အခန်း(၆၉၀) ကိစ္စတွေအရင်အတိုင်းပဲဆိုပေမယ့် လူတွေတော့ မတူတော့ဘူး
Vol. 50 Ch. 690
အခန်း(၆၉၀) ကိစ္စတွေအရင်အတိုင်းပဲဆိုပေမယ့် လူတွေတော့ မတူတော့ဘူး
ကျိုးဝူနီက ရယ်လိုက်၏။ ကျန်းဟန်က သူမ ရယ်တာကို မြင်သောအခါ ပြုံးလိုက်ပါသည်။
သူ့မိန်းမက ပိုကောင်းပါသည်။ သူမက နူးညံ့သည်။ စဥ်းစားဉာဏ် ရှိသည်။ သဘောကောင်းသည်။ သူ့အကြီးဆုံးမရီးနဲ့ မတူပါ။ သူမက တကယ့်ကို အဆုံးမရှိအောင် သေးသိမ်လွန်းပါသည်။
သူ့ညီမနှစ်ယောက်ကို ဒီမှာလာနေခိုင်းဖို့ သူ့အမေကို တွန်းအားပေးခဲ့တာ သူ့အကြီးဆုံးမရီးပဲဆိုတာ သူသိပါသည်။
"ဒီနှစ်နှစ်သစ်ကူးကျရင် အမေ့ကို ခေါ်ချင်လား" ကျန်းဟန်က ပြောလိုက်ပါသည်။
"ကျွန်မအမေက မအားလောက်ဘူး။ နှစ်ကုန်ဆို အလုပ်များတတ်တယ်" ကျိုးဝူနီက ပြန်ပြောလိုက်သည်။
ယခုစီးပွားရေးက ပိုပိုပြီး အဆင်ပြေလာပါပြီ။ သူမ မိဘများ၏ ဆိုင်ကလည်း အလွန် အဆင်ပြေနေသည်။ အထူးသဖြင့် နှစ်ကုန်လောက်တွင် အလွန်အလုပ်များရပါသည်။
"ဒါဆို သူ ဘယ်တော့အားမလဲ မေးကြည့်လိုက်လေ အမေ့ကို ဖုန်းခဏခဏဆက်ကြည့်ပေါ့" ကျန်းဟန်က အကြံပေးလိုက်ပါသည်။
ကျန်းဟန်၏ စိတ်ထဲတွင် သူ့ယောက္ခမတို့ မိသားစုက သူ့အမေအရင်းထက် ပိုကောင်းပါသည်။
တစ်ခုခု ကောင်းတာ ဖြစ်လာတိုင်း ယောက္ခမဖြစ်သူက သူတို့အတွက်သာ စဥ်းစားပေးသည်။ မနှစ်က သူတို့ရလိုက်သည့် ခန်းဝင်ပစ္စည်းများကို ပြောစရာ မလိုပါ။ နောက်ပိုင်း စာပို့စနစ်ဖြင့် ပို့လိုက်သော ပစ္စည်းများလည်း ရှိသေးသည်။ ကုန်ခြောက်များပါသည့် အထုတ်အပိုး အကြီးကြီးတစ်ခု ပို့ပေးလိုက်ပါသည်။
ဝက်သားဆားနယ်နဲ့ မှိုကဲ့သို့ ပစ္စည်းများပါသည်။ သူမက လင်မယားနှစ်ယောက်ကို အတော်လေး ဂရုစိုက်ပါသည်။
ပြောစရာမလိုအောင် ကျိုးဝူနီက ကျေနပ်သည်။ တတိယမရီးနှင့် ဖုန်းပြောနေစဥ် ကျန်းဟန်၏ သဘောထားကို ပြန်ပြောပြလိုက်သည်။
တတိယမရီးက ရွှင်ပျစွာ ပြောလိုက်ပါသည်။ "နင်တို့နှစ်ယောက် အဆင်ပြေပြေနေနိုင်ရင် တော်ပါပြီ။ အမေအားတာနဲ့ လာတွေ့မယ်။ နင်တို့စတုတ္ထဒေါ်လေးအိမ်ကို သွားတဲ့လမ်းက မှတ်ရလွယ်ပါတယ်။”
ရထားပေါ်မှ ဆင်းပြီးနောက် သူတို့ တစ်နာရီခွဲကြာ ဘတ်စ်ကားစီးရသည်။ အမှန်ပင်။ တိုက်ရိုက်တော့ ရိုက်မှာ မဟုတ်ပါ။ ဘတ်စ်ကားက ကျောင်းတစ်ခုတွင် ရပ်နားသည်။ ထိုကျောင်းမှ တည့်တည့် လျှောက်သွားပြီး ဆေးရုံတစ်ခုကို ရှာရမည်။ ထို့နောက် ဆက်လျှောက်သွားပါက ရောက်ပါပြီ။
ခရီးလမ်းက မသေးသော်လည်း မှတ်မိလွယ်ပါသည်။
သားအမိနှစ်ယောက် အကြာကြီး စကားပြောပြီး ဖုန်းချလိုက်ပါသည်။ သို့သော်လည်း ဖုန်းချလိုက်တာနဲ့ တတိယယောက်မလင်းက ရောက်လာပါသည်။
တတိယမရီးက သူမ မျက်နှာပျက်နေတာကိုမြင်ပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။”
"ကျွန်မ ယောက္ခမ ဆေးရုံတင်လိုက်ရတယ်။ သူ အဆင်ပြေမှာ မဟုတ်ဘူးထင်တယ်" တတိယယောက်မလင်းက ပြောလိုက်ပါသသည်။
အမေလင်းက လွန်ခဲ့သည့် နှစ်အနည်းငယ်က ဆုံးပါးသွားခဲ့၏။ အဖေလင်းကတော့ အခုချိန်ထိ သက်ရှိထင်ရှားရှိနေဆဲ ဖြစ်ပါသည်။ သို့သော်လည်း အသက်ကြီးနေပြီ ဖြစ်သည်။ မနေ့ညက အဖျားကြီးက ဒီနေ့ည ဆေးရုံတင်လိုက်ရပါသည်။ အခု ကယောင်ကတမ်းများ ပြောနေလေပြီ။
ဆိုလိုတာက အချိန်ကျတော့မည် ဖြစ်သည်။ သူ့ကျန်းမာရေးလည်း ဒီနှစ်တွေထဲမှာ မကောင်းခဲ့ပေ။
တတိယမရီးက နားလည်သွားပြီး အိမ်ခြံဝန်းကြီးဆီသို့ ဖုန်းဆက်ခဲ့ပါသည်။ လင်းချင်းဟယ်က ဘာသာပြန်စတူဒီယိုသို့သွားသဖြင့် အိမ်မှာမရှိပေ။ ကျိုးချင်းပိုင်က လက်ဖက်ရည်ဆိုင်မှာဖြစ်၏။ အပူကြောင့် ချွေးတလုံးလုံးဖြစ်နေသည့် သားငယ်ကာ အိမ်ပြန်ရေချိုးကာ ဒေါ်လေးကျောင်းဆီမှ မွေးရပ်မြေက ဖုန်းဆက်ကြောင်း သိလိုက်ရပါသည်။ အရေးကြီးကိစ္စဟု ဆို၏။
ရေမိုးချိုး လန်းဆန်းသွားပြီးနောက် သားငယ် သူ့တတိယဒေါ်လေးကို ဖုန်းပြန်ခေါ်လိုက်ပါသည်။
ထို့နောက် သူ့အဘိုး၏ ကိစ္စကို ကြားလိုက်ရပါသည်။
မိသားစုထဲတွင် သူတို့မိသားစုက အငယ်ဆုံး ဦးလေးကိုပဲ ဂရုစိုက်ကြသည်။ တခြား ဘယ်သူ့ကိုမှ ဂရုမစိုက်ကြပေ။
အရင်တစ်ခေါက် သူ့အဘွား ဆုံးပါးသွားခဲ့သည်။ သူတို့အမေက သူတို့ကို သွားခွင့်မပေးခဲ့ပါ။ ထိုအချိန်တုန်းက သူတို့ ဒီလိုမလုပ်သင့်ပါ။ အားလုံး ပြန်ခဲ့သင့်သည်။
ဒီတစ်ခေါက်လည်း ထိုနည်းလည်းကောင်း ဖြစ်လောက်သည်။ ထို့ကြောင့် သားငယ်က ဖုန်းထဲတွင် ပြန်ပြောလိုက်ပါသည်။ သူတို့မိသားစု ပြန်ကြမည်ဟုဆို၏။
ထို့နောက် စခန်းက သူ့အစ်ကိုကြီးကို ဖုန်းဆက်လိုက်သည်။ သူ့အစ်ကိုကြီးက နဂို တာဝန်ဖြင့် ထွက်ရမည် ဖြစ်သော်လည်း အခုတော့ ရွေးချယ်စရာ မရှိတော့ဘဲ လူလဲလိုက်ရတော့သည်။
ဝိန်မေ့ကျားကတော့ မပြန်နိုင်ပေ။ သူမ ဗိုက်က ကြီးမားနေပါပြီ။ ထို့ကြောင့် သွားလာရ မလွယ်ကူပေ။
ကျန်တာက သူ့အစ်ကိုလတ်တို့ဘက်ကိုဖြစ်သည်။ သူ့အစ်ကိုလတ်ကိုလည်း အသိပေးရပါမည်။
အားလုံးကို အသိပေးပြီးနောက် သားငယ်က ကားသော့ဆွဲကာ သူ့အမေကို အသိပေးဖို့ ထွက်လာခဲ့ပါသည်။
လင်းချင်းဟယ်က သတင်းကြားသောအခါ ခေါင်းငြိမ့်လိုက်သည်။ ရင်ထဲမှာ သူမ နားလည်လိုက်ပါသည်။ ဝမ်းနည်းတာ ဝမ်းမနည်းတာတွေ မရှိပါ။
သို့သော်လည်း ဝမ်းနည်းကြောင်းဖော်ပြဖို့ ပြန်သွားဖို့ လိုအပ်ပါသည်။
ဖုန်းရုံတစ်ခုကိုလာကာ တတိယမရီးကို ဖုန်းဆက်ပြီး အသေးစိတ် မေးမြန်းလိုက်သည်။
"ဒီတစ်ခေါက် သူကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးလို့ နင့်ယောက်မလေး ပြောသွားတယ်။ ဆေးရုံက အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ပြီး နာရေးအတွက် ပြင်ဆင်ထားဖို့ပဲ ပြောလိုက်တယ်" တတိယမရီး ပြောလိုက်ပါသည်။
ထိုနေ့ညက အဖေလင်း ဆုံးပါးသွားခဲ့ပါသည်။
နွေရာသီဖြစ်သဖြင့် အလောင်းကို အကြာကြီး ထားလို့ မရပါ။
ထို့ကြောင့် နောက်တစ်နေ့ လင်းချင်းဟယ်၊ ကျိုးချင်းပိုင်တို့ သားငယ်၊ လင်းရွှယ်၊ မိမိတို့ကိုခေါ်ပြီး အိမ်ပြန်ခရီးထွက်လာခဲ့ပါသည်။
သားကြီးနဲ့ သားလတ်တို့က ရထားဖြင့် လာကြသည်။ အချိန်ကွာခြားချက်က သိပ်မများလောက်ပါ။
ကောင်တီမြို့သို့ ရောက်လာသောအခါ သားငယ်ကို အမေဘက်က ဦးလေးတို့မိသားစုနဲ့ နေခိုင်းလိုက်သည်။ လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့က မိမိလေးကို ရွာသို့ ပြန်ခေါ်သွားခဲ့သည်။
တတိယအစ်ကိုက ကြိုတင်ဆက်သွယ်ထားသည်။ ထို့ကြောင့် အကြီးဆုံးမရီးက အိမ်ကိုကြိုတင်ရှင်းလင်းထားပါသည်။
ဒီတစ်ခေါက် အိမ်က အလွန်သန့်ရှင်းနေပါသည်။
လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့က သူမတို့အိမ်သို့ မိမိလေးဖြင့် စားသောက်ဖို့ သွားခဲ့ကြပါသည်။ သူမ ပြုံးကာ ပြောလိုက်ပါသည်။ "ဒီတိုင်းတစ်ခေါက် လာကြည့်တာပါ။ သန့်ရှင်းရေး လုပ်ထားတာပဲ အကြီးဆုံးမရီး။”
"ဘာမှ မပင်ပန်းပါဘူး။ အိမ်မှာ ပန်ကာတွေလည်း ရှိတယ်။ စတုတ္ထမောင်လေး ပြန်ရင် တစ်လုံး ယူသွား။ ဒီရာသီဥတုမှာ လျှပ်စစ်ပန်ကာမရှိလို့ မဖြစ်ဘူး။” အကြီးဆုံးမရီးက ရွှင်ပျစွာ ပြောလိုက်ပါသည်။
သူမအိမ်မှာ စားသောက်ပြီးနောက် ကျိုးချင်းပိုင်က သူ့သမီးလေးကိုခေါ်ပြီး ရွာတစ်ပတ် လမ်းလျှောက်လိုက်ပါသည်။ ရွာထဲက လူတွေက စိတ်ဝင်စားနေကြသည်။ ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့က သမီးလေးတစ်ယောက် မွေးထားသည်ဟု ကြားသော်လည်း မမြင်ဖူးသေးပါ။ တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့ လှပသည်ဟု မြင်နိုင်ပါသည်။
နတ်သမီးလေးလိုမျိုး လှပပါသည်။
လင်းချင်းဟယ်ကတော့ ကျိုးချင်းပိုင်လို သူမ၏ သမီးဖြစ်သူကို ထွက်မကြွားပါ။ အကြီးဆုံးမရီးနဲ့သာ စကားပြောနေပါသည်။
လင်းမိသားစု ကိစ္စအပြင် ကျိုးလျို့နီကိစ္စလည်း ရှိသေးသည်။
"သူ ဘယ်ကိုထွက်သွားလဲ မသိပါဘူး။ မနှစ်က တစ်ခေါက် ပြန်လာပြီးတော့ ပြန်မလာတော့ဘူး။ ငါ့ဆီကလည်း ယွမ် ၂၀၀ ချေးသွားသေးတယ်" အကြီးဆုံးမရီးက ပြောလိုက်ပါသည်။
အစကတော့ ကျိုးလျို့နီက ပြောရဲဆိုရဲဖြင့် ယွမ် ၁,၀၀၀ ချေးခိုင်းသည်။ သို့သော်လည်း အကြီးဆုံးမရီးက ဒီလောက် အများကြီး ဘယ်လိုချေးနိုင်မည်နည်း။ ထို့ကြောင့် ယွမ် ၂၀၀ သာ ချေးလိုက်ပါသည်။
ကျိုးလျို့နီပေးသည့် ဆင်ခြေကတော့ သူမ အဖေကို ပြန်ပေးဖို့ ဖြစ်သည်။ ဒါမှ သူမအဖေ မဆူမှာဟူ၍ ဖြစ်ပါသည်။
ပိုက်ဆံချေးပြီး နောက်တစ်နေ့ သူထွက်သွားလိမ့်မည်ဟု ဘယ်သူမှ မထင်ခဲ့ပါ။ သူမ ဘယ်ကိုထွက်သွားတာလဲ ဘယ်သူမှ မသိကြပေ။ အခုချိန်ထိ သတင်းမကြားရပါ။
လင်းချင်းဟယ်က ကျိုးလျို့နီကို ဂရုမစိုက်ပါ။ သူမ ပြန်မွေးဖွားလာသည်ဖြစ်စေ ပြန်ဝင်စားလာသည်ဖြစ်စေ ကိုယ့်လုပ်ရပ်အတွက်ကိုယ် ပြန်ပေးဆပ်ရမည်ဖြစ်သည်။
လမ်းမှန်လျှောက်လျှင် ရလဒ်ကောင်းရမည်ဖြစ်ပြီး လမ်းမှားလျှောက်ပါက ဇာတ်သိမ်းလှမည် မဟုတ်ပေ။
သို့သော်လည်း အနာဂတ်ကို ကြိုမြင်ထားသည့် လူတစ်ယောက်အနေနဲ့ ကျိုးလျို့နီ ဆိုးဆိုးရွားရွားတော့ ဖြစ်မှာ မဟုတ်လောက်ပါ။ တခြား ကိစ္စတွေ မပြောနဲ့ဦး။ ပထမအဆင့် မြို့ကြီးပြကြီးတွေမှာသာ အိမ်တစ်လုံး နှစ်လုံးလောက် ဝယ်နိုင်စွမ်းရှိပါက သေချာပေါက် အကျိုးအမြတ်ရလိမ့်မည်။
ကျိုးချင်းပိုင်၏ ဒုတိယအစ်ကိုနဲ့ စကားပြောသံများကို အပြင်ဘက်မှ ကြားနေရသည်။
လင်းချင်းဟယ်က နှုတ်ဆက်ဖို့ အပြင်ထွက်လာခဲ့၏။ ဒုတိယအစ်ကို၏ ပုံစံကို မြင်လိုက်ရသောအခါ လင်းချင်းဟယ် ကြက်သေ သေသွားခဲ့ပါသည်။
သူမ ပြန်ဝင်စားလာတုန်းက ဒုတိယအစ်ကိုမှာ ငယ်သေးသည်။ သို့သော်လည်း မျက်စိ တစ်မှိတ်အချိန်အတွင်း အနှစ် ၂၀ ကုန်ဆုံးသွားခဲ့ပြီ။
ဒုတိယအစ်ကိုက တကယ်ပဲ ဒီနှစ်ဆို မငယ်တော့ပါ။ သို့သော်လည်း လက်ရှိအခြေအနေတွင် သူ အလွန်ရင့်သွားခဲ့ပါသည်။ လူကလည်း အလွန်ပိန်လှီနေသည်။
လင်းချင်းဟယ်က ကြည့်တောင် မကြည့်ရက်တော့ပါ။
ဘာပဲဖြစ်ဖြစ် ဒုတိယအစ်ကိုက ဆိုးရွားသူ မဟုတ်ပေ။ သူ့ကို လူကောင်းတစ်ယောက်ဟု သတ်မှတ်နိုင်ပါသည်။ သို့သော်လည်း မျက်စိတစ်မှိတ်အချိန်အတွင်း ကိစ္စများက အရင်တိုင်း ကျန်ခဲ့သော်လည်း လူတွေကတော့ မတူတော့ပါ။
"စတုတ္ထခယ်မကော ငါအရမ်းရင့်သွားတယ်လို့ ထင်နေတာလား" ဒုတိယအစ်ကိုက ပြုံးကာ ပြောလိုက်ပါသည်။
"ဒီနှစ် အကြီးဆုံးအစ်ကိုနဲ့ အကြီးဆုံးမရီးတို့ကို ယူသွားခိုင်းတဲ့ ပစ္စည်းတွေအကုန်လုံးက အာဟာရရှိတယ်။ ဒုတိယအစ်ကို ချက်မစားဘူးလား" လင်းချင်းဟယ်က မေးလိုက်ပါသည်။
"လျို့နီရဲ့အမေက မြို့ကို အကုန်ယူသွားတာကိုး" ဒုတိယအစ်ကို ဘာမှမပြောနိုင်ခင် အကြီးဆုံးမရီးက ဖြတ်ပြောလိုက်ပါသည်။
"ရှားရှားတို့ဘက်မှာ ရှိပြီးသား မဟုတ်ဘူးလား" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
မိသားစုတစ်ခုကို ဝေစုတစ်စုစီရပြီး အားလုံး အတူတူပဲ ဖြစ်ပါသည်။
"ရှိပါတယ်။ လျို့နီရဲ့ အမေက နည်းတယ်လို့ထင်ပြီး ထပ်ယူသွားတာလေ" အကြီးဆုံးမရီးက ရှင်းပြလိုက်ပါသည်။
"ယူသွားပါစေ၊ ကျွန်တော် အဲ့တာတွေစားဖို့ မလိုပါဘူး" ဒုတိယအစ်ကိုက ပြုံးလိုက်ပါသည်။