အခန်း(၆၉၉) အရံဇာတ်လမ်းများ(၅) သားငယ် ကျိုးကွေ့လိုင်
Vol. 50 Ch. 699
အခန်း(၆၉၉) အရံဇာတ်လမ်းများ(၅) သားငယ် ကျိုးကွေ့လိုင်
သားကြီးက စစ်တပ်ထဲ ဝင်သွားသည်။ သားလတ်က နိုင်ငံရေးလောကထဲ ဝင်သွား၏။ အငယ်ဆုံးသား ကျိုးကွေ့လိုင်ကတော့ စီးပွားရေးလောကထဲဝင်ဖို့ ရွေးချယ်ပါသည်။
ယခင် သူ့အဖေ ဖက်ထုပ်ဆိုင်တစ်ဆိုင် ဖွင့်ခဲ့တုန်းက သူ့ဆန္ဒမှာ အနာဂတ်တွင် ဖက်ထုပ်စက်ရုံကြီးတစ်ခု တည်ထောင်ကာ ဖက်ထုပ်ဘုရင်ကြီး ဖြစ်လာဖို့ ဖြစ်ပါသည်။
သို့သော်လည်း သူ စိတ်ပြောင်းသွားခဲ့ပြီး သူ့အဖေလို ဖက်ထုပ် မလုပ်တော့ပါ။
၁၉၈၀ ခုနှစ်အကုန်တွင် သူ့ဒုတိယယောက်ဖနဲ့ ပူးတွဲပြီး ဝိုင်အရောင်းဆိုင်ကို ဖွင့်ခဲ့သည်။ ထို့နောက် သူ့အမေနဲ့ ပူးတွဲကာ ဒုတိယဆိုင်ကို ဖွင့်ခဲ့ပါသည်။
ဆိုင်နှစ်ဆိုင်စလုံးက အလွန် ဝင်ငွေကောင်း၏။ အထူးသဖြင့် လုပ်ငန်းနဲ့ ရင်းနှီးသွားသောအခါတွင် ဖြစ်သည်။ ထို့အပြင် ဒီကလေးက အဆက်အသွယ် ကျယ်ပြန့်သည်။ တချို့လူတွေနဲ့ဆို ဘယ်ကနေ ဘယ်လို ရင်းနှီးလာသလဲတောင် မသိပါ။ တခြားသူများနဲ့ ဘားတစ်ခု ဖွင့်ခဲ့သည်။
နောက်တော့ ထိုဘား အပိတ်ခံခဲ့ရပါသည်။ တခြား အကြောင်းပြချက် မရှိပါ။ ရန်ပွဲများကြောင့် ဖြစ်သည်။ သို့သော်လည်း သားငယ်က အရှုံးမပေါ်ခဲ့ပေ။ ဘားဆိုင်လုပ်ငန်းက သူ့အတွက် ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်သလို ဖြစ်ခဲ့ပါသည်။ ထိုကလေးက ဘားလုပ်ငန်းကို စိတ်ဝင်စားသွားသည်။
သူ့ဒုတိယယောက်ဖနဲ့ ပူးတွဲခဲ့သည်။ မဟုတ်ပါက သူ့ဖာသာသူ စတင်မည် ဖြစ်သည်။ ၁၉၉၀ ခုနှစ်တွင် ငွေဝင်တကယ်ကောင်းခဲ့ပါသည်။
သူ့အမေက မကြာခဏ သူ့ကို နားရွက်လိမ်ပြီး ဆုံးမရုံသာ ရှိသည်။ သူသာ မကောင်းသည့် အရာများ လုပ်ပါက သားအဖြစ်က စွန့်လွှတ်မည်ဟု ဆို၏။
သားငယ်က ပညာရေးကောင်းမွန်စွာဖြင့် ကြီးပြင်းလာသူ ဖြစ်သည်။ သူ့ဘားမှာ ထိုကဲ့သို့ မကောင်းသည့်အရာများ ဘာမှ မရှိပါ။ ဘားကာ ဘားပဲ ဖြစ်သည်။
သို့သော် အလွန်ဝင်ငွေကောင်းပါသည်။
သူ့ဝိုင်အရောင်းဆိုင်ခွဲများကလည်း တစ်ဆိုင်ပြီးတစ်ဆိုင် တိုးလာခဲ့သည်။ သူ့မိဘများတောင် မသိလိုက်ဘဲ မြို့တော်မှာ ဆိုင်ခွဲဆယ်နဲ့ချီပြီး ရှိနေပါပြီ။
သူ့မိဘများက အပြင်ထွက်တိုင်း ဟိုတစ်ဆိုင် ဒီတစ်ဆိုင် တွေ့ရပါများသဖြင့် မေးကြည့်လိုက်မှ သိရခြင်း ဖြစ်ပါသည်။ ဘယ်ကနေ ဘယ်လိုစပြီး ဒီလောက်များပြားလာရသလဲ မသိပေ။
ဒီကလေကချေ သားငယ်၏ အချစ်ရေးကတော့ အနည်းငယ် ရှုပ်ထွေး၏။
သူ့အသက် ၂၀ အစောပိုင်းတွင် မိန်းမယူဖို့ စိတ်ကူးရှိခဲ့သည်။ သို့သော် အသက် ၂၃ နှစ်ကစပြီး မိန်းမမယူချင်တော့ပါ။
ဒီတိုင်း လွတ်လွတ်လပ်လပ် နေချင်သည်။
၁၉၉၀ ခုနှစ် မင်းသမီးတစ်ယောက်နဲ့ သူ ဇာတ်ကြောင်းရှိခဲ့တယ်ဆိုတာ လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့တောင် မသိကြပေ။
ဒီခြေများသည့် သားငယ်က အသက် ၃၀ လောက်ရောက်မှ ခြေငြိမ်သွားသည်။ သူ့ဖာသာသူ ရှာတွေ့ထားသည့် မိန်းမတစ်ယောက်နဲ့ လက်ထပ်ခဲ့ပါသည်။
သူမကလည်း မြို့တော်ရှိ မိသားစုကြီးတစ်စုမှ ဖြစ်ပါသည်။ သို့သော်လည်း လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ကတော့ သိပ်ပြိး သဘောမကျကြပေ။ အဘယ့်ကြောင့်ဆိုသော် ထိုမိသားစုက သိပ်မကောင်းဘဲ နာမည်လည်း ဆိုးရွားသောကြောင့် ဖြစ်သည်။ သူတို့ အပေါ်ယံရွှေမှုံကြဲကာ ရောက်လာကြသည်။
ရွှေဘေစင်နဲ့ လက်ဆေးလည်း လက်ဆေးတာပဲ ဖြစ်သည်။ ဘာမှ မထူးခြားပါ။
ကောင်မလေးကတော့ မိန်းမကောင်းလေး ဖြစ်ပါသည်။ လင်းချင်းဟယ်၏ စကားအရဆို သူမ၏ သားငယ်က သူ့ကို အကောင်လိုက် ဝါးစားမတတ် ချစ်ပါသည်။
တစ်ဖက်မိသားစုက လူကုံထံများ ဖြစ်ကြသည်။ သူတို့ လက်ထပ်သည့်အခါ သူမ၏ ခန်းဝင်ပစ္စည်းက ကားတစ်စီး ဖြစ်သည်။ ထို့အပြင် တခြားပစ္စည်းများစွာလည်း ပါသေးသည်။ ကျိုးကွေ့လိုင်ကို သားမက်တော်ရတာ ကျေနပ်မှုရှိကြမှန်း မြင်နိုင်ပါသည်။
ကျိုးမိသားစု၏ လက်ရှိ ငွေကြေးရင်းမြစ်နဲ့ အဆက်အသွယ်များကြောင့် သူတို့မှာ ခွန်အား တချို့ရှိရင်တောင် ကျိုးမိသားစုကို မလှုပ်ခါနိုင်ပေ။ ထို့ကြောင့် သားငယ်၏ မင်္ဂလာဆောင်ပြီးသောအခါ ဆွေမျိုးတော်သော်လည်း နှစ်ဖက်စလုံး ကိုယ့်ဘဝနဲ့သာ ကိုယ်နေကြပါသည်။
ကျိုးကွေ့လိုင်နဲ့ သူ့မိန်းမကသာ မိသားစု နှစ်စုစလုံးကို အဆက်အဆံရှိပါသည်။
ယှဥ်ကြည့်ပါက လင်းချင်းဟယ်မှာ အကြီးဆုံးချွေးမနဲ့ ဒုတိယချွေးမတို့၏ မိသားစုများနဲ့ ပိုပြီး ရင်းနှီးမှု ရှိပါသည်။
အမှန်ပင်။ တတိယချွေးမကိုလည်း လင်းချင်းဟယ် ဆိုးဆိုးရွားရွား မဆက်ဆံပေ။ အားလုံးက သာတူညီမျှ ဆက်ဆံခံရပါသည်။ သူမ၏ မိသားစုနဲ့ သိပ်ပြီး မပတ်သတ်ရုံသာ ဖြစ်သည်။
သားကြီးနဲ့ သားလတ်တို့ နှစ်ယောက်စလုံး လုပ်ငန်းများ တည်ဆောက်ကာ မိသားစုဦးရေ ကန့်သတ်ခြင်း ဥပဒေကို လိုက်နာကြရသည်။ ထို့ကြောင့် ကလေးတစ်ယောက်စီသာ ယူကြ၏။
သို့သော် သားငယ်မှာတော့ စိတ်ပူစရာ များများစားစား မရှိပေ။
သူ ကလေးတစ်ယောက်ထက် ပိုမွေးခဲ့ပါသည်။ ပထမ ကလေးက သားလေး ဖြစ်သည်။ သို့သော်လည်း သားငယ်က သမီးလေး လိုချင်၏။ ထို့ကြောင့် လင်မယားနှစ်ယောက် ကလေး ထပ်ယူကြသည်။ ကံမကောင်းစွာဖြင့် သားလေး ဖြစ်နေဆဲပင်။
ဒီသားလေးကို ထပ်မွေးဖွားဖို့အတွက် သူတို့ ယွမ် ၁၀၀,၀၀၀ ကျော် အကုန်အကျခံခဲ့ရသည်။ မဟုတ်ပါက သူတို့ ဆန္ဒများ ပြည့်ဝနိုင်မှာ မဟုတ်ပေ။
သားငယ်က သူ့အစ်ကိုလတ်ကို အားကျမိသည်။
သို့သော်လည်း သားငယ်က အကျိုးကျေးဇူးတော့ ရခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကလေးများများရှိပါက နောက်ပိုင်း အမွေများများ ရမည်ဟူသည့် သဘောပင်။
ဒါတွေအားလုံးက အနာဂတ်ကိစ္စများ ဖြစ်ပါသည်။
သားနှစ်ယောက်ကလည်း ပြဿနာရှာကြသူများ ဖြစ်သည်။ သူတို့အကြီးဆုံးဝမ်းကွဲအစ်ကိုလောက် မဆိုးကြသော်လည်း ထူးမခြားနား ဖြစ်သည်။ လက်ထပ်ပြီးနောက် သားငယ်တို့ မိသားစုက အိမ်ပြောင်းနေကြသည်။ နေ့တိုင်း လာလည်ကြသော်လည်း သူတို့အိမ်နဲ့ သူတို့ နေကြပါသည်။
သူတို့မိသားစုက သားနှစ်ယောက်ကိုမြင်လျှင် ရပ်ကွက်ထဲက မိဘများက ကလေးများကို ခေါ်ပြီး ထွက်သွားကြသည်ဟု ဆိုပါသည်။
သူတို့ကိုခေါ်သွားရုံကလွဲပြီးဘာလုပ်နိုင်ဦးမှာလဲ။ ဆက်နေခိုင်းပြီး သူတို့နှစ်ယောက် ထိုးကြိတ်တာကို ခံခိုင်းရမှာလား။
ဒီမျိုးဆက်၏ ယောက်ျားလေးများက ထိုဗီဇကို ဘယ်သူ့ဆီက ဆက်ခံထားလဲ မသိပါ။ အားလုံး ကြောက်ဖို့ ကောင်းကြပါသည်။
အရွယ်ရောက်လာရင်တော့ အသိစိတ်ဝင်လာလိမ့်မည်။ သို့သော် အသက် ၁၅ နှစ်မတိုင်ခင် လူတွေခွေးတွေက သူတို့ကို ရှောင်နေကြဆဲ ဖြစ်သည်။
အဓိကအချက်ကတော့ သူတို့က တိုက်ခိုက်တတ်ကြခြင်းကြောင့် ဖြစ်သည်။ သားကြီးရဲ့ ယဲ့မာကော သားငယ်ရဲ့ သားနှစ်ယောက်ကော ၂ ယောက် ၃ ယောက်နဲ့ ယှဥ်ချရဲကြသူများ ဖြစ်သည်။
ဒီလိုကလေးမျိုးကို မဖုံးဖိဘဲ ပညာနည်းနည်း သင်မပေးပါက ကြီးလာသည့်အခါ သေချာပေါက် ပြဿနာရှာပါလိမ့်မည်။
သိုးတစ်ကောင်ကျောင်းရလည်း ကျောင်းရတာပဲ။ နှစ်ကောင်ဆိုလည်း ကျောင်းရတာပဲ။ ထိုအချိန်တုန်းက သားကြီး၏ ယဲ့မာကိုပင် ပို့ခဲ့သဖြင့် လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ သူတို့နှစ်ယောက်နဲ့လည်း ခရီးထွက်ရပြန်သည်။
သူတို့ အရသာရှိသည့် အစားအသောက်များ စားသောက်ရကာ ပျော်ခဲ့ရွှင်ခဲ့ကြသည်။ သူတို့ကို ခဏလောက် ပျော်ခွင့်ပေးလိုက်၏။ သူတို့ ပြန်လာသောအခါ ခရီးသွားရတာ ပျော်ဖို့ကောင်းသည်ဟု သတိရပြီး သူတို့အဘိုးအဘွားများနဲ့ နောက်တစ်ကြိမ် ခရီးသွားချင်ကြလိမ့်မည်။
ဒီလိုနဲ့ သူတို့ အားနည်းချက် ရှိလာလိမ့်မည်။ စကားနားမထောင်ဘူလား။ ဒါဆို နောက်ကို သူတို့ကို ခရီးသွားဖို့ မခေါ်တော့ပါ။ သူတို့ကို အိမ်က ရွှံ့ထဲမှာပဲ ကစားခိုင်းမည်။
ကလေးတစ်ယောက်က တကယ်ဆိုးသွမ်းနေပါက လူကြီးများက ကောင်းကောင်း ဆုံးမရမည်။ သူတို့ကို ရိုင်းစိုင်းခွင့် ပေးလိုက်လို့ မဖြစ်ပါ။
အနည်းငယ်တော့ ဖိနှိပ်ရမည်။ ဒါမှကြီးလာသည့်အခါ ပြဿနာမရှာမှာ ဖြစ်သည်။
လင်းချင်းဟယ်က သူမသားငယ်၏ ကလေးနှစ်ယောက်ကို တတိယချွေးမ၏ အဖေ သင်ကြားသည့် ပုံစံကို သဘောမကျပေ။
သူတို့အဘိုးက သူတို့လူတွေကို ထိုးကြိတ်နိုင်တာကို ချီးကျူးသည်ဟု မြေးနှစ်ယောက်ထံမှ ပြန်ကြားခဲ့ရသောကြောင့် ဖြစ်ပါသည်။
အစကတည်းက သူတို့နောက်ခံက မဖြူစင်ပေ။ အပေါ်ယံ ရွှေမှုံကြဲပြီးတာတောင် သူတို့စရိုက်ကို မဖုံးကွယ်နိုင်ပါ။
သူတို့ဖာသာသူတို့ ဆိုးရွားတာ ကိစ္စမရှိပါ။ သူမ၏ မြေးများကို ဆိုးသွမ်းသည့် နည်းလမ်းများ သင်ပေးရဲသေးသည်။ သူမ သဘောမတူပါ။ တတိယချွေးမကို သူမအိမ်သို့ ကလေးများကို သိပ်မခေါ်သွားဖို့ ပြောလိုက်ပါသည်။
ထိုအကြောင်းပြချက်ကြောင့် ထိုဘက်မိသားစုက ဖုန်းဆက်ခဲ့သည်။
တတိယချွေးမက တစ်ဦးတည်းသော သမီး မဟုတ်ပါ။ ထို့ကြောင့် မြေးနှစ်ယောက်ဆိုတာ ရှားရှားပါးပါး မဟုတ်ပေ။ သူတို့၏ ရှားပါးမှုက ထိုမြေးနှစ်ယောက်မှာ ကျိုးမိသားစုဆီက ဗီဇမျာား ဆက်ခံထားသောကြောင့် ဖြစ်ပါသည်။
သူတို့က ချောမောသည်။ သန်မာပြီး ကျန်းမာကြသည်။ ထို့အပြင် အလွန်ချစ်ဖို့လည်းကောင်းပါသည်။ ထို့ကြောင့် ကျောင်းမိသားစုက ဒီမြေးနှစ်ယောက်ကို ဦးစားပေးသည်။
လင်းချင်းဟယ်က ဖုန်းထဲတွင် နောက်ဆုတ်ဖို့ ငြင်းဆန်ပါသည်။ သူမ မရိုင်းသော်လည်း ကလေးများ၏ ပညာရေးကို ဝင်မစွက်ဖက်ဖို့ ပြောလိုက်ပါသည်။
ကျောင်းမိသားစု၏ ရာထူးက မနိမ့်ပေ။ သို့သော်လည်း ကျိုးမိသားစုကလည်း သူတို့ အထင်သေးလို့ရသည့် မိသားစု မဟုတ်ပါ။ ထို့ကြောင့် သူတို့ မှားကြောင်း ဝန်ခံပြီး နောက်တစ်ခေါက် သေချာပေါက် ဒီလိုပြောမှာ မဟုတ်တော့ပါ။
သို့သော် ကလေးများကိုတော့ လာလည်ခွင့် ပေးခိုင်းသည်။
ကျောင်းမိသားစုက အမူအကျင့်များ ပြန်ပြင်လိုက်သဖြင့် သူမ ဒီကိစ္စကို အလျှော့ပေးလိုက်ပါသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ လင်းချင်းဟယ် မကျေနပ်သေးပါ။
သူမ မကျေနပ်သော်လည်း မြေးများ အမေဘက်က အဘိုးအဘွားများဆီ သွားတာကို မတားခဲ့ပေ။
တတိယချွေးမက ဒါကို ရိပ်မိသွားလောက်သည်။ ယောက္ခမရှေ့မှာ သူမ မိသားစု၏ ကိစ္စများကို မပြောရဲတော့ပါ။ ဘာပဲဖြစ်ဖြစ် သူမ ယောက္ခမက သူမကို မလိုမုန်းထားခြင်း မရှိပါ။ သူမ ယောက်မနှစ်ယောက်တွင် ရှိတာ မှန်သမျှ သူမမှာလည်း ရှိပါသည်။