျိုးဝူနီက ကိုယ်တိုင် ဖုန်းဆက်လာပါသည်။ သူမ ပြောလိုက်၏။ "ကျန်းဟန်ရဲ့ အမေက သူ့အကြီးဆုံး အစ်ကိုတို့ မိသားစုကိုပဲ ဦးစားပေးတာ။ သူသမီးမွေးဖွားပြီးတဲ့အချိန် လာပြုစုတဲ့အခါကျရင် သေချာပေါက် ခြေမသန့် လက်မသန့်တွေ ဖြစ်လာလိမ့်မယ်။ သမီး အိမ်တော်ထိန်းတစ်ယောက် ငှားလိုက်လို့ ရပါတယ်။ သူ လာစရာ မလိုပါဘူး။”

"အိမ်က တစ်ခုခု ယူသွားလို့လား" လင်းချင်းဟယ်က ပြောလိုက်သည်။

"သူက ဒီကို နှစ်ခေါက် လာဖူးတယ်။ လာတိုင်းလည်း အိမ်က ပစ္စည်း တစ်ခုခု အမြဲပျောက်သွားတယ်။ ကျန်းဟန်က သူ့အမေယူသွားတာ ဖြစ်မယ်လို့ မပြောမချင်း သမီး မသိခဲ့ဘူး" ကျိုးဝူနီက ပြောလိုက်၏။

"ကျန်းဟန်ကကော ဘယ်လိုသဘောရလဲ" လင်းချင်းဟယ်က ပြောလိုက်သည်။

"သူက သူပြောတာနားထောင်ပြီး စိတ်မတိုဖို့ ပြောတယ်" ကျိုးဝူနီက ရွှင်ပျစွာဖြင့် ပြန်ပြောလိုက်ပါသည်။

ထို့ကြောင့် သူမယောက္ခမကို အားကိုးလို့ မရတော့ပါ။ သို့သော်လည်း သူမယောက်ျားက သူမဘက်ကို ပါပါသည်။ ဒီလောက်ဆို လုံလောက်ပြီဟု ကျိုးဝူနီထင်မိ၏။ ထို့ကြောင့် လစဥ် သူမ ယောက်ျားဘက်ဆွေမျိုးကို နေစရိတ်တချို့ ပေးပြီးနောက် သိပ်ပြီး မပတ်သတ်တော့ပါ။

ကျန်းဟန်ကလည်း ယခု အလုပ်ကြိုးစားနေပါပြီ။ ဒီနှစ် လက်ဖက်ရည်ဆိုင်တချို့က လမ်းကြောင်းမှန်နေပါသည်။ သူ အကုန်လုံးကို အုပ်ချုပ်ထား၏။

သို့သော်လည်း အရင်လက ကော်မရှင်ခကြောင့် ကျန်းဟန် ယွမ် ၃၀၀ နီးပါး လစာရခဲ့ပါသည်။

ပြောရမည်ဆိုလျှင် တော်တော်လေး များပါသည်။

ကျိုးဝူနီက သူအလုပ်သွားသည့်အခါ ဒီကိစ္စကို စိတ်မပူစေချင်သဖြင့် သူမ ဂရုမစိုက်ခဲ့ပါ။

"အရင်တစ်ခေါက်တုန်းက သူ ပန်းသီးလေးတွေ နည်းနည်း ဝယ်လာပေးပြီး အိမ်ကြီးက အကြီးကြီးပဲနော်လို့ ပြောတယ်သိလား။ သူဆိုလိုတာကို ကြည့်ရသလောက်တော့ သူ့ညီအစ်မတွေကိုပါ ဒီမှာနေစေချင်တာ ဖြစ်မယ်" ကျိုးဝူနီက ပြောလိုက်၏။

"ဒါဆို နင်က ဘာပြန်ပြောလိုက်လဲ" လင်းချင်းဟယ်က ပြန်မေးလိုက်သည်။

"ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ ဒီအိမ်ကို စတုတ္ထဒေါ်လေးနဲ့ ဦးလေးတို့က သမီးနဲ့ ကျန်းဟန်တို့ နေလို့ရအောင် ငှားထားပေးတာလို့ ပြောလိုက်တယ်။ သမီးတို့ ဒီမှာနေနေတာတောင် လွန်ပြီ။ ဘယ်လိုလုပ် လူတွေအများကြီးခေါ်လို့ရမှာလဲ။ ဒါဆို ဘယ်လိုဖြစ်သွားမလဲ" ကျိုးဝူနီက ပြောလိုက်ပါသည်။

"သူတို့က လူကောင်းတွေဆိုရင် လာနေခိုင်းလို့ရပါတယ်" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

"အကုန်လုံးက စကားများကြတယ်။ သမီး သဘောမကျဘူး" ကျိုးဝူနီက ပြောလိုက်ပါသည်။ သူမအတွေးများက လင်းချင်းဟယ်နဲ့ တစ်ပုံစံတည်း ဖြစ်သည်။ သူ့ညီမနှစ်ယောက်ကသာ အသိစိတ်ရှိပြီး အလုပ်ကြိုးစားသော လူများ ဖြစ်ပါက ဒီမှာလာနေပြီး အိမ်သန့်ရှင်းရေး ဘာညာ ကူလုပ်ပေးနိုင်သည်။ သူမက ကြမ်းတမ်းသော ယောက်မ မဟုတ်ဘဲ ထိုဘက်မှာ အခန်း လုံလုံလောက်လောက် မရှိပါက ပျော်ပျော်ကြီး လက်ခံနိုင်ပါသည်။

သို့သော်လည်း ကျိုးဝူနီက သူ့ညီမနှစ်ယောက်ကို မြင်ဖူးပါသည်။ သူတို့ကို ပျက်စီးနေသည်ဟုတော့ ဆိုလို့မရပါ။ သို့သော်လည်း ကျိုးဝူနီက သိပ်မပတ်သတ်ချင်ပေ။ ကိုယ့်ဘဝကိုယ်နေကြပြီး သူများကို မနှောင့်ယှက်တာ ပိုကောင်းမည်။

"ရင်ထဲမှာ သိထားရင် အဆင်ပြေပါပြီ" လင်းချင်းဟယ်က ပြုံးလိုက်ပြီး ထိုကိစ္စအကြောင်း ဘာမှ ဆက်မပြောတော့ပါ။ "အိမ်တော်ထိန်းစရိတ်အတွက် စတုတ္ထဒေါ်လေး တာဝန်ယူပေးမယ်။”

"အဲ့လိုလုပ်ဖို့ ဘာလိုလို့လဲ။ သမီးတို့ဖာသာ ရှင်းလို့ရပါတယ်" ကျိုးဝူနီက ရွှင်ပျစွာ ပြန်ပြောလိုက်ပါသည်။

"နင်နဲ့ ကျန်းဟန်တို့ကို ငါက လက်ဆက်ပေးထားတာလေ။ အဲ့တော့ အဆုံးသတ်ထိ ကြည့်ရှုပေးရမှာပေါ့။ ကလေးအတွက် ကလေးထိန်းတစ်ယောက် ငှားပြီးမှ နောက်ပိုင်း အောင်အောင်မြင်မြင်နဲ့ စိတ်အေးနိုင်မှာ။ နင်တို့လည်း ကိုယ့်ဘဝကိုယ် ပျော်ပျော်နေလို့ ရပြီပေါ့" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

ကျိုဝူနီက ဘာမှ မပြောတော့ပါ။ သူမ စတုတ္ထဒေါ်လေးက သူမတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာကို နားလည်ကာ ရင်ထဲမှာ မှတ်ထားလိုက်ပါသည်။ ဒီအကြောင်းကို ဆက်ပြီး ပြောစရာ မလိုပါ။

ဗိုက်က မသေးငယ်တော့သဖြင့် ကျိုးဝူနီ အိမ်တော်ထိန်းတစ်ယောက် စတင်ရှာဖွေပါသည်။

သူ အိမ်တော်ထိန်းတစ်ယောက် ငှားတော့မည်ဟု အဘွားကျန်းကြားသောအခါ သူမအကြီးဆုံး ချွေးမ၏ စရိုက်ကို သိသဖြင့် စုံစမ်းပေးပါသည်။

နာမည်ကောင်းကောင်းရှိကာ အတွေ့အကြုံရှိသည့် လူတစ်ယောက်ကိုတွေ့ကာ ကျိုးဝူနီဆီ ခေါ်လာပေးလိုက်ပါသည်။ ထိုအခါမှ ကိစ္စ ပြီးမြောက်သွားသည်။

မွေးပြီးတာနဲ့ ဒီမှာ လာကူဖို့ ခေါ်နိုင်ပါသည်။

ကျန်းဟန်ရဲ့ အမေကတော့ သေချာပေါက် အမြင်တချို့ ရှိနိုင်ပါသည်။

လစဥ် ထောက်ပံ့စရိတ်များကို ကျန်းဟန်က ယူသွားပေးလေ့ ရှိသည်။ လွန်ခဲ့သည့် ၂ လအတွင်း သူဝင်ငွေကောင်းခဲ့ပါသည်။ ထို့ကြောင့် ငွေပိုပေးဖို့ စိစဥ်ထား၏။ သို့သော်လည်း အိမ်ကို ရောက်သွားသောအခါ သူ့အမေ ပွစိပွစိလုပ်ပြီး အပြစ်တင်နေတာကို ကြားခဲ့ရသည်။ ထို့ကြောင့် အစက ငွေပိုပေးဖို့ စိတ်ကူးများ ပျောက်သွားရသည်။ ပုံမှန်ပမာဏအတိုင်းပဲ ပေးခဲ့ပါသည်။

"အမေ ဟုန်မင်နဲ့ သားတို့ ဘယ်လိုနေလဲ စိတ်ပူစရာ မလိုပါဘူး။ ကျွန်တော်တို့အားလုံး အဆင်ပြေတယ်။” ကျန်းဟန်က ပြောလိုက်သည်။

သူ့ကို သူ့အမေက မွေးထားခြင်း ဖြစ်သည်။ သူ့အမေ ဘယ်လို အကျင့်စရိုက်ရှိသလဲ မသိဘဲ နေပါ့မလား။ အရမ်းကြီး ဆိုးရွားသော စရိုက်တော့ မရှိပေ။ ချွေးမနဲ့ မြေးမကိုလည်း ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာမျိုး မရှိပါ။ ဒီတိုင်း ခြေမငြိမ် လက်မငြိမ် လုပ်တတ်ခြင်းသာ ရှိသည်။ ပစ္စည်းကြီးကြီးမားမားများကိုတော့ မခိုးရဲပေ။ အစားအသောက်တချို့သာ ဖြစ်၏။

အပြစ်သေးများလောက် မဆိုးရွားသည့် ဆိုးဆိုးရွားရွား အကျင့်ဆိုးဟု ဆိုနိုင်ပါသည်။

အရင်တစ်ခေါက် သူမ စားချင်သည့် ပင်လယ်မျှော့ကို ဟုန်မင် ရှာမရခဲ့ပါ။

ထို့အပြင်ထိုပင်လယ်မျှော့က အရက်တစ်ခေါက်မှ အကျန်များ ဖြစ်သည်။ မကြာခဏဆိုသလို ပင်လယ်မျှော့ဆန်ပြုတ်များကို ချက်ပြုတ်တတ်၏။ သူလည်း မြည်းကြည့်နိုင်သည်။ ဟုန်မင်က ပျင်းရိနေသဖြင့် အရင်တစ်ခေါက် ပင်လယ်မျှော့ဆန်ပြုတ်ကို သူ ချက်ပြုတ်ခဲ့ခြင်း ဖြစ်သည်။ ကျန်တာ နည်းနည်းကို ဗီရိုထဲ ထည့်သိမ်းထားပါသည်။

ဟုန်မင်က စားချင်သော်လည်း ရှာမတွေ့တော့ပါ။

သူ့အမေ ရောက်လာခဲ့သဖြင့် ဘယ်သူ ယူသွားလဲ ပြောဖို့ မလိုတော့ပေ။

ဟုန်မင်က ဘာမှ မပြောတော့ဘဲ သူ့ကို မျက်နှာပျက်အောင် မလုပ်တော့ပါ။ ဒီလိုနဲ့ ဒီပြဿနာ ပြီးဆုံးသွားခဲ့ပါသည်။

ဒီတစ်ခေါက် သူမ မွေးခါနီးဖွားခါနီးတွင် စတုတ္ထဒေါ်လေးက အိမ်တော်ထိန်းကိုငှားကာ စရိတ်ကိုလည်း ထောက်ပံ့ပေးမည်ဟု ဆိုပါသည်။ ငွေရေးကြေးရေးကြောင့်မဟုတ်ပါ။ကျန်းဟန်က သူမ စရိတ်မထောက်ပံ့ပေးရင်တောင် ငှားဖို့ ပြင်ထားပါသည်။

ဘာပဲဖြစ်ဖြစ် တစ်လသာဖြစ်သည်။ လစာကလည်း ယွမ် ၁၀၀ သာ ဖြစ်၏။ သူတို့ မတတ်နိုင်တာလည်း မဟုတ်ပါ။

သူ့အမေကတော့ ကန့်ကွက်ပါသည်။ တခြား အကြောင်းအရင်း မရှိတာ ကျန်းဟန် သိပါသည်။ စတုတ္ထဒေါ်လေးက ကျန်းဟန် မွေးဖွားပြီးချိန်တွင် ပစ္စည်းကောင်းများစွာ ပို့ပေးမှာကို သိသဖြင့် သူမလည်း အနည်းငယ် လိုချင်သောကြောင့် ဖြစ်ပါသည်။

သို့သော်လည်း ဒါတွေအကုန်လုံးက ဟုန်မင်၏ မွေးဖွားပြီးချိန်တွင် ဖြစ်ပါသည်။ သူ့အမေရောက်လာပြီး ဝင်မရှုပ်စေချင်ပါ။

ကျန်းဟန်၏ အမေက စကားလမ်းကြောင်းကို ထပ်ပြောင်းပြီး အိမ်က ကျယ်လွန်းသဖြင့် သူ့ညီမနှစ်ယောက်ကို လာနေစေချင်သည်ဟု ပြောလိုက်သည်။

ကျန်းဟန် ခေါင်းကိုက်လာ၏။ သူ့ညီမနှစ်ယောက် အကြောင်း သူ မသိဘဲ နေပါ့မလား။

"အဲ့အိမ်က ဟုန်မင်ရဲ့ စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့ပိုင်တာ။ သူတို့က ကျွန်တော်တို့ နေဖို့ ငှားထားရုံပဲ။ သူတို့ကို ဘယ်လိုလုပ် နေခိုင်းလို့ ဖြစ်မှာလဲ။ ဒီမှာလည်း နေစရာမရှိတာ မဟုတ်ဘဲနဲ့ အမေရာ။ အကြီးဆုံးမရီးကို ဝင်ရှုပ်ခွင့် မပေးပါနဲ့" ကျန်းဟန်က ပြောလိုက်ပြီး ချက်ချင်း ပြန်သွားခဲ့ပါသည်။

သူ အိမ်ပြန်ရောက်လာတော့ ကျိုးဝူနီက မြေပဲပြုတ်များ စားနေသည်။ ပြန်လာတာကို မြင်သောအခါ စားဖို့ သူ့အတွက် နှစ်ခု အခွံခွာပေးလိုက်ပါသည်။

ကျိုးဝူနီနဲ့ ကျန်းဟန်တို့က တကယ်ပဲ မမနဲ့ မောင်လေးလို ဖြစ်သည်။ ကျိုးဝူနီက အလွန် သဘောကောင်းပြီး ကြင်နာတတ်သော ဇနီးသည်မမ ဖြစ်သည်။ အနည်းဆုံး ကျန်းဟန်ကလည်း သူမ စကား နားထောင်ပါသည်။

သူက လက်ဖက်ရည်ဆိုင်မှာ အစွမ်းအစရှိသော မန်နေဂျာတစ်ယောက် ဖြစ်၏။ အိမ်မှာတော့ မောင်လေးတစ်ယောက်လိုပင်။

အမှန်ပင်။ ကျိုးဝူနီက သူမယောက်ျားကို ချစ်မြတ်နိုးပြီး စိတ်ကျေနပ်မှု ရှိပါသည်။

"ကျွန်မခေါင်း ဒီနေ့ နည်းနည်းယားနေတယ်" ကျိုးဝူနီက ပြောလိုက်သည်။

"ဒါဆို မောင်လျှော်ပေးမယ်လေ" ကျန်းဟန်က ပြန်ပြောလိုက်ပါသည်။

ထို့နောက် ကျိုးဝူနီက ပက်လက်ထိုင်ခုံတစ်ခုကိုချကာ လှဲလိုက်ပါသည်။ လင်းချင်းဟယ် အရင်က အသုံးပြုဖူးသည့် ထိုင်ခုံမျိုး ဖြစ်သည်။ ခေါင်းလျှော်သည့်အခါ အလွန်အဆင်ပြေသည်။ နောက်ပိုင်းမျိုးဆက်များတွင် အလှပြင်ဆိုင်များရှိ ခုံများကဲ့သို့ ဖြစ်ပါသည်။

ကျိုးဝူနီက ပြောလိုက်သည်။ "ကျွန်မ ဆံပင်တိုတို ညှပ်လိုက်သင့်တယ်လို့ ထင်လား။ ဆံပင်ရှည်တော့ လျှော်ရတာ မလွယ်ဘူး။”

"မရှည်ပါဘူး။ ဒီတိုင်းပဲထားပါ။ ဒီတိုင်းပဲ လှပါတယ်" ကျန်းဟန်က ပြန်ပြောလိုက်သည်။ "မမကိုယ်တိုင် လျှော်ဖို့ မလိုပါဘူး။ ခေါင်းလျှော်ချင်ရင် မောင့်ကိုပြော မောင်လျှော်ပေးမယ်။”

All Chapters