← Chapters

အခန်း(၆၉၈) အရံဇာတ်လမ်းများ (၄) သားလတ် ကျိုးရွှမ်

Vol. 50 Ch. 698

အခန်း(၆၉၈) အရံဇာတ်လမ်းများ (၄) သားလတ် ကျိုးရွှမ်

Vol. 50 Ch. 698

အခန်း(၆၉၈) အရံဇာတ်လမ်းများ (၄) သားလတ် ကျိုးရွှမ်

ကျိုးရွှမ်၏ ယခင် ဆန္ဒမှာ ပညာတတ်အရာရှိ တစ်ဦးဖြစ်လာဖို့ ဖြစ်သည်။

သူ့အမေလို ပေကျင်းတက္ကသိုလ်မှာ စာသင်နိုင်ရင် အဆင်ပြေပါပြီ။ ရည်မှန်းချက် ကြီးကြီးမားမား မရှိပါ။

နောက်တော့ သခင်မလေးတစ်ယောက်နှင့် တွဲခဲ့ပါသည်။ အောင်မြင်စွာ ပိုးပန်းနိုင်ခဲ့သည်ဟု ဆိုနိုင်သော်လည်း တကယ်တမ်း သခင်မလေး ဟဲမြန်မြန်က သူ့ကို ပိုးပန်းခဲ့ခြင်းနှင့် ပိုတူသည်။

တကယ်တော့ ဟဲမြန်မြန်ကို သူ ချစ်ပါသည်။ နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုင်းခြင်း ဖြစ်သည်။

အရင်တုန်းက မပြောခဲ့သော်လည်း သူ့မိသားစု အခြေအနေများက မဆိုးရွားသော်ငှားလည်း ဟဲမိသားစုနှင့် ကွာခြားချက်က ကြီးမားနေသေးတာကို သူ အလွန်နားလည်ထားပါသည်။

ဘာပဲဖြစ်ဖြစ် တစ်ဖက်က နိုင်ငံရေးအပိုင်းမှာဖြစ်ပြီး တစ်ဖက်ကတော့ စီးပွားရေးအပိုင်းမှာ ဖြစ်သည်။ ရှေးခေတ်များတုန်းကအတိုင်းပဲ ကုန်သည်များ၏ အဆင့်အတန်းက နိမ့်ပါးသဖြင့် သူနိုင်ငံရေးလမ်းကြောင်းပေါ် လျှောက်ခဲ့ပါသည်။

အစကတော့ သူချစ်ရသည့် သခင်မလေးနဲ့ ထိုက်တန်ဖို့ လုပ်ခဲ့ခြင်း ဖြစ်သည်။ နောက်တော့ သူရောက်ရှိနေသည့် အခြေအနေကို တကယ်ပဲ သဘောကျလာခဲ့သည်။ လမ်းစဥ်ကို စီမံခြင်းပဲဖြစ်ဖြစ်၊ ပြည်တွင်းဥပဒေများကို တိုးတက်အောင်လုပ်ခြင်းပဲဖြစ်ဖြစ် သူ့အလုပ်ကို သူ ချစ်မိသွားပါသည်။

ကံကြမ္မာကြောင့် ဖြစ်နိုင်သည်။ သူနဲ့ ဟန်ရှုကျယ်တို့ ပြည်နယ်မြို့တစ်ခုတည်းမှာပဲ တာဝန်ကျခဲ့ပါသည်။

သူက ပညာရေးလမ်းလျှောက်ပြီး ဟန်ရှုကျယ်က ကိုယ်ခံပညာလမ်းကို လျှောက်သည်။ သို့သော်လည်း သူတို့နှစ်ယောက် ကျောရိုးနောက်ခံချင်းတော့ တူကြသည်။ ဒါကတော့ ဆိုးရွားသည့် လူထုလွှမ်းမိုးမှုများကို တိုက်ထုတ်ပြီး လူတွေကို တောက်ပသည့် အနာဂတ် ပေးစွမ်းနိုင်စေရန် ဖြစ်ပါသည်။

ဟန်ရှုကျယ်နဲ့ အတူတူ တကယ်ပဲ သူ အောင်မြင်အောင် လုပ်နိုင်ခဲ့ပါသည်။ သူတို့နှစ်ယောက် နည်းလမ်းတကျ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပြည်နယ်တစ်ခုလုံး၏ အခြေအနေများကလည်း ကောင်းမွန်လာခဲ့ပါသည်။

သူနဲ့ ဟဲမြန်မြန်တို့ အသက် ၂၄ နှစ်ပြည့်သည့်အခါ မင်္ဂလာဧည့်ခံပွဲ ကျင်းပခဲ့ကြပါသည်။

အစကတော့ ကျိုးရွှမ်က အစောဆုံး အသက် ၂၆ နှစ်လောက်မှ မင်္ဂလာဆောင်ဖို့ စီစဥ်ထားခဲ့သည်။ လက်ထပ်စာချုပ်ကိုလည်း သူတို့ အသက် ၂၂ နှစ်လောက်ကတည်းက ရထားပြီးဖြစ်သည်။ အိမ်က ဘယ်သူမှ မသိရုံသာ ရှိသည်။

မင်္ဂလာဧည့်ခံပွဲကို အသက် ၂၄ နှစ်တွင် ကျင်းပလိုက်ရခြင်းမှာ ဟဲမြန်မြန် မတော်တဆ ကိုယ်ဝန်ရသွားခြင်းကြောင့် ဖြစ်ပါသည်။

တစ်ကြိမ်တစ်ခါသာ ဖြစ်သည်။ သူတို့ မထိန်းနိုင်ဘဲ အကာအကွယ်လည်း မရှိခဲ့သည့် တစ်ခါသာ ဖြစ်သည်။ ထို့ကြောင့် ကျန်းမာသန်စွမ်းသည့် သူတို့နှစ်ယောက် ကလေးတစ်ယောက် ရလာခဲ့ပါသည်။

ထို့ကြောင့် နှစ်သစ်ကူး အိမ်ပြန်သည့်အခါ မင်္ဂလာဧည့်ခံပွဲကျင်းပရုံသာ ရှိတော့သည်။

သူတို့ လက်ထပ်စာချုပ်ကို ထုတ်ပြီး မင်္ဂလာဧည့်ခံပွဲအတွက် ပြင်ဆင်ခြင်းဟုသာ ရှင်းပြလိုက်ရပါသည်။ သူတို့နှစ်ယောက် လွန်ခဲ့သည့် ၂ နှစ်လောက်ကတည်းက တရားဝင် လက်ထပ်ပြီးကြပြီ ဖြစ်သည်။

မိသားစုနှစ်စုလုံး တည်တည်ငြိမ်ငြိမ်ပဲ ဖြစ်ပါသည်။ ထို့နောက်တော့ သူတို့နှစ်ယောက် အမြဲတမ်း တပူးပူး တတွဲတွဲ ဖြစ်နေသည့် ကိစ္စကို နားလည်ရမခက်တော့ပေ။ ယောက်ျားက ဦးဆောင်လျှင် မိန်းမဖြစ်သူက လိုက်ပါသည်။

ကျိုးရွှမ်က သမီးလေးတစ်ယောက် မွေးပါသည်။ ဟဲမြန်မြန် လိုချင်နေသည့် သမီးလေး ဖြစ်သည်။

သူက အတော့်ကို ချစ်ဖို့ကောင်းပါသည်။ ဟန်ရှုကျယ်နှင့် ကျုံးချင်းတို့၏ ထက်မြက်သည့် သားနဲ့ဆို ငယ်ကျွမ်းဆွေများ ဖြစ်လာသည်။

ဟန်ရှုကျယ်နဲ့ ကျုံးချင်းတို့အား အရင်တစ်ချိန်က လင်းချင်းဟယ် အောင်သွယ်ပေးပြီးနောက် သူတို့ ဆက်ဆံရေးက အလွန်တည်မြဲလာပါသည်။ သူတို့ခံစားချက်ကို လင်းချင်းဟယ်က ထုတ်ဖော်လိုက်သောကြောင့် သူတို့နှစ်ယောက် နားလည်မှုလွဲခြင်း၊ လှည့်စားခြင်းများ မရှိတော့ပါ။

သူတို့နှစ်ယောက် နီးစပ်သွားခဲ့ကြပါသည်။

ပထမနှစ်တွင် လက်ထပ်ပြီး နောက်နှစ်တွင် ကလေးမွေးခဲ့ကြသည်။ သူက ကျိုးရွှမ်နှင့် ဟဲမြန်မြန်တို့၏ သမီးလေးထက် ၂ နှစ်ကြည့်သည်။ အိမ်နီးချင်း အစ်ကိုကြီးလို ဖြစ်ပါသည်။

အိမ်နီးချင်း အစ်ကိုကြီးက ငယ်စဥ်ကတည်းက အလွန်ကြည့်ကောင်းသူ ဖြစ်သည်။

အမှန်ပင်။ သူက ဇာတ်လိုက်မင်းသားနှင့် မင်းသမီးတို့၏ သားဖြစ်သောကြောင့် သာမန်လူနှင့် တူပါ့မလား။ သူ ငယ်စဥ်ကတည်းက ဂုဏ်ယူဖွယ် ကောင်းကင်ဘုံ၏ သား ဖြစ်သည်။ ကြည့်ကောင်းသည့် ကောင်လေး ဖြစ်ပါသည်။

ထိုကြည့်ကောင်းသည့် ကောင်လေးက ဟိုဘက်အိမ်က အရုပ်မလေးလို ညီမလေးကိုတော့ အနိုင်မယူနိုင်ပါ။ ငယ်ငယ်လေးကတည်းက သူ့နောက်ကိုသာ ပြေးလိုက်နေသည်။

အားလုံးကို အေးစက်ပြီး ခံစားချက်မဲ့သော မျက်နှာမျိုး ထုတ်ပြတတ်သည်။ သို့သော်လည်း အိမ်နီးချင်း ညီမလေးနဲ့ဆိုရင်တော့ နွေဦးမှာ အရည်ပျော်နေသည့် နှင်းလိုပင်။ နည်းပါးသော သူ့နူးညံ့သိမ်မွေ့မှုကို သူ့ညီမလေးကို ပေးလိုက်ရသည်။

သို့သော် သူမ အထက်တန်းကျောင်းတက်သောအခါ ထိုညီမလေးက စိတ်ကစားခဲ့သည်။ ထို့အပြင် သူမ လက်တွဲခဲ့သည့် အတန်းဖော်က ဖောက်ပြန်ပြီး သူမကို စွန့်ပစ်သွားသည့်အခါ သူမ ဝမ်းနည်းပက်လက်ငိုကြွေးကာ သူ့ကို လာရှာပါသည်။

ထိုအခါမှ သူ ထိုအကြောင်းကို သိလိုက်ရ၏။ သူ့မျက်နှာ ချက်ချင်းပဲ ခက်ထန်သွားသည်။ သို့သော် သူမ အရမ်း ဝမ်းနည်းပက်လက် ငိုကြွေးနေတာကို မြင်သဖြင့် မဆူတော့ပါ။ သူမကို စောစောစီးစီး အချစ်မရှာဖို့နဲ့ နေ့တိုင်း စာကြိုးစားဖို့သာ သင်ပေးခဲ့ပါသည်။

အစ်ကိုကြီး ဟန်ရှီးက တကယ်ပဲ မဆိုးပါ။ သူမ ဝမ်းနည်းနေတာတောင် ဒီလိုပြောပေးသည်။ သူမ၏ အတန်းပိုင်ဆရာထက်တောင် ဆရာပိုဆန်ပါသည်။

နောက်တော့ အိမ်နီချင်းအစ်ကိုကြီး ဟန်ရှီးက ဘာကြောင့် သူ စိတ်ကစားတာကို အလွန် စိတ်ဆိုးခဲ့တာလဲဆိုတာ ကျိုးယန် သိခဲ့ရပါသည်။

သူမ တက္ကသိုလ်ပထမနှစ်တွင် သူမ၏ ကောလိပ်ကို သူလာတွေ့ခဲ့သည်။ သူမက သေချာပေါက် အကောင်းဆုံး ကြိုးစားပြီး သူ့ကိုဧည့်လမ်းညွှန်လို နေရာစုံလိုက်ပြမည်ဖြစ်သည်။

အစ်ကိုဟန်ရှီးက သူမ ကောင်လေးရှိနေပြီလားဟု မေးလိုက်ပါသည်။

ထိုအချိန်တုန်းက သူမမှာ တကယ် မရှိသေးပေ။ သူမကို ပိုးပန်းနေသည့် တစ်ယောက်ရှိသော်လည်း သူမ လက်ခံဖို့ စိတ်ကူးမရှိပါ။ သူက သူမ သဘောကျသည့် ပုံစံမျိုး မဟုတ်ပေ။

သူမ အစ်ကိုဟန်ရှီးကို အမှန်တိုင်း ပြောခဲ့ပါသည်။ ထို့နောက် သူမကို အစ်ကိုဟန်ရှီးက သစ်ပင်ကြီး တစ်ပင်နောက် ဆွဲခေါ်သွားပြီး သူမ သတိလစ်ခါနီးဆဲဆဲ ဖြစ်သွားသည်အထိ နမ်းခဲ့ပါသည်။ ထို့နောက်မှ အစ်ကိုဟန်ရှီးက လွှတ်ပေးလိုက်သည်။

သူမကို လွှတ်လိုက်ပြီးနောက် သူမကို တောက်ပသော မျက်လုံးစိမ်းများဖြင့် ကြည့်ပြီး သူမမှာ ပိုင်ရှင်ရှိသည်ဟု ပြောနိုင်အောင် ပထမဆုံး အမှတ်အသားပေးလိုက်ခြင်းဟု ဆိုသည်။

ကျန်းယန် ကြက်သေ သေသွားရသည်။ သူ့ကို သူမက အစ်ကိုတစ်ယောက်လို သဘောထားခဲ့သည်။ သို့သော်လည်း သူကတော့ သူမကို အမှတ်အသား ပြုလုပ်ထားချင်သည်။

သို့သော်... သို့သော် သူမ ရင်တွေအရမ်းခုန်သွား၏။ အစ်ကိုဟန်ရှီး၏ ဒီလိုပုံစံမျိုးကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပါ။

သူ့ကိုတွန်းလိုက်ပြီး မျက်နှာအုပ်ကာ ထွက်ပြေးသွားခဲ့သည်။

နောက်တော့ အပတ်တိုင်း သူရောက်လာတတ်သည်။ သူရှိနေမှန်း အားလုံးသိအောင် ခဏခဏ လာပြသည့်ပုံစံပင်။

အထူးတလည် ဘာမှ ပြောစရာမလိုပေ။ သတင်းက ပြန့်သွားခဲ့ပါသည်။

ကျောင်းသူ ပန်းပွင့်လေး ကျိုးယန်မှာ ကောင်လေးတစ်ယောက်ရှိပြီး အတူတူ ကြီးပြင်းလာကြသည့် ငယ်ကျွမ်းဆွေများ ဖြစ်ကြသည်။

သူက အရည်ရှည်ရှည် ရုပ်လည်းချောသည်။ အမှန်ပင်။ သူက မြို့အုပ်သားဖြစ်တာကိုတောင် မသိကြသေးပါ။

သူ့ပုံစံနဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့တင် ကျန်းယန်ကို ဝန်းရံနေကြသည့် ပန်းများ မြက်များကို မောင်းထုတ်နိုင်ခဲ့ပါသည်။

နောက်ပိုင်းနေ့ရက်များတွင် ကျိုးယန် နားမလည်နိုင်တော့ပါ။ သူ ဘယ်တုန်းက သူမအပေါ် ဒီလို စသဘောထားခဲ့တာလဲ။

သူမ မသိခဲ့ပေ။ သူမက သူ့ကို အမြဲတမ်း အစ်ကိုကြီးတစ်ယောက်လိုသာ သဘောထားခဲ့ပါသည်။

သူတို့က အပြစ်ကင်းစင်သည့် ကစားဖော်များ ဘဝမှ လူငယ်စုံတွဲအဖြစ်၊ ထို့နောက် မင်္ဂလာဝတ်စုံများ ဝတ်ရသည့်အထိ အဆင့်မြင့်လာခဲ့ကြသည်။ အားလုံးက ပုံမှန်အတိုင်းပင်။

သူတို့နှစ်ယောက်၏ ကိစ္စကို နှစ်ဖက် မိသားစုကလည်း ဝမ်းသာကြပါသည်။ သူတို့ လုံးဝ မကန့်ကွက်ပါ။

သူတို့ အဘွား ကြားသည့်အခါမှာတောင် ဟန်ရှီးကို ကန့်ကွက်မှု မရှိပါ။

သူတို့က အတူတူ ကြီးပြင်းလာကြသူများ ဖြစ်သောကြောင့် ခံစားချက်ကို ဖော်ပြဖို့ မလိုပေ။ ထို့ကြောင့် ဟန်ရှီးနဲ့ လက်ထပ်ပြီး ဆက်ဆံရေးမှာလည်း အတော်လေး လှပခဲ့ပါသည်။ သူတို့နှစ်ယောက်က တစ်ယောက်အကြောင်း တစ်ယောက် အလွန်သိကြသည်။

အထူးသဖြင့် ဟန်ရှီး သူမကို ဆက်ဆံသည့်အခါ အကောင်လိုက် အစားခံရတော့မလို ကျိုးယန် ခံစားမိသည်။ တစ်ခါတစ်လေ စိတ်ဆိုးချင်သော်လည်း သူက သူမကိုပျော်အောင် လုပ်ပေးဖို့ အမြဲတမ်း နည်းလမ်း ရှာတွေ့ပါသည်။

ကျိုးယန်တစ်ယောက် သူမ ဘဝ နေရာမှန် ရောက်လာသည်ဟုသာ ခံစားမိပါတော့သည်။

ကျိုးယန်က လက်ထပ်ပြီးနောက် ကလေး အမြန်မမွေးခဲ့ပေ။ သူမက ကလေးသာ ရှိသေးသည်ဟု ထင်နေသည်။ ဘာလို့ ဒီလောက် ကလေးမြန်မြန်ယူရမှာလဲ။

သို့သော် မတော်တဆမှုကတော့ အမြဲတမ်း ရှိတတ်ပါသည်။ သူမ အသက် ၂၆ နှစ် လက်ထပ်ပြီးသောအခါ မတော်တဆမှုတစ်ခုကြောင့် ကိုယ်ဝန်ရလာခဲ့ပါသည်။

သူမ မိဘများ သူမကိုရခဲ့တုန်းကနဲ့ အတူတူပဲ ဖြစ်သည်။

အခု ဒီလိုဖြစ်လာပြီဖြစ်သဖြင့် သူတို့ဘာလုပ်နိုင်ဦးမည်နည်း။ ပြောစရာမလိုအောင် မွေးပေးဖို့သာ ရှိပါတော့သည်။ သားတစ်ယောက် မွေးပေးခဲ့သည်။ ကျိုးမိသားစုတွင် နောက်ထက် မျိုးဆက်သစ်၏ ပထမဆုံးကလေးဟု ပြောလို့ရပါသည်။

ယဲ့မာ(ဝါ)ကျိုးကျွီကတောင် သူမလောက် မမြန်ပါ။ သူ အသက် ၃၀ ရောက်မှ လက်ထပ်ပြီး ကလေးရခဲ့ပါသည်။

သားလတ်က နိုင်ငံရေးလမ်းမှာ ချောမွေ့ခဲ့ပါသည်။ သူ့နိုင်ငံရေးလုပ်ဆောင်မှုကောင်းများကြောင့် ၂၀၀၇ ခုနှစ်တွင် မြို့တော်သို့ ပြန်လည်ပို့ဆောင်ခံရပြီး သူ့ယောက္ခမ၏ ရာထူးကို ဆက်ခံရသည်။

သူ့ယောက္ခမဖြစ်သူ၏ တစ်သက်တာ အဆက်အသွယ်များနဲ့သာဆို သူ့အလုပ်သူ သိပါက ဘာမှ စိုးရိမ်စရာ မလိုပေ။ သူ့အနာဂတ်က သေချာပေါက် တောက်ပလိမ့်မည်။

မြို့တော်သို့ ပြန်လည်ပို့ဆောင်ခံရပြီးနောက် သူ့မိဘများနဲ့ ဆက်သွယ်ဖို့ အခွင့်အရေး ပိုရခဲ့ပါသည်။ သူ အပြင်ဘက်မှာ နေသလို မဟုတ်ပါ။ တစ်ခါတစ်လေ တစ်နှစ်လုံးမှာ တစ်ခေါက်တောင် ပြန်လာခွင့်မရပေ။

သူ့မိဘများကို လေးစားသည်။ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း မိသားစုက ဒီလောက်တောင် ဖွံ့ဖြိုးတိုးတက်လာသည်။

ဒီလိုမြို့ကြီးပြကြီးမှာတောင် သူတို့မိသားစုက သူဌေးမိသားစုစစ်စစ် ဖြစ်ပါသည်။

All Chapters