← Chapters

အခန်း(၇၀၁) ဇာတ်သိမ်း

Vol. 50 Ch. 701-Final

အခန်း(၇၀၁) ဇာတ်သိမ်း

Vol. 50 Ch. 701-Final

အခန်း(၇၀၁) ဇာတ်သိမ်း

အရင်တုန်းက ကန်းကျစ်နဲ့ သူမ၏ တူမ လင်းရွှယ်တို့ကို လင်းချင်းဟယ် အောင်သွယ်ပေးချင်ခဲ့သည်။ သို့သော်လည်း သူတို့နှစ်ယောက်က သူမ အောင်သွယ်ပေးဖို့တောင် မလိုပါ။

ဘယ်တုန်းကမှန်း မသိလိုက်ဘဲ သူတို့နှစ်ယောက် တိုးတိုးတိတ်တိတ် တွဲနေကြပါပြီ။

နောက်တော့ သူတို့နှစ်ယောက်အကြား အခြေအနေက အနည်းငယ် ထူးခြားနေသဖြင့် လင်းချင်းဟယ် မေးကြည့်လိုက်ပါသည်။

ထိုအခါမှ တွဲနေတာ ၂ လတောင် ကြာပြီ ဖြစ်မှန်း သိလိုက်ရသည်။

လင်းချင်းဟယ်က သူမ တူမကို ဆုံးမသော်လည်း ကျန်တာ ဘာမှ မဖြစ်ခဲ့ပါ။

ကန်းကျစ်က သူမရှေ့မှာ ကြီးပြင်းလာသူ ဖြစ်၏။ အလုပ်ကြိုးစားပြီး ဝီရိယရှိသူ ဖြစ်သည်။ နောက်ပိုင်းတွင် အခြေအနေ ဆိုးရွားမည့်သူ မဟုတ်ပါ။

၁၉၉၀ ခုနှစ် အစောပိုင်းတွင် ကန်းကျစ် အိမ်တစ်လုံး မဝယ်နိုင်ခဲ့ပါ။ သို့သော် ၁၉၉၀ ခုနှစ် အလယ်ပိုင်းမှာတော့ ၈၀ စတုရန်းမီတာကျော် ကျယ်သည့် ကော်မာရှယ် အိမ်တစ်လုံးကို ဝယ်ခဲ့ပါသည်။ တည်နေရာက အလွန် ကောင်းမွန်၏။ သူ ၁၆၀,၀၀၀ ယွမ်လောက် သုံးခဲ့ရပါသည်။

ကန်းကျစ်၏ ပိုင်ဆိုင်မှု အားလုံးနီးပါး ထုတ်သုံးခဲ့ရသည်။

ကန်းကျစ်နဲ့ လင်းရွှယ်တို့ အိမ်ဝယ်သည့်နှစ်မှာပဲ လက်ထပ်ခဲ့ကြပါသည်။

လင်းချင်းဟယ်က သူတို့အတွက် ပရိဘောဂများကို တာဝန်ယူပေးသည်။ ပရိဘောဂအလုံးစုံကို သူတို့အတွက် မင်္ဂလာလက်ဖွဲ့ သဘောမျိုး ပေးခဲ့ပါသည်။

သူတို့နှစ်ယောက် လက်ထပ်ပြီး နောက်ပိုင်းလည်း ပျော်ရွှင်ခဲ့ရပါသည်။ လင်းရွှယ်က လင်းချင်းဟယ်ဆီမှာ စာရင်းကိုင်အဖြစ် လုပ်ကိုင်ဆဲ ဖြစ်သည်။ ကန်းကျစ်ကတော့ ၂ နှစ်လောက် လမ်းဘေးဆိုင် ထပ်ဖွင့်လိုက်သည်။ ထို့နောက် လမ်းဘေးဆိုင်ဖွင့်ခြင်းကို ရပ်တန့်လိုက်ပါသည်။

'ဘိုးဘိုးကျိုး' ဆိုင်ခွဲများ လည်ပတ်လာသောအခါ 'ဘိုးဘိုးကျိုး' ဆိုင်ခွဲတချို့၏ မန်နေဂျာ ဖြစ်လာပြီး လစာ စတင်ရခဲ့ပါသည်။

သူ့ကံက ကောင်းပါသည်။ ယခင်တုန်းက သူလည်း ဆိုင်တစ်ဆိုင် ဝယ်ထားဖူးသည် မဟုတ်လား။ ထိုဆိုင်ကို ဖျက်သိမ်းပြီး ထိုနေရာတွင် လမ်းတစ်ခု ခင်းသွားကြသည်။ ထို့ကြောင့် သူ လျော်ကြေး ရခဲ့ပါသည်။

ဒီငွေဖြင့် ကန်းကျစ် နောက်တစ်ဆိုင် ဝယ်ခဲ့ပါသည်။ အတော်လေး ကောင်းမွန်သည့် ဆိုင် ဖြစ်သည်။ ထို့နောက် သူ့ဒေါ်လေး၏ ကုန်ခြောက်ဆိုင်မှာ လဝက်လောက် ပညာသွားယူသည်။ ထို့နောက် သူ့ကိုယ်ပိုင် ကုန်ခြောက်ဆိုင်တစ်ဆိုင်ကို ဖွင့်ခဲ့ပါသည်။

သူ့ဒေါ်လေးဆိုင်က ကုန်များကို မှာယူသည်။ အလွန် အဆင်ပြေပါသည်။

သူ့ကံက တကယ်ကောင်းမွန်ပါသည်။ ဆိုင်ကို ဖွင့်တာတောင် သိပ်မကြာသေးပါ။ နှစ်ဝက်အတွင်း ထိုနေရာတွင် စျေးသစ်တစ်ခု ဖွင့်လိုက်ကြသည်။

ထို့ကြောင့် ကန်းကျစ်ဝင်ငွေကောင်းသွားသည်။ သေချာပေါက် အမြတ်ကောင်းကောင်း ရပါသည်။ တစ်လကို ကုန် နှစ်ခါလောက် သွားသယ်ရသောကြောင့် ရောင်းကောင်းမှန်း သိနိုင်သည်။

သူနှင့် လင်းရွှယ်တို့ သမီးလေးတစ်ယောက် မွေးဖွားခဲ့သည်။ မိသားစု သုံးယောက် အတူတူ ပျော်ရွှင်စွာ နေထိုင်သွားကြပါတော့သည်။

ရှုရှန့်ချမ်းလည်း မိန်းမယူခဲ့ပါသည်။ သူမက မြို့တော်မှ မြို့သူတစ်ယောက် ဖြစ်သည်။ သူမက သိပ်မလှပသော်လည်း အိမ်တွင်း အိမ်ပြင် အစွမ်းအစရှိသူ ဖြစ်သည်။

သူမကို မိတ်ဆက်ပေးခဲ့တာ လင်းချင်းဟယ်ပဲ ဖြစ်ပါသည်။

နောက်တော့ သူတို့နှစ်ယောက် လက်ထပ်ပြီး သားတစ်ယောက် မွေးဖွားခဲ့သည်။ လင်းချင်းဟယ်က ၁၉၉၀ နှောင်းပိုင်းတွင် အိမ်တစ်လုံး ဝယ်ခိုင်းလိုက်၏။

သူမ ချေးပေးစရာမလိုဘဲ ဝင်ငွေသက်သေ တစ်ခု ထုတ်ပေးခဲ့သည်။ သူတို့ဖာသာ ဘဏ်မှာ သွားချေးဖို့ စေလွှတ်လိုက်၏။ ထို့နောက် သူတို့ ဖြည်းဖြည်းချင်း ပြန်ဆပ်နိုင်ပါသည်။

ရှုရှန့်ချမ်းအကြောင်းပြောလျှင် သူ့အစ်မ ရှုရှန့်မိန်အကြောင်းလည်း ပြောသင့်သည်။

နောက်ပိုင်း သူ့အစ်မ ရှုရှန့်မိန်က ထပ်ကွာရှင်းခဲ့ပြီး လက်မထပ်တော့ပါ။ သို့သော် သူမ လုံးလုံးတော့ မပျက်စီးခဲ့ပါ။ နာမည်ဆိုးသာ ရခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် နောက်ပိုင်းတွင် သူမထက် အသက် ၂၀ လောက် ပိုကြီးသည့် အဘိုးကြီးတစ်ယောက်နဲ့ လက်ထပ်သွားသောကြောင့် ဖြစ်သည်။ သူမ သားကတောင် သူမထက် ပိုကြီးသည်။ ဒါတောင် မိထွေး သွားလုပ်ချင်ပါသေးသည်။

ဒုတိယမျိုးဆက်ထဲတွင် ကျိုးအာ့နီက အိမ်ထောင်ရေး ကံအကောင်းဆုံး ဖြစ်ပါသည်။

သူမ ဝမ်ယွမ်ကို လက်ထပ်ခဲ့သည်။ ဝမ်ယွမ်က ချမ်းသာပြီး အာဏာရှိသော်လည်း အပျော်အပါးလိုက်စားသူ မဟုတ်ပေ။ ကျိုးအာ့နီနဲ့ ဆက်ဆံရေး အလွန်ခိုင်မာပါသည်။ အမြွှာနှစ်ယောက်ကို နိုင်ငံခြားမှာ ပညာသင်ဖို့ စေလွှတ်ခဲ့သည်။

သူတို့နှစ်ယောက် ဒီ့ထက်ပိုပြီး စိတ်မအေးနိုင်တော့ပေ။

ကျိုးစစ်နီလည်း အိမ်ထောင်ရေး ကံကောင်းပါသည်။ သူက လုပ်ငန်းအခြေခိုင်မြဲသည့် ဝိန်ကော်တုန်းနှင့် လက်ထပ်ခဲ့သည်။ ထို့ကြောင့် လုံခြံ တည်မြဲပြီး သူတို့ မိသားစုအဆင့်အတန်းကလည်း မနိမ့်လှပါ။

ကျိုးစန်းနီနဲ့ လီအိုက်ကော်တို့ ကိုယ်ပိုင်လုပ်ငန်း လုပ်ပြီးနောက် သူတို့စီးပွားရေးက လင်းချင်းဟယ်လောက် မကောင်းမွန်ကြသော်လည်း အဆိုးကြီးတော့ မဟုတ်ပေ။

သူတို့လင်မယားနှစ်ယောက် ၁၉၉၀ အဆုံးပိုင်းတွင် တိုက်ခန်းတစ်ခု ဝယ်ယူခဲ့သည်။ ၁၀၀ စတုရန်းမီတာ ကျော်သည်။ သူတို့ အပြည့်အဝ ဝယ်ယူခဲ့ပါသည်။

ကျိုးစန်းနီက ထိုတိုက်ခန်းကို ဝယ်ယူပြီးနောက် သူမ စိတ်အေးနိုင်ပြီဟု ဆိုသည်။

ကျိုးဝူနီက ရှန်ဟိုင်းမြို့တော်မှာ အခြေချသည်။ ကျန်းဟန်က ရှန်ဟိုင်းမြို့တော်ရှိ စီးပွားရေးများကို ကိုင်တွယ်၏။ သူတို့နှစ်ယောက်စလုံး ဝင်ငွေရှိကြသည်။ လင်းချင်းဟယ်တို့အိမ်တွင်  ၂၀၀၂ ခုနှစ်အထိ ငှားနေခဲ့ကြ၏။ ထို့နောက်မှ သူတို့ကိုယ်ပိုင် အိမ်ကို ဝယ်ခဲ့ပါသည်။

လင်းချင်းဟယ်နဲ့ အရင်းနှီးဆုံးပုဂ္ဂိုလ်မှာ ကျိုးရှောင်မိန် ဖြစ်သည်။

ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့က သူမကို ကျေးဇူးလာတင်ကြသည်။ နောက်တော့ သူတို့ ပျော်ပျော်ရွှင်ရွှင်ဖြင့် နေထိုင်သွားကြပါသည်။ ကလေးလေးယောက်စလုံးလည်း ကောလိပ်ကျောင်းသားများ ဖြစ်လာကြသည်။

အမှန်ပင်။ လင်းချင်းဟယ်၏ ထောက်ပံ့မှုဖြင့် ကျိုးရှောင်မိန်က ထိုကလေးလေးယောက်အတွက် စရိတ်များ ပေးခဲ့ရသည်။ ထို့နောက် သူတို့ကို အလုပ်လုပ်ခိုင်းကာ သူတို့ အိမ်အတွက် ချေးငွေကို ပြန်ဆပ်ခိုင်းပါသည်။

မြို့တော်က လူတိုင်းမှာ အနည်းဆုံးတော့ အိမ်တစ်လုံးစီ ရှိတတ်သည်။

ထို့ကြောင့် မြို့တော်က အိမ်စျေးများကျသွားသောအခါ လူငယ်များအားလုံး နားရွက်တက်ချိတ်အောင် ပြုံးဖြီးနေကြသည်။

ကံကောင်းစွာဖြင့် သူတို့ စောစောဝယ်ခဲ့ကြသည်။ မဟုတ်ပါက သူတို့ ဝယ်နိုင်ပါဦးမလား။ အိမ်ငယ်တစ်လုံးကို သန်းနဲ့ချီပြီး တန်နေလေပြီ။ မိုးထိုးနေသော စျေးဖြစ်ပါသည်။

ကျိုးမိသားစုထဲက လူအားလုံး မြို့တော်မှာ အခြေတည်ငြိမ်နေကြပါသည်။ ဘာပဲဖြစ်ဖြစ် သူတို့ အိမ်ငှားဖို့ မလိုတော့ပါ။ အားလုံး အဆင်ပြေကြပြီး ကိုယ်ပိုင်အိမ်များ ရှိကြပါသည်။

နောက်တော့ ဆွေမျိုးမိသားစု အမေဝိန်တို့လည်း လင်းချင်းဟယ်၏ အကြံပေးမှုကြောင့် တစ်လုံး ဝယ်ခဲ့ပါသည်။

အထည်လုပ်ငန်းက သိပ်အဆင်မပြေတော့သဖြင့် အိမ်တစ်လုံးဝယ်ပြီး ငှားစားတာ ပိုကောင်းပါသည်။ လစဥ်ဝင်ငွေ ရှိနိုင်သည်။

အမှန်ပင်။ ဆိုင်ကို အရင်ကတည်းက သူမဖာသာ သူမ ဝယ်ခဲ့သဖြင့် ငှားခ ဘာညာ ပေးဖို့ မလိုအပ်ပါ။ အမေဝိန်က အရှုံးပေါ်မှာ မစိုးရိမ်ပါ။ ထို့ကြောင့် လင်မယားနှစ်ယောက်၏ ဘဝက အတော်လေး စိတ်ချရပါသည်။

သူတို့အားလုံးက လူနေမှုအာမခံများဖြင့် ဝန်းရံခံထားရသည်။ ဆရာဝန်သွားပြပြီး ဆေးယူရင်တောင် ကုန်ကျစရိတ် မရှိပါ။

သူမတို့ မွေးရပ်မြေက ဖွံ့ဖြိုးတိုးတက်မှုများကလည်း အလွန်ကောင်းမွန်လှပါသည်။

တတိယအစ်ကိုက သူ့ဆိုင်ကယ်ကို ထရပ်ကား ပြောင်းလိုက်နိုင်ပြီး နောက်တစ်ဆိုင် ဖွင့်နိုင်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးမှာတော့ တတိယမောင်လေးလင်းတို့နဲ့ ယှဥ်လို့မရသေးပါ။

တတိယမောင်လေးလင်းက ကောင်တီမြို့မှာ အိမ် ၂ လုံး ဝယ်ခဲ့သည်။ ထို အိမ်နှစ်လုံးကို ဝယ်ခဲ့တုန်းက တစ်အိမ်မှာ ၃၀,၀၀၀၊  တစ်အိမ်က ၄၀,၀၀၀ ယွမ် ဖြစ်သည်။ နောက်တော့ တစ်အိမ်က ၁၀၀,၀၀၀ယွမ်အထိ တက်သွားခဲ့သည်။ သို့သော်လည်း တတိယမောင်လေးလင်းက ပြန်မရောင်းခဲ့ပါ။ သူ ဆက်လက် ကိုင်ထားဆဲ ဖြစ်သည်။

တတိယအစ်ကိုတောင် မသိဘဲ သူ့တတိယအစ်မ လင်းချင်းဟယ်ကိုတော့ ပြောပြခဲ့ပါသည်။

နောက်ပိုင်းတွင် သူ့သားနှစ်ယောက်အတွက် အမွေပေးခဲ့ဖို့ ဖြစ်ပါသည်။

တတိယမောင်လေးလင်း၏ သားများကလည်း ကောင်တီမြို့မှာ စီးပွားရေး လုပ်နေကြသဖြင့် သူတို့အဖေ၏ လုပ်ငန်းကို ဆက်ခံသည်ဟု ဆိုနိုင်ပါသည်။

ကျိုးရှားလည်း အဆင်ပြေစွာ နေထိုင်နေပါသည်။ ဒုတိယအစ်ကိုနှင့် ဒုတိယမရီးကတော့ သူတို့ ကျန်တစ်ဘဝလုံး ပြန်မတွေ့ခဲ့ကြတော့ပါ။ ပိုက်ဆံကိုတော့ လတိုင်း ပြန်ပို့ပေးသည်။

အကြီးဆုံးအစ်ကိုနဲ့ အကြီးဆုံးမရီးတို့က ဘဝမှာ အောင်မြင်သူများ ဖြစ်လာခါနီးနေပါပြီ။ သူတို့က ရွာထဲမှာ လူကုံထံများ ဖြစ်ကြပြီး သူတို့ နေ့ရက်များကလည်း စိုပြည်ခဲ့ကြပါသည်။

လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့က အသက် ၉၀ အရွယ်အထိ နေထိုင်ခဲ့ကြပါသည်။

လင်းချင်းဟယ် ထိုနေ့မနက် အိပ်ယာထတော့ စိတ်ထဲ ထင့်သွားခဲ့သည်။ သူမ ဒီအသက် ဒီအရွယ် ရောက်နေပြီဖြစ်သဖြင့် သူမ မသိဘဲ နေပါ့မလား။

လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ပြုံးကာ ပြောလိုက်သည်။ "ကျွန်မ နေရာကွက်လေး မရှိတော့ဘူး။ ကျွန်မအတွက် အချိန်ကျတော့မယ် ထင်တယ်။”

ကျိုးချင်းပိုင်က သူမလက်ကို ဆုပ်ကိုင်ရင်း အပြုံးဖြင့် ပြန်ပြောလိုက်ပါသည်။ "စိတ်မပူပါနဲ့။ ကို အတူတူ ရှိပါတယ်။”

လင်းချင်းဟယ် နေ့လည်ခင်းတွင် ဆုံးပါးသွားခဲ့သည်။ သူမ အလွန် အေးချမ်းစွာ ထွက်ခွာသွားခဲ့ပါသည်။ ကလေးများ အားလုံး ရောက်လာခဲ့ကြ၏။

ကျိုးချင်းပိုင်လည်း သူ့နောက်ဆုံး အမှာစကားများကို ပြောခဲ့သည်။

မှာကြားစရာ အများကြီးတော့ မရှိပေ။ သူတို့အသက်အရွယ်လည်း ကြီးရင့်နေပြီဖြစ်သောကြောင့် ခွဲဖြာသင့်သည့် မိသားစု ပိုင်ဆိုင်မှုများကို ခွဲဖြာပြီး ရေးသင့်သည့် သေတမ်းစာကိုလည်း ရေးသားခဲ့ပြီးပါပြီ။

ထို့ကြောင့် နောက်ဆုံးအမှာစကားများ ပြောပြီးသွားသောအခါ ကျိုးချင်းပိုင် သူ့မိန်းမ၏ လက်ကို ကိုင်ရင်း သူမဘေးမှာ ဖြည်းဖြည်းချင်း လှဲလျောင်းလိုက်သည်။ သူ မဆုံးပါးခင် စကားတစ်ခွန်းသာ ပြောခဲ့ပါသည်။

"မိန်းမ ကိုလာခဲ့တော့မယ်။ ဒီမှာ အရမ်းမှောင်မိုက်နေပြီ။ ကို မင်းနဲ့လိုက်ခဲ့ပါ့မယ်၊ မကြောက်ပါနဲ့။”

... ပြီးပါပြီ ...

All Chapters