← Chapters

အခန်း(၆၉၅) အရံဇာတ်လမ်းများ (၁) တခြားသူတွေရဲ့အကြောင်း

Vol. 50 Ch. 695

အခန်း(၆၉၅) အရံဇာတ်လမ်းများ (၁) တခြားသူတွေရဲ့အကြောင်း

Vol. 50 Ch. 695

အခန်း(၆၉၅) အရံဇာတ်လမ်းများ (၁) တခြားသူတွေရဲ့အကြောင်း

ကျိုးဝူနီက စက်တင်ဘာလတွင် ကျန်းဟန်၏ သားကို မွေးပေးခဲ့ပါသည်။

ကလေးက ၇၀ ကျင်း ကျော်လောက် လေးသည်ဟု ပြောသည်။ ကျိုးဝူနီ သူ့ကို မွေးပေးဖို့ အများကြီး အားထုတ်ခဲ့ရပါသည်။

ဖုန်းဆက်သောအခါ လင်းချင်းဟယ် အပျော်လွန်သွားသည်။ ကျန်းဟန်ကို မေးကြည့်လိုက်ပြီး ကျိုးဝူနီလည်း လုံးဝ အဆင်ပြေတာ သိလိုက်ရပါသည်။ အိမ်တော်ထိန်းကိုလည်း ခေါ်ထားပြီးပြီ ဖြစ်သဖြင့် ပြဿနာ မရှိပါ။

လင်းချင်းဟယ်က သားငယ်ကို ထောက်ပံ့ပစ္စည်းတချို့နဲ့ သွားခိုင်းလိုက်သည်။ ကျိုးစစ်နီ ပေးထားသည့် ကလေးအဝတ်အစားတချို့လည်း ပါသည်။

ကလေး အဝတ်အစားများကို အသစ်ဝယ်ဖို့ မလိုတော့ပါ။ သူတို့က ကြီးပြင်းသွားကြပြီ ဖြစ်သည်။ တခြား ကလေးအဝတ်အစားများ ရှိပြီးသားဖြစ်သဖြင့် အထူးတလည် ငွေသုံးဖို့ မလိုတော့ပါ။

ကျိုးစစ်နီ၏ ယွမ်ယွမ်လေးက မိန််းကလေးဖြစ် ကျိုးဝူနီ၏ ကလေးက သားဖြစ်သော်လည်း အဝတ်အစားများ ဝတ်ပေးလို့ ရပါသည်။

သားငယ်က ၂ ရက်လောက် နေပြီး ပြန်လာခဲ့ပါသည်။ ရွှယ်မိန့်လီ ဝယ်ပေးလိုက်သည့် ချောင်ဆမ်တစ်ထည်ဖြင့် ပြန်ရောက်လာခဲ့သည်။

လင်းချင်းဟယ်က ရွှယ်မိန့်လီကို ဖုန်းဆက်လိုက်၏။ "ရှင်က အမြင်ရှိသားပဲ။"

"ဘာအမြင်ရှိတာလဲ။ ရှင်က ကိုယ်လုံးကိုယ်ပေါက်လှပြီး အရှိန်အဝါကောင်းလို့ပေါ့။ ဘယ် ချောင်ဆမ်ကို ဖြစ်ဖြစ် ဝတ်ထားလို့ ရတယ်။” ရွှယ်မိန့်လီက ပြုံးလိုက်ပါသည်။

လင်းချင်းဟယ်ကလည်း ပြုံးလိုက်ကာ ကျိုးဝူနီအကြောင်း သူမကို ပြောလိုက်ပါသည်။ ရွှယ်မိန့်လီက ပြော၏။ "ဒီနှစ်တော့ သူ သေချာပေါက် အလုပ်သွားလို့ မရဘူး။ လာမယ့် နွေဦးရာသီမှ သွားတာ ပိုကောင်းတယ်။ အဲ့ကျရင် ကလေးကလည်း အများကြီး အရွယ်ရောက်နေလောက်ပြီ။ နို့ဖြတ်ပြီး အစာပျော့ ကျွေးလို့ရပြီ။ သူ အလုပ်လုပ်ချင်ရင် ပြန်လုပ်လို့ရပြီ။”

ကျိုးဝူနီ၏ ယောက္ခမအရင်းထက် ဒုတိယဒေါ်လေးဖြစ်သည့် ရွှယ်မိန့်လီက ယောက္ခမနဲ့ ပိုတူနေပါသည်။ သူမယောက္ခမကတော့ အိမ်က အမြဲတမ်း တစ်ခုခု ယူသွားဖို့သာ စဥ်းစားနေသည်။

ရွှယ်မိန့်လီနဲ့ သူမ စကားပြောခဲ့ပါသည်။ ထို့နောက် တတိယမရီးကို ဖုန်းဆက်လိုက်၏။ သူတို့ သမီးယောက်မနှစ်ယောက်သား ကျိုးဝူနီ၏ မီးဖွားမှုအကြောင်း ပြောကြပါသည်။

တတိယမရီးက အနည်းငယ် သက်ပြင်းချလိုက်သည်။ "သူက အဝေးကြီးမှာ အိမ်ထောင်ကျလို့သာပေါ့။ ငါသွားကြည့်ချင်ရင်တောင် အချိန်ကို စောင့်နေရတယ်။”

သူမ သမီးက ရှန်ဟိုင်းမြို့တော်လို မြို့ကြီးပြကြီးမှာ အိမ်ထောင်ကျသည်။ ကောင်းမွန်သော်လည်း သူမကို မကြာခဏ မတွေ့ရတော့ပါ။

ယခုက ဆိုင်တွင် အလွန်အလုပ်များနေချိန်ဖြစ်ပါသည်။ တတိယအစ်ကိုက ကုန်ပစ္စည်းများကို သွားယူရသည်။ အလွန် ပင်ပန်းရပါသည်။ သူမက ရောင်းချဖို့အတွက် ကူညီပေးရမည်။ ကလေးများကလည်း ပညာသင်နေရသဖြင့် မအားလပ်ကြပါ။

ထို့ကြောင့် သူမ အားလပ်သည်ဟု မရှိပေ၊။ နှစ်ကုန်ရောက်သည့်အခါတွင်တော့ သူမ သွားကြည့်လို့ ရလောက်ပါသည်။

လင်ချ်ငးဟယ်က ပြောလိုက်ပါသည်။ "လောလောဆယ်တော့ စိတ်မပူပါနဲ့ဦး။ အားလုံး အဆင်ပြေပါတယ်။”

တတိယမရီးက ပြုံးလိုက်ပြီး ကျိုးလျို့နီအကြောင်း ပြောပြလိုက်၏။

ကျိုးလျိို့နီ မနေ့က ပြန်လာသည်။ ဒေါက်မြင့်ဖိနပ် စီးကာ နီနီရဲရဲနှုတ်ခမ်းနီ၊ လက်ကိုင်အိတ်တို့ဖြင့် ပြန်ရောက်လာသည်။

"သူက ပိုက်ဆံတွေ အများကြီး ရတယ်ပေါ့" လင်းချင်းဟယ်က မျက်ခုံးပင့်ကာ မေးလိုက်ပါသည်။

"ပိုက်ဆံတွေ အများကြီးရလားတော့ မသိပါဘူး။ ဒါပေမမယ့် သူ ဝတ်စားထားတဲ့ပုံစံကြောင့် တခြားသူတွေ ဝေဖန်တာကိုတော့ အများကြီး ခံနေရတယ်။” တတိယမရီးက ပြောလိုက်ပါသည်။

ဒါက ၁၉၉၀ ခုနှစ်သို့ ရောက်ခါနီးပြီဖြစ်သော်လည်း မြို့ကြီးပြကြီးများက ပွင့်လင်းမြင်သာ ရှိလာရင်တောင် မြို့ငယ် ကျေးရွာများမှာတော့ အတော်လေး ရှေးဆန်ကြဆဲ ဖြစ်သည်။

ဒီလိုပြန်လာတာကိုမြင်သောအခါ လူတွေက သူမ အရှက်မရှိတော့ဘူးဟု အတင်းပြောကြသည်။ ထို့အပြင် ရွာထဲက သူမ၏ ရာဇဝင်ကြောင့် သူမ မကောင်းသည့် အလုပ်ထွက်လုပ်လာတာလားဟုပင် တွေးနေကြပါသည်။

ဒုတိယအစ်ကိုက ကျိုးလျို့နီကို စိတ်တိုပြီး ထိုဒေါက်မြင့်ဖိနပ်များကို လွှင့်ပစ်ကာ နှုတ်ခမ်းနီများကို သုတ်ပစ်ခိုင်းသည်။ သို့သော် ဖက်ရှင် ခေတ်ရှေ့ပြေးနေသည့် ကျိုးလျို့နီကတော့ ဘယ်လုပ်ချင်မည်နည်း။

ဒီတစ်ခေါက် သူမ ပြန်လာတော့ ယောက်ျားဟောင်းကို ငွေတွေ အများကြီး ပုံပေးကာ သားဖြစ်သူကို ပြန်ခေါ်ဖို့ ကြိုးစားခဲ့သည်။

သူမယောက်ျားဟောင်းတို့ မိသားစုက ကျိုးလျို့နီထံမှ ယွမ် ၁၀,၀၀၀ ရခဲ့ပါသည်။ သူမ အောင်မြင်နေသဖြင့် သူမသားကို ပြန်ပေးလိုက်ကြပါသည်။

သို့သော်လည်း ကျိုးလျို့နီက ကလေး မပျိုးထောင်တတ်ပါ။ အရင်ဘဝတုန်းက သူမသားမှာ ဂန်းစတားတစ်ယောက် ဖြစ်လာသည်။ သူမယောက်ျားတို့ မိသားစုက ပျိုးထောင်ပေးခဲ့ခြင်း ဖြစ်၏။ ဒီဘဝမှာတော့ ကျိုးခိုင်နဲ့ ညီအစ်ကိုတွေတောင် အောင်မြင်လာနိုင်သဖြင့် သူမသားကော မအောင်မြင်နိုင်ဘဲ နေပါ့မလား။

အစကတော့ သူမ ဘယ်လို ပျိုးထောင်ရမှန်း မသိတာတောင် သူ့ကို ခေါ်ချင်မိသည်။ ဒီတိုင်း စားစရာနဲ့ ပိုက်ဆံပေးထားရင် အဆင်ပြေပြီ မဟုတ်လား။

သူမ အခု ငွေမရှားတော့ပါ။

သို့သော်လည်း ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းချိန် ပြီးသောအခါ သူမ အဖေ မြို့တော်သို့ သွားမည်ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ဘာလုပ်ရမှန်း မသိသဖြင့် သူမသားကို သူမ၏ ဖခင်ဖြစ်သူနှင့် ထည့်ပေးလိုက်ပါသည်။

ထို့အပြင် သူမအဖေကို ယွမ် ၅,၀၀၀ လောက် ပေးပြီး သူမသားကို မြို့တော်ခေါ်သွားဖို့ ပြောလိုက်ပါသည်။

အခုချိန်ထိ ဘာတွေပြောင်းလဲသွားခဲ့တာလဲ သူမ မသိသေးပေ။ ဘာကြောင့် အရင်ဘဝနဲ့ ဒီဘဝမှာ စတုတ္ထမိသားစုက ဒီလောက် ပြောင်းလဲသွားခဲ့တာလဲ။ သူတို့မိသားစုဘဝက ပိုမိုကောင်းမွန်လာသဖြင့် သူမသားကို မြို့တော် ပို့လိုက်ရင်လည်း ပိုကောင်းမွန်လာနိုင်မလား။

ဒုတိယအစ်ကိုက သူမကို အလွန်ဒေါသထွက်သွားပါသည်။ သူက ဒီတိုင်းပြောပြခြင်း ဖြစ်သည်။ သူ့မြေးကို မြို့တော်သို့ ခေါ်သွားဖို့ စိတ်ကူး မရှိပါ။

လင်းချင်းဟယ်က ဒီအဖြစ်အပျက်ကို တတိယမရီးထံမှ ကြားခဲ့ရခြင်း မဟုတ်ပေ။ ထိုအကြောင်း ဖုန်းဆက်ပြောတာ ဒုတိယအစ်ကိုပဲ ဖြစ်သည်။

ဒုတိယအစ်ကိုက လျှာလိပ်ကာ ပြောမိသည်။ သူ့မြေးကို တကယ်ပဲ သူ့သားမက်ဟောင်းက ကောင်းကောင်းမွန်မွန် မပျိုးထောင်ခဲ့ပါ။ သူ့သမီး၏ စရိုက်လည်း ပါလာသည်။ သူ့မြေးသာ ဒီမှာ ဆက်နေပါက သေချာပေါက် အနာဂတ်မှာ အလားအလာရှိမှာ မဟုတ်ပေ။

ထို့ကြောင့် သူ့ကို သူနဲ့အတူ ခေါ်လာချင်မိသည်။

"ဒါဆိုလည်း ခေါ်လာခဲ့လိုက်ပါ" လင်းချင်းဟယ်က ပြောလိုက်သည်။

ခွင့်ပြုလိုက်ရသည့် အကြောင်းရင်းကတော့ ဒုတိယအစ်ကို၏ မျက်နှာကို ထောက်သောကြောင့် ဖြစ်ပါသည်။ သို့သော်လည်း တစ်ခါသာ ရမည်။

ဒုတိယအစ်ကို စိတ်အေးသွားရပါသည်။ မြေးကို ခေါ်လာခြင်းက ပညာရေးပြဿနာ ရှိသည်။ ထို့ကြောင့် စတုတ္ထယောက်မထံမှ အကူအညီယူရပါမည်။

ကျိုးလျို့နီက တာဝန်သိတတ်သည့် လူ မဟုတ်ပေ။ ငယ်ငယ်လေးကတည်းက ဒီလိုပဲ ဖြစ်၏။

ဒုတိယအစ်ကို ဒီလိုဖုန်းမဆက်ရသေးခင်မှာပင် သူမ ပြန်ထွက်သွားပြီ ဖြစ်သည်။ သူမ ဘယ်ကို သွားတာလဲ မသိရပါ။ ပိုက်ဆံ ထပ်သွားရှာတာ ဖြစ်နိုင်ပါသည်။

ကျေးရွာဘက်မှာ ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းချိန် ပြီးဆုံးသောအခါ ရွာထဲမှာ ဒုတိယအစ်ကို စိတ်မချစရာ မရှိတော့ပါ။ ထို့ကြောင့် မြို့တော်ကို ဖုန်းဆက်ခဲ့၏။ သူ မသွားတတ်သဖြင့် သားငယ်က သူ့ကို လာခေါ်ခဲ့ရပါသည်။

သားငယ် ရောက်လာပြီး မြေးအဘိုးနှစ်ယောက်ကို မြို့တော်သို့ ရထားဖြင့် ခေါ်လာခဲ့၏။

အဖေကျိုးနဲ့ အမေကျိုးတို့ကို မြင်လိုက်ရသောအခါ ဒုတိယအစ်ကို၏ ဝမ်းနည်းနာကျင်ပြီး မျက်ရည်များ ပြည့်နှက်နေသော မျက်နှာထားကို ဖော်ပြဖို့ မလိုတော့ပါ။ မျက်ရည်များ ဆက်တိုက် ကျလာသည်ဟုသာ ပြောနိုင်ပါသည်။

ကျိုးလျို့နီ၏ သားနာမည်က ကျိုးကုံကျစ် ဖြစ်သည်။ အမှန်ပင်။ ကျိုးလျို့နီက ထိုနာမည်ကို မကြိုက်သဖြင့် ကျိုးခန်းဟု ပြောင်းထားပါသည်။

ကျိုးခန်းတွင် ရှက်ကြောက်တတ်သော စရိုက် ရှိသည်။ မိထွေးတစ်ယောက်၏ လက်အောက်တွင် ခက်ခဲသော ဘဝမျိုးဖြင့် နေခဲ့ရသောကြောင့် ဖြစ်နိုင်၏။ သူ့အဖေကလည်း အစွမ်းအစ သိပ်မရှိပါ။ သူ့အမေကိုတော့ ပြောဖို့ မလိုတော့ပေ။

ရွာထဲမှာ တခြားကလေးများ မကြာခဏ အနိုင်ကျင့်တာကို ခံခဲ့ရပါသည်။

သို့သော်လည်း ဒီကိုရောက်လာပြီးနောက် ခြားနားသွားပါသည်။ ဝတ်စရာ အဝတ်အစားအသစ်များနဲ့ အရသာရှိသော အစားအသောက်များလည်း ရှိပါသည်။ သူ့ဘိုးဘိုးကြီးနှင့် ဘွားဘွားကြီးတို့ကလည်း သူ့ကို အလိုလိုက်ကြပါသည်။

နောက်တော့ ကျိုးလျို့နီ အရင်ဘဝက လမ်းကိုပဲ လျှောက်မိပြီး တစ်သက်တစ်ကျွန်း ထောင်ကျသွားသောအခါ အရွယ်ရောက်ပြီးသား ကျိုးခန်းက သူမကို အဝေးမှ လာကြည့်သည်။

အရင်ဘဝက ကလေကချေပုံစံမျိုးနဲ့ လုံးဝ ခြားနားနေသည့် သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော သူမသားကို ကျိုးလျို့နီ မြင်လိုက်ရသောအခါ သူမသားကို အဖေဖြစ်သူနှင့် မြို့တော်သို့ ထည့်ပေးလိုက်တာ ကံကောင်းသည်ဟု ခံစားလိုက်ရပါသည်။

သူမ စတုတ္ထဒေါ်လေးကကော သူမ လိုပဲလားဆိုတာ မသိသေးပါ။ မဟုတ်လောက်ဘူးဟု ထင်မိပါသည်။

အနည်းဆုံးတော့ မုန်းဖို့ကောင်းသည့် စတုတ္ထဒေါ်လေးက မျိုးဆက်ငယ်များကို သေသေချာချာ ပျိုးထောင်တတ်ပါသည်။

ကျိုးခိုင်က ဘယ်လောက်တောင် အလားအလာမရှိတဲ့လူလဲ သူမ သိသည်။ အရင်ဘဝတုန်းက နံရံပေါ် မကပ်နိုင်သည့် ရွှံ့သာသာ ဖြစ်သည်။

သို့သော်လည်း ဒီဘဝမှာတော့ အများကြီး တိုးတက်လာခဲ့ပါသည်။

ဒါတွေအားလုံးက လင်းချင်းဟယ် ကျေးဇူးကြောင့်ဆိုတာ သူမ သိပါသည်။ အဘယ့်ကြောင့်ဆိုသော် အရင်တုန်းက သူမ အဖေကို ဖုန်းဆက်ဖူးသည်။ အကြိမ်တော်တော်များများက သူမသားနဲ့ စကားပြောဖို့ ဖုန်းဆက်ခြင်း ဖြစ်ပါသည်။ သူမအဖေ သို့မဟုတ် သူမ အဘိုးအဘွားများက ခန်းခန်း အိမ်မှာ မရှိကြောင်း၊ စတုတ္ထအဘွား၏ အိမ်သို့ သွားကြောင်း ပြောသည်။

သူမ စတုတ္ထဒေါ်လေးက သူမကို သဘောမကျဘဲ အထင်သေးသော်လည်း သားဖြစ်သူကိုတော့ အထင်မသေးခဲ့ပါ။

၁၉၉၅ ခုနှစ်တွင် အဘိုးဝမ်က အပြုံးဖြင့် သက်တောင့်သက်သာ ဆုံးပါးသွားခဲ့ပါသည်။

သူ့ဘဝတွင် အစောပိုင်း နေ့ရက်များ၌ အများကြီး ခံစားခဲ့ရသည်။ နောက်တော့ ခေါင်းကိုင်သားတစ်ယောက် ရခဲ့ပြီး ထိုနောက်ပိုင်းမှစကာ သူ့ဘဝ ပိုကောင်းလာခဲ့ပါသည်။

သူ့မှာ ခေါင်းကိုင်သား တစ်ယောက် ရှိသည်။ သူ့မြေးများက သူ့ကို သက်တောင့်သက်သာ ရှိစေခဲ့သည်။ အိုမင်းမစွမ်း သူ့နေ့ရက်များက အလွန် ပျော်ဖို့ကောင်းခဲ့ပါသည်။ ဘာမှ နောင်တရဖို့ မရှိပါ။

သူ့ပိုင်ဆိုင်မှုက အိမ်ခြံဝန်းကြီးတစ်ခု ဖြစ်သည်။ ထိုအိမ်ခြံဝန်းကြီးကို ငှားရမ်းထားပြီး နှစ်ပေါင်းများစွာ ကျိုးချင်းပိုင်က စီမံထားပါသည်။

အဘိုးဝမ်က အိမ်ခြံဝန်းကြီးကို အမွေလွှဲပြောင်းပေးပြီးတာ ကြာပါပြီ။ သူ့ခေါင်းကိုင်သား ကျိုးချင်းပိုင်၏ နာမည်ဖြင့် ဖြစ်ပါသည်။ ခေါင်းကိုင်မြေးများအတွက်တော့ စုထားသည့် ငွေများ အမွေပေးခဲ့သည်။ အမှန်ပင်။ အများကြီးတော့ မဟုတ်ပါ။ တစ်ယောက်ကို ၅,၀၀၀ ယွမ်စီ ပေးခဲ့ပါသည်။

လင်းချင်းဟယ်ကို ကျောက်စိမ်းဧကရာဇ်လက်စွပ်တစ်ကွင်း အမွေပေးခဲ့ပါသည်။ ထိုလက်စွပ်က သူနှစ်ပေါင်းများစွာ စုဆောင်းထားသည့် တန်ဖိုးကြီးပစ္စည်း ဖြစ်ပါသည်။

ဒါတွေအားလုံးကို သူ မဆုံးပါးခင်ကတည်းက အကုန်လုံး ဆောင်ရွက်ပြီးသား ဖြစ်သည်။ ထို့အပြင် သေတမ်းစာ တစ်ခုကိုလည်း ရေပေးခဲ့သည်။ သူ့ကို အိုမင်းချိန်တွင် စောင့်ရှောက်ပြီး ကောင်းကောင်းမွန်မွန် ထွက်ခွာခွင့်ပေးခဲ့တာ သူ့ ခေါင်းကိုင်သားနှင့် ခေါင်းကိုင်ချွေးမတို့ ဖြစ်ကြောင်း ရေးထားသည်။ ထိုပစ္စည်းတွေအားလုံးကို သူတို့သာ ဆက်ခံရမည်ဖြစ်ကြောင်းပါ ပါဝင်ပါသည်။

တကယ်တော့ အဘိုးဝမ် ဘာကြောင့် ဒီလိုသေတမ်းစာ ရေးခဲ့လဲဆိုတာ လင်းချင်းဟယ် မသိသေးပါ။

နောက်ပိုင်း ၂၀၀၀ ခုနှစ်လောက်တွင် အဘိုးဝမ်၏ သားနဲ့ ချွေးမတို့ နိုင်ငံခြားက ပြန်လာကြသည်။ အရင်တုန်းက သင်္ဘောပျက်စီးမှုကြောင့် လင်မယားနှစ်ယောက် မသေဆုံးခဲ့ကြပေ။ အကြောင်းမှာ သူတို့ သင်္ဘောပေါ်ကို အချိန်မီ မတက်ခဲ့ကြသောကြောင့် ဖြစ်ပါသည်။ ရုတ်တရက် အပြင်းဖျားသဖြင့် တရုတ်သမားတော်ကြီးတစ်ယောက်၏ အိမ်တွင် ပုန်းခိုနေခဲ့ကြ၏။ ၁ လလောက် ကြာသွားပြီးမှ သူတို့ ထွက်လာနိုင်ခဲ့ပါသည်။

အဘိုးဝမ်က ဘယ်သူ့ကိုမှ မပြောခဲ့ပါ။ သူ့သားနှင့် ချွေးမတို့ သေဆုံးပြီဟုလည်း နှစ်ပေါင်းများစွာ တိုင်အောင် မယုံကြည်ခဲ့ပါ။ သူတို့ကို နှစ်တွေ အကြာကြီး စောင့်နေခဲ့သည်။ သူ ကျန်းမာရေး မကောင်းတာတောင် သူတို့ ပြန်လာမည့်အချိန်ကို စောင့်နေခဲ့၏။

နောက်ဆုံးတော့ သူ မစောင့်နိုင်ခဲ့တော့ပါ။ ဒီလိုသေတမ်းစာရေးခဲ့ခြင်းက လိုရမယ်ရ ဖြစ်ပါသည်။

သူ့သားနှင့် ခေါင်းကိုင်သားတို့ ပဋိပက္ခဖြစ်မှာကို ကာကွယ်ဖို့ ဖြစ်ပါသည်။

သူ့သားကို သူ ချစ်ပါသည်။ သို့သော် နှစ်ပေါင်းများစွာ အသက်ရှင်နေသေးကာ သူ့ကို ပြန်လာမတွေ့တာသာ တကယ်ဖြစ်ပါက တကယ်ပဲ ရက်စက်ပါသည်။

ပိုင်ဆိုင်မှုအားလုံးကို သူ့ကို စောင့်ရှောက်ခဲ့ပြီး သူ့ဘဝအဆုံးသတ်တွင် ပို့ဆောင်ပေးခဲ့သည့် ခေါင်းကိုင်သားအတွက်သာ အမွေပေးခဲ့သည်။ ထို့ကြောင့် ဘယ်သူမှ ဘာမှ မပြောနိုင်ပါ။

သို့သော်လည်း အဘိုးဝမ်၏ သားနဲ့ ချွေးမတို့က သဘောမတူချင်ပါ။

ခေတ်သစ်တွင် မြို့တော်မှာ အိမ်ခြံဝန်းကြီး တစ်လုံးဆိုတာ ဘယ်လောက်တောင် တန်ဖိုးရှိလိုက်သလဲ။ သူတို့က မြို့တော်မှာလည်း သိပ်အဆင်မပြေကြပေ။ ကျိုးချင်းပိုင်ကို ဒီတိုင်းပဲ ပေးလိုက်နိုင်ပါ့မလား။

ထို့ကြောင့် သူတို့ တရားရင်ဆိုင်ခဲ့ကြ၏။ နောက်ဆုံးမှာတော့ လင်မယားနှစ်ယောက် သားဖြစ်သူနဲ့ အရှက်ရစွာ နိုင်ငံခြားသို့သာ ပြန်သွားရပါတော့သည်။

အဘိုးဝမ်၏ သေတမ်းစာကြောင့် သူတို့က သားအရင်းဖြစ်နေရင်တောင် တရားရုံးက ခွင့်ပြုမှာ မဟုတ်ပါ။

ဒီနှစ်တွေတောအတွင်း သူတို့ မိဘကို ပြုစုလုပ်ကျွေးရမည့်တာဝန်ကို မကျေပွန်ခဲ့ပေ။ ထို့အစား ခေါင်ကိုင်သားဖြစ်သူ ကျိုးချင်းပိုင်ကသာ ၁၀ နှစ်ကျော်လောက်အထိ အဘိုးဝမ်ကို စောင့်ရှောက်ခဲ့သည်။ အဘိုးဝမ် သူ့နေဝင်ချိန်နှစ်များကို ပျော်ပျော်ကြီး ဖြတ်သန်းခဲ့ရပြီး နောက်ဆုံးတော့ အပြုံးဖြင့် ထွက်ခွာသွားနိုင်ခဲ့၏။

တရားရုံးက လင်မယားနှစ်ယောက်ဘက်ကို ပါမည် မဟုတ်ပါ။

လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ကလည်း စိတ်မပျော့ကြပေ။ ကျိုးမိသားစု၏ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှုနဲ့ဆို အိမ်ခြံဝန်းကြီးက သူတို့မျက်လုံးထဲမှာ အရေးတောင် သိပ်မပါတော့ပေ။

သူတို့မိသားစု ပြန်လာပြီး အမွေပိုင်ဆိုင်မှုအတွက် တိုက်ခိုက်တာကို ကြည့်ရုံနဲ့တင် ဘာမှ ဆွေးနွေးဖို့ မလိုတော့ပါ။

အဖေကျိုးနဲ့ အမေကျိုးတို့၏ ကျန်းမာရေးကတော့ အဘိုးဝမ်ထက် အနည်းငယ် ပိုကောင်းပါသည်။

သူတို့လင်မယားနှစ်ယောက် ၂၀၀၂ ခုနှစ်အထိ နေထိုင်ခဲ့ကြသည်။ ယနေ့ခေတ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကြွယ်ဝမှုများကို မြင်တွေ့ခဲ့ရပြီးနောက် သူတို့လည်း အပြုံးဖြင့် ထွက်ခွာသွားကြပါသည်။ သူတို့နှစ်ယောက်စလုံး သက်တမ်းစေ့ နေထိုင်ခဲ့ရပြီး ပျော်ရွှင်စွာ ဆုံးပါးသွားခဲ့ရပါသည်။

ကလေးတွေကော၊ မြေးတွေကော အားလုံး အဘိုးအဘွားနှစ်ယောက်ကို နောက်ဆုံးအကြိမ်အဖြစ် လာတွေ့ခဲ့ကြသည်။

ကျိုးချင်းပိုင်၏ စိတ်အခြေအနေ ဒီနှစ်ထဲ သိပ်မကောင်းပါ။ သူ့မိဘများက အသက်ကြီးသော်လည်း သူတို့ ထွက်ခွာသွားရသည်ကို မြင်သောအခါ အလွန်တုန်လှုပ်မိပါသည်။

လင်းချင်းဟယ်က သူ့ကို နောက်တစ်လလောက်ကြာတော့ ခေါ်ထုတ်လာခဲ့သည်။ တခြား ဘယ်သူ့ကိုမှ မခေါ်ပါ။ လင်မယားနှစ်ယောက်တည်း ခရီးထွက်ခဲ့ကြသည်။

သူတို့ အပြင်မှာ တစ်လလောက် ခရီးထွက်ခဲ့ကြပြီးမှ အိမ်ပြန်လာခဲ့ပါသည်။

All Chapters