လျှို့ဝှက်စစ်ဆင်ရေ
Vol. 3 Ch. 34
အခန်း (၃၄) လျှို့ဝှက်စစ်ဆင်ရေး
https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1695282938536-598x1024.jpg
နေရာတစ်ခု၊ ပြိုကျပျက်စီးနေသည့် မိုးမျှော်တိုက်များတွင် နွယ်ပင်များဖြင့် ယှက်သန်းလျက်ရှိသည်။ အောက်ခြေတွင်၊ လမ်းမများက အေးစက်၍ ခြောက်ကပ်လျက်ရှိသည်။ မှန်ကွဲစများကလည်း စတိုးဆိုင်များရှိရာ လမ်းတစ်လျှောက်တွင် ပျံ့ကြဲနေသည်။ စတိုးဆိုင်များသည် အမှိုက်ပုံများကဲ့သို့ ရှုပ်ပွနေပြီး လုယူခြင်းခံထားရသည်မှာ ထင်ရှားလှသည်။
ဘယ်ခေတ်ကာလကမှန်း မသိသည့် အဝါရောင် သတင်းစာ အပိုင်းအစတစ်ခုက လေယူရာလွင့်မျောသွားရင် လမ်းမများပေါ်တွင် ကခုန်နေသလိုပင်။
မြို့၏ တစ်ခုတည်းသော အလင်းရောင်ဖြစ်သည့် လရောင်က ထူထပ်သော ဖုန်မှုန့်တိမ်တိုက်များကြားမှ ဖြတ်သန်း၍ အလင်းရောင် အနည်းငယ် ပေးနေ၏။
ဒါက စွန့်ပစ်မြို့ကြီးတစ်ခုဖြစ်သည်။ ယခင်က တိုင်းပြည်ကြီးတစ်ခုက ပိုင်ဆိုင်ခဲ့ပြီး၊ ထိုတိုင်းပြည်ကြီးပင် ယခုအခါ မရှိတော့ပေ။ တိုင်းပြည်မှ လူများသည်လည်း အခြားနေရာများသို့ ပြောင်းရွှေ့သွားကြသည်။ နေထိုင်ရန် အခြေအနေ ဆိုးဝါးလှ၍ လေလွင့်သွားလာသူများပင် ဤနေရာကို ရှောင်ရှားကြသည်။
မရေမတွက်နိုင်သည့် အခြားသော မြို့များသည်လည်း ဆယ်စုနှစ်များစွာ ပြောင်းလဲပြီးနောက် အလားတူစွာပင် စွန့်ပစ်ခံခဲ့ရသည်။ လူများထွက်သွားသည်နှင့် တစ်ပြိုင်နက်၊ ကွန်ကရစ်များနှင့် သံမဏိများသည်လည်း သစ်ပင်ပန်းမန်တို့၏ ရှင်သန်ရာမြေကြီး ဖြစ်လာကြသည်။
ဟန်ရှောင်း၏ သတင်းအရ၊ ကြယ်နဂါးနိုင်ငံအတွင်းတွင် ဂျာမီနယ်အဖွဲ့အစည်း၏ စခန်း ၃ခုရှိသည်။ တစ်ခုမှာ ဤနေရာတွင် ရှိနေသည်။ နိုင်ငံ၏ ထိပ်တန်းအရာရှိကြီးများအားလုံးမှာ ဂျာမီနယ်အဖွဲ့အစည်း၏ စခန်းများ နိုင်ငံအတွင်း၌ ရှိနေသည်ကို သိသွားပြီးနောက် ထိတ်လန့်သွားကြပြီး ဒေါသလည်း ထွက်သွားကြသည်။ ၂၄နာရီအတွင်း၊ အနီးဆုံး စစ်တပ်မှ တပ်ဖွဲ့တစ်ဖွဲ့စေလွှတ်ကာ တိုက်ခိုက်စေတော့သည်။
ယခုအချိန်တွင်၊ မြို့ကြီးမှာ ဗုံးကြဲတိုက်ခိုက် ခံထားရ၏။ ကျည်ကာတပ်ဆင်ထားသော စစ်တပ်သုံးမော်တော်ယာဉ်များ မြို့တွင်းသို့ ဝင်ရောက်လာသည်။ သေနတ်ပစ်သံများနှင့် အမြောက်သံများမှာ အဆက်မပြတ်ပင် ကြားနေရသည်။ အော်သံများက ညအမှောင်တွင် ဖုံးလွှမ်းနေ၏။
သို့သော်လည်း၊ ဤအပေါ်ယံတိုက်ပွဲက အာရုံလွှဲခြင်းမျှသာဖြစ်သည်။
လျှို့ဝှက်စစ်ဆင်ရေးအေးဂျင့် ၃ယောက်က စခန်းကို ထိုးဖောက်စိမ့်ဝင်ရန် တာဝန်ပေးခြင်းခံထားရသည်။ သူတို့က ဘေးဝင်ပေါက်သို့ ရောက်လာ၏။
လီယာလင်းက အဆင့်(၄) ခွင့်ပြုမိန့်ရှိသည့် အေးဂျင့်တစ်ယောက် ဖြစ်သည်။ ချောမောလှပသော အသားအရေရှိပြီး နုပျိုလှသော မိန်းကလေးတစ်ဦးသည်၊ သူမ၏ ဆွဲဆောင်မှုရှိလှသော နှာခေါင်းသွေးထွက်နိုင်သည့် ခန္ဓာကိုယ်ကို ပေါ်လွင်စေသော အနက်ရောင် အသားကပ်ဘောင်းဘီနှင့် အဝါရောင်ဟူဒီကို ၀တ်ထားသည်။ သူမတွင် အားကစားသမားတစ်ယောက်ကဲ့သို့ ခန္ဓာကိုယ်မျိုး ရှိသည်။
လီယာလင်းက သူမ၏လက်များကို အပေါ်သို့မြှောက်ကာ အညောင်းဆန့်လိုက်သောအခါ၊ လှပပြီး အချိုးကျလှပသော သူမ၏ ခန္ဓာကိုယ်တွင် စွဲမက်ဖွယ်ကောင်းသော ပျော့ပြောင်းမှုကို ပြသနေသည်။ သူမသည် သုံးယောက်ထဲတွင် ဂရုမစိုက်ဆုံးနှင့် အတက်ကြွဆုံးသူဖြစ်ကြောင်း ထင်ရှားသည်။
သူမက ပီကေဝါးနေရာမှ ရပ်လိုက်ပြီး မကျေမနပ် ပြောလိုက်သည်။
"ငါ့ရဲ့ခေါင်းဆောင် ဒဏ်ရာရသွားတာကြောင့် ငါ့မှာ နားချိန်လေးရပါတယ်၊ အရေးပေါ်မစ်ရှင်ဆိုပြီး ရုတ်တရက် ပြန်ခေါ်တယ်လေ။ အေးဂျင့်တွေကရော လူတွေမဟုတ်လို့လား။"
လမ်းဘတ်က တိတ်တဆိတ်သာ သူ၏ဓါးမြောင်ကို ပွတ်တိုက်နေသည်။ လမ်းဘတ်သည် စစ်တပ်တွင်ရှိခဲ့စဉ်က ထိပ်တန်းလျှို့ဝှက်သော တရားဝင်မဟုတ်သည့် တပ်ဖွဲ့တစ်ခု၏ ကြယ်တစ်ပွင့်ဖြစ်သည်။ တပ်မှထွက်ခဲ့ပြီးနောက် သူ့ကို လျှို့ဝှက်စစ်ဆင်ရေးဌာနသို့ တိတ်တဆိတ် ပြောင်းရွှေ့ခဲ့သည်။ သူက စစ်တပ်စတိုင် ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ဓါးမြောင် တစ်ဒါဇင်ခန့်ကို ခါးပတ်လည်တွင် ပတ်ထားသည်။ ကျောတွင်မူ အနက်ရောင် စနိုက်ပါရိုင်ဖယ် တစ်လက်ရှိသည်။
"ဒီ... ဒီမစ်ရှင်က...အရမ်းအရေးကြီးတဲ့ပုံပဲ"
လီယောင်က အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။ သူက အရပ် ၁.၇မီတာခန့်ရှိပြီး အလွန်ငယ်ရွယ်သေးဟန်ပေါ်သည်။ သူက ၃ယောက်တပ်ဖွဲ့၏ ဟက်ကာဖြစ်ပြီး၊ အဖွဲ့၏ ပစ္စည်းများပါဝင်သည့် အိတ်တစ်လုံးကိုလည်း လွယ်ထားသည်။ သူက တံခါးတစ်ချပ်ကို ဟက်၍ ဖွင့်နေသည်။ အဲဒါက သူ့အတွက် အချိန်သိပ်မကြာပေ။
သုံးယောက်သား အတွင်းသို့မဝင်ခင် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
လီယာလင်းက ရှေ့မှဦးဆောင်ပြီး လမ်းဘတ်က အနောက်ကို တာဝန်ယူသည်။ သူတို့က နည်းပညာမြင့် တံခါးများကို သက်တောင့်သက်သာပင် ဖြတ်သန်းလာခဲ့ပြီး ဆာဗာခန်းသို့ ရောက်လာကြသည်။
ဂျာမီနယ်အဖွဲ့အစည်းသည် သူတို့၏ သတင်းအချက်အလက်များနှင့် အလွန်ဂရုစိုက်ကြသည်။ သူတို့၏ စခန်း ပေါက်ကြားသွားသည်နှင့် နက်ဝပ်ချိတ်ဆက်မှုကို ဖြတ်တောက်ပစ်လိုက်ပြီး၊ အချက်အလက်အားလုံးကို ဖျက်ဆီးပစ်လိုက်ကြသည်။ ထို့နောက် EMP ပေါက်ကွဲမှု ပြုလုပ်၍ ဟာဒ်ဝဲများကို ဖျက်ဆီးပစ်လိုက်သည်။ ထို့ကြောင့်၊ သူတို့သည် ရှာဖွေဖမ်းဆီးရန် ခက်ခဲလျက်ရှိနေသည် - ဟန်ရှောင်း မရောက်လာခင် အထိပင်။
သုံးယောက်တပ်ဖွဲ့က ဆာဗာခန်းရှိသည့် မြေအောက် ဒုတိယထပ်သို့ ရောက်လာသည်။ ရုတ်တရက်၊ ကင်မရာကို စောင့်ကြည့်နေသည့် လီယောင်က ပြောလိုက်သည်။
"အစောင့် ၃ယောက် အနောက်ဘက်ကနေ ချဉ်းကပ်လာနေ..."
သူ့စကား မဆုံးခင်မှာပင်၊ အစောင့်တစ်ဖွဲ့ မြင်ကွင်းထဲ ပေါ်လာ၏။လီယာလင်းက အမြန်ဆုံး တုန့်ပြန်သူဖြစ်သည်။ သူမက ရှေ့သို့ လျှင်မြန်စွာ တိုးထွက်သွားရာ အစောင့်များက သေနတ်ပင် အချိန်မီ ဆွဲမထုတ်နိုင်သေးပေ။ လေထဲသို့ လှပစွာ ခုန်တက်လိုက်ပြီး၊ ရှေ့မှ အစောင့်နှစ်ယောက်၏ခေါင်းကို ကန်လိုက်သည်။ လည်ပင်းရိုး တစ်ခါတည်း ကျိုးသွား၏။
သူမ၏ စွမ်းအားက ပျော့ပြောင်းမှုကဲ့သို့ပင် အထင်ကြီးစရာ ကောင်းလှသည်။
ထို့နောက် အောက်သို့ ပြန်ကျရာတွင် လက်ဖြင့် မြေပြင်ပေါ်သို့ ထောက်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လှည့်ပစ်လိုက်သည်။ လှည့်ပတ်နေစဉ်အတွင်း အဝါရောင် လင်းလက်လာသော ခြေထောက်ကို ဆန့်တန်းလိုက်ကာ အစောင့်တစ်ဖွဲ့လုံးကို လွယ်လွယ်ကူကူပင် လှဲသိပ်လိုက်သည်။
"တိုက်ခိုက်သူ"
နောက်ဆုံးကျန်နေသည့် အစောင့်က စစ်ကူခေါ်မည်အပြုတွင် ကော်ရစ်ဒါတွင် ငွေရောင်အလင်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။ ဓါးမြောင်တစ်လက်က လည်ပင်းကို ဖောက်သွားပြီး သူ့ဘဝကို အဆုံးသတ်လိုက်သည်။
လီယာလင်းနှင့် လမ်းဘတ်က လက်နက်အပြည့်အစုံနှင့် အစောင့်တပ်ဖွဲ့ တစ်ဖွဲ့ကို သင့်တောင့်သက်သာပင် ရှင်းထုတ်လိုက်သည်။
ရုတ်တရက်၊ ကော်ရစ်ဒါရှိ မီးများ အနီရောင်ပြောင်းသွားပြီး အချက်ပေးဥဩသံများ မြည်ဟီးလာသည်။
"ငါတို့ကို တွေ့သွားပြီ။ အစောင့်တွေအများကြီး ငါတို့ဆီလာနေတယ်။ စခန်းကို လော့ဒေါင်းချလိုက်ပြီ။"
လီယောင်က အော်လိုက်သည်။
"ဆာဗာခန်း တံခါးကို မြန်မြန်ဟက်။"
"ငါလုပ်နေပြီ။ ငါအချိန် ၃မိနစ်လိုတယ်။ ဒါပေမယ့် အစောင့်တွေက ၁မိနစ်အတွင်း ရောက်လာလိမ့်မယ်။ ဒီလောက်အချိန်လေးအတွင်း ငါမချိုးဖောက်နိုင်ဘူး။ တောင်း...တောင်းပန်ပါတယ်။"
ချွေးများ ရွှဲနေသည့် လီယောင်က ပြန်ပြောလိုက်ရင်း ကီးဘုတ်ကို မယုံနိုင်လောက်သော အမြန်နှုန်းဖြင့် ကမန်းကတန်းရိုက်နေသည်။
သိပ်မကြာမီ၊ ကော်ရစ်ဒါ ၂ဖက်လုံးမှ လာနေကြသော ခြေသံမျာူကို ကြားလိုက်ရသည်။ ကော်ရစ်ဒါတစ်လျှောက်တွင် ပုန်းခိုစရာနေရာလည်း မရှိပေ။ လီယာလင်းနှင့် လမ်းဘတ်မှာ သူတို့လွတ်မြောက်အောင် ထွက်ပြေးနိုင်သည်ဟု ယုံကြည်သော်လည်း ၊ မစ်ရှင်က ကျရှုံးသွားမည်ဖြစ်သည်။
"အိုး၊ ဟုတ်သားပဲ။ သူတို့ ငါတို့ကို ပစ္စည်းအသစ် မပေးလိုက်ဘူးလား။"
လီယာလင်းက သတိရသွားသည်။ လီယောင်၏ အိတ်ထဲမှာ အနက်ရောင် သေတ္တာတစ်ခုကို ဆွဲထုတ်လိုက်ပြီး ဖွင့်လိုက်ရာ သတ္တုလက်တစ်ခု ပေါ်လာသည်။
အပေါ့စားယန္တရားလက်
"ဒါကို ဘယ်လိုသုံးရမှာလဲ။ မင်းတို့ အညွှန်းစာအုပ် ဖတ်ထားသေးလား။"
"လက်ကို ထိုးသွင်းလိုက်ပြီး လက်မနဲ့ အသက်သွင်းလိုက်။"
လီယောင်က အမြန် ပြန်ပြောသည်။
"အဲဒါ ပေါက်ကွဲသွားမှာလားတော့ မသိဘူး... ငါပြောချင်တာက၊ အဲဒါ သုတေသနဌာန..."
ဌာန၁၃တစ်ခုလုံးတွင် သုတေသနဌာနမှ ထုတ်လုပ်လိုက်သည့် မည်သည့်ပစ္စည်းမဆို အသုံးပြုရသည်မှာ အန္တရာယ်များလှသည်ဟု နာမည်ကျော်ကြား၏။
"ငါတို့ ရွေးစရာ မရှိတော့ဘူး"
လီယာလင်းက အံကြိတ်လိုက်ပြီး သူမလက်ကို ယန္တရားလက်အတွင်းသို့ ထိုးသွင်းလိုက်သည်။
ယန္တရားလက်က စတင် လည်ပတ်လာသည်။
"ငါ အခြေအနေ ကောင်းတယ်ဟ"
သူမ ပျော်ရွှင်သွားပြီး အံ့အားသင့်သည့်အကြည့် သူမမျက်နှာတွင် ပေါ်လာသည်။
သူမက ယန္တရားလက်ဖြင့် သံမဏိတံခါးကို ထိုးချလိုက်သည်။ တံခါးက ကြီးမားစွာ ချိုင့်ဝင်သွားသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရသည်။ သူမက လက်သီးချက်များ ထပ်ထိုးနေသည်။
စက္ကန့်၂၀ကြာပြီးနောက်၊ အစောင့်များ ရောက်လာသောအခါ၊ တံခါးက ပွင့်ထွက်သွားတော့သည်။
သုံးယောက်အဖွဲ့က အခန်းထဲ အလျှင်အမြန် ဝင်လိုက်ကြသည်။
"ကပ်သီးလေး လွတ်သွားတာပဲ။"
လီယောင်က ချက်ချင်းပင် အလုပ်ပြန်စသည်။ ဒီဂျစ်တယ်လော့ဒေါင်းက ၅၇% ပြီးစီးနေပြီ ဖြစ်သည်။ သူသာ မြန်ဆန်ပါက စခန်း၏ အချက်အလက်များကို ကူးယူနိုင်ရုံတင်မကဘဲ ဂျာမီနယ်အဖွဲ့အစည်းကိုပင် လှမ်း၍ဟက်နိုင်သည်။
အခန်းက ခံတပ်ကဲ့သို့ တည်ရှိနေသဖြင့်၊ လီယာလင်းနှင့် လမ်းဘတ်တို့ကလည်း သူတို့က ကြောက်မက်ဖွယ် ကောင်းလှသည့် တိုက်ခိုက်ခြင်းစွမ်ရည်ကို အပြည့်အဝ အသုံးချနေကြသည်။
လီယာလင်းက အဝါရောင် အရောင်အဝါ တောက်ပလာပြီး သူမက ယန္တရားလက်ဖြင့် သတ္တုကျိုင်းတုတ်ကို ကိုင်ဆောင်ကာ အခန်းထဲဝင်လာသည့် အစောင့်များကို လျှင်လျှင်မြန်မြန် လှလှပပဖြင့် ဇဝိန်ခြွေပစ်နေသည်။ သူမ၏ ရိုက်ချက်များမှာ ပြင်းထန်လွန်းလှ၍ ကျည်ကာအင်္ကျီအောက်မှ အရိုးများကိုပင် ကျိုးကြေသွားစေသည်။
တစ်ချိန်တည်းတွင်၊ လမ်းဘတ်က သူ၏ဓါးမြောင်များကို အခန်းတွင်းမှ ပစ်လွှတ်နေသည်။ ထိတ်လန့်စရာကောင်းလှသည့် တိကျမှုဖြင့် ဓါးမြောင်များက ပစ်မှတ်ကို ထိမှန်သွားကြသည်။
ထို၂ယောက်က ဒါဏ်ရရသူနှင့် သေဆုံးသူအများအပြားကို ဖြစ်ပေါ်စေခဲ့သည်။ အစောင့်များက ရာနှင့်ချီ၍ ရှိသော်လည်း သူတို့မှာ ဘာမှ မလုပ်နိုင်ပေ။
ရုတ်တရက်၊ နက်ဝပ်နှင့် မီးများ ပြတ်တောက်သွားသည်။ နေရာတစ်ခုလုံး မည်းမှောင်သွား၏။
"ဖောက်ထွက်။"
လီယာလင်းက အော်လိုက်သည်။
လမ်းဘတ်နှင့် လီယောင်က နောက်မှ နီးကပ်စွာလိုက်လာရင်း ထွက်ပေါက်သို့ တိုက်ခိုက်သွားကြသည်။
အော်ဟစ်သံများ စခန်းတွင်း ပြည့်နှက်သွား၏။
နောက်ဆုံး သူတို့ လွတ်မြောက်သွားသောအခါ၊ လီလီယောင်က မြေပြင်ပေါ်သို့ အားနည်းစွာ လဲကျသွားပြီး ကြောက်ရွံ့မှုကြောင့် တုန်ယင်လျက်ရှိသေးသည်။ လီယာလင်းနှင့် လမ်းဘတ်တို့ကမူ ဤမြင်ကွင်းကို ကျင့်သားရနေဟန် ရှိသည်။
လီယာလင်းက အပေါ့စားယန္တရားလက်ကို ကစားကြည့်လိုက်သည်။ သူမက ဒါကို တော်တော် သဘောကျနေပြီဖြစ်သည်။
"ဒီလက်ကို ဘယ်သူဖန်တီးတာလဲ တော်တော်သိချင်တယ်။ လော်ရွှမ်းများ ဖြစ်နေမလား။"
သူမက သိလိုစိတ် ပြင်းပြနေသည်။
"ဘယ်သူသိမှာလဲ၊ သူက လျှို့ဝှက်စစ်ဆင်ရေးဌာနက ဝင်ဖို့ အရွေးခံထားရတဲ့စာရင်းမှာ ပါတယ်လို့ ငါကြားထားတယ်။ ဒါကဖြစ်နိုင်တယ်။"
လီယောင်က ထင်ကြေးပေးလိုက်ပြီး လီယာလင်းက ယန္တရားလက်ကို အလွန်နှစ်သက်စွာဖြင့် ငေးကြည့်နေလေသည်။
အခန်း (၃၄) ပြီး၏။
လင်းဆက်