← Chapters

အကျပ်ကိုင်ခံခဲ့ရသည့် ထောင်ထျဲ့အိုး

Vol. 87 Ch. 1213

အကျပ်ကိုင်ခံခဲ့ရသည့် ထောင်ထျဲ့အိုး

Vol. 87 Ch. 1213

“ ခွန်းယွင် …. ခင်ဗျားတော့ ကြာလာတာနဲ့ ပိုချွတ်ချုံကျလာတဲ့ပုံပဲ။ အရင်တစ်ခေါက် မြင်လိုက်တုန်းက ခင်ဗျားဆီ အိုးတစ်လုံး ရှိပါသေးတယ်။ အခုတော့ အိုးလည်း မရှိတော့ဘူး ။ ခင်ဗျားပုံစံကလည်း အတော်လေး ဆိုးနေတာပဲ ” မိုဝူကျိက ကတိုက်ကရိုက် ထွက်ပြေးလာသည့် ခွန်းယွင်ရှေ့ ရောက်လာကာ ရယ်ရယ်မောမော ပြောလိုက်သည်။

ခွန်းယွင်၏ အကျင့်စရိုက်က မဆိုးလှပေ။ မုန့်ယဲ့နှင့် ဟိန်ကျိုးတို့နှင့်ယှဉ်လျှင် အများကြီး ကောင်းပေ၏။ ထိုကြောင့် မိုဝူကျိက အကူအညီပေးလိုခြင်း ဖြစ်၏။

ခွန်းယွင်က မိုဝူကျိ အသံကို ကြားလိုက်ရသည့်အခါ ကောင်းကင်ဘုံ တေးသီသံကို ကြားလိုက်ရသည့်အခါ မိုဝူကျိဘေးသို့ မြန်မြန် ရောက်လာသည်

“ ညီအစ်ကိုမို …. အစ်ကိုကြီးမို … ဖိုးဖိုးမို  ဒီညီလေးကို ကူညီပေးရမယ်နော်။ အဲဒီလူက ရူးနေပြီ … ”

ခွန်းယွင်က ဆက်မပြောနိုင်ခင် ခွန်းယွင် နောက်လိုက်လာသူက မိုဝူကျိရှေ့ ရောက်လာလေ၏။

မိုဝူကျိအနေနှင့် ဤသို့လူကောင်ကြီးကြီးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။ သူက သုံးမီတာလောက် မြင့်မားပြီး ပခုံး ခပ်ကျယ်ကျယ်နှင့် မျက်နှာမှာလည်း ဝိုင်းကာ နားရွက်မှာလည်း ခပ်ကြီးကြီး ဖြစ်နေသည်။ သူ့အသားရည်မှာ  မင်အိုးထဲ ကျထားသည့်အလား မည်းနက်နေသည်။

ခွန်းယွင်အနေနှင့် ရှင်းပြဖို့ပင် မလိုတော့ပေ။ မိုဝူကျိက ခန့်မှန်းနိုင်လိုက်၏ “ ခွန်းယွင် … သူက နတ်ဘုရားဧကရာဇ် ၁၂ ပါးထဲက ထောင်ထျဲ့မလား ”

ခွန်းယွင်က ခေါင်းတဆတ်ဆတ်ညိတ်ကာ

“ ဟုတ်တယ် …. အဲဒီလူက ရူးနေပြီ။ ထောင်ထျဲ့အိုးက ကျုပ်ဆီမှာ မဟုတ်ပါဘူးဆိုတာကို  သူက နဂါးငွေ့တန်းများစွာ ဖြတ်ပြီး လိုက်ဖမ်းနေတာ။ တကယ်လို့ အစ်ကိုကြီးမိုကိုသာ မတွေ့မိရင် သူလက်ထဲ သေရတော့မှာ ”

ထောင်ထျဲ့အသံက ခပ်ဩဩဖြင့် ထွက်ပေါ်လာသည် “ ခွန်းယွင် … မင်း ဘယ်သူနဲ့တွေ့တွေ့ ဒီနေ့ သေရမယ် ”

ထောင်ထျဲ့အသံက ရုတ်ချည်း ရပ်တန့်သွားလေ၏။ သူက ထန်းဟန် ရောက်လာသည်ကို မြင်လိုက်ရသည်။ ထန်းဟန် ရောက်လာသည့်အခါ ထောင်ထျဲ့ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး မီတာသုံးရာခန့် နောက်ဆုတ်လိုက်သည်။ ထို့နောက် သူက ထန်းဟန်က သတိထားကြည့်ကာ

“ ထန်းဟန် …. ခင်ဗျား မိုးမြေ မီးပြင်းဖို ရှာတွေ့ပြီး ဝိဇ္ဇာတာအိုဆီ ပြန်တက်လှမ်းနိုင်လိမ့်မယ်လို့ မထင်မိဘူး ”

ထန်းဟန်က ခပ်ယဲ့ယဲ့ပြုံးကာ

“ နတ်ဘုရားဧကရာဇ် ၁၂ ပါးထဲက တာအိုရောင်းရင်း ထောင်ထျဲ့ကိုး … မတွေ့တာ ကြာပြီ။ ကြည့်ရတာ တာအိုရောင်းရင်း ထောင်ထျဲ့ရဲ့ ကျင့်ကြံဆင့်က တိုးတက်လာတာပဲ။ ဂုဏ်ပြုဖို့ ထိုက်တန်ပါတယ်လေ ”

ထန်းဟန်က ဝိဇ္ဇာတစ်ပါး ဖြစ်နေသော်လည်း ထောင်ထျဲ့အား မျက်နှာသာပေးရ၏။ ဤလူအား တိုက်ပွဲခုံမင်သူဟု ခေါ်ဆိုနိုင်ပေသည်။ ဤလူသာ ထောင်ထျဲ့အိုး ထုတ်လိုက်လျှင် ဝိဇ္ဇာတစ်ပါးထက် အားနည်းမည် မဟုတ်ပေ။

“ ဝိဇ္ဇာထန်းဟန် … ဒီကိစ္စကို ဝင်ရှုပ်မလို့လား။ ခွန်းယွင်က ပင်မနတ်ဘုရားတစ်ယောက်ပဲ … ” ထောင်ထျဲ့က ပြောလိုက်ရင်း ထန်းဟန်အပေါ် အပြည့်အဝ အာရုံစိုက်ထားလိုက်သည်။

သူက ထန်းဟန်ကို မကြောက်ပေ။ သို့သော် ထန်းဟန်ကဲ့သို့ ဝိဇ္ဇာ ဝင်ရှုပ်လျှင် သူ့အနေနှင့် နောက်ဆုတ်ရုံသာ တတ်နိုင်ပေမည်။

ထန်းဟန် မပြောခင် မိုဝူကျိက မေးလိုက်၏  “ ခွန်းယွင် …. ခင်ဗျားရဲ့ ထောင်ထျဲ့အိုးရော ဘယ်မှာလဲ ”

ခွန်းယွင်က မိုဝူကျိ စကားများကို မကြားသည့်အလား ထန်းဟန်အား ဖြူဖတ်ဖြူရော်ဖြင့် ကြည့်နေကာ မသိမသာ နောက်ဆုတ်လိုက်၏။ သူက ထန်းဟန်နှင့် ဆုံတွေ့ရလိမ့်မည်ဟု မထင်ထားမိပေ။ အကယ်၍ ဤလူသာ သူ့အား သတ်လိုလျှင် လက်တစ်ချက် ဖျစ်ရုံမျှသာ လိုအပ်ပေမည်။

“ ခွန်းယွင် … ထောင်ထျဲ့အိုး ဘယ်ရောက်သွားပြီလဲ ” မိုဝူကျိက အသံမြင့်ကာ မေးလိုက်သည်။

ခွန်းယွင်က ထန်းဟန်အား လက်ညိုးထိုးကာ   “ အစ်ကိုကြီးမို … အဲဒီလူက ဝိဇ္ဇာထန်းဟန်လေ … ”

ခဏ … မဟုတ်သေးပါဘူး  ….

ထန်းဟန်က ဝိဇ္ဇာတစ်ပါး ဖြစ်သော်လည်း မိုဝူကျိက စကားဖြတ်ပြောသည့်အခါ ဘာမှဝင်ပြောခြင်း မရှိပေ။ ထို့အစား သူက ပြုံးနေဟန် ပေါ်၏။

ဘာတွေဖြစ်နေတာလဲ …..

မိုဝူကျိက ခွန်းယွင်ဘေး လျှောက်လာကာ ပခုံးပုတ်လိုက်ပြီး ထပ်မေးလိုက်သည်  “ ခင်ဗျားရဲ့ ထောင်ထျဲ့အိုး ဘယ်မှာလဲ ”

“ ဒီက တာအိုရောင်းရင်း ထောင်ထျဲ့အိုးက ကျုပ်အပိုင်ဆိုတာ သိသာနေတာ။ ဘယ်တုန်းက ခွန်းယွင် အပိုင် ဖြစ်သွားရတာလဲ ” ထောင်ထျဲ့က တစ်ခုခု လွဲမှားနေကြောင်း အာရုံခံမိပေသည်။ မိုဝူကျိသည် ထန်းဟန်စကားကို ဖြတ်ပြောနေသော်လည်း ထန်းဟန်က ဒေါသထွက်ဟန် မပေါ်ပေ။ ထို့အစား ထန်းဟန်က ခွန်းယွင်အား ပြုံးကြည့်နေသေး၏။

တစ်ခုခုတော့ လွဲမှားနေလေပြီ …..

ခွန်းယွင်က ထန်းဟန်အပေါ် အကြောက်တရားကို ဖြေဖျောက်ဖို့ ကြိုးစားရင်း ရှင်းပြလိုက်သည်

“ အစ်ကိုကြီးမို … ကျုပ် ထောင်ထျဲ့အိုး မပျောက်သွားပါဘူး။ ဒါပေမဲ့ အဲဒီလူက ကျုပ်ကို သတ္တဗုဒ္ဓကျိုင်း ပြန်မပေးဘူးလေ ”

မိုဝူကျိက ထောင်ထျဲ့အား ကြည့်ကာ ရယ်မောလိုက်ပြီး

“ ထောင်ထျဲ့ … ခင်ဗျား အရင်တုန်းက ပုံစံ မပြောင်းနိုင်ခဲ့ဘူးမလား။ ဒါပေမဲ့ အခုတော့ လူသားအသွင် ပြောင်းနိုင်သွားပြီဆိုတော့ အကျိုးအကြောင်းမသင့် ကြိုက်သလို လုပ်လို့ ဖြစ်တယ်လို့ ပြောချင်တာလား။ ခင်ဗျားက ခွန်းယွင်ရဲ့ သတ္တဗုဒ္ဓကျိုင်းကို ပြန်မပေးဘဲနဲ့ ခွန်းယွင်ဆီကနေ ထောင်ထျဲ့အိုးကို ပြန်လိုချင်နေတာလား။ ခင်ဗျားတို့က အလဲအလှယ် လုပ်ခဲ့တာလေ ”

“ ကျုပ် ခွန်းယွင်ဆီ သတ္တဗုဒ္ဓကျိုင်း ပြန်မပေးရသေးဘူးဆိုတာ ဘယ်လိုလုပ် သိတာလဲ ” ထောင်ထျဲ့က ထန်းဟန်အား တစ်ချက်ကြည့်လိုက်ပြီးနောက် မိုဝူကျိအား ခက်ထန်စွာ ပြောလိုက်သည်။

သူက ထန်းဟန်အပေါ် အနည်းငယ် စိုးရိမ်စိတ် ရှိသော်လည်း မိုဝူကျိကို ကြောက်နေဖို့တော့ မလိုအပ်ပေ။

မိုဝူကျိက အေးစက်စက် ရယ်မောကာ

“ တကယ်လို့ ခင်ဗျား ခွန်းယွင်ဆီ သတ္တဗုဒ္ဓကျိုုင်း ပြန်ပေးပြီးပြီလို့ ကျိန်ဆိုရဲရင် ခင်ဗျားရဲ့ ထောင်ထျဲ့အိုးကို ဒီနေ့အတွင်း ပြန်ယူပေးလိုက်မယ် ”

သတ္တဗုဒ္ဓကျိုင်းသည် သူ့လူသားကမ္ဘာအတွင်း ရှိပေသည်။ မိုဝူကျိက စကြဝဠာကြီးထဲ၌ ဒုတိယ သတ္တဗုဒ္ဓကျိုင်း ရှိနေသေးလိမ့်မည်ဟု မယုံပေ။

ထောင်ထျဲ့က အေးစက်စက် နှာမှုတ်ကာ   “ ဒါက ကျုပ်နဲ့ ခွန်းယွင်ကြားက ကိစ္စပါ။ ခင်ဗျား အပူ မပါဘူး ”

“ ထန်းဟန် … ဒီကောင်ကို သင်ခန်းစာတစ်ခုလောက် သင်ပေးလိုက်ပြီးတော့ အာကာပြင်အက်ကြောင်းထဲ ပစ်ချလိုက် ” မိုဝူကျိက ထောင်ထျဲ့နှင့် အကျိုးသင့်အကြောင်းသင့် ဆွေးနွေးလိုသော်လည်း ဤလူက မည်သို့ ပြုမူရမှန်း မသိပေ။ ထို့ကြောင့် သူ့အနေနှင့် ယဉ်ကျေးနေဖို့ရာ မလိုပေ။

ယခင် ထောင်ထျဲ့က သူ့အား ဝါးမြိုလုမတတ် ဖြစ်ခဲ့သည်။ မိုဝူကျိက ထိုကိစ္စကို စိတ်ထဲ မထားတော့သော်လည်း သူ့အနေနှင့် ဤမျှရန်လိုနေသူအား သက်ညှာပေးဖို့ မလိုပေ။

“ ဟုတ်ကဲ့ပါ သခင် ….” ထိုသို့ပြောပြီး ထန်းဟန်က ထောင်ထျဲ့အား လက်သီးဖြင့် ထိုးချလိုက်သည်။

ထိုလက်သီးချက်ဖြင့် သူတို့ဘေးပတ်လည်ရှိ အာကာပြင်သည် ထန်းဟန်၏ ဝိဇ္ဇာတာအိုစည်းမျည်းများနှင့် ပိတ်လှောင်ပြီးသား ဖြစ်သွားသည်။

သခင်တဲ့လား ….

ထောင်ထျဲ့က တုန်လှုပ်မိသွားသည်။

မိုဝူကျိက ထန်းဟန်ရဲ့ သခင်လား ….

ထန်းဟန်၏ လက်သီးချက်က ရောက်ရှိလာပြီ ဖြစ်၏။ သူ့အနေနှင့် ဆက်တွေးတောနေစရာ အချိန်မရှိတော့ပေ။ ထောင်ထျဲ့က  ချက်ချင်းဆိုသလို ဧရာမ ပန်းကန်လုံးကြီး ထုတ်ကာ ထန်းဟန်၏ တာအိုလှိုင်းများကို ခုခံဖို့ ကြိုးစားလိုက်သည်။

“ ဝုန်း ” ပြင်းထန်သော တာအိုလှိုင်းများ ထွက်ပေါ်လာသည်။ ဤအာကာပြင်က ကျုံ့လာသလို ဖြစ်လာ၏။ ထောင်ထျဲ့က သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ သူ့ပုံရိပ်မှာ ဖြတ်ခနဲ ပျောက်ကွယ်သွားလေ၏။

သူက ဝိဇ္ဇာနှင့် ရင်ဆိုင်နိုင်ခြင်းမှာ သူက တော်တတ်နေ၍ မဟုတ်ပေ။ အကြောင်းမှာ သူ့ထောင်ထျဲ့အိုးက အံ့ဩဖို့ ကောင်း၍ ဖြစ်၏။ ယခု သူ့တွင် ထောင်ထျဲ့အိုးနှင့် သတ္တဗုဒ္ဓကျိုုင်း နှစ်မျိုးလုံး မရှိလေရာ ဝိဇ္ဇာထန်းဟန်နှင့် မည်သို့ ရင်ဆိုင်နိုင်မည်နည်း။ ထို့အပြင် ဝိဇ္ဇာထန်းဟန် ကိုယ်တိုင် သခင်ဟု ခေါ်ဆိုနေရသည့် လူငယ်လေးလည်း ရှိနေသေး၏။ အကယ်၍ ဤလူငယ်လေးသာ ဝိဇ္ဇာဖြစ်နေလျှင် သူ ထောင်ထျဲ့သာ အဆုံးသတ်သွားပေမည်။

ခွန်းယွင်က “သခင်” ဟူသော စကားကြောင့် အတွေးလွန်နေဆဲ ဖြစ်၏။ သူက ထန်းဟန်၏ လက်သီးချက်သည် အာကာပြင်အတွင်း ခွက်ဝင်သွားသလို ဖြစ်သွားစေသည်ကို မြင်လိုက်ရသည်။ သို့သော် သိပ်မကြာခင် ထိုချိုင့်ခွက်က မိုဝူကျိ၏ စွမ်းအားစက်ကွင်း အပြင်ဘက်၌သာ ဖြစ်နေကြောင်း သိလိုက်ရပြီး မိုဝူကျိ၏ စွမ်းအားစက်ကွင်းအတွင်း ထိုးဖောက်ဝင်ရောက်လာစွမ်း မရှိပေ။

ခွန်းယွင်က လေအေးများ မှုတ်ထုတ်လိုက်သည်။ မိုဝူကျိနှင့် ကုန်ဆုံးခဲ့သည့် အချိန်တို့မှာ အချိန်အကြာရှည်ဆုံး ဖြစ်၏။ သူ မိုဝူကျိကို တွေ့စဉ်အခါက ကောင်းကင်နတ်ဘုရား ပါးမွှားမျှသာ ဖြစ်၏။ သို့သော်လည်း မိုဝူကျိနှင့် ပြန်လည် ဆုံတွေ့သည့်အခါ ယခင်အချိန်အထက် များစွာ တိုးတက်လာကြောင်း သိလိုက်ရသည်။

ယနေ့တွင် မိုဝူကျိက သူ့ လေးစားမှုနယ်ပယ်ကိုပင် ကျော်လွန်သွားပြီ ဖြစ်၏။ ဝိဇ္ဇာထန်းဟန်၏ အားပြင်းပြင်း တာအိုစည်းမျည်းပင် မိုဝူကျိ၏ စွမ်းအားစက်ကွင်းကို မကျော်လွန်နိုင်ပေ။ အကယ်၍ မိုဝူကျိသာ ဝိဇ္ဇာမဟုတ်လျှင် ဘာဖြစ်ဦးမည်နည်း။

ထန်းဟန်က ဝိဇ္ဇာအဆင့် ပြန်ရောက်လာတာ မိုဝူကျိက မိုးမြေ မီးပြင်းဖိုအား ထန်းဟန်ဆီ ပြန်ပေးလိုက်၍သာ ဖြစ်ရမည်။ သို့သော်လည်း ထန်းဟန်က ဉာဏ်များကာ ရက်စက်တတ်သူ ဖြစ်၏။ ထန်းဟန်က မိုဝူကျိအား သခင်ဟု လိုလိုလားလား ခေါ်ရလောက်အောင်အထိ  သဘောမကောင်းပေ။ သူ ခွန်းယွင်က မိုဝူကျိအား သေချာပေါက် သတိပေးရမည်။

ခဏနေပါဦး …. မိုဝူကျိက သူ့ဆီကနေ သတိပေးချက်ရော လိုလို့လား ….

သူက မိုဝူကျိနှင့် ပတ်သတ်လာသည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ မိုဝူကျိက ဘယ်တုန်းကများ  အခွင့်မသာတဲ့ဘက် နေဖူးလို့လဲ ….

ဝိဇ္ဇာတုမင်ယွမ်တောင် မိုဝူကျိရဲ့ ခြေဆေးရည်လောက်ပဲ သောက်ခွင့်ရလောက်တယ် ….

မိုဝူကျိက ထန်းဟန်လို မဆင်မခြင် လုပ်တတ်သူကို အဘယ်ကြောင့် ကြောက်နေမည်နည်း။

သူ ခွန်းယွင်က အတွေးလွန်းနေခြင်းသာ ဖြစ်၏။

“ ခွန်းယွင် … ကိုယ့်ခေါင်းကို ဘာလို့ ရိုက်နေတာလဲ ” မိုဝူကျိက ခွန်းယွင် ပခုံးကို ပုတ်ကာ ဂရုတစိုက် မေးလိုက်သည်။

ခွန်းယွင်က မချိတင်ကဲ ရယ်မောကာ   “ ညီအစ်ကိုမို …. တကယ်လို့ ကျုပ်ကို တစ်ခုခု ခိုင်းချင်ရင် ခွန်းယွင် တစ်ရာရှိရင်တောင် မလုံလောက်ပါဘူး ”

“ ခင်ဗျားရဲ့ နတ်ဝိညာဉ်သွေးကြောအပြင် ကျုပ် အာရုံဖမ်းစားနိုင်တာ မရှိဘူး ” မိုဝူကျိက ရယ်ရယ်မောမော ပြောလိုက်သည်။ သူက ခွန်းယွင်တွင် နတ်ဝိညာဉ်သွေးကြော မရှိတော့ကြောင်း သိထားသည်။

ခွန်းယွင်က သက်ပြင်းချကာ  “ ညီအစ်ကိုမို ကျုပ်ဆီမှာ နတ်ဘုရားကျောက် တစ်ဝက်တောင် မကျန်တော့ဘူး ”

“ ဘာဖြစ်ကုန်တာလဲ ” မိုဝူကျိက သိချင်စွာ မေးလိုက်သည်။ သူက ခွန်းယွင်၏ ကြွယ်ဝချမ်းသာမှုအကြောင်း ကောင်းကောင်း သိပေသည်။ ဤလူ၏ ကျင့်ကြံဆင့်က အံ့ဩဖို့ မကောင်းသော်လည်း ချမ်းသာကြွယ်ဝမှုက တောင့်တင်းလှသည်။

“ အစ်ကိုမို ဝိဇ္ဇာတာအို ညီလာခံအကြောင်း ကြားဖူးတယ်မလား ” ခွန်းယွင်က မေးလိုက်သည်။

မိုဝူကျိက ခေါင်းညိတ်ကာ   “ အင်း … ကြားဖူးတယ် ”

“ ကျုပ်ရဲ့ ထောင်ထျဲ့အိုးကို အဲဒီမှာ အတင်းကျပ် လေလံတင်ခဲ့ရတယ်။ ဒါပေမဲ့ မရောင်းနိုင်သေးဘူး။ အဲဒါက သိပ်မဆိုးသေးဘူး … တကယ်တော့ ဝိဇ္ဇာတာအို ညီလာခံက ကျုပ်ထောင်ထျဲ့အိုးကို  ပြဿနာ လာရှာပြီးတော့ သူတို့အပျက်အစီးအတွက် လျော်ကြေးတောင်းနေတာ ” ခွန်းယွင်က သက်ပြင်းချလိုက်ပြီး

“ ကျုပ်က သူတို့ကို လျော်ကြေးပေးနိုင်ပါတယ်။ အဲဒီနောက်ကျ ကျုပ် ထွက်ပြေးလာလိုက်ရတယ်။ အဲဒီလမ်းမှာ ထောင်ထျဲ့နဲ့ တိုးတာပဲ ”

“ ဝိဇ္ဇာတာအို ညီလာခံ ဂုဏ်သတင်းက မဆိုးဘူးလို့ ကြားပါတယ်။ သူတို့က ဘာလို့ ခင်ဗျားရဲ့ အိုးကို အတင်းကျပ် ရောင်းခိုင်းတာလဲ ” မိုဝူကျိက နားမလည်စွာ မေးလိုက်သည်။

သူက ဝိဇ္ဇာတာအို ညီလာခံအကြောင်း မြေအောက်ကမ္ဘာ ဝိဇ္ဇာဆီမှ ကြားခဲ့ခြင်း ဖြစ်၏။ မြေအောက်ကမ္ဘာ ဝိဇ္ဇာ ပြောစကားအရ ဝိဇ္ဇာတာအို ညီလာခံသည် တရားမျှတသည့် နေရာတစ်ခု ဖြစ်ပေသည်။

ခွန်းယွင်က အေးစက်စက် ရယ်မောလိုက်ပြီး

“ ဝိဇ္ဇာတာအို ညီလာခံက တရားမျှတတယ်ဆိုတာက ပစ္စည်းတွေကို ရောင်းချတာ နည်းလို့လေ။ ကျုပ်ရဲ့ ထောင်ထျဲ့အိုးက ကံကြမ္မာ ထိပ်သီးရတနာတစ်ခုဆိုတော့ ပေါ်လာတာနဲ့ လူအများကြီးက အာရုံစိုက်သွားကြရော …. လေလံပွဲအတွက် မထားခဲ့ရင် ကျုပ် သေနေလောက်ပြီ ”

“ ကျုပ်လည်း ဘာမှလုပ်စရာ မရှိဘူးဆိုတော့ ဝိဇ္ဇာတာအို ညီလာခံဆီ ခေါ်သွားပေး ” မိုဝူကျိက ပြောလိုက်သည်။ သူက ပြောလိုက်ရင်း မြေအောက်ကမ္ဘာ ဝိဇ္ဇာ၏ ဆက်သွယ်ရေး ပုတီးစေ့ကို ထုတ်ကာ အကြောင်းကြားလိုက်သည်။

ထောင်ထျဲ့အိုးက ဝိဇ္ဇာတာအို ညီလာခံဆီ လုယူခံလိုက်ရပြီ ဖြစ်ရာ သူက ပြန်လုယူရမည်။ ဤသည်က သူ့အပိုင် ဖြစ်၏။

ဘေးမှ ထန်းဟန်က မြန်မြန် ပြောလိုက်သည်  “ သခင် …. အရင်ဆုံး တာအိုစည်းမျည်းကို သွားကြည့်ရအောင်။ ဒီနေရာနဲ့ သိပ်မဝေးဘူး ”

“ ကောင်းပြီလေ … အရင်ဆုံး ဝိဇ္ဇာတာအို ညီလာခံ မသွားခင် စကြဝဠာ တာအိုစည်းမျည်းကို သွားယူကြတာပေါ့ ” မိုဝူကျိက အချိန်စက်ဝန်းပြားကို ထုတ်ယူလိုက်သည်။

ခွန်းယွင်၏ တုံ့ပြန်ချက်က အဆင်ပြေသော်လည်း ထန်းဟန်က မိုဝူကျိသည် နောက်ထပ် ကံကြမ္မာ ထိပ်သီးရတနာ ထုတ်ယူလိုက်သည်ကို မြင်သောအခါ သက်ပြင်းသာ ချလိုက်တော့သည်။ သူ့သခင်နှင့် ယှဉ်ကြည့်လိုက်လျှင် သူက ခွေးပျင်းတစ်ကောင်လို အချိန်ဖြုန်းတီးမိခဲ့ခြင်းသာ ဖြစ်၏။

***

All Chapters