အခန်း(၇၀၀) အရံဇာတ်လမ်းများ(၆) ကျိုးမိ
Vol. 50 Ch. 700
အခန်း(၇၀၀) အရံဇာတ်လမ်းများ(၆) ကျိုးမိ
ကျိုးမိသားစု ဒုတိယမျိုးဆက်၏ အငယ်ဆုံးအဖြစ် ကျိုးမိ၏ ဦးစားပေးခံမှုက အလွန်မြင့်မားသည်။
ဝမ်ယွမ်တို့ အမြွှာနှစ်ယောက်ကော၊ ကျိုးစန်းနီ၏ ဖန်ဖန်ကော သူမထက် အသက်ကြီးတာတောင် သူမကို ဒေါ်လေးဟု ခေါ်ရပါသည်။
သံသယဖြစ်စရာမရှိအောင် ကျိုးမိက ပျားရည်အိုင်ထဲတွင် မွေးဖွားလာသူဖြစ်သည်။ သူမ ငယ်စဥ်ကတည်းက ပျော်ရွှင်သည့် စိတ်ကို အဟန့်အတားဘာမှမရှိခဲ့ပါ။
မိသားစု အခြေအနေက ကောင်းလွန်းသဖြင့် သူမ စိတ်အရည်အသွေး အလွန်ဆိုးရွားလာမှာကို လင်းချင်းဟယ် စိုးရိမ်မိပါသည်။ ထို့ကြောင့် နှလုံးသားမဲ့စွာဖြင့် မိမိလေးကို သူမ အစ်ကိုကြီးရှိရာ စစ်တပ်သို့ ပို့ခဲ့ပါသည်။
သူမကို ထိုနေရာမှာ ခဏလောက် နေခိုင်းဖို့ စီစဥ်ထားပါသည်။
ထိုကိစ္စကြောင့် သူမ အမေနဲ့ တစ်ခါမှ ရန်မဖြစ်ဖူးသည့် သူမအဖေက ပထမဆုံးအကြိမ်အဖြစ် သူမအမေကို စိတ်ဆိုးခဲ့သည်။ တစ်ညလုံး လျစ်လျူရှုခဲ့သည်ဟု ဆိုသည်။
တွေးကြည့်လျှင် ရယ်ချင်စရာကောင်းပါသည်။
နောက်ဆုံးမှာတော့ သူမကို ပို့ခဲ့ပါသည်။
ထိုအချိန်တောအတွင်း ကျိုးမိလေး မပင်ပန်း၊ မထိခိုက်ခဲ့ဘူးဟု ပြောလို့မရပါ။ သူမ ငယ်ငယ်လေးကတည်းက မင်းသမီးလေး ဖြစ်ခဲ့သည်။ အသက် ၇ နှစ်အထိ သူမ၏ အဖေဖြစ်သူက ချီထားဆဲ ဖြစ်သည်။
လက်ခုပ်ထဲက ပုလဲလုံးစစ်စစ်လေး ဖြစ်သည်။ စစ်တပ်ထဲကို ပို့ခံလိုက်ရသဖြင့် သူမ သက်တောင့်သက်သာဖြစ်ပါ့မလား။
သို့သော်လည်း နောက်ဆုံးမှာတော့ သူမက ကျိုးမိသားစု၏ သမီး ဖြစ်သည်။ ခက်ခဲပါသည်။ တစ်ခါတစ်လေ ညဘက် ခိုးခိုးငိုတတ်သည်။
သို့သော်လည်း စဦးပိုင်း အချိန်ကို သည်းခံပြီး နောက်ပိုင်းတွင် သူမ လုံးဝ အသားကျလာသည်။ ထို့အပြင် ဒီလိုလေ့ကျင့်ရေးမျိုးကို သဘောကျလာခဲ့ပါသည်။
ပြန်လာပြီးနောက် အသားပိုမည်းသွားသော်လည်း စစ်တပ်ထဲမှာ နေခဲ့တုန်းက အချိန်ကို သတိရနေဆဲ ဖြစ်သည်။
နှစ်ဝက်သာနေခဲ့ရသည်။ သို့သော် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းက အများကြီး တိုးတက်လာပါပြီ။ အခုဆို အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်နဲ့ သူမ တစ်ယောက်ချင်း တိုက်ခိုက်နိုင်ပြီး တစ်ဖက်လူကို မြေပေါ်သို့ပင် လှဲချနိုင်ပါသည်။
ကျိုးမိသားစု၏ ပုလဲလုံးလေးက လင်းချင်းဟယ် ရက်ရက်စက်စက် ဖျက်ဆီးတာကို ခံလိုက်ရပါသည်။ ကိုယ့်ကိုယ်ကို အားကိုးတတ်သော ကောင်မလေးတစ်ယောက် ဖြစ်လာခဲ့သည်။
သူမ စခန်းကို သွားခဲ့သည့် အချိန် ၆ လအတွင်း လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ သွားလည်ခဲ့ပါသည်။ ၂ ခါ ၃ ခါလောက် သွားလည်ခဲ့သည်။ ကျိုးမိ မသိသော်လည်း ကျိုးချင်းပိုင်၏ မျက်လုံးများက နီရဲနေပါသည်။
လင်းချင်းဟယ်က ထိုအကြောင်းတွေးမိလျှင် ရယ်ချင်မိပါသည်။ ဒီလိုယောက်ျားရင့်မာကြီး တစ်ယောက်၏ အကြီးမားဆုံး အားနည်းချက်က သူ့အငယ်ဆုံးသမီးလေး ဖြစ်သည်။ သူမကို ချီထားသည့်အခါ လွတ်ကျမှာကို အလွန်စိုးရိမ်တတ်၏။
သူအလွန် အလိုလိုက်ထားတာကြောင့်သာ သူမ ရွေးချယ်စရာ မရှိတော့ဘဲ ဒီလိုလုပ်လိုက်ရခြင်း ဖြစ်ပါသည်။
မိမိလေး ဘွဲ့ရပြီးနောက် လုပ်ငန်းဝင်ခဲ့သည်။ သူမ မိသားစုအတွက် အလုပ် မလုပ်ပါ။ သူမဖာသာသူမ အလုပ်ရှာခဲ့ပါသည်။
ဘဏ္ဍာရေးပညာသင်ထားသဖြင့် အလုပ်ရှာဖို့ မခက်ခဲလှပေ။
သူမကိုယ့်ဖာသာကို အလုပ်ထွက်လုပ်တာ ကောင်းသည်ဟု လင်းချင်းဟယ် ထင်မိပါသည်။ ဘာပဲဖြစ်ဖြစ် အလုပ်ဆိုတာ လူတွေကို လေ့ကျင့်ပေးဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။
သို့သော်လည်း သူမ အလုပ်စလုပ်တာနဲ့ အရှိန်အဝါရှိ မင်းသားတစ်ယောက် တံခါးလာခေါက်လိမ့်မည်ဟု သူမ မျှော်လင့်ထားပြီးသား ဖြစ်သည်။
လင်းချင်းဟယ်၏ ပြောစကားအရဆို အရှိန်အဝါရှိ မင်းသားတစ်ယောက် ဖြစ်သည်။ ကျိုးချင်းပိုင် ပြောစကားအရဆိုရင်တော့ အသုံးမကျသည့် လူငယ်၊ ငတုံးတစ်ကောင် ဖြစ်သည်။
သူ့မိသားစုက ချမ်းသာ၏။ ချမ်းသာရုံတင်မဟုတ်ဘဲ မြို့တော်၏ ထိပ်တန်းသူဌေးမိသားစုထဲ ပါဝင်သည်။ လင်းချင်းဟယ်က သူ့မိသားစုနာမည်ကို ကြားဖူးပါသည်။
သို့သော်လည်း သူက အပျော်အပါးလိုက်စားသူ ဖြစ်သည်။
ပထမဆုံးအကြိမ် ပိုးပန်းတုန်းက သားငယ်နဲ့ တွေ့သွားသည်။ သားငယ်က သူ့ကို ထိုးကြိတ်လွှတ်လိုက်ပါသည်။
အဘယ့်ကြောင့်ဆိုသော် သားငယ်က ထိုကလေကချေကောင်အကြောင်း ကြားဖူးသောကြောင့် ဖြစ်သည်။ သူ အပျော်မယား ထားသည်ဟု ဆိုသည်။ ထို့အပြင် တစ်လကို တစ်ယောက် ပြောင်းလေ့ ရှိသည်။
ဒီလိုလူမျိုးက သူ့ညီမလေးနဲ့ ထိုက်တန်ပါ့မလား။
ဒီလိုထင်တာ ကျိုးကွေ့လိုင်သာ မဟုတ်ဘဲ ကျိုးချင်းပိုင်လည်း ပါပါသည်။ စဥ်းစားစရာတောင် မလိုပါ။
အမေဖြစ်သူ လင်းချင်းဟယ်လည်း ထိုနည်းလည်းကောင်း ထင်ပါသည်။
သို့သော်လည်း ထိုကောင်လေးက မျက်နှာကြောတင်းသည်။ ဘယ်ရှုထောင့်ကမဆို ကျိုးမိသားစုနဲ့ ဆက်နွယ်လို့ ရနိုင်သည်။
သူက သားငယ်မိန်းမ မိသားစုနဲ့ ဆွေမျိုးတော်သလိုလိုရှိသည်။
ဒီလို ခက်ခဲမှုက ခက်ခဲမှုလို့တောင် ခေါ်လို့ မရတော့ဟု ကျိုးမိ ထင်မိသည်။ သို့သော် ဒီလို မျက်နှာပြောင်တိုက်သည့် လူမျက်နှာကို မမြင်ချင်သဖြင့် သူမ နောက်ဆုံးတော့ အလုပ်ထွက်ခဲ့ပါသည်။
သို့သော်လည်း သံယောဇဥ်က အခုမှ စတာ ဖြစ်သည်။
ထိုကောင်လေးက အရင်တုန်းက လူကောင်းလို မနေထိုင်ခဲ့ပါ။ သို့သော်လည်း ကျိုးမိကို တွေ့လိုက်ရပြီးနောက် သတင်းမွှေးများက ထပ်ပေါ်လာပြန်သည်။
သူက လူသစ်တစ်ယောက်ဖြစ်ချင်တာကို ပြသနေခြင်း ဖြစ်သည်။
ထိုကောင်လေး၏ မျိုးရိုးနာမည်က ဝမ်ဖြစ်သည်။ ဝမ်ဆိုတာ မြို့တော်တွင် အလွန်ပေါများသော မျိုးရိုးနာမည် ဖြစ်ပါသည်။ ဝမ်ယွမ်နဲ့လည်း မျိုးရိုးနာမည် တူသည်။ သို့သော် အမျိုးမတော်ပါ။
သူ့နာမည်က ဝမ်ယိဖြစ်သည်။
ဝမ်ယိက ဝမ်မိသားစုမှာ အလုပ်မရှိ အကိုင်မရှိ ဖြစ်သည်။ သို့သော်လည်း အခုတော့ သူ့ပြောင်းလဲသွားမှုက မသေးငယ်ပေ။ ဝမ်မိသားစုက ဆွေမျိုးတော်သည့် ကျောင်းမိသားစုကို ရင်ကြားစေ့ပေးဖို့ ယုံကြည်ခဲ့ပါသည်။
သို့သော်လည်း ဘာပြောစရာလိုဦးမည်နည်း။ ကျိုးမိသားစုရဲ့ မင်းသမီးလေးက ဝမ်ယိလိုလူမျိုးနဲ့ လက်ထပ်နိုင်မယ့် လူမျိုးလား။။
နှမ်းစေ့လောက် ထွက်လာသည့် သတင်းမွှေးများနဲ့ သူ့ကိုယ်သူ အထင်ကြီးအောင် ပြောသည့်စကားများကို အသာထားဦး၊ ကျိုးမိသားစုရဲ့ မင်းသမီးလေးကို လက်ထပ်ဖို့ သူ့မှာ ဘာအစွမ်းအစရှိလို့လဲ။
ဝမ်မိသားစု မရှိပါက ဝမ်ယိဆိုတာ ဘာဖြစ်သွားမှာလဲ။။
လင်းချင်းဟယ်က ပြတ်ပြတ်သားသား တဲ့တိုးသမား ဖြစ်သည်။ ဝမ်မိသားစုထံမှ ဖုန်းလက်ခံရပြီးနောက် ထိုစကားလုံးများကို တဲ့တိုးပဲ ပြန်ချေပလိုက်ပါသည်။
ကျိုးမိသားစု၏ စရိုက်ကိုလည်း ပြသလိုက်သည်။ ဝမ်မိသားစု၏ မိသားစုနောက်ခံက ကောင်းရင်တောင် ကျိုးမိသားစုက ဂရုမစိုက်ပါ။
အခု ကျိုးမိသားစုဆိုတာ ဘယ်လို မိသားစုမျိုး ဖြစ်နေပြီလဲ။ သူတို့သမီးကို စီးပွားရေးအတွက်နဲ့ ဘာကြောင့် လက်ထပ်ခိုင်းရမှာလဲ။ ထို့ကြောင့် တိုက်ရိုက် ငြင်းဆန်ခဲ့ပါသည်။
သို့သော်လည်း ဝမ်ယိက လက်မလျှော့ပါ။ ထိုကောင်လေးက ကိုယ့်ဖာသာကိုယ် ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့သည်။ သူ အတွေ့အကြုံ မရှိသဖြင့် အကုန်အရှုံးပေါ်ခဲ့ပါသည်။ အမှန်ပင်။ သူ့လျော်ကြေးပေးရမှုများက မိသားစုအပေါ် သိပ်ပြီး သက်ရောက်မှု မရှိပါ။
သို့သော်လည်း ဝမ်ယိ၏ ကိုယ့်ကိုယ်ကို အထင်ကြီးမှုကတော့ ရိုက်ချိုးခံလိုက်ရပါသည်။
ဝမ်မိသားစု၏ ထောက်ပံ့မှုမရှိပါက သူက ဘာကောင်မှ မဟုတ်တာကို နားလည်သွားသည့်ပုံပင်။
ဒါကိုနားလည်သွားသဖြင့် ရက်နည်းနည််းလောက် အရက်ထဲမှာသာ ပက်လက်မျောနေခဲ့သည်။ ထို့နောက် အားတင်းပြီး အောက်ခြေက ပြန်စခဲ့သည်။ သူ့အကြောင်း သတင်းမကြားရတော့ပါ။
ကျိုးမိသားစုက ဒီလောက်နဲ ပြီးသွားပြီဟု ထင်ခဲ့သည်။ သို့သော်လည်း ၃ နှစ်အတွင်း ထိုကောင်လေးက ကျိုးမိရှေ့ ပြန်ရောက်လာသည်။
ထိုအချိန်တွင် ကျိုးမိက ကောင်လေးတစ်ယောက် ရထားသည်။ ကျိုးမိသားစု၏ စည်းမျဥ်းစည်းကမ်းများက တင်းကြပ်သည်။ အများဆုံး သူတို့ လက်သာကိုင်နိုင်သည်။
သို့သော်လည်း ကျိုးမိက လက်ထပ်ဖို့ ရည်ရွယ်ချက်ဖြင့် သူ့ကိုတွဲခဲ့ခြင်း ဖြစ်သည်။
သူ ဖောက်ပြန်လိမ့်မည်ဟု မထင်ခဲ့ပေ။ ထို့အပြင် သူမ၏ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်နဲ့ ဖြစ်သည်။
ဒီလို ဖြစ်နေကျကိစ္စမျိုး သူမ ကမ္ဘာထဲမှာ ဖြစ်လာခဲ့သည်။
ကျိုးမိ စိတ်ထိခိုက်သွား၏။ ဝမ်ယိ ပေါ်လာသောအခါ ကျိုးမိ စိတ်ဓာတ်အကျဆုံးအချိန် ဖြစ်နေသည်။
စိတ်ဓာတ်ကျနေသော်လည်း ကျိုးမိက ဝမ်ယိကို အထင်မကြီးပါ။ သူ့ကို သူ့လူညစ် ရည်းစားဟောင်းနဲ့ စာရင်းတစ်ခုတည်း ထည့်ထားလိုက်ပါသည်။
သို့သော်လည်း 'အမျိုးသမီးကောင်းများတောင် နှောင့်ယှက်တတ်သည့် ရိုမီယိုကို ကြောက်ရွံ့ကြသည်' ဟူသည့် ဆိုရိုးစကားက မမှားပေ။
ဝမ်ယိက သူမကို ပိုးပန်းနေတာ ၈ နှစ်လောက် ရှိပါပြီ။ သူမကို အသက် ၂၂ နှစ်တွင် တွေ့လိုက်ရသောအခါ ကိုယ့်ကိုယ်ကို စတင်ပြုပြင်ခဲ့သည်။
ထို့နောက် ၃ နှစ်လောက် တစ်ယောက်တည်း ရုန်းကန်ခဲ့ပြီး သူ့မိသားစုကို အားမကိုးသည့် ကုမ္ပဏီတစ်ခုကို ထောင်ခဲ့သည်။ လစဥ် အမြတ်က ၁ သန်းကျော်သည်။ သူတို့လို သူဌေးများ၏ မျက်လုံးထဲမှာတော့ အများကြီး မဟုတ်နိုင်ပါ။
နောက်တော့ ကုမ္ပဏီက ကျယ်ပြန့်လာသည်။ သူ့နာမည်အောက်မှာ ဂိမ်းဖန်တီးသည့် ကုမ္ပဏီတစ်ခုလည်း ရှိလာပြီး အကျိုးအမြတ်များက အလွန်များပြားပါသည်။
ကျိုးမိကို နှစ်အနည်းငယ်လောက် လိုက်ပိုးပန်းပြီးသောအခါ ကျိုးမိ သူ့ကို စိတ်ကုန်လာ၏။ သူ့ကို စနစ်တကျ ဆေးစစ်ဖို့ ခေါ်သွားသည်။ ဆေးစစ်ချက်ရပြီး သူက ရောဂါကင်းကာ ကျန်းမာရေး ကောင်းသည်ဟု အဖြေရမှ ကျိုးမိ ဘာကြောင့်မှန်းမသိဘဲ ခေါင်းငြိမ့်လိုက်ပါသည်။
သားမက်လောင်း ဝမ်ယိက နောက်ဆုံးတော့ အလှအပလေးကို ပွေ့ဖက်ခွင့် ရခဲ့ပါသည်။ သို့သော်လည်း အစမှ အဆုံးအထိ သူ့ယောက္ခထီးနဲ့ ယောက္ခမနှစ်ယောက်တို့က သူ့ကို မျက်စိစပါးမွှေးစူးစရာ ဟုသာ မြင်ကြသည်။
လက်ထပ်ပြီး မြေးကလေး မွေးကာမှ သူ့ကို မျက်နှာသာ ပေးလာကြခြင်း ဖြစ်ပါသည်။