← Chapters

အခန်း(၆၈၈) ပင်စင်စစ်သားများ

Vol. 50 Ch. 688

အခန်း(၆၈၈) ပင်စင်စစ်သားများ

Vol. 50 Ch. 688

အခန်း(၆၈၈) ပင်စင်စစ်သားများ

လင်းရွှယ် ဒီကို ရောက်လာပြီးနောက်တစ်နေ့တွင် အလုပ်စလုပ်ခဲ့ပါသည်။

သူမ၏ မေဂျာက အတော်လေး ခိုင်မာမှုရှိ၏။ သူမ အများကြီး သိသည်။ သို့သော်လည်း လုပ်ငန်းကိုတော့ ရင်းနှီးမှု မရှိသေးပါ။ သူမ ရင်းနှီးမှု ရှိသွားတာနဲ့ ပြဿနာ ကြီးကြီးမားမားရှိမှာ မဟုတ်ပေ။

ဒီနှစ် ထူးထူးခြားခြား ကိစ္စများ နည်းပါးပါသည်။ သားကြီး လက်ထပ်သွားသည်။ သားလတ်က အလုပ်ကိစ္စဖြင့် ခရီးထွက်သွားရသည်။ မိသားစု စီးပွားရေးလည်း အခြေခိုင်လာ၏။ လင်းချင်းဟယ်၏ ဘာသာပြန်စတူဒီယိုကလည်း အော်ဒါများ စလက်ခံနေပြီ ဖြစ်သည်။ သို့သော် မခက်ခဲပါ။

လက်ဖက်ရွက် ပစ္စည်းအသုတ်ပေါင်းများစွာ  ရောက်ရှိလာသည်။ အကုန်လုံး အရည်အသွေး ကောင်းမွန်ကြပါသည်။

ဂိုထောင်ထဲမှာလည်း စစ်ခွေးကြီး နှစ်ကောင်ရှိသည်။ အိမ်မှာ ရှိသည့် ခွေးနှစ်ကောင်လိုပဲ နှစ်ကောင်လုံးက စစ်တပ်မှ အနားယူထားကြသူများ ဖြစ်သည်။ သို့သော်လည်း သူတို့ တိုက်ခိုက်စွမ်းအားများက အရွယ်ရောက်ပြီးသား လူ ၂ ယောက်နဲ့ ညီမျှသည်။ လူအတော်များများက သူတို့နား မကပ်ရဲကြပါ။

အမှန်ပင်။ ခွေးနှစ်ကောင်အား အထူးတလည် လေ့ကျင့်ပေးထားသောကြောင့် ဖြစ်သည်။ စစ်ခွေးနှစ်ကောင်က အလွန်လိမ္မာ၏။ ကျိုးချင်းပိုင်ကိုယ်တိုင် သူတို့ကို တစ်နေ့ နှစ်နပ် လာကျွေးပါသည်။

သူကလည်း ခွေးချစ်တတ်၏။ မိသားစုထဲမှာ ဖေးယင်ဟုခေါ်သည့် ခွေးတစ်ကောင် မွေးဖူးသည်။ သို့သော် အသက်ကြီးလာသောအခါ ဆုံးပါးသွားခဲ့ပါသည်။

ဂိုထောင်ထဲတွင် လက်ဖက်ရွက်အသစ်များသာ မကဘဲ ကုန်ခြောက်ဆိုင်၏ ကုန်များကိုလည်း သိုလှောင်ထားပါသည်။ ပတ်ဝန်းကျင်မှာ အိမ်တွေရှိသော်လည်း လူထုလုံခြုံရေးက သာမန်မျှသာ ဖြစ်သည်။

အမှန်ပင်။ ဒါက မြို့တော်ဖြစ်သည်။ ရာဇဝတ်မှု ပြင်းပြင်းထန်ထန် နှိမ်နင်းမှုများစွာ ဆောင်ရွက်ပြီးနောက် အပြင်ဘက်မှာ အတော်လေး အေးချမ်းလာပါသည်။

သို့သော်လည်း ဒီထဲမှာ ပစ္စည်းများစွာရှိသည်။ ကျိုးချင်းပိုင်က နေ့တိုင်း ကင်းလာလှည့်၏။ ထို့အပြင် တစ်ခေါက် လာစစ်ဆေးရာတွင် စစ်ခွေးတစ်ကောင်၏ ခြေထောက် ဒဏ်ရာရနေတာကို တွေ့လိုက်ရပါသည်။

ထို့ကြောင့် ကျိုးချင်းပိုင် မျက်နှာ ခက်ထန်သွား၏။ ပြောစရာမလိုအောင် ဘာတွေဖြစ်နေလဲ သိသွားပါသည်။

သူခွေးကို ခေါ်သွားပြီး ကျွမ်းကျင် တိရိစ္ဆာန် ဆရာဝန်တစ်ယောက်ကို ပက်တီးစည်းခိုင်းလိုက်ပါသည်။ ထို့နောက် အိမ်မှာ ထားခဲ့လိုက်၏။ အိမ်က ကျန်စစ်ခွေးနှစ်ကောင်ကို ပို့လိုက်ပါသည်။

ကျိုးချင်းပိုင်ကတော့ လုံလောက်ပြီဟု မထင်ပါ။ ထို့ကြောင့် သားကြီးရှိသည့် စခန်းသို့ ဖုန်းဆက်လိုက်ပါသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း စစ်တပ် အင်အား လျှော့ချမှုများ ရှိခဲ့သည်။ အရေအတွက်က လူ ၁ သန်း ကျော်သည်။ နောက်ဆက်တွဲအဖြစ် အလုပ်လက်မဲ့များ ပေါများလာပါသည်။

ထို့ကြောင့် ကျိုးချင်းပိုင်အဖို့ တိုက်ခိုက်နိုင်သည့် စစ်သားဟောင်းတချို့ကို ရှာဖွေဖို့ အလွန် လွယ်ကူပါသည်။

ကျိုးခိုင်က တာဝန်ဖြင့် မသွားရသေးပါ။ ထို့ကြောင့် အသိပေးချက်ရသောအခါ ဖုန်းလာကိုင်သည်။ အရေးကြီးတာ တစ်ခုခုဖြစ်နေသည်ဟု သူထင်သွားပါသည်။ ဘာပဲဖြစ်ဖြစ် သူ့မိသားစုက သူတို့လင်မယား ဖုန်းဆက်တာကိုသာ စောင့်နေတတ်သူများ ဖြစ်၏။ သူတို့စခန်းကို ဖုန်းမဆက်သလောက် ရှားပါသည်။

ထိုအကြောင်းကိုကြားပြီးနောက် သူ ချက်ချင်း ပြောလိုက်သည်။ "ပြဿနာမရှိပါဘူး။ ကျွန်တော့်တာဝန်သာ ထားလိုက်။ ဘယ်နှယောက်လောက် လိုတာလဲ။"

"ငါးယောက်လောက် လိုတယ်" ကျိုးချင်းပိုင်က ပြောလို်ကသည်။

အနားယူထားသည့် စစ်သား ၅ ယောက်က အားလုံး ငယ်ရွယ်ကြပါသည်။ ထိုလူငယ်များ မြို့တော်ကို ပြန်လာတော့ သားငယ်က ထရပ်ကားဖြင့် သွားကြိုသည်။

သူ သင်္ကေတ တစ်ခုခု ကိုင်ထားကာ အကြာကြီး စောင့်နေလိုက်ပါသည်။ မဟုတ်ပါက သူတို့ကို ကြိုနိုင်မှာ မဟုတ်ပေ။ သူတို့တစ်ယောက်ကို တစ်ယောက် မသိကြပေ။ သို့သော်လည်း တစ်ခါက ကျိုးခိုင်လက်အောက်မှာ အလုပ်လုပ်ဖူးသည့် စစ်သားများ ဖြစ်ကြပါသည်။

အနားယူထားသည့် စစ်သား ၅ ယောက် ရောက်လာသည်။ ကျိုးချင်းပိုင်က အိမ်ပြန်ကာ သူ့မိန်းမကို ဖက်အိပ်လို့ ရပါသည်။

နေ့တိုင်းကြီး လူငါးယောက်စလုံး ဂိုထောင်ကို စောင့်ကြည့်ဖို့က မဖြစ်နိုင်ပါ။ ထို့ကြောင့် ကျိုးချင်းပိုင်က သူတို့ကို အလုပ်များ ပေးလိုက်သည်။ လေးယောက်က ကုန်ပစ္စည်းများကို ပို့ဆောင်ရမည်။ တစ်ယောက်က တက်ကြွပြီး စကားများသူဖြစ်သဖြင့် ကုန်ခြောက်ဆိုင်သို့ ပို့လိုက်ပြီး ရှုရှန့်ချမ်းနှင့် ကုန်ခြောက်ရောင်းဖို့ သင်ယူခိုင်းလိုက်ပါသည်။

ဘာပဲဖြစ်ဖြစ် လီအိုက်ကော်နှင့် ကျိုးစန်းနီတို့ မိသားစုထွက်သွားပါက ကုန်ခြောက်ဆိုင်မှာ ရှုရှန့်ချမ်းတစ်ယောက်တည်း မနိုင်လောက်ပါ။

လစာအဆင့်ကလည်း မနိမ့်ပေ။

အစားအသောက်စရိတ်လည်း ပါဝင်သည်။ သူတို့ ဒီလိုအလုပ်မျိုး အပြင်ဘက်မှာ ရှာဖွေဖို့ မဖြစ်နိုင်လှပါ။

သူတို့အားလုံး အိမ်သာ ပြန်ခဲ့ကြရပြီး ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်ခဲ့ကြသည်။ တစ်လလောက်အထိ အိမ်က အစားအသောက်များကိုပဲ ထိုင်စားခဲ့ကြရ၏။

သူတို့သာ ဆက်နေပါက အိမ်က မရီးများက မျက်စောင်းထိုးတော့မည်။

ကံကောင်းစွာဖြင့် သူတို့ ဒီလိုအလုပ်မျိုးကို ရခဲ့ကြပါသည်။

သြဂုတ်လတွင် လီအိုက်ကော်နှင့် ကျိုးစန်းနီတို့ ဖန်ဖန်လေးနဲ့ ပြောင်းရွှေ့သွားကြပါသည်။

သူတို့ကိုယ်ပိုင်ဆိုင်တွင် နေထိုင်ပြီး စီးပွားရေး လုပ်ဖို့ ပြောင်းရွှေ့သွားကြသည်။

လင်းချင်းဟယ်က ထောက်ပံ့ပေးပြီး သူတို့ နှစ်ယောက်အတွက် ပစ္စည်းများ ပေးပါသည်။ ကျန်တာကတော့ သူတို့ကိုယ်တိုင် စီမံရပါမည်။

ဆိုင်နှစ်ဆိုင်၏ တည်နေရာက အလွန်ကောင်းမွန်သည်။ ခပ်လှမ်းလှမ်းတွင်လည်း စျေးငယ်လေးတစ်ခု ရှိ၏။ ထို့ကြောင့် ဒီလိုဆိုင်မျိုးကို ထိုနေရာမှာဖွင့်လျှင် စီးပွားရေး ဆိုးရွားမှာ မဟုတ်ပါ။

သူမ၏ ကုန်ခြောက်ဆိုင်ကိုတော့ ရှုရှန့်ချမ်းနှင့် တုံကျိုးဟု ခေါ်သည့် ထိုစစ်သားငယ်လေးလက်ထဲ အပ်ထားမည်ဖြစ်သည်။

ရှုရှန့်ချမ်းနှင့် တုံကျိုးတို့ နှစ်ယောက်စလုံး ကုန်ခြောက်ဆိုင်မှာပဲ နေကြ စားကြပါသည်။ တခြား စစ်သားလေးယောက်နှင့် မဟုတ်ပါ။

တခြား စစ်သားလေးယောက်က ပစ္စည်းများ သယ်ယူပို့ဆောာင်ဖို့ တာဝန်ရှိသူများ ဖြစ်ကြသည်။ သူတို့ ညဘက်တွင် ဂိုထောင်၌ နေရ၏။ ဂိုထောင်ဘေးမှာ အိမ်တစ်လုံး ရှိသည်။ ကျိုးချင်းပိုင် မကြာသေးခင်က ဝယ်လိုက်၏။ သူတို့ ထိုအိမ်မှာ သွားနေနိုင်ပါသည်။ တစ်ခုခု ဖြစ်လာပါက ခွေးဟောင်လျှင် ကြားနိုင်ပါသည်။

သူတို့ ရောက်လာတာကို မြင်သောကြောင့်လားမသိ၊ နဂိုက အမှောင်ထုထဲ ပုန်းကွယ်နေသော အန္တရာယ်များ လျော့နည်းသွားခဲ့ပါသည်။

လင်းချင်းဟယ်ကလည်း ကပ်စေးမနဲပါ။ တစ်ခါတစ်လေ မီးဖိုချောင်ကို ဟင်းလျာများအား ချက်ပြုတ်ခိုင်းပြီး သားငယ်ကို ထုတ်ပိုးကာ သွားပို့ခိုင်းသည်။ သူတို့ ရှားရှားပါးပါး အလုပ်အားသောအခါ လင်းချင်းဟယ်က သူတို့ကို အိမ်မှာ လာစားခိုင်းပါသည်။

ထို့ကောင် ကောင်လေးတစ်သိုက် ပျော်ရွှင်ကြ၏။ သူတို့ တပ်ဖွဲ့ခေါင်းဆောင်ကြီး၏ အမေက ငယ်ရွယ်ပြီး လှပသည်ဟု ချီးကျူးကြပါသည်။

လင်းချင်းဟယ်ကလည်း ထိုကောင်လေးများကို အလွန် သဘောကျပါသည်။ သူမ အသက်အရွယ်တွင် အမေအိုတစ်ယောက်၏ ခံစားချက်များ ရှိနေပါပြီ။

ထို့ကြောင့် ထိုနေ့ကစပြီး သားငယ်ကို အစားအသောက်များ သွားပို့ပေးသည့်အခါ ဟင်းလျာများများ ထပ်ထည့်ခိုင်းပါသည်။ သူတို့ဖာသူတို့ ချက်စားလည်း ရသည်။

လူတွေ အလွန်များပြားသောကြောင့် ကိုယ့်ဖာသာကိုယ် ချက်စားတာ ပိုသက်သာပါသည်။ အရသာရှိသည့် ဟင်းလျာ တစ်ပွဲနှစ်ပွဲလောက် အပို့ခံရလျှင်လည်း ပျော်ရွှင်ပါသည်။

လင်းချင်းဟယ်က အစကတော့ သူတို့အတွက် အဝတ်လျှော်စက် တစ်လုံးကို ဝယ်ပေးချင်ခဲ့သည်။ သို့သော်လည်း ကျိုးချင်းပိုင်က ပြောလိုက်၏။ "သူတို့စခန်းမှာဆိုရင် ကိုယ့်အဝတ်ကိုယ်လျှော်ရတာ။ သူတို့ကို အဝတ်လျှော်စက် ဝယ်ပေးစရာလိုလို့လား။”

ဒီအဘိုးကြီးက အနည်းငယ် သဝန်တိုနေပါပြီ။ သူ့မိန်းမက အနည်းငယ် ရက်ရောလွန်းနေသည်ဟု ခံစားမိသည်။ ဒါက လူငယ်လေးတွေကို သဘောကျသည့် ပုံစံမျိုး ဖြစ်သည်။

လင်းချင်းဟယ်က သူတို့ကို သဘောကျပါသည်။ လူငယ်တွေကို သဘောမကျသည့် လူရှိပါ့မလား။ သို့သော် လူကြီးတစ်ယောက်၏ ဂရုစိုက်မှုမျိုးသာ ဖြစ်သည်။ တခြား စိတ်ကူး မရှိပါ။

အမှန်ပင်။ သူမယောက်ျား သဝန်တိုနေတာကိုတော့ သူမ မသိခဲ့ပေ။ ထိုသဝန်တိုမှုကြောင့် ကောင်လေးများ၏ ဟင်းလျာအပို့များ လျော့နည်းသွားပါသည်။ သူတို့ကို အပြင်မှာ ဘဲကင် ဘာညာသွားစားဖို့ ပိုက်ဆံပေးလိုက်သည်။

အလုပ်သမား ငါးယောက် တိုးလာသော်လည်း သူတို့ကို ထိခိုက်မှု မရှိပေ။ သူတို့တိုးလာသောကြောင့် လူအင်အားက ချက်ချင်းပဲ လုံလောက်သွားခဲ့ပါသည်။

လုပ်ငန်းကိစ္စခရီးထွက်ဖို့ ရှိပါက သားငယ်က သူတို့ထဲက တစ်ယောက်ကို ခေါ်နိုင်ပါသည်။

ဥပမာ ဒီတစ်ခေါက် သားငယ်က ရှန်ဟိုင်းမြို့တော်သို့ အခြေအနေ သွားကြည့်ဖို့ စီစဥ်ထားသည်။ မသွားရတာလည်း ကြာပြီ ဖြစ်သည်။

လင်းချင်းဟယ်က သူ့အတွက် အထုပ်အပိုး ပြင်ဆင်ပေးထားသည်။ ဝူနီ၏ ကိုယ်ဝန်ကာလကလည်း မသေးငယ်တော့ပါ။ ကလေးအဝတ်အစားများကို ဝယ်ဖို့ မလိုအပ်ပေ။ စစ်နီ၏ သမီးလေး ယွမ်ယွမ် ကြီးလာသောအခါ သူမ၏ အဝတ်အစားလေးတွေကို စုပြီး ပို့ပေးလိုက်လို့ရပါသည်။

ဘာပဲဖြစ်ဖြစ် သားငယ်က မကြာမကြာ သွားနေရမည် ဖြစ်သောကြောင့် လောနေစရာ မလိုပေ။

လင်းချင်းဟယ်က ကုန်ခြောက်ဆိုင်မှ အစားအသောက်တချို့ကို ထုတ်ပိုးပေးလိုက်သည်။ အမှန်ပင် အဘိုးကျန်း၊ အဘွားကျန်း၊ ရွှယ်မိန့်လီတို့အတွက်လည်း ဝေစုပါပါသည်။

ထို့အပြင် သက်တောင့်သက်သာရှိသည့် ကိုယ်ဝန်ဆောင် အဝတ်အစားနှစ်ထည် ထည့်ပေးလိုက်သည်။

ရွှယ်မိန့်လီက ထိုနေ့ည ဖုန်းဆက်ပါသည်။ "သားငယ်ကို ပစ္စည်းတွေ အများကြီး ဘာလို့ ပေးလိုက်တာလဲ။ အရင်တစ်ခေါက် သားကြီး လက်ထပ်တုန်းက ပေးထားတဲ့ဟာတွေတောင် စားမကုန်သေးဘူး။”

All Chapters