← Chapters

အခန်း(၆၉၇) အရံဇာတ်လမ်းများ (၃) သားကြီး ကျိုးခိုင်

Vol. 50 Ch. 697

အခန်း(၆၉၇) အရံဇာတ်လမ်းများ (၃) သားကြီး ကျိုးခိုင်

Vol. 50 Ch. 697

အခန်း(၆၉၇) အရံဇာတ်လမ်းများ (၃) သားကြီး ကျိုးခိုင်

သားကြီးက အသက် ၁၉ နှစ်တွင် စခန်းသို့ ဝင်ခဲ့သည်။ ထိုအချိန်ကစပြီး ရာထူးများ တက်ခဲ့သည်။ သူ အသက် ၃၀ ရောက်သောအခါ မေဂျာရာထူးကိုပင် ရခဲ့ပါသည်။

သူ့အနာဂတ်က တကယ်ပဲ အကန့်အသတ် မရှိလှပေ။

သို့သော်လည်း ဘာကြောင့်မှန်းမသိဘဲ ကျိုးခိုင် တစ်ခါတစ်လေ အိပ်မက်များ မက်ပါသည်။

သူ့အိပ်မက်ထဲတွင် သူက အလုပ်အတည်တကျမရှိသည့် လူတစ်ယောက်ဖြစ်လာပြီး သူ့ညီနှစ်ယောက်ကို အမှောင်ထဲသို့ ဦးဆောင်သွားခဲ့သည်။ တစ်ဘဝလုံး မှောင်မိုက်နေသည့် လမ်းမျိုး ဖြစ်သည်။

သူ လမ်းမှားလျှောက်မိသဖြင့် နောက်ဆုံး  ကွပ်မျက်ခံလိုက်ရသည်ဟုတောင် အိပ်မက်မက်ခဲ့ပါသည်။

ကျည်ဆံ သူ့ကို ထိသောအခါ ချက်ချင်းပဲ လန့်နိုးလာခဲ့၏။ အိပ်မက်ဖြစ်ကြောင်း သိသော်လည်း သူ အလွန်ကြောက်လန့်မိပါသည်။

တကယ်တော့ ဘာကြောင့် ဒီလို ကြက်သီးထစရာ အိပ်မက်မျိုး မက်တာလဲ သူ မသိခဲ့ပါ။

သူ တစ်ခါမှ လမ်းမှားမလျှောက်ဖူးဘဲ အဖွဲ့၏ အမိန့်နဲ့ လမ်းညွှန်ချက်များကို လိုက်နာခဲ့သည်။

ကောင်းတာတစ်ခုက ဒီအိပ်မက်ကို တစ်ခေါက်မက်ပြီးနောက် သတိပေးချက်တစ်ခုလို ယူဆခဲ့ပြီး ကိုယ့်ကိုယ်ကို ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် လမ်းမှားမလိုက်မိအောင် သတိပေးခဲ့ပါသည်။

ကျိုးခိုင်၏ ဘဝကလည်း အတော်လေး ချောမွေ့ပါသည်။ မကြာခဏဆိုသလို သူ့မိတ်ဆွေဟောင်းများကို ဖုန်းဖြင့် စကားပြောတတ်ပါသည်။

သူ့မိတ်ဆွေဟောင်းက ဟန်ရှုကျယ် ဖြစ်သည်။ ကျုံးချင်းဟုခေါ်သည့် မိန်းကလေးတစ်ယောက်ကို လက်ထပ်ထားသူလည်း ဖြစ်ပါသည်။ သူတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားကြပြီး ထက်မြက်သည့် သားလေးတစ်ယောက်ကို မွေးဖွားခဲ့သည်။

ဟန်ရှုကျယ် ပြည်နယ်သို့ အပို့ခံလိုက်ရတာကို ကျိုးခိုင် မနာလိုမဖြစ်ပါ။ သူ မနာလိုဖြစ်မိတာက သူ့မိတ်ဆွေဟောင်း၏ မိသားစုက ဒီလိုသားမျိုးကို ရလောက်ခြင်းကို ဖြစ်ပါသည်။

သူနဲ့ ဝိန်မေ့ကျားတို့ သားကလည်း မတုံးအပါ။ သူတို့သားနဲ့ မယှဥ်နိုင်ရုံသာ ဖြစ်သည်။

သူတို့သား၏ ပါးနပ်မှုက လမ်းမှန်အတွက် အသုံးချဖို့ဖြစ်ပြီး ကျိုးခိုင်တို့သား၏ ပါးနပ်မှုကတော့ မကောင်းသည့်ကိစ္စများအတွက် အသုံးချဖို့ ဖြစ်သည်။

အသက် ၃ နှစ်လောက်ကတည်းက သူ့သားက ခွေးများ မုန်းသည့် သတ္တဝါ ဖြစ်လာသည်။ အသက် ၅ နှစ်ရောက်သောအခါ သူ့ကို မြင်တာနဲ့ ခွေးများ ကြောင်များက ချက်ချင်း တန်းပုန်းကြ၏။ ဒါက အနံ့ရတာနဲ့ ခွေးများ ကြောင်များ ကြောက်ကြသည်ဟု ဆိုနိုင်ပါသည်။

အသက် ၇ နှစ်လောက်တွင် တံခါးလာခေါက်သည့်လူများအား ဝိန်မေ့ကျားနဲ့ ကျိုးခိုင်တို့ တောင်းပန်နေရပြီ ဖြစ်သည်။

ဒီကောင်စုတ်လေးက အလွန်ဆိုးလွန်းပါသည်။ ကျိုးခိုင်က သူ့ကို ခါးပတ်ဖြင့် မကြာခဏ ရိုက်ရသည်။

သူက ကလေးများကို ရိုက်တတ်သည့် လူမျိုး မဟုတ်ပါ။ သူ့အဖေကလည်း သူတို့ ညီအစ်ကိုများကို ငယ်ငယ်ကတည်းက မရိုက်ဖူးပါ။ အခု သူက အဖေဖြစ်လာပြီဖြစ်ဖြင့် ဘယ်လိုလုပ် ရိုက်ရမည်နည်း။

သို့သော်လည်း တခြားနည်းလမ်း မရှိပေ။ မရိုက်လို့မရတော့ပါ။ ကျိုးခိုင်က သူ့ကိုယ်သူ စည်းကမ်းမဲ့သည်ဟု ထင်ဖူးသည်။ ငယ်စဥ်ကတည်းက ဆိုးသွမ်းသည်ဟု ထင်ဖူးသည်။ သူက ဆိုးသွမ်းခဲ့သော်လည်း စကားနားမထောင်တာမျိုးတော့ မလုပ်ဖူးပါ။

သူကလေးဘဝတုန်းက သူ့ကို အရမ်းမဆိုးအောင် သူ့အမေက စားသောက်ပွဲတစ်ခုကို အသုံးပြုတတ်သည်။ သူ အရမ်းဆိုးသွမ်းရဲပါက သူ့အမေက ဟင်းလျာကောင်းများ ချက်ပြုတ်ကာ သူ့ညီများ စားသောက်တာကို ထောင့်က ရပ်ကြည့်ခိုင်းထား၏။ ဒီ့ထက် ပိုရက်စက်သည့် နှိပ်စက်နည်းမျိုး မရှိတော့ပါ။

သို့သော်လည်း ဒီကလေးကတော့ ဂရုမစိုက်ပါ။ သူက ရွှေသော့ဖြင့် မွေးလာသည့် ကလေး ဖြစ်သည်။ သူတို့ ငယ်ငယ်တုန်းကလို အစားသောင်းကျန်းသူ မဟုတ်ပါ။ သူ့ကို လုံးဝ မက်လုံးပေးလို့ မရပေ။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ ရိုက်ဖို့သာ ရှိပါတော့သည်။

သို့သော်လည်း ရိုက်တာက သက်ရောက်မှု သိပ်မရှိပါ။ ထိုကောင်လေး၏ အရိုးများက ပိုပြီး ကြံ့ကြံ့ခံနိုင်လာသည်။

နောက်ဆုံးမှာတော့ တခြားရွေးချယ်စရာ မရှိတော့ဘဲ သူ့မိဘများကို ဖုန်းဆက်ပြီး မြို့တော်သို့ ပို့လိုက်ရတော့သည်။

သူ ထွက်သွားခါမှ စခန်းတစ်ခုလုံး ပြန်လည် လန်းဆန်းလာတော့သည်။ ခွေးများ ကြောင်များလည်း အခုမှ လမ်းထွက်လျှောက်ကြ၏။

ကျိုးခိုင်၏ သားအမည်က ကျိုးကျွီဖြစ်သည်။

လင်းချင်းဟယ်က သူမမြေးကို စိတ်ဓာတ်ကြမ်းတမ်းသဖြင့် ယဲ့မာဟုခေါ်သည်။

သူ ရောက်လာတာနဲ့ အဘွားလင်းချင်းဟယ်နဲ့ အဘိုးကျိုးချင်းပိုင်တို့က နွေရာသီအားလပ်ရက် ဖြစ်သဖြင့် ခရီးသွားဖို့ သူ့ကိုခေါ်သွားပါသည်။ ခရီးကပြန်လာသောအခါ သူ အနည်းငယ် ပိုစကားနားထောင်လာပါသည်။

အဘယ့်ကြောင့်ဆိုသော် သူသာ စကားနားထောင်ပါက ခရီးသွားတိုင်း သူ့ကိုခေါ်သွားမည်ဟု အဘိုးအဘွားများက ကတိပေးထားသောကြောင့် ဖြစ်ပါသည်။

သူ ကျောင်းမှာ စာသွားသင်ခဲ့သည်။ စာသင်နှစ်တစ်ခုလောက်တော့ ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ပါသည်။ ရန် ၃ ကြိမ်သာ ဖြစ်ခဲ့သည်။ တော်တော်လေး တိုးတက်လာသည်ဟု သတ်မှတ်နိုင်ပါသည်။

ပြောရမည်ဆိုလျှင် ယဲ့မာလေးက မြို့တော်ကို ပိုသဘောကျပါသည်။ သူ စခန်းကို မသွားချင်ပါ။

မြို့တော်မှာ ပျော်စရာတွေ များပြားသည်။ နွေရာသီတွင် သူ့အဘိုးက ရေကူးဖို့ သူ့ကို ခေါ်သွားသည်။ ဆောင်းရာသီတွင် နှင်းလျှောစီးဖို့ ခေါ်သွာား၏။

အမှန်ပင်။ သူ အကြိုက်နှစ်သက်ဆုံး အရာကတော့ ဆင်ခြေဖုံးက စိုက်ပျိုးရေးခြံကြီး ဖြစ်ပါသည်။

အပတ်တိုင်း နားရက်တွင် ထိုနေရာသို့ သွားကိုသွားရမည်။ မြင်းစီးကာ မြင်းများကို အစာကျွေးဖို့ သွားလေ့ရှိသည်။ နွားများ၊ မြည်းများ စီးလို့လည်း ရသည်။ သူ အကုန်စီးပါသည်။

ထို့အပြင် အထိုးအကြိတ် ခံနိုင်သည့် ညီလေးနှစ်ယောက်လည်း ရှိသည်။ သူတို့က အထိုးအကြိတ် ခံနိုင်ရည်ရှိသဖြင့် သူနဲ့ ပျော်ပျော်ရွှင်ရွှင် ကစားကြပါသည်။

ယဲ့မာလေးက စိုက်ပျိုးရေးခြံ၏ အခြေအနေကို သဘောကျပါသည်။ အလွန်ကျယ်ဝန်းသည်။ မနက်ပိုင်းရောက်လာသောအခါ ညဘက်မှ ပြန်လေ့ရှိသည်။ ဒီလို အားအင်တွေ ဘယ်က ရောက်လာသလဲ မသိပါ။ အားအင်က အလွန်ပြင်းထန်လွန်းပါသည်။

သူ့မိဘများနဲ့ ဖုန်းပြောသည့်အခါ ပြန်မလာတော့ဘူးဟု ပြောလေ့ရှိသည်။ အလွန်ပျင်းဖို့ကောင်းသည်ဟု ဆို၏။ နေရာက ကျဥ်းကာ ပျော်စရာလည်း ဘာမှ မရှိပေ။ သူက မြို့တော်ကိုသာ ပိုသဘောကျပါသည်။ ကစားစရာများစွာ ရှိပါသည်။

ဥပမာအားဖြင့် သူ့အဘိုးအဘွားများ၏ အိမ်ခြံဝန်းကြီးထဲတွင် သူ့အဘိုးက စကားပြောတတ်သည့် သာလိကာနဲ့ ကြက်တူရွေးတချို့ကို မွေးထား၏။ သူတို့ကို စကားပြော သင်ပေးရတာ ကြိုက်နှစ်သက်ပါသည်။

အတိုချုန်းပြောရလျှင် မြို့တော်က ပိုကောင်းသည်။ စခန်းက ဆိုးသည်။ သူ မပြန်ချင်ပါ။ သူ့မိဘများ အားလပ်ပါက မြို့တော်မှာ သူ့ကိုလာတွေ့နိုင်ပါသည်။

အလွန် ပြတ်သားလွန်းသည်။ ဘယ်လို ငှက်ပေါက်မျိုးကမှ ငှက်သိုက်ကို သံယောဇဥ် မရှိကြပါ။

သူက အကျင့်မကောင်းသည့် ကောင်လေးဖြစ်သော်လည်း တရားမျှတမှုရှိသည့် လူဆိုးကောင်လေး ဖြစ်ပါသည်။ မူကြိုအရွယ်ကလေးတိုင်းလိုပဲ မှန်မှန်ကန်ကန် ကိုင်တွယ်ပါက ချော့မြူဖို့ လွယ်ကူပါသည်။

သူ့ကို ရိုက်ရိုက်၊ ဆူဆူ၊ မုန့်ဖိုးများ မပေးရင်တောင် ဂရုမစိုက်ပါ။ သို့သော်လည်း သူ့ကို နောက်တစ်ခေါက် ခရီး မခေါ်သွားတော့ဘူး သို့မဟုတ် နောက်တစ်ပတ် စိုက်ပျိုးရေးခြံကို မသွားရတော့ဘူးဟု ပြောလိုက်ပါက သူ လုပ်ရဲမှာ မဟုတ်ပါ။ အများကြီး ပိုလိမ္မာလာပါလိမ့်မည်။

ကျိုးမိသားစု၏ အကြီးဆုံးမြေးဖြစ်သဖြင့် လင်းချင်းဟယ်က သူ့ကို ဖန်လုံအိမ်ထဲက ပန်းလေးလို မကြီးပြင်းလာစေချင်ပါ။ သူက ကြမ်းတမ်းရင်တောင် လမ်းမှန်လျှောက်နေသေးသရွေ့ ကိစ္စမရှိပေ။

မာလေးက သူ့အဘိုးနဲ့ အဆင်ပြေပါသည်။ သို့သော်လည်း သူ့အဘွား စိတ်တိုသည့် မျက်နှာမျိုး လုပ်သည့်အခါ သူ အနည်းငယ် ကြောက်တတ်ပါသည်။

အဘယ့်ကြောင့်ဆိုသော် သူ့အဘွားက မိသားစုထဲမှာ အကြီးမားဆုံး ဖြစ်သောကြောင့် ဖြစ်ပါသည်။ သူ့အဘွားက ၁ ဟုပြောလျှင် ဘယ်သူမှ ၂ ဟု မပြောရဲကြပါ။ သူမက သူ့ထက်တောင် ပိုဆိုးပါသည်။ ရန်သွားစလိုက်ပါက သူမ ပြောတာကို ဖြစ်အောင်လုပ်နိုင်ပါသည်။ သူ့ကို ဘာမှ ကစားခိုင်းမှာ မဟုတ်သလို ဘယ်ကိုမှလည်း သွားခွင့်ပေးမှာ မဟုတ်ပေ။

ရလဒ်အနေဖြင့် လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို နှစ်ယောက်တည်းရှိချိန်တွင် မြေးဖြစ်သူကို အတိုင်းအတာမရှိ အလိုလိုက်သည်ဟု အပြစ်တင်တတ်ပါသည်။

ယဲ့မာသာ သားတစ်ယောက်ဖြစ်နေပါက ကျိုးချင်းပိုင် သေချာပေါက် သဘောတူမှာ မဟုတ်ပေ။ မျိုးဆက်ကွာခြားမှု တစ်ခုရှိခြင်းက ဟာသ မဟုတ်ပါ။ ကျိုးချင်းပိုင်က သူ့မြေးကို အလွန်ချစ်ပါသည်။

သူက အနည်းငယ် ဆိုးသွမ်းသည်။ သို့သော်လည်း တခြားလူတွေ ချစ်မြတ်နိုးတာကို ခံရနိုင်သည်။

ယဲ့မာလေးကို မြို့တော်သို့ ပို့လိုက်တုန်းက သူ့အဘေးများ အသက်ရှင်နေကြဆဲ ဖြစ်သည်။ လူကြီးနှစ်ယောက်က သူတို့ အသက်သွေးမြစ်လို သူ့ကို ချစ်ကြပါသည်။

ရှင်းရှင်းပြောရလျှင် သူက သူ့အဖေငယ်ငယ်တုန်းက ပုံစံနဲ့ တစ်ပုံစံတည်းဖြစ်ပါသည်။

ယဲ့မာလေးက သူ့ရဲ့ မကောင်းဆိုးဝါးလို အဖေနဲ့ မတူချင်ဘူးဟု စိတ်ထဲက ပြောမိပါသည်။

သူ ငယ်စဥ်တုန်းက ဆိုးသွမ်းသော်လည်း အရွယ်ရောက်လာတာနဲ့ အသိစိတ်လေး ဝင်လာခဲ့ပါသည်။ အထူးသဖြင့် အထက်တန်းကျောင်းသို့ ရောက်သောအခါတွင်ဖြစ်သည်။ သူက ၆ပေ ၁လက်မလောက် အရပ်ရှည်ပါသည်။ သူ့မိဘများ၏ ဗီဇအရဆို သေချာပေါက် အနာဂတ်မှာ ၆ပေ ၃လက်မအောက် မနိမ့်ကျနိုင်ပါ။

အရွယ်ရောက်လာပြီးနောက် ယဲ့မာလေးက အသိစိတ်ဝင်လာပြီး သိတတ်လာပါသည်။

အရင်တုန်းက သူ့အဘိုးအဘွားများက သူ့ကို ခရီးများ လိုက်ပို့ပေးသည်။ သူ အရွယ်ရောက်လာတော့ သူက အဘိုအဘွားများကို ခရီးပြန်လိုက်ပို့ပေးသည်။ အမြဲတမ်း နွေရာသီအားလပ်ရက်တွင် သွားကြပါသည်။

အမှန်ပင်။ သွားသောအခါတွင်လည်း သူ့ဒုတိယဦးလေးနဲ့ တတိယဦးလေးတို့၏ ညီအစ်ကိုမောင်နှမများ ပါဝင်ကြပါသည်။

အကြီးဆုံးအစ်ကိုဟူသော အသိစိတ်ရှိသည့် ယဲ့မာလေးက သူတို့ကို စောင်ံ့ရှောက်ပါသည်။ အပြင်ထွက်သည့်အခါ ပိုက်ဆံအားလုံးကို ရှင်းပေးသည်။ သူတို့ စားဖို့သောက်ဖို့နဲ့၊ ပျော်ဖို့ပါးဖို့သာ ရှိပါသည်။

စစ်တက္ကသိုလ်ထဲဝင်ရောက်ပြီးနောက် ယဲ့မာလေးက သူ့အဖေကို အတုယူကာ အဖေ့ခြေရာအတိုင်း လိုက်ခဲ့ပါသည်။

ကျိုးမိသားစု၏ ဂိတ်တံခါးဝကြီးက နောက်ပိုင်း သူ့ကို ထောက်ပံ့ပေးဖို့ လိုအပ်ပါလိမ့်မည်။

All Chapters