← Chapters

ဘယ်သူက မငယ်ရွယ်ဘူးလို့လဲ

Vol. 87 Ch. 1210

ဘယ်သူက မငယ်ရွယ်ဘူးလို့လဲ

Vol. 87 Ch. 1210

မိုဝူကျိ၏ ခန္ဓာကိုယ်မှ အသက်ဓာတ် မဟာတာအိုတစ်မျိုး ထွက်ပေါ်လာသည်။ ဤကုန်းမြေပေါ်ရှိ ကံတရားသည်လည်း ပိုမို ထူထည်းလာသည်။

ဤသည်က သေမျိုးကမ္ဘာတစ်ခု ဖြစ်ခဲ့၏။ ယခုတွင် အဆင့်နိမ့် ဆေးပင်များ စတင် ပေါက်ရောက်လာပြီး ကောက်ပဲသီးနှံများလည်း ပို၍ စိမ်းစိုလာသည်။ ထိုစဉ် ဤဂြိုလ်ပေါ်ရှိ လူအားလုံးက စိတ်ဓာတ် ပိုမို တက်ကြွလာကြသည်။ ရောဂါအားလုံးနှင့် နာကျင်မှုအားလုံး ပျောက်ကွယ်သွားကာ ကုတင်ထဲ လဲလျောင်းကာ သေမည့်နေ့ရက်ကို စောင့်နေကြရသည့် လူများပင် ရုတ်တရက် ထထိုင်နိုင်လာသည်။ သူတို့ဖျားနာမှုက ချက်ချင်း ပျောက်ကင်းသွားပုံ ပေါ်၏။

ဤအဖြစ်အပျက်ကို မကြာခင် သိရှိသွားကြသည်။ အားလုံးက ချက်ချင်း ဒူးထောက်လိုက်ကြပြီး ကောင်းကင်ဘုံအား ချီးမြင့်မှုအတွက် ကျေးဇူးတင်နေကြသလို နတ်ဝိညာဉ်များကိုလည်း ကာကွယ်ပေးမှုအတွက် ကျေးဇူးတင်နေကြသည်။

မိုဝူကျိက စိတ်ပေါ့ပါးသွားသည်။ သူက ဤသေမျိုးနယ်မြေ၏ အကူအညီဖြင့် ဝိဇ္ဇာအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ အပြန်အလှန်အားဖြင့် သူ့တာအိုလှိုင်းများသည် ဤသေမျိုးနယ်မြေအား ကံတရားနှင့် အသက်ဓာတ်ကို ပြန်လည် ပေးအပ်ခဲ့သည်။

အာကာသတခွင် ဖြန့်ကျက်ထားသည့် မိုဝူကျိ၏ စိတ်စွမ်းအားသည် ရုတ်ချည်း ရပ်တန့်သွားလေ၏။ သူက ရင်းနှီးပြီးသား ပုံရိပ်လေးကို မြင်လိုက်ရသည်။ သူက စိတ်စွမ်းအားသည် မှားယွင်း၍ အာရုံခံမိတာလားဟုပင် ထင်မှတ်သွားမိ၏။

သူက ရှားရိုယင်ကို မြင်လိုက်ရတာလား ….

သူက ရှားရိုယင်ကို မြင်လိုက်ရုံတင်မက ရှားရိုယင်သည် အာကာပြင်ထဲ လူးလိမ့်နေကြောင်း မြင်လိုက်ရသည်။ မိုဝူကျိက ရင်းနှီးပြီးသား တာအိုအငွေ့အသက်ကို ဖမ်းဆုပ်မိလိုက်ပြီး အဓိပ္ပါယ်ကို ချက်ချင်း နားလည်သွားသည်။ ရှားရိုယင်သည် ချီသွေးကြောကို ဖွင့်ကာ ချီသွေးကြောဖွင့် ကျင့်ကြံရေးမှတဆင့် တာအိုကို လျှောက်လှမ်းခဲ့ပုံပေါ်သည်။ ရှားရိုယင်သည် သူ့ကို သတ်လိုက်ပြီးနောက် သူမသည် ချီသွေးကြောဖွင့် ဆေးရည်ကို ရရှိသွားလေသည်။ သူ ချန်ထားခဲ့သည့် ဖော်စပ်နည်းသည် အပြည့်အစုံ မဟုတ်သောကြောင့် ရှားရိုယင် ရရှိလိုက်သော်လည်း ချီသွေးကြော ၁၀၈ ခု ဖွင့်နိုင်မည် မဟုတ်ပေ။

မဟုတ်သေးဘူး …..

ရှားရိုယင်က ချီသွေးကြောကို ဖွင့်ထားရုံသာမက ဝိညာဉ်လမ်းကြောင်းလည်း ဖွင့်ထားသည်။ သူမ ဘေးပတ်လည်၌ ဝိညာဉ်စွမ်းအား အရိပ်အယောင်များ စီးဆင်းနေလေ၏။

ချီသွေးကြောနှင့် ဝိညာဉ်လမ်းကြောင်း နှစ်မွှာကျင့်စဉ် ….

သူ့တာဟွမ်အပြင် ရှားရိုယင် တစ်ယောက်တည်းသာ လုပ်နိုင်လောက်၏။ ဤအမျိုးသမီးက ဝိဇ္ဇာတပိုင်းအဆင့်ကို အချိန်တိုအတွင်း ရောက်ရှိလာသည်။ ကြည့်ရသည်မှာ သူမ၏  ကံကောင်းမှုသည် ကြောက်ခမန်းလိလိ ကောင်းပုံပေါ်၏။

မိုဝူကျိက ခေါင်းခါလိုက်သည်။ သူက ရှားရိုယင်ကို သတ်ဖို့ အာကာပြင်အထိ မသွားနေတော့ပေ။ သူက ရှားရိုယင်အား သူ့ကို အဘယ်ကြောင့် သတ်ခဲ့ကြောင်း မေးဖို့ အကြံအစည်လည်း မရှိတော့ပေ။ အကြောင်းမှာ ဤအမျိုးသမီးမှာ သူ့အတွက် လုံးဝ သူစိမ်းတစ်ယောက် ဖြစ်နေ၍ ဖြစ်သည်။

သူ ရှားရိုယင်ကို မသတ်သည်မှာ ရန်ငြိုးမရှိ၍လည်း မဟုတ်သလို အမျိုးသမီးကို မသတ်၍လည်း မဟုတ်ပေ။ ထို့အစား ရှားရိုယင်က သူ ချစ်မြတ်နိုးခဲ့သည့် ပထမဆုံး အမျိုးသမီး ဖြစ်နေခဲ့၍ ဖြစ်သည်။ သူ ငယ်ရွယ်စဉ်က မှတ်ဉာဏ်များကို ဖြတ်တောက်ပစ်စရာ မလိုပေ။ အကယ်၍ သူ့နေရာ၌ တခြားဝိဇ္ဇာတစ်ပါး ဖြစ်နေခဲ့လျှင် သူမကို အဆုံးသတ်ပစ်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။ သို့သော်လည်း သူက လူသားတာအိုကို ကျင့်ကြံပြီး လူသားတစ်ယောက်အနေနှင့် အရာအားလုံးကို မေ့လျော့မပစ်နိုင်ချေ။

ဂြိုလ်သိမ်ဂြိုလ်မွှားအကြီးကြီးတစ်ခု လွှင့်စင်လာကာ ရှားရိုယင်အား ထိမှန်သွားလေ၏။ ရှားရိုယင် ပါးစပ်မှ သွေးများ စီးကျလာကာ တစ်ကိုယ်လုံးမှာ လွှင့်ထွက်သွားလေသည်။

မိုဝူကျိက စိတ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက လက်ကို မြှောက်ကာ ခန္ဓာကိုယ်အား သန့်စင်လိုက်သည်။ ထို့နောက် သူက အပြာရောင် ဝတ်စုံကို ထုတ်ကာ လဲလှယ်လိုက်သည်။

သူက တည်နေရာပေါင်းစုံမှ ကံကြမ္မာများသည် သူ့အပေါ် စုပုံလာသည်ကို ခံစားမိလိုက်၏။ ထိုစဉ် သူ့တာအိုသည် ပိုမို မြင့်မားသည့် အဆင့်တစ်ခုသို့ ရောက်သွားဟန် ပေါ်ကာ လူသားတာအိုလှိုင်းများသည် ပို၍ အားကောင်းလာသည်။

မိုဝူကျိက နက်နက်ရှိုင်းရှိုင်း နားလည်သွားသည်။ သူက နတ်ဘုရားအရိုက်အရာမှာ မည်သည့်အရာ ဖြစ်ကြောင်း နည်းနည်း နားလည်စပြုလာသည်။ နတ်ဘုရားအရိုက်အရာသည် စကြဝဠာဆီမှ ကံကြမ္မာကို ဆွဲယူနိုင်သည့် တာအိုအရိုက်အရာတစ်ခု ဖြစ်၏။ နတ်ဘုရားအရိုက်အရာနှင့် ကျင့်ကြံသူများသာ  စကြဝဠာကြီးမှ ကံကြမ္မာအမျိုးမျိုးကို ဆက်တိုက် ရယူနိုင်ပေသည်။

ဤကံကြမ္မာက သူတို့ ကျင့်ကြံဆင့်ကို မြင့်တက်စေသလို သက်တမ်းလည်း ရှည်လာကာ တာအိုအုတ်မြစ်လည်း ပို၍ အားကောင်းလာစေလိမ့်မည်။

ဤသို့သော ကံကြမ္မာမျိုး၌ ကိုးကွယ်ယုံကြည်မှု၊ အလေးထားမှု၊ ကြည်ညိုမှု၊ ကျေးဇူးတရားတို့ ပါဝင်နေသည်။

သူ့တွင် နတ်ဘုရားအရိုက်အရာ မရှိပေ။ သူက အသက်ဓာတ်နှင့် လူသားတာအိုလှိုင်းများကိုသာ ဤသာမာန်ဂြိုလ်ပေါ်သို့ အပ်နှင်းခဲ့သည်။ သို့သော် အပြန်အလှန်အားဖြင့် ဤဂြိုလ်ပေါ်ရှိ လူများဆီမှ ကံကြမ္မာကို ရရှိလိုက်သည်။

မိုဝူကျိက စိတ်လှုပ်ရှားမိသွားသည်။ သူက ခြေတစ်လှမ်းတည်းဖြင့် သူ ပထမဆုံး ရောက်ရှိခဲ့သည့် နေရာကို ရောက်သွားသည်။ ဤနှစ်တစ်ထောင်ကြာပြီးနောက် တောင်ကုန်းပုလေးမှာ ပျောက်ကွယ်သွားပြီ ဖြစ်၏။ ထိုနေရာကား ကျတ်တီးလယ်ကွင်းသာ ရှိနေသည်။ လယ်ကွင်းဘေးဘက်၌ ပေါက်တူး အပျက်တစ်ခု ရှိနေသည်။ မိုဝူကျိက ထိုပေါက်တူးစုတ်ကို ဆုပ်ကိုင်လိုက်သည်။

လွန်ခဲ့သည့် နှစ်တစ်ထောင်ခန့်က သူသည် ဤနေရာ၌ တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး သူ့အနာဂတ်ကို စဉ်းစားနေခဲ့ရသည်။ ထိုအချိန်၌ ပေါက်တူးနှင့် လယ်သမားတစ်ဦးက သူ့ဆီ ရောက်လာကာ စကားပြောဆိုခဲ့၏။

နှစ်တစ်ထောင်ကြာပြီးသည့်နောက် သူက နောက်တဖန် ဤနေရာ၌ ရပ်နေပြီး အနာဂတ်အကြောင်း စဉ်းစားနေဆဲ ဖြစ်၏။ သူ့လက်ထဲတွင် ပေါက်တူးတစ်ခု ရှိနေသည်။ ဤအရာက ခြားနားချက် ဖြစ်နိုင်သည်။

ခြားနားချက်မှာ လွန်ခဲ့သည့် နှစ်တစ်ထောင်ခန့်က ဤနေရာတွင် မည်သို့ သေဆုံးသွားမည်ကို တွေးမိနေခဲ့သည်။ တစ်ဖက်တွင် လယ်သမားကြီးတွင် သူ့ကိုယ်ပိုင် ရည်မှန်းချက် ရှိပုံပေါ်ကာ ပေါက်တူးက သူ့အိပ်မက်ကို အကောင်အထည် ဖော်ပေးမည့် ပစ္စည်း ဖြစ်နေပြန်သည်။

နှစ်တစ်ထောင်ကြာပြီးသည့်နောက် သူ့ရည်မှန်းချက်က မည်သည့်နေရာ သွားရမည်ကို တွေးနေခြင်း ဖြစ်၏။ သူ့လက်ထဲရှိ သံချေးတက်နေသည့် ပေါက်တူးကို ကြည့်ကာ သူ ကိုယ်တိုင် ကိုင်ထားသည့်အခါမှ ထိုကွာခြားချက်ကို နားလည်သဘောပေါက်သွားသည်။

………………

အာကာပြင်အတွင်း မငြိမ်မသက်ဖြစ်မှုက ငြိမ်ကျသွားသည်။ ရှားရိုယင်က နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ပစ်လိုက်သည်။ သူမ စိတ်စွမ်းအား၌ အသက်ဓာတ် ပြည့်ဝနေသည့် ဂြိုလ်တစ်ခုကို အာရုံခံလိုက်မိသည်။

ဒါက သေမျိုးကမ္ဘာလား ….

ရှားရိုယင်က နှစ်ခါပြန် မစဉ်းစားနေတော့ဘဲ ထိုဂြိုလ်ဆီ ဦးတည်လိုက်သည်။

ဤသည်က အမှန်ပင် သေမျိုးဂြိုလ်တစ်ခု ဖြစ်၏။ ထို့အပြင် ဤဂြိုလ်တွင် အသက်ဓာတ်များစွာ ရှိနေပြီး အသစ်မွေးဖွားလာသည့် စွမ်းအားတစ်ခုလို ဖြစ်နေသည်။

အကယ်၍ သူမသာ ထိုဂြိုလ်မှ အသက်ဓာတ် နှုတ်ယူနိုင်လျှင် သူမစွမ်းရည်များ အချိန်တိုအတွင်း ပြန်ကောင်းလာလိမ့်မည်။

ဝိဇ္ဇာသူတော်စင်မ အဲဒီမိန်းမကိုလည်း နောင်ကျရင် သတ်ပစ်ရမည် ….

ရှားရိုယင်က တအံ့တဩဖြင့် ရပ်တန့်သွားလေ၏။ သူမ စိတ်စွမ်းအားက ဝတ်စုံပြာနှင့် အမျိုးသား ရှိရာ ကျတ်တီးလယ်ကွင်းသို့ ရောက်ရှိသွားသည်။ ထိုအမျိုးသားသည် အလွန်ပိန်ကာ ဆံပင်များကလည်း ရှည်နေသည်။ ရုပ်ရည်တစ်ခုတည်းဖြင့် သူ့ပုံစံကို ဂရုမစိုက်ဘဲ ပစ်ထားသည်မှာ ကြာမြင့်လှပြီ ဖြစ်ကြောင်း ပြောနိုင်၏။

ကံကောင်းသည်က ဤအမျိုးသားသည်  အလွန်သန့်ရှင်းဟန် ပေါ်သည်။ သူက လက်ရှိ ပေါက်တူးစုတ်တစ်လက်ကို စိုက်ကြည့်ရင်း အတွေးများနေလေ၏။

ဤသည်က ရှားရိုယင် အံ့ဩသွားသည့် အကြောင်းအရင်း မဟုတ်သေးပေ။ သူမ အံ့ဩမိသွားသည်က ထိုအမျိုးသားသည် ရင်းနှီးနေပုံ ပေါ်၍ ဖြစ်သည်။ ယခင် သူမစိတ်ထဲ ပေါ်လာသည့်  နောက်ကျောပုံရိပ်လေးသည် ယခုအခါ သူမမျက်စိရှေ့ ပေါ်လာလေပြီ။

“ ရှင့်နာမည် ဘယ်သူလဲ ” ရှားရိုယင်က ခြေတစ်လှမ်းတည်းဖြင့် မိုဝူကျိရှေ့ ရောက်လာသည်။ သူမက အေးစက်စက် ပြောလိုက်၏။

မိုဝူကျိက ရှားရိုယင်အား တည်တည်ငြိမ်ငြိမ်ကြည့်ကာ  “ ငါက မိုဝူကျိ ”

“ မိုဝူကျိလို့ ခေါ်တာလား ” ရှားရိုယင် မျက်နှာထားမှာ ချက်ချင်း ပျက်ယွင်းသွားလေ၏။ သူ့နာမည်ကလည်း အတူတူ ဖြစ်ပြီး ရုပ်ရည်ကလည်း ၉၉ ရာခိုင်နှုန်းလောက် တူနေသည်။ ဤသည်မှာ မိုဝူကျိ ပြန်လည်ဝင်စားလာခြင်း ဖြစ်ကြောင်း သိသာလှသည်။

“ ငါ့ကို သတ်ချင်တာလား ” ရှားရိုယင်၏ သတ်ဖြတ်ငွေ့ မြင့်တက်လာသည်ကို ခံစားမိပြီး မိုဝူကျိက သတိထားမိလိုက်သည်။ သူက မပြောင်းမလဲ မေးလိုက်၏။

ရှားရိုယင်က မသိမသာ လှုပ်ရှားမှု ရပ်တန့်သွားလေသည်။ သူမက မိုဝူကျိအား တအံ့တဩကြည့်ကာ  “ ကျွန်မ ရှင့်ကို သတ်မယ်ဆိုတာ သိနေတာလား ”

လယ်သမားတစ်ယောက်က သတ်ဖြတ်ငွေ့ကို သိနေတာလား….

မဟုတ်သေးပါဘူး …. ဒီလယ်သမားက အရမ်းသန့်ရှင်းလွန်းနေသလိုပဲ …. ဖုန်မှုန့်လေးတောင် မရှိနေဘူး

မိုဝူကျိက ရှားရိုယင်ကို နောက်ကျောပေးလိုက်ပြီး ကောင်းကင်ကို မော့ကြည့်ရင်း အထီးကျန်စွာ ရေရွတ်လိုက်သည်  “ မင်းက ငါ့ကို တစ်ခါသတ်ထားပြီးပြီပဲ။ နောက်ထပ် ထပ်သတ်ဖို့ လုပ်တာ ဘာမှမဟုတ်ပါဘူး ”

သူက ရှားရိုယင်အား သူ့ကို သတ်ခဲ့သည့် အကြောင်းအရင်းကို မေးပင် မမေးပေ။ သူ့အတွက် အရေးမပါသည့် အချက်သာ ဖြစ်၏။ သူ့မျက်လုံးထဲ၌ ရှားရိုယင်ကိုယ်တိုင်ပင် ဖုန်မှုန့်တစ်စက်အလား အရေးမပါပေ။

“ ရှင့်က အတိတ်ဘဝတုန်းက မှတ်ဉာဏ်တွေ ကျန်ရှိနေသေးတာပဲ ….” ရှားရိုယင်က မိုဝူကျိ နောက်ကျောပုံရိပ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ သူမက အကြောက်တရားတချို့ ခံစားလိုက်ရ၏။ ပညာရှင်များ ပြန်လည်ဝင်စားလာသည့်အခါပင် အတိတ်ဘဝတုန်းက မှတ်ဉာဏ်များကို ထိန်းထားဖို့ ခက်ခဲလှသည်။

မိုဝူကျိက ဘယ်လိုလုပ် လုပ်နိုင်တာလဲ ….

ထိုအကြောက်တရားကို သတ်ဖြတ်လိုစိတ် အစားထိုး ဝင်ရောက်လာသည်။ သူမက တုံ့ဆိုင်းမနေဘဲ လက်ကို မြှောက်ကာ   “ ဒီလိုဆိုမှတော့ နောက်တစ်ခေါက် ပြန်ဝင်စားဖို့ မလိုတော့ဘူး ”

အဆုံးမဲ့ စွမ်းအားတစ်ခု ဖြစ်တည်လာကာ အာကာပြင်က ပိုမို ကြီးမားလာဟန် ပေါ်၏။ သို့သော်လည်း ရှားရိုယင် အမြင်၌ အာကာပြင်သည် ဗလာနတ္ထိအဖြစ် မှတ်ယူနိုင်လောက်သည့်အထိ ကျုံ့လာဟန် ပေါ်သည်။

ဤအားကောင်းလှသော တာအိုအငွေ့အသက်က ဂြိုလ်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ထိုရိုက်ချက် ကျရောက်လာသည့်အခါ ဂြိုလ်တစ်ခုလုံးသည် မိုဝူကျိနှင့်အတူတူ ပျောက်ကွယ်သွားလောက်သည်။

သူမဆီမှ ထွက်ပေါ်နေသော တာအိုလှိုင်းများက ရုတ်ချည်း ရပ်တန့်သွားလေသည်။ ထိုအရာက ဤနေရာအပေါ် လွှမ်းမိုးနိုင်စွမ်း မရှိပေ။ ထိုစဉ် ရှားရိုယင်က အသက်ရှုဖို့ပင် ခက်ခဲလာလေ၏။ သူမ ဝိညာဉ်လမ်းကြောင်းများက လေးလံလာကာ ချီသွေးကြောများမှာလည်း စတင်၍ ပျက်စီးလာသည်။ အသိစိတ်ပင်လယ်လည်း တုန်ခါလာကာ စွမ်းအားဗဟိုချက်သည်လည်း စတင်၍ ယိုယွင်းလာသည်။

“ ရှင်က ဝိဇ္ဇာပဲ ” ရှားရိုယင် မျက်ဝန်း၌ တကယ့်အကြောက်တရား အစစ်အမှန် ပေါ်လာသည်။ သူမက မိုဝူကျိကို နောက်တစ်ခါ ပြန်တွေ့သည့်အခါ ဝိဇ္ဇာအဆင့် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူမအနေနှင့်  မိုဝူကျိသည် သူမကို မြင်တွေ့ပြီးသား ဖြစ်ကြောင်း သေချာသွား၏။ မိုဝူကျိက မလှုပ်ရှားသေးသောကြောင့် သူမကို တစ်ခါချမ်းသာပေးထားသည် မဟုတ်ပါလော။ ယခု သူမက စိတ်မရှည်ဘဲ ကိုယ့်သေတွင်းကို လာတူးမိပေသည်။

“ ဝူကျိ …. ကျွန်မကို သတ်လို့ မရဘူး။ ကျွန်မ လက်ဖက်ရည်တွေ ပြင်ဆင်ပေးခဲ့ပြီး စောင့်ရှောက်ပေးခဲ့တာတွေကို ထောက်ထားပြီး ကျွန်မကို ချမ်းသာပေးပါ …. ဝူကျိ။ ကျွန်မကို အတင်းကြပ် လုပ်ခိုင်းခဲ့ကြတာပါ။

ရှားမျိုးနွယ်က အတင်းကြပ်စေခိုင်းခဲ့တာပါ။ တကယ်လို့ ကျွန်မသာ မလုပ်ရင် သူတို့ ကျွန်မကို သတ်မှာ ….. ဝူကျိ ချမ်းသာပေးပါ။ အခုအထိ ရှင့်ကို ချစ်နေတုန်းပဲ။ အဲဒါကြောင့် ရှင့်ကို  …. ” ရှားရိုယင်က သွေးမျက်ရည်ကျနေသည့် ဥဩဌက်အလား တကျီကျီ ပြောနေသည်။ သူမအသံတွင် ဝမ်းနည်းမှုတို့ဖြင့် ပြည့်နှက်နေလေ၏။

မိုဝူကျိက ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားသော်လည်း သူ့အသံက ရှားရိုယင် နားထဲ ရောက်ရှိလာသည်

“ မင်းက ငါ့ဇနီး ဝမ်ရှောင်ချီကို မသတ်ခဲ့ဘဲနဲ့ ရှောင်ချီကို ငါ့မျိုးဆက် မွေးဖွားခွင့်ပြုခဲ့တယ်။ ပြီးတော့ ငါ မင်းရဲ့ ရှားမျိုးနွယ်ကို အမြစ်ဖြတ်ရှင်းပြီးပြီဆိုတော့ ဒေါသတွေလည်း ပြေလုနီးပါး ဖြစ်နေပါပြီ။ အဲဒါကြောင့် မင်းကို ပြန်လည်ဝင်စားခွင့်တော့ ပေးလိုက်မယ် ”

ထိုအမျိုးသမီး ရောက်ရှိလာသည်နှင့် သူ့အား သတ်ပစ်ချင်ခဲ့သည်။ ထို့အပြင် သူမက သူ့အား ပြန်လည်ဝင်စားခွင့်ပင် မပေးချင်ခဲ့ပေ။ သူမ မည်မျှ အဆိပ်ပြင်းကြောင်း သိသာလှသည်။ မိုဝူကျိက ထုတ်မပြောချင်၍သာ ဖြစ်၏။

အတိတ်တုန်းက ဒီလို မိန်းမမျိုးကို ချစ်ခဲ့မိတာ သူ ကန်းနေ၍သာ ဖြစ်ရမည်။

သူက သက်ပြင်းချလိုက်သည်။

ဘယ်သူကများ မငယ်ရွယ်ဖူးဘဲ နေလို့လဲ … ယနေ့မှစ၍ အားလုံးကို လက်လွှတ်ပေးလိုက်မည်။

အတိတ်ကား သူနှင့် ဘာမှမပတ်သတ်တော့ပေ။

***

All Chapters