← Chapters

သူ့ခြေထောက်အောက်ရှိ ကုန်းမြေ

Vol. 87 Ch. 1208

သူ့ခြေထောက်အောက်ရှိ ကုန်းမြေ

Vol. 87 Ch. 1208

မိုဝူကျိ အက်ကြောင်းထဲ ဝင်လိုက်သည့်အခိုက်အတန့်  လူသားကမ္ဘာထဲ ဝင်ရောက်ဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း သူ့လူသားကမ္ဘာထဲမှ တာအိုစည်းမျည်းနှစ်ခုကို ထုတ်ယူလိုက်ပြီးနောက် သူ့စိတ်စွမ်းအားမှာ လုံးဝ ပြိုလဲပျက်စီးသွားကြောင်း သိလိုက်ရသည်။ သူ့အသိစိတ်ပင်လယ်၏ စိတ်စွမ်းအားသာ ပျက်စီးသွားခြင်း မဟုတ်ဘဲ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းရှိ စိတ်စွမ်းအားသည်လည်း ပျက်စီးသွားလေပြီ။ ဤသည်မှာ သူ့တာအိုအုတ်မြစ် ပျက်စီးသွားသောကြောင့် ဖြစ်၏။

ထိုစဉ် သူက လူသားကမ္ဘာထဲကိုပင် မဝင်နိုင်တော့ချေ။

ဝိဇ္ဇာအဆင့် ငါးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် မိုဝူကျိ၏ မဟာဖျက်စီးရေး ပညာရပ်က အာကာပြင်တစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာ လုပ်ပစ်လိုက်ဟန် ပေါ်သည်။ မိုဝူကျိ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ့ခန္ဓာကိုယ်ကို ကွေးထားပြီး အက်ကြောင်းအတွင်း မျှောပါသွားသည်ကို ခွင့်ပြုထားရုံသာ ဖြစ်၏။

သူ့တာအိုအုတ်မြစ်က ပျက်စီးသွားသော်လည်း ရုပ်ခန္ဓာ အုတ်မြစ်မှာ ရှိနေသေး၏။ သူ့ရုပ်ခန္ဓာကိုယ်သည် သုံးပိုင်း ပိုင်းပြတ်ခံထားရသလို ဖြစ်နေသော်လည်း လုံးဝ မပျက်စီးသေးသရွေ့ ဖြည်းဖြည်းချင်း ပြန်လည် ကောင်းမွန်လာနိုင်သည်။

“ ဝုန်း ”  အချိန်တော်တော်ကြာပြီးနောက် မိုဝူကျိက လေထုကို ဖြတ်ကာ မြေကြီးအမာပေါ်သို့ ရောက်ရှိလာသည်။

မိုဝူကျိက သက်ပြင်းချလိုက်သည်။ သူ့အားကောင်းလှသော ရုပ်ခန္ဓာဖြင့် ဤသို့သော သက်ရောက်မှုမျိုးက သူ့အား ဘာမှမဖြစ်စေနိုင်ပေ။ အနည်းဆုံးတော့ သူ့အသက်လေး အန္တရာယ် မရှိတော့ချေ။

သူ့ဒဏ်ရာများက အတော်လေး ပြင်းထန်နေသော်လည်း မိုဝူကျိက မလှုပ်ရှားသေးပေ။ သူက ဤသည်မှာ အင်မတန် အဆင့်နိမ့်လှသော ကမ္ဘာဖြစ်ကြောင်း ခံစားမိလိုက်၏။ အဆင့်နိမ့် သဘာဝစွမ်းအားများသာမက အင်မတန်လည်း ပါးလွှာပေသည်။ ဤသည်မှာ ဝိညာဉ်စွမ်းအားအဖြစ်ပင် မရောက်သော သဘာဝစွမ်းအား အဆင့်မျိုး ဖြစ်၏။ သူ့ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာစေရန်အတွက် ဤနေရာရှိ သဘာဝစွမ်းအားအပေါ် မှီခိုထား၍ မဖြစ်ပေ။

မိုဝူကျိ ပြန်ထမလာနိုင်ခင် တစ်ရက်တာ ကုန်ဆုံးသွားလေသည်။

အပေါ်ယံ၌ သူက ဒဏ်ရာရဟန် မပေါ်ပေ။ သို့သော်လည်း သူ တစ်ယောက်တည်းသာ သူ့ဒဏ်ရာများသည် ဤသို့သောနေရာမျိုး၌ မကုစားနိုင်ကြောင်း သိပေသည်။

ဤနေရာသည် ကမ္ဘာမြေလို ဖြစ်နေကြောင်း မစုံစမ်း မမေးမြန်းဘဲဖြင့် သိလိုက်သည်။ သဘာဝစွမ်းအား နည်းပါးသလို ကျင့်ကြံဖို့ရာအတွက်လည်း မသင့်တော်ချေ။

သူ ပြုတ်ကျလာသည့် ချိုင့်ကြီးမှ ကုန်းတက်လာပြီးနောက် လရောင်ပင် မရှိသည့် မှုန်မှိုင်းမှိုင်း ကောင်းကင်ကြီးကို မြင်လိုက်ရသည်။

ယခုလက်ရှိ သူက တောင်ကုန်းပေါ်တွင် ရှိနေသည်။ တောင်ကုန်းငယ်လေးက မြက်ရိုင်းများကြား သီးခြားကွဲထွက်နေ၏။

မိုဝူကျိ၏ လက်ရှိ စိတ်အခြေအနေမှာ တည်ငြိမ်နေလေ၏။ သူက ပြင်ပလွှမ်းမိုးမှု မရှိဘဲ ဤသေမျိုးဂြိုလ်မှ ထွက်သွားနိုင်တော့မည် မဟုတ်ကြောင်း ကောင်းကောင်းကြီး သိပေသည်။

ဤနေရာရှိ သေမျိုးများနှင့် ယှဉ်လျှင် သူက ကန့်သတ်ချက်မဲ့ သက်တမ်းကို ပိုင်ဆိုင်ထားလေသည်။ သို့သော်လည်း သူ့သက်တမ်း မည်မျှ ကြာရှည်စေကာမူ သူ့တာအိုအုတ်မြစ်ကို ပြန်လည် ကောင်းမွန်လာစေနိုင်မည် မဟုတ်ပေ။ သူက သူ့သက်တမ်း ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည့် ကျောက်တုံးတစ်တုံးလိုသာ ဖြစ်နေပေသည်။

နှစ်များစွာ ကြာပြီးနောက် သူ့လူသားကမ္ဘာအတွင်း ကျင့်ကြံနေသည့် ဟန်ချင်းရုသည် တစ်ခုခု လွဲမှားနေကြောင်း သိကာ သူ့လူသားကမ္ဘာမှ ထွက်လာနိုင်မည့် နည်းလမ်းကို စဉ်းစားလာလိမ့်မည်။ သို့သော်လည်း မိုဝူကျိက သူ့အကူအညီ မရှိဘဲ မည်သူမှ လူသားကမ္ဘာမှ ထွက်မလာနိုင်ကြောင်း သိပေသည်။

သူ့ကံတရားကို လက်ခံလိုက်ရုံမှတပါး သူ လုပ်နိင်တာ မရှိတော့ပေ။

အချိန်က တဖြည်းဖြည်း ကုန်လွန်လာသည်။ သူက တောင်ကုန်းပုလေးပေါ်တွင် ရပ်ကာ မလှုပ်ရှားသေးပေ။ ဝိဇ္ဇာတပိုင်း အထွတ်အထိပ် ပညာရှင်တစ်ယောက်အဖြစ်မှ ဤသို့အခြေအနေအထိ ကျဆင်းသွားရသည်။ ယနေ့မှစ၍ သူက အမှန်တကယ် သေမျိုး တစ်ယောက် ဖြစ်လာရလေပြီ။

စိတ်ထဲ၌ ရင်းနှီးပြီးသား မျက်နှာတချို့ကို ပြန်လည်မြင်ယောင်လာမိသည်။ သူ့စိတ်ထဲရှိ နောက်ဆုံးပုံရိပ်လေးမှာ ဝါကျင့်ကျင့်ဆံပင်နှင့် ပိန်ပါးပါး မိန်းကလေးတစ်ဦး ဖြစ်၏။

ယန်အာကြောင့်သာ မဟုတ်လျှင် ဒုတိယဘဝ၌ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုတို့အပေါ် ခံစားချက် ပျောက်ဆုံးသွားလောက်၏။

အကယ်၍ သူသာ ယန်အာနှင့်အတူတူ မြို့ငယ်လေးထဲ၌ ရှိနေဦးမည်ဆိုလျှင် သူမက ညတိုင်း ဈေးဆိုင်ကူခင်းပေးနေရဦးမည်လား

သူမ ဝင်ငွေ ကြေးပြားလေးကို သူ့အတွက် ထမင်းတစ်ခွက် ရအောင် သုံးပစ်ရဦးမည်လား ….

သခင်လေး …..

ထိုခေါ်သံလေးက သူ့မျက်စိရှေ့ ရောက်လာသလို ဖြစ်သွားသော်လည်း တကယ်တော့ ယန်အာသည် သူ့မှတ်ဉာဏ်ထဲ၌သာ တည်ရှိနေပေသည်။ ဤသို့ဖြင့် နှစ်များစွာ ကုန်ဆုံးသွားလေ၏။ မိုဝူကျိက သူမသည် အင်မော်တယ်လောကသို့ ရောက်လာပြီး ဆက်လက် ကျင့်ကြံနေမည်လားဟု တွေးမိသွားသည်။

ကောင်းကင်ထက်၌ ရောင်နီသန်းလာသည်။ ထို့နောက် အနီရောင်က ရွှေရောင်ဖျဖျ ပြောင်းလဲလာလေ၏။ ဘေးပတ်လည် အမှောင်ထုသည် ထိုရွှေရောင်အလင်းကြောင့် စတင် ပျောက်ကွယ်လာကာ ဝေဝါးဝါး ပုံရိပ်တစ်ခု ဖြစ်တည်လာသည်။ နေလုံးနီက ဖြည်းဖြည်းချင်းဖြင့် ကောင်းကင်ယံသို့ စတင် ထွက်ပေါ်လာသည်။

နေထွက်လာရုံမျှ ဖြစ်သော်လည်း မိုဝူကျိက ငေးမောသွားမိသည်။

နှစ်ဘယ်လောက်တောင် ကြာသွားပြီလဲ ….

သူအသက်အတွက် ထွက်ပြေးနေပြီး ကျင့်ကြံနေရုံမှအပ သူ လုပ်ခဲ့သည့် တစ်ခုတည်းသောအရာမှာ ကျင့်ကြံရေး အရင်းအမြစ်များ ရှာဖွေခဲ့ခြင်းသာ ဖြစ်၏။

ယနေ့ သူက ကျင့်ကြံခြင်းနှင့် လားလား မသက်ဆိုင်သည့် နေထွက်လာခြင်းကို ကြည့်ရှုခဲ့ရသည်။

သူ  နေထွက်လာတာကို နောက်ဆုံး မြင်ခဲ့ရတာ ဘယ်လောက်တောင် ကြာသွားပြီလဲ …..

သူ့မှတ်ဉာဏ်များက ဝေဝါးနေသော်လည်း မိုဝူကျိက မှတ်မိဖို့ ကြိုးစားနေသေး၏။

ဟုတ်သား သူ မှတ်မိသွားပြီ … သူ သုတေသန ထောက်ပံ့ကြေးရအောင် လုပ်နိုင်ခဲ့တုန်းက အချိန်ကပဲ …..

သူက အမှန်တကယ်ကို စိတ်ပျော်ရွှင်နေပြီး ရှားရိုယင်ကို ထိုက်တောင်တန်းဆီ နေထွက်တာ ကြည့်ဖို့ ဖိတ်ကြားခဲ့သေး၏။

သို့သော်လည်း ရှားရိုယင်က သူ့အား ငြင်းကာ နေထွက်လာတာက သွားကြည့်လောက်အောင် အံ့ဩဖို့ ကောင်းသည့်အရာ မဟုတ်ကြောင်း သူတို့နှစ်ယောက်အတူတူ အနောက်တိုင်း အစားအစာ သွားစာတာက ပိုကောင်းဦးမည်ဟု ပြောခဲ့သည်။

နောက်ဆုံးတွင် သူတို့ အနောက်တိုင်း အစားအစာကိုသာ သွားစားဖြစ်ခဲ့ကြသည်။ သူက အသေးစိတ် မေ့နေပြီ ဖြစ်သော်လည်း သူ မှတ်မိသည့် အရေးကြီးသည့်အရာမှာ သူက နေထွက်တာကို သွားမကြည့်ခဲ့လိုက်ရပေ။ ယနေ့က သူ နေထွက်လတာကို ပထမဆုံးအကြိမ် ကြည့်ဖူးခြင်း ဖြစ်၏။

နေလုံးကြီးက ကောင်းကင်ယံသို့ ဖြည်းဖြည်းချင်း တက်လာကာ မိုးကုတ်စက်ဝန်းအသွင် ဖြာထွက်လာသည်။

“ဟေး ….  နေကို အဲလို သွားကြည့်တာက မျက်လုံး ပျက်စီးစေလိမ့်မယ်” ရုတ်တရက် ထွက်ပေါ်လာသည့် အသံတစ်သံက မိုဝူကျိအား အတွေးပြတ်သွားစေသည်။

မိုဝူကျိက လှည့်ကြည့်လိုက်သည့်အခါ ပခုံးပေါ် ပေါက်တူးထမ်းထားသည့် လူလတ်အရွယ် အမျိုးသားကို မြင်လိုက်ရသည်။ ဤသူက လယ်သမားတစ်ဦး ဖြစ်လိမ့်မည်။

“ မင်းရဲ့ … ”

လူလတ်အရွယ် လယ်သမားကြီးက မိုဝူကျိ၏ စုတ်ပြတ်နေသော အဝတ်အစားများကို ကြည့်လိုက်၏။ မိုဝူကျိ အဝတ်ပေါ်ရှိ သွေးကွက်များက အမည်းရောင် ပြောင်းနေလေပြီ။

“ ဒါက ဘယ်နေရာလဲ မေးပါရစေ ” မိုဝူကျိက လယ်သမား စကား အဓိပ္ပါယ်ကို နားမလည်သောကြောင့် လက်နှစ်ဖက်ယှက်ကာ မေးခွန်းမေးလိုက်သည်။

မိုဝူကျိက လက်နှစ်ဖက်ယှက်လိုက်သည်ကို မြင်ပြီး လူလတ်အရွယ် လယ်သမားကြီးက အနည်းငယ် အံ့ဩသွားလေ၏။ သူက ပေါက်တူးကို မြန်မြန် ချထားကာ အသေးစိတ် ပြောပြလိုက်သည်။

မိုဝူကျိက သက်ပြင်းချလိုက်၏။ ဤသည်မှာ မတူကွဲပြားသော အလွှာ ဖြစ်၏။ အကယ်၍ သူ့တွင် စိတ်စွမ်းအား ရှိနေသေးလျှင် တစ်ချက်စစ်ဆေးကြည့်လိုက်ရုံဖြင့် ဤနေရာရှိ ဘာသာစကား အချက်အလက်အားလုံးကို စုဆောင်းနိုင်ကာ တည်တည်ငြိမ်ငြိမ် ပြောဆိုနိုင်လိမ့်မည်။

မိုဝူကျိက လူလတ်အရွယ် လယ်သမားကြီးကို ဆက်မမေးတော့ဘဲ တောင်ကုန်းမှ ဆင်းလာလိုက်၏။ သူက ချောင်းတစ်ခုဆီ ရောက်လာသည့်အခါ သူ့ကိုယ်သူ သန့်စင်လိုက်သည်။ သူ့အဝတ်အစားများက စုတ်ပြဲနေဆဲ ဖြစ်သော်လည်း  ခြေဦးတည့်ရာ ခရီးသွားဟန်အဖြစ် ထားထားလိုက်သည်။

ချောင်းစွယ်အကျော်လေး၌ မိုဝူကျိက အလုပ်ရှုပ်နေကြသော လယ်ကွင်းကို မြင်လိုက်ရသည်။

သူက ထိုနေရာကို လှမ်းကြည့်လိုက်သည့်အခါ လယ်သမားများ အလုပ်လုပ်နေသည်ကိုသာ မြင်လိုက်ရသည်။ သူတို့က မျိုးစေ့ကျဲခြင်း သို့မဟုတ် ပေါင်းသင်ခြင်း သို့မဟုတ် ရိတ်သိမ်းခြင်းများ လုပ်ကိုင်နေကြသည်။

လူတိုင်းလူတိုင်းက ကြိုးကြိုးစားစား အလုပ်လုပ်နေကြပြီး လူတစ်ယောက်ချင်းစီက ဆုလာဘ်ရရန် မျှော်မှန်းထားကြသည်။

မိုဝူကျိက တဖန်ပြန်ရပ်သွားကာ ငေးမောသွားပြန်သည်။

ယခင်အတိတ်တုန်းက သူသည်လည်း ဤသို့လူများစွာထဲမှ တစ်ယောက် ဖြစ်ခဲ့သည်။ သူက ကိုယ်ကျိုးအတွက် ဆက်တိုက် ကြိုးစားခဲ့ရသည်။ သူက နောက်ဆုံးတွင် ချီသွေးကြော ဖွင့်နိုင်သည့် ဖြေဆေးကို တီထွင်နိုင်ခဲ့၏။ သူ ဒုတိယဘဝ ရောက်လာသည့်အခါ ထိုဖြေဆေးဖြင့် လူသားတာအိုကို စတင်ခဲ့သည်။

ယခင် သူက ကျင့်ကြံဖို့ရာ အခွင့်အရေး မရခဲ့ပေ။ သို့သော်ငြား သူ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် စကြဝဠာထိပ်ဆုံးသို့ လျှောက်လှမ်းခဲ့၏။ သူက မြောက်များစွာ လုပ်ကြံခဲ့ရပြီး လိုက်ဖမ်းခံခဲ့ရသော်လည်း ထိပ်ဆုံးသို့ ရောက်ရှိခဲ့သေးသည်။

ယနေ့ သူက ဝိဇ္ဇာရုပ်ခန္ဓာကိုယ်နှင့် မြောက်များစွာသော ကျင့်စဉ်နည်းစနစ်များကို ပိုင်ဆိုင်ထားပြီး သူ့ကိုယ်ပိုင် အင်မော်တယ် မော်တယ်ကျင့်စဉ်ကိုပင် ဖန်တီးနိုင်ခဲ့သေး၏။ ယခု သူ့တာအိုအုတ်မြစ်က ပျက်စီးသွားကာ ချီသွေးကြောနှင့် စွမ်းအားဗဟိုချက်သည်လည်း ဖျက်စီးခံလိုက်ရသည်။ သူ့ဆီ ဘာမှမကျန်ရှိတော့သည့်အခါ ထပ်ဆိုးရွားနိုင်မည့်အရာ ကျန်ရှိဦးမည်လား။

ဤသည်မှာ သူ့တာအို ဒုံရင်းသို့ ဆုတ်ယုတ်သွားခြင်းလား ဒါမှမဟုတ် သူ့စိတ်ကိုက အားနည်းလာတာလား ….

သူက သေမျိုးတစ်ယောက်အဖြစ်နှင့် တာအိုကို လျှောက်လှမ်းခဲ့ရာ လူသားကမ္ဘာထဲ၌သာ တာအိုအုတ်မြစ်ကို ပြန်လည် ကောင်းမွန်လာစေနိုင်လိမ့်မည်။

ယခင် စိတ်ပျက်လက်ပျက် ခံစားချက်တို့က ချက်ချင်း ပျောက်ကွယ်သွားကာ တက်ကြွမှုများ အစားထိုး ဝင်ရောက်လာသည်။ ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး မိုဝူကျိက အားရပါးရ ဟစ်ကြွေးလိုက်သည်။

သူက ထပ်လျှောက်လှမ်းကာ စကြဝဠာ ထိပ်ဆုံးသို့ တဖန် ပြန်အရောက်သွားမည်။

အဝေးရှိ လယ်သမားများက မိုဝူကျိ အော်သံကို ကြားလိုက်ရသည့်အခါ အလန့်တကြား လှမ်းကြည့်လိုက်ကြ၏။

ကံကောင်းစွာဖြင့် မိုဝူကျိက တစ်ခါအော်ဟစ်လိုက်ပြီးနောက် တဖန် တိတ်ဆိတ်သွားပြန်သောကြောင့် လယ်သမားများက ပြန်လည် ငြိမ်သွားကြသည်။

ယုံကြည်ချက် ပြန်လည် ရရှိလာသည့် မိုဝူကျိက သူ့တာအိုအုတ်မြစ် ပြန်လည် ကောင်းမွန်လာမည့်အကြောင်း မစဉ်းစားတော့ပေ။ ထိုစဉ် သူက အမှန်တကယ် ဗိုက်ဆာလာမိ၏။

သူက ကန့်သတ်ချက်မဲ့ သက်တမ်းနှင့် ဝိဇ္ဇာရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသူ ဖြစ်၏။

သူက တကယ်ကြီး ဗိုက်ဆာလာတာလား ….

သူ ဆာလောင်မှုကို တစ်ခါ ပြန်ခံစားမိတာ ဘယ်နှနှစ် ကြာသွားပြီလဲ ….

“ ညီလေး အဆင်ပြေရဲ့လား ” ယခင် လူလတ်အရွယ် လယ်သမားကြီးက လျှောက်လာကာ မိုဝူကျိအား စိုးရိမ်စွာ ကြည့်ရင်း မေးလိုက်သည်။

မိုဝူကျိက ထိုလူ၏ စိုးရိမ်ကြီးနေသည့် ပုံစံကို မြင်လိုက်ရသည့်အခါ ထိုလူ၏ သဘောထားကို သိလိုက်၏။ မိုဝူကျိက ပြုံးကာ ခေါင်းခါလိုက်သည်။

“ မင်းကို အဝတ်အစားတချို့ ပေးရမလား ” လူလတ်အရွယ် အမျိုးသားက မိုဝူကျိ၏ အဝတ်များ ဆိုးဆိုးရွားရွား စုတ်ပြဲနေသည်ကို မြင်ပြီး နွေးနွေးထွေးထွေး ကမ်းလှမ်းလိုက်သည်။

မိုဝူကျိ စိတ်ထဲ လတ်လတ်ဆတ်ဆတ် အသိဉာဏ်ပွင့်မှုတစ်ခု ဖြစ်ပေါ်လာသည်။ မိုဝူကျိက ချက်ချင်း ခေါင်းခါကာ ပြောလိုက်၏  “ ကျုပ် အခု သွားလိုက်ဦးမယ်။ ကျေးဇူးတင်ပါတယ် ”

ထိူလူက နားလည်သည် ဖြစ်စေ၊ နားမလည်သည် ဖြစ်စေ မိုဝူကျိက လှည်ထွက်သွားပြီ ဖြစ်၏။ သူက မြန်မြန် မလျှောက်သော်လည်း ခြေလှမ်းကျဲပေသည်။ အချိန်တိုအတွင်း သူက တောင်ကုန်းလေးကို ကျော်သွားပြီ ဖြစ်၏။

မိုဝူကျိက ဤနေရာ၌ သူစိမ်းတစ်ဦးသာ ဖြစ်၏။ ယခု သူ ထွက်သွားပြီ ဖြစ်ရာ မည်သူမှ ဂရုစိုက်နေမည် မဟုတ်ချေ။ အများဆုံး သူတို့က မိုဝူကျိ ထွက်သွားသည်ကိုသာ ကြည့်နေကြလိမ့်မည်။

အစပိုင်းတွင် မိုဝူကျိက ထိုအသိဉာဏ်ပွင့်မှုအပေါ် အာရုံစိုက်နိုင်ရန် တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခု ရှာရမလားဟု စဉ်းစားနေမိ၏။ သို့သော်လည်း နေ့ဝက်လောက် လျှောက်လှမ်းလာပြီးနောက် သူ့တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းသည် သူ့အတွေးနှင့် ချိတ်ဆက်မိသွားသည်။

သူက ရပ်တန့်ဖို့ ရည်ရွယ်ချက် မရှိတော့ဘဲ တစ်လှမ်းချင်းစီ ဆက်လျှောက်သွားသည်။

မြေပြန့် ဖြစ်စေ၊ စိမ့်တော ဖြစ်စေ သို့မဟုတ် ကန္တာရ ဖြစ်စေ …. ဆူးခင်းလမ်း ဖြစ်နေစေကာမူ …..

မည်သည့်အရာမှ မိုဝူကျိ ခြေလှမ်းများကို မတားဆီးစေနိုင်သလို သူ့အသိဉာဏ်ပွင့်မှုကိုလည်း မည်သည့်အရာမှ မနှောင့်ယှက်နိုင်ပေ။ ထိုစဉ် သူ့ခြေထောက်အောက်ရှိ မြေကြီးသည် သူ့တာအို ဖြစ်လာ၏။ သူ့တာအိုသည် သူ့ခြေထောက်အောက်မှ ကျယ်ပြန့်လာသည်။

***

All Chapters