← Chapters

ဟန်ရှောင်း

Vol. 3 Ch. 35

ဟန်ရှောင်း

Vol. 3 Ch. 35

အခန်း (၃၅) ဟန်ရှောင်း

တိုက်ပွဲက ၂နာရီခန့် ကြာမြင့်ပြီး၊ ယနေ့အချိန်အထိ ကြယ်နဂါးနိုင်ငံ၏ အအောင်မြင်ဆုံး စစ်ဆင်ရေးဖြစ်ခဲ့သည်။ သူတို့က ဂျာမီနယ်အဖွဲ့အစည်း စခန်းတစ်ခုလုံးကို ဖျက်ဆီးနိုင်ခဲ့ရုံသာမက သတင်းအချက်အလက်များစွာလည်း စုဆောင်းနိုင်ခဲ့သည်။ ဌာန၁၃၏ ထိပ်တန်းအရာရှိကြီးများက ကျေနပ်နေကြပြိး ဤသည်မှာ ဟန်ရှောင်း၏ သတင်းကြောင့်မဟုတ်လျှင် ဖြစ်နိုင်မည်မဟုတ်ပေ။

သို့သော်လည်း၊ လီယောင် စုဆောင်းနိုင်ခဲ့သည့် အချက်အလက်တို့တွင် ဘာမှ မရည်ညွှန်းထားခဲ့၍ ဟန်ရှောင်း၏အတိတ်နှင့် ကြယ်နက်ကိစ္စတို့သည် လျှို့ဝှက်မှုတစ်ခုအဖြစ် ရှိနေသည်။ ကြယ်နက် စာတိုအကြောင်းသည် လုပ်ကြံဇာတ်လမ်း တစ်ခုဖြစ်ပြီး၊ ဗယ်ခရီစမ်းသပ်မှုများမှာ ထိပ်တန်းလျှို့ဝှက်ချက်များ ဖြစ်သည်။

ရုံးချုပ်တွင် လီယာလင်းက အပေါ့စားယန္တရားလက်ကို မပေးချင်ပေးချင်နှင့် ပြန်ပေးလိုက်သည်။

"ဒီယန္တရားလက်က အသုံးဝင်ရဲ့လား။" သူမ၏ ကြီးကြပ်သူက မေးလိုက်သည်။

လီယာလင်းက ခေါင်းညိတ်လိုက်သည်။

"ငါတို့မစ်ရှင် အောင်မြင်တာ ဒီဟာကြောင့်ပဲ။ ဒါကို ဘယ်သူ လုပ်ထားတာလဲ။"

"ဒါက၊ ငါမင်းကို မပြောနိုင်ဘူး။"

လီယာလင်း၏ မျက်လုံး အရောင်လက်သွားသည်။

"ဒါက အထက်က လူတွေပေါ် မူတည်တယ်။"

လီယာလင်းက သူမ၏ နှုတ်လုံလွန်းလှသည့် ကြီးကြပ်သူကို စိတ်အနှောင့်အယှက် မပေးတော့ဘဲ လော်ရွှမ်းကို ရှာဖွေရန် ထောက်ပံ့ရေးဌာနသို့ ထွက်သွားတော့သည်။

သူမ ရင်ဘတ်ပေါ်ရှိ လျှို့ဝှက်စစ်ဆင်ရေး ဌာနတံဆိပ်က လမ်းတစ်လျှောက် အဆင်ပြေချောမွေ့စေသည်။ သူမပေါ်လာခြင်းကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ခြင်းများကို လျစ်လျုရှူထားခဲ့သည်။ဌာန၁၃ရှိ ဌာနများ အားလုံးသည် အဆင့်အတန်းအားဖြင့် တူညီကြသော်လည်း၊ လျှို့ဝှက်စစ်ဆင်ရေးဌာနတွင် လှပသော မိန်း... အဟွတ် အဟွတ်... လက်ရွေးစင် အေးဂျင့်များ အများအပြားရှိရာ၊ အခြားဌာနများအားလုံးက မျှော်ကြည့်ကြရသည်။

လီယာလင်းက ရုတ်တရက် သူမနောက်လိုက်လာသည့် လူအုပ်ကြီးဘက်သို့ လှည့်လိုက်ပြီး ကျယ်လောင်စွာ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။

"ငါ လော်ရွှမ်းကို ရှာနေတာ။"

လူတိုင်းက လော်ရွှမ်းကို မနာလိုစွာကြည့်လိုက်ပြီး အပြင်ထွက်ရန် အချက်ပြလိုက်သည်။

"လျှို့ဝှက်စစ်ဆင်ရေးဌာနက ငါ့ကို ခေါ်တော့မှာလား"

သူက သိချင်နေသည်။

သူ၏ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ရင်း ဖြေလိုက်သည်။

"ကျွန်တော် လော်ရွှမ်းပါ။ မင်းကို ဘယ်လိုခေါ်ရမလဲ။"

"လီယာလင်း"

"ကျွန်တော် ဘာကူညီပေးရမလဲ။"

လော်ရွှမ်းက မေးလိုက်သည်။

မင်းက ယန္တရားလက်ကို တီထွင်တဲ့သူလား။"

ယန္တရားလက်။ လော်ရွှမ်းက သူ့ကို မျက်နှာပျက်စေခဲ့သည့် အပေါ့စားယန္တရားလက်ကို ချက်ချင်းတွေးမိသွားသည်။

အဲဒါ ချို့ယွင်းသွားတာများလား။ လော်ရွှမ်းက ကြိတ်၍ အောင်ပွဲခံလိုက်သည်။

"ပြဿနာတစ်ခုခုများ ရှိလို့လား။"

ရုပ်တည်ကြီးနှင့် မေးလိုက်သည်။

"အဲလို မဟုတ်ပါဘူး။ အဲဒါက အရမ်းအသုံးဝင်လို့။ အော်ဒါအပ်ချင်လို့ပါ။"

ကျိတ်ရယ်သံများ ထွက်လာသောအခါ လော်ရွှမ်းက ရှက်ရွံ့မှုကြောင့် တောင့်ခဲသွားသည် - ဒီယန္တရားလက်က ဘယ်လိုအသုံးမဝင်ဘူးဟု သူထင်သည့်အကြောင်း ဌာနတစ်ခုလုံးကို သူက အာပေါင်အာရင်းသန်သန်ဖြင့် ပြောထားခဲ့သည် မဟုတ်လား။

"ငါတီထွင်တာ မဟုတ်ဘူး။"

သူက အားတင်းပြီး ပြုံးကာ ပြန်ဖြေလိုက်သည်။

"ဒါဆိုလဲ စောစောကပြောလေ။ ငါ့အချိန်လာဖြုန်းနေတယ်။"

လော်ရွှမ်း၏ မျက်နှာ မည်းထွက်သွားသည်။

ရုတ်တရက်၊ ဘေးမှဖြတ်သွားသည့် ဖုန်းကျွင်းက၊ အနားသို့ ရောက်လာကာ ပြောလိုက်သည်။

"ဒီတီထွင်သူရဲ့ အချက်အလက်က ထိပ်တန်းလျှို့ဝှက်ချက်ပဲ။ ဒီ‌အကြောင်း ဆွေးနွေးတာ ဒါမှမဟုတ် မှန်းဆတာတွေ ရှောင်ကြဉ်ပါ။"

လီယာလင်း လန့်ဖျန့်သွားသည်။ ထိပ်တန်းလျှို့ဝှက်ချက်...

လူစုကွဲသွားသောအခါ၊ လော်ရွှမ်းတွေးနေမိသမျှ အကုန်လုံးသည် ထိုလျှို့ဝှက်ဆန်းကြယ်သည့် ယန္တရားပညာရှင်က သူကို ဘယ်လိုခြိမ်းခြောက်နိုင်လဲ ဆိုတာပင် ဖြစ်သည်။

"သူသာ ထောက်ပံ့ရေးဌာနကို ဝင်ခဲ့ရင် ကောင်းကောင်းနေမရအောင် လုပ်ပစ်မယ်။"

…

လျှို့ဝှက်စခန်းတစ်ခု၏ တစ်နေရာတွင်၊

"ဘော့စ်၊ စခန်းနံပါတ် ၄၅ ဖျက်ဆီးခံလိုက်ရပြီ။"

" ဘယ်သူလုပ်တာလဲ။"

"ကြယ်နဂါးနိုင်ငံ"

"ငါတို့စခန်းကို ဘယ်လိုတွေ့သွားတာလဲ။"

"သေချာမသိပါဘူး။"

ဂျာမီနယ်အဖွဲ့အစည်း၏ စခန်းများသည် တစ်ကမ္ဘာလုံးတွင် ပျံ့နှံ့‌နေကြသည်။ သို့သော်၊ အနည်းအကျဉ်းလောက်သာ နိုင်ငံ၆နိုင်ငံ၏ ပိုင်နက်အတွင်း၌ တည်ရှိနေကြသည်။ ထို့ပြင် ထိုအဓိကစခန်းတို့မှာ ရှာဖွေတွေ့ရှိခြင်းမှ ကာကွယ်ရန် တစ်နှစ်ပတ်လုံး ခိုအောင်းနေကြခြင်းဖြစ်သည်။

"သူတို့က ငါတို့စခန်းကို ဘယ်လိုရှာတွေ့သွားတာလဲ။ ငါတို့ထဲမှာ သူလျှိုရှိနေလို့လား။"

အဖွဲ့အစည်းအတွင်းမှ ထိပ်တန်းအရာရှိ တစ်စုခန့်သာ သူတို့၏ လျှို့ဝှက်စခန်း၏ တည်နေရာကို သိကြခြင်းဖြစ်သည်။ သူတို့ထဲက တစ်ယောက်သာ သစ္စာဖောက်ဖြစ်ခဲ့ပါက အတော်ပင် ပျက်စီးဆုံးရှုံးမှု ကြီးမားပေလိမ့်မည်။

ဘော့စ်က သူ အဖွဲ့အစည်းတွင်း သန့်ရှင်းရေးပြုလုပ်ရန် လိုအပ်လိမ့်မည်ဟု ဆုံးဖြတ်လိုက်သည်။

ဟန်ရှောင်းသည်လည်း သူ့စိတ်ထဲ၌ အသေအချာပင် ပေါ်လာသေးသည်။ သို့သော်လည်း ဟန်ရှောင်းလို နိမ့်ကျသည့် စမ်းသပ်ခံတစ်ယောက် အနေဖြင့် ထိပ်တန်းလျှို့ဝှက်သည့် အချက်အလက်များကို ရယူနိုင်ရန် မဖြစ်နိုင်ပေ။

သို့သော်လည်းပဲ၊ ဟန်ရှောင်းကိုတွေးမိသည်နှင့် သူ၏သွေးများ ပွက်ပွက်ဆူလာသည်။ ဆုကြေးငွေထုတ်ထားသည်မှာ အချိန်တစ်ခု ကြာပြီဖြစ်သော်လည်း သူ့သတင်းကို အခုထိ မကြားရသေးပေ။

"မင်းက အပြေးတော့ တော်တော်မြန်တာပဲ။ ဒါပေမယ့် ငါမင်းကို အနှေးနဲ့အမြန် ချေမွပစ်မယ်။ လက်ကျန်ရက်လေးတွေမှာ သာသာယာယာ နေလိုက်ဦးပေါ့။"

ဘော့စ်က အေးစက်စက် ရယ်မောလိုက်သည်။

…

"ဟန်ရှောင်း ပျောက်နေတာ အခုဆို ၃ရက်ရှိပြီ။ သူဘယ်သွားနေတာလဲ။"

လူချမ်းက ဂနာမငြိမ်စွာဖြင့် ရှေ့နောက်လျှောက်နေသည်။

"သူလမ်းများ မှားနေတာလား။ ငါ့အမှားပဲ။ သူ့ကို မိုဘိုင်းဖုန်းတစ်လုံးလောက် ဝယ်ပေးထားရမှာ။ အဖိုးပြောတာ သူက အခြားနိုင်ငံက၊ ဟုတ်တယ်မဟုတ်လား။ သူက ဒီနေရာကို ကောင်းကောင်းတောင် မသိဘူး။ ငါဘာလုပ်ရမလဲ။"

"အကောင်းမြင်စမ်းပါ။ သူသေရင်လည်း သေလောက်ပါပြီ။" အဘိုးကြီးလူက နှစ်သိမ့်လိုက်သည်။

“…”

"အဖိုး၊ သူ့ကို ဘာလို့ ဒီလောက်တောင် ဘက်လိုက်နေတာလဲ။"

အဘိုးကြီးလူက သာသာယာယာပင် နှာခေါင်းဆက်နှိုက်နေသည်။

လူချမ်းစိတ်ထဲ အကြံတစ်ခု ပေါ်လာသည်။

"အဘိုး၊ သူ့ကိုရှာပေးဖို့ တစ်ယောက်ယောက်ကို အကူအညီ တောင်းပေးပါနော်။" သူမက သနားစဖွယ် ပြောလိုက်၏။

"ဆုတောင်းလေ။" သူမအဘိုးက နှာမှုတ်လိုက်သည်။

"ဟား၊ မင်းငါ့စာအုပ်တွေ ခိုးတုန်းကလေ၊ ငါက မင်းအဘိုးဆိုတာ သတိရလို့လား။"

"အဲဒါက အဲလောက်အရေးမကြီးပါဘူး။ တောင်းပန်ပါတယ်။ သမီးကို ခွင့်လွှတ်ပါနော်။"

"မရဘူး။"

"အဘိုးတကယ် မကူညီဘူးလား။"

"မကူညီဘူး။"

ရုတ်တရက်၊ လူချမ်းက ကောက်ကျစ်စွာ ပြုံးလိုက်သည်။

"ဒါဆို သမီးက အဘိုးရဲ့အခန်း ကြမ်းပြင်အောက်မှာ ဖွက်ထားတဲ့ ဝိုင်ကောင်းကောင်းတွေ အကုန်လုံးကို ရောင်းဖို့ ကူညီပေးရမှာပေါ့။"

"မင်းဘာတွေပြောနေတာလဲ။ နင့်အဘိုးက ဒီလို သဘောထား သေးတဲ့သူလား။ မင်းသူ့ကို ရှာချင်တာမဟုတ်လား။ ငါလုပ်ပေးမယ်၊ ငါရှာပေးမယ်။"

အဘိုးကြီးလူ၏ လေသံမှာ ချက်ချင်းပြောင်းသွား၏။

"ကျေးဇူးတင်ပါတယ် အဘိုး။" လူချမ်းက အလှဆုံးပြုံး၍ ပြောလိုက်လေသည်။

(TL: လုပ်ချင်တာလုပ်ထားပြီးရင် အလှဆုံးပြုံးနေတတ်သူလေး တစ်ယောက်ပါ 😁)

အဘိုးကြီးလူက သက်ပြင်းချလိုက်သည်။ ထို့နောက် သူက အရပ်ရှည်ရှည် လူအိုကြီးကို ဖုန်းခေါ်လိုက်သည်။

"ဝေ့ လူအိုကြီး၊ ဟန်ရှောင်းကို မင်းလူတွေ ခေါ်သွားတာ မဟုတ်လား။"

"... မင်းခန့်မှန်းမိတယ်လား။"

"သူဘာလုပ်လို့လဲ။"

"ဘာမှမလုပ်ပါဘူး။ ငါတို့က သူနဲ့ အလုပ်လုပ်ချင်ရုံပါ။"

"သူဘာမှ မလုပ်ရင် သူ့ကို အခုလွှတ်ပေးလိုက်တော့။ မဟုတ်ရင် ငါ့မြေးက ငါရဲ့ဝိုင်ပုလင်းတွေကို ဖျက်ဆီးတော့မယ်။"

"ငါလုပ်လို့မရဘူး။ ဒါက စည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတယ်။

"ပေါက်က‌ရတွေ ထားစမ်းပါကွာ။ မင်းက စည်းမျဉ်းတွေ ရေးဆွဲတဲ့သူပဲ။ မင်းနောက်ဆုံးတစ်ခေါက်က ငါ့ကို အကြွေးတင်နေတယ်၊ မှတ်မိသေးလား။ ငါဂရုမစိုက်ဘူး၊ ဟန်ရှောင်းကို အခုလွှတ်ပေးလိုက်တော့။"

အရပ်ရှည်ရှည် လူအိုကြီးမှာ စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများ လည်သွားသည်။

"ကောင်းပြီ ကောင်းပြီ။ ငါသဘောပေါက်ပြီ။"

အဘိုးကြီးလူက စိတ်ညစ်ညစ်နှင့် ဖုန်းချလိုက်သည်။

"ဒီသူတောင်းစားကို ဘာလို့ငါက ကူညီနေရတာလဲ။"

သူက သက်ပြင်းချလိုက်ရင်း သူ၏အတိတ်ကာလကို အမှတ်ရနေသည်။

အခန်း (၃၅) ပြီး၏။

လင်းဆက်

All Chapters