← Chapters

ဒီဇိုင်းပုံစံအသစ်များ 

Vol. 3 Ch. 36

ဒီဇိုင်းပုံစံအသစ်များ 

Vol. 3 Ch. 36

အခန်း (၃၆) ဒီဇိုင်းပုံစံအသစ်များ

ဟန်ရှောင်းက ဇိမ်ခံပစ္စည်းများ ပြည့်စုံသော တစ်ယောက်ခန်းလေးတွင် နေခဲ့ရသည်မှာ ၃ရက်ရှိပြီဖြစ်သည်။ သူ့ကြည့်ရသည်မှာ သူ့အခြေအနေကို လုံးဝစိတ်ပူသည့်ပုံ ‌မပေါက်ပေ။ ထိုအစား၊ သူပို၍ သန်မာလာရန်သာ အာရုံစိုက်ထားသည်။

သူက လက်ရှိတွင် ဂိမ်းမျက်နှာ၌ အကြံဉာဏ်ရယူနေ၏။ မကြာသေးမီက အတွေ့အကြုံအမှတ်ပေါင်း ၉၀,၀၀၀ စုဆောင်းမိခဲ့ပြီး၊ [အခြေခံတိုက်ခိုက်ရေး] ကို အဆင့် ၈မှ ၉သို့ တင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ကျွမ်းကျင်မှု အဆင့်မြှင့်တင်ခြင်းကတ်ကို ထုတ်သုံးလိုက်သည်။

လင်းလက်နေသော ကြေးဝါရောင် ကတ်လေးတစ်ခုက ဟန်ရှောင်း၏ လက်ထဲ၌ ပေါ်လာသည်။ အတွေးတစ်ချက်နှင့်ပင်၊ ထိုကတ်က မရေမတွက်နိုင်သော အလင်းမှုန်လေးများအဖြစ် ပြောင်းလဲသွားကာ သူ၏နဖူးထဲသို့ ဝင်ရောက်သွားသည်။

_____________________

[အခြေခံတိုက်ခိုက်ရေး အဆင့် ၁၀ (အမြင့်ဆုံး)] : +၁၀% ထိခိုက်နိုင်မှု (လက်ဗလာဖြင့်)၊ +၂ ခွန်အား၊ +၁ ခံနိုင်ရည်

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

Skill များသည် အဆင့်တစ်ခုသို့ ရောက်လျှင် အပိုအမှတ်များ ပေးလေ့ရှိသည်။

အဆင့်အထိန်းက အစပဲရှိသေးသည်။

ဟန်ရှောင်း၏ ဇာတ်ကောင်အဆင့်က ယခုအချိန်တွင် ဆက်လက် တိုးတက်မလာနိုင်သော်လည်း၊ ပို၍ သန်မာလာစေရန် အခြားနည်းလမ်းများ ရှိပေသည်။

_____________________

[အခြေခံတိုက်ခိုက်ရေး] ကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ပြီးပါပြီ။ အရည်အချင်းအမှတ် ၁မှတ် ရရှိပါသည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ဟုတ်ပြီ၊ ငါ့မှာ အခု အရည်အချင်းအမှတ် ၁၆မှတ် ရှိနေပြီ။

ဟန်ရှောင်းက [အခြေခံပစ်ခတ်ရေး] ကို အဆင့် ၈သို့ မြှင့်တင်ရန် အတွေ့အကြုံအမှတ်အချို့ကို အသုံးပြုလိုက်သည်။ သူ့တွင် ဒီဇိုင်းပုံစံ လောင်းကစားခြင်း ပြုလုပ်ရန် ရည်ရွယ်ထားသည့် အအတွေ့အကြုံအမှတ် ၂၀,၀၀၀သာ ကျန်တော့သည်။

ဒီဇိုင်းပုံစံများသည် ဂိမ်းထဲတွင် ငွေကြေးနှင့် အတွေ့အကြုံအမှတ်များအတွက် ရောင်းချနိုင်ပြီး၊ NPC များ၏ ရောင်းဝယ်ခြင်းကို ဝေစုကြောင့် သမဂ္ဂများနှင့် အစည်းအရုံးများကို လက်ဝါးကြီးအုပ်ထားကြသည်။

သေချာ‌တာပေါ့၊ ပြိုင်ဘက် ဘယ်သူမှမရှိ၍ ဟန်ရှောင်းအတွက် ဘာပြဿနာမှ မရှိပေ။ သူက ဌာန၁၃မှ စတင်၍ ဖောက်သည်အများအပြား ရရှိအောင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။

_____________________

အရည်အချင်း ပေါင်းစပ်ခြင်းကို ဆောင်ရွက်မည်။

[အခြေခံလက်နက်ပညာ] + [အခြေခံတပ်ဆင်မှု]

Y/N

(ဤပေါင်းစပ်ခြင်းက အတွေ့အကြုံအမှတ် ၁၀,၀၀၀ အသုံးပြုမည်။)

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

အတည်ပြုသည်။

_____________________

[ခေါက်သိမ်းနိုင်သော တောခုတ်ဓါး] ကို ရှာဖွေတွေ့ရှိမှုအတွက် ဝမ်းသာပါသည်။

အရည်အချင်း ပေါင်းစပ်ခြင်းကို ဆောင်ရွက်မည်။

[အခြေခံလက်နက်ပညာ] + [အခြေခံကုန်ကြမ်းပေါင်းစပ်ခြင်း]

Y/N

(ဤပေါင်းစပ်ခြင်းက အတွေ့အကြုံအမှတ် ၁၀,၀၀၀ အသုံးပြုမည်။)

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

အတည်ပြုသည်။

_____________________

[ပေါက်ကွဲအားပြင်းယမ်းမှုန့်] ကို ရှာဖွေတွေ့ရှိမှုအတွက် ဝမ်းသာပါသည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ဟန်ရှောင်း၏ မျက်လုံးများ လင်းလက်သွားသည်။ [ပေါက်ကွဲအားပြင်းယမ်းမှုန့်] သည် ပိုကောင်းသော ရှာတွေ့မှုတစ်ခု ဖြစ်နိုင်သည်။ နေရာမျိုးစုံတွင် အသုံးပြုနိုင်သည်သာမက ပြုလုပ်ရန်လည်း မခက်ခဲလှပေ။ အရင်ဂိမ်းထဲတွင် ဤယမ်းမှုန့်သည် ရောင်းဝယ်မှုအများဆုံး တစ်ခု ဖြစ်ခဲ့သည်။

တစ်ဖက်တွင်၊ [ခေါက်သိမ်းနိုင်သော တောခုတ်ဓါး] ကတော့၊ စိတ်ပျက်စရာ ရှာတွေ့မှုပင် ဖြစ်သည်။ ဒါက ခေါက်သိမ်းနိုင်သော ဓါးသွားနှင့် ရိုရိုးတောခုတ်ဓါး တစ်ခုပင်။ စတင်ကစားသူတွေအတွက် လက်နက်တစ်ခုဖြစ်ပြီ: ဒီဇိုင်းပုံစံမရှိဘဲနှင့်ပင် ဟန်ရှောင်းက ဒါမျိုးကို ပြုလုပ်နိုင်သည်။

ငါသာ ဒီဟာအစား အဝေးပစ်လက်နက် တစ်ခုခု ရှာတွေ့ခဲ့ရင်ကွာ... အနည်းဆုံးတော့ ကောင်းတာတစ်ခုတော့ ရလိုက်တာပဲ။

သို့ပါလျက်၊ ရေပင်လယ်ဂြိုလ်အတွက်မူ ဒီဟာက အသစ်တစ်ခုဖြစ်ရာ၊ လုံးဝအသုံးမဝင်သည်တော့ မဟုတ်ပေ။ ယန္တရားပညာရှင်တွေသည် တူညီသော အသိပညာကို ဆည်းပူးခဲ့သော်လည်း တူညီသော ပစ္စည်းကို ဖန်တီးလိမ့်မည်ဆိုသည့် အဓိပ္ပါယ်မဟုတ်ပေ။ ဟန်ရှောင်း မကူးပြောင်းမီက၊ နေ့စဉ်နေ့တိုင်းပင် ရှာဖွေတွေ့ရှိမှုများနှင့် တီထွင်ဖန်တီးမှုပေါင်းများစွာ ပြုလုပ်နေခဲ့ကြသည်။ မှန်ပါတယ် ဒါပေမယ့်၊ ထိုအရာအားလုံးသည် လက်တွေ့အသုံးမချနိုင်သော်လည်း ဖြစ်လာနိုင်ခြေကို မြင့်တက်စေခဲ့သည်။

ရုတ်တရက်၊ ဂိမ်းမျက်နှာပြင်က လင်းလက်လာသည်။

_____________________

A အမျိုးအစား မစ်ရှင် [ဂျာမီနယ်အဖွဲ့အစည်း၏ ကျဆုံးခြင်း]

တိုးတက်မှုနှုန်း - ၁.၆%

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ကြည့်ရတာ ဌာန၁၃က စပြီး လှုပ်ရှားပြီပဲ။

ဟန်ရှောင်းက နံပါတ်ကို ကြည့်ပြီး အံ့ဩနေသည်။ သဘာဝကျကျ ပြောရလျှင် - ဂျာမီနယ်အဖွဲ့အစည်းက ဘယ်လောက်တောင် ကြီးမားပြီး စွမ်းအားပြင်းသလဲဆိုတော့ - စခန်းတစ်ခု ဖျက်ဆီးခံခဲ့ရတာတောင် အဖွဲ့အစည်းတစ်ခုလုံးအနေဖြင့် ထိခိုက်မှု နည်းနည်းလေးသာ ရှိပေသည်။

ဂိမ်းထဲတွင်၊ နိုင်ငံ၆နိုင်ငံနှင့် ဂျာမီနယ်အဖွဲ့အစည်းကြားရှိ စစ်ပွဲမှာ အများအားဖြင့် အပြန်အလှန်ပင်။ မည်သည့်ဘက်ကမှ သိသာသော အရေးသာမှုကို မရခဲ့ပေ။ သို့သို့သော်လည်း၊ နိုင်ငံ၆နိုင်ငံက ဂျာမီနယ်အဖွဲ့အစည်းကို ‌ချောင်ပိတ်နိုင်ခဲ့သည့် အချိန်တစ်ခု ရှိခဲ့ပြီး နိုင်ပွဲမှာ သေချာသလောက် အခြေအနေပင် ဖြစ်ခဲ့၏။ သူတို့က စစ်ပွဲကို အဆုံးမသတ်နိုင်ခဲ့သေးပေ။ ဂျာမီနယ်အဖွဲ့အစည်းတွင် ဝှက်ဖဲကြီးကြီးတစ်ခု သူတို့လက်ထဲ၌ ရှိနေသည် - ပရိုတိုကော ဒွန်းမ်စ်ဒေး (Protocol Doomsday)

ထို့ကြောင့်၊ မစ်ရှင်ကို ပြီးပြတ်ဖို့မှာ မဖြစ်နိုင်သလောက်ပင် - ဟန်ရှောင်းအနေနှင့် ထိုပရိုတိုကောကို တစ်နည်းနည်းဖြင့် ပိတ်ချရန် လိုအပ်သည်။

Protocol Doomsday သည် နောက်ဆုံးအားကိုးအားထားရာ ဖြစ်သည်။ ထိုအရာက အဖွဲ့အစည်းကို ဖျက်ဆီးခံရမည့်ဘေးမှ ကယ်ဆယ်နိုင်ခဲ့သော်လည်း၊ ရလဒ်အနေဖြင့် ဂျာမီနယ်အဖွဲ့ဝင် အများအပြားမှာ အမှန်အတိုင်း သိမြင်သွားပြီး စိတ်ခံစားမှုများ ယိမ်းယိုင်ကုန်၏။ ဂျာမီနယ်အဖွဲ့အစည်းကို ပူးပေါင်းထားသည့် လူအများသည် နိုင်ငံ၆နိုင်ငံအပေါ်တွင် ရန်ညှိုးများရှိကြပြီး၊ အစိုးရအသစ်၏ ကတိစကားများအပေါ် ယုံကြည်ခဲ့ကြသည်။ သို့သော်၊ မည်သူကမျှ ကမ္ဘာကြီး တစ်ခုလုံး လောင်ကျွမ်းသွားသည်ကို မမြင်လိုကြပေ။ ငါသာ အမှန်တရားကို ထုတ်ပြောလိုက်ရင်...

ဟန်ရှောင်း ခေါင်းခါလိုက်၏။ သူ့အနေဖြင့် ထိုကိစ္စတွေကို တွေးရန် အလွန်စောလွန်း‌နေသေးသည်။

…

ခဏအကြာ၌၊ ဖုန်းကျွင်း နောက်ဆုံးတော့ ပြန်ရောက်လာသည်။ သူက ဟန်ရှောင်းကို စစ်ကြောရေးအခန်းသို့ ပြန်ခေါ်လာပြီး စုံစမ်းထောက်လှမ်းရေး ဝန်ကြီးက စကား‌လာပြောသည်။

"စခန်းတွေရဲ့ တည်နေရာကို အတည်ပြုပြီးသွားပြီ။ ငါတို့ မင်းရဲ့ စိတ်ရင်းအမှန်ကို အခု ယုံကြည်ပါတယ်။ အထက်လူကြီးတွေက ဌာန၁၃ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်စေဖို့ ဆုံးဖြတ်လိုက်ပြီ။"

"ငါလုပ်နိုင်ခဲ့ပြီ။ ဟန်ရှောင်းက စိတ်သက်သာရာရသွားပြီး ကျိတ်၍ သက်ပြင်းချလိုက်သည်။

ကြည့်ရတာ အရပ်ရှည်ရှည် လူအိုကြီးနဲ့ အဆက်အဆံကောင်းတာက အကျိုးရှိသွားတာပဲ၊ သူ့ဖာသာ တွေးမိလိုက်သည်။ အရပ်ရှည်ရှည် လူအိုကြီးက ဤကိစ္စတွင် ပါဝင်နေကြောင်း သူသေချာသိ၏။

"...ပြီးတော့ ဌာနက မင်းကို လျှို့ဝှက်စစ်ဆင်ရေးဌနမှာ တာဝန်ပေးဖို့ ဆုံးဖြတ်ထားတယ်။ မင်းကို တပ်ဖွဲ့တစ်ခုမှာ နေရာချထားလိုက်မယ်။"

ဘာကြီး... ဟန်ရှောင်း၏ အမူအရာက သူ၏ မကျေနပ်မှုကို ဖော်ပြနေသည်။

ခေတ်သစ်၏ အစဦးတွင် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြပြီး၊ ရလဒ်အနေဖြင့် လူအင်အားနှင့် အရည်အချင်းရှိသူများ ပြတ်လပ်မှု ဖြစ်စေခဲ့သည်။ ထိုရလဒ်က နိုင်ငံ၆နိုင်ငံက လူများစုဆောင်းရာတွင် မှတ်ကျောက်များကို လျှော့ချပေးခဲ့သော်လည်း၊ လျှို့ဝှက်စစ်ဆင်ရေးဌာနကတော့ လုံးဝ မလျှော့ပေးခဲ့ပေ။

ဒါက သေချာပေါက် အရပ်ရှည်ရှည် လူအိုကြီး လုပ်တာပဲ။ ဟန်ရှောင်း တွေးမိလိုက်သည်။ သူဒီလောက် ငါ့ကို သဘောကျတာလား။

သေချာတာက၊ လျှို့ဝှက်စစ်ဆင်ရေးဌာနကို ဝင်ရသည်မှာ ကောင်းသည့်အရာပင်။ ဟန်ရှောင်းအနေဖြင့် ပို၍ သန်မာပြီး လွှမ်းမိုးနိုင်သောလူများနှင့် သိကျွမ်းလာနိုင်သည်သာမက၊ ကြယ်နဂါးနိုင်ငံတွင် ဖြစ်လာမည့် အဓိကဖြစ်ရပ်များတွင် တိုက်ရိုက် ဝင်ရောက်ဆင်နွှဲနိုင်မည် ဖြစ်သည်။

ဂိမ်းမျက်နှာပြင်က လင်းလက်လာသည်။

_____________________

သင်သည် အဖွဲ့အသစ်နှင့် ဂုဏ်သတင်းကို ဖွင့်လှစ်လိုက်ပါပြီ။

ကြယ်နဂါးနိုင်ငံ မဟာဗျူဟာ ကာကွယ်ရေးဌာနတွင် သင်၏ဂုဏ်သတင်းသည် ၃၀၀ တိုးတက်လာပါသည်။

မဟာဗျူဟာ ကာကွယ်ရေးဌာန (ဌာန၁၃) : ကြားနေ (၃၀၀/၁၀၀၀) - အဆင့် ၁ ခွင့်ပြုမိန့်

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ဂုဏ်သတင်းတွင် အဆင့် ၈ဆင့်ရှိသည်။

မုန်းတီးခြင်း၊ ရန်လိုခြင်း၊ ဆန့်ကျင်ခြင်း၊ မရင်းနှီးခြင်း၊ ကြားနေ၊ ရင်းနှီးခြင်း၊ သူကောင်းပြုခြင်း၊ ရိုသေလေးစားခြင်း။

ဂုဏ်သတင်း ၃၀၀သည် 'ကြားနေ' ဖြစ်သည်။ အဖွဲ့အများစုသည် မိမိ၏ အထောက်အကူပြုမှုအတွက် အကျိုးခံစားခွင့်ကို ရရှိရန် 'ရင်းနှီးခြင်း'အဆင့် ဂုဏ်သတင်း လိုအပ်သည်။

ဖုန်းကျွင်းက အနက်ရောင် မိုဘိုင်းဖုန်းကို ဟန်ရှောင်းအားပေးလိုက်ပြီး

"ဒီနေ့ကစပြီး ငါက မင်းနဲ့ ဌာနအကြား ဆက်သွယ်ပေးသူပဲ။ ဖုန်းကို ဘယ်တော့မှ မပိတ်ပစ်နဲ့။

"အိုး၊ အိုကေ။ ဒါက သိပ်အရေးမကြီးဘူး မဟုတ်လား။" ဟန်ရှောင်းက အဖက်မလုပ်ဘဲ မှတ်ချက်ချလိုက်သည်။

"ဘာလို့ မင်းက အမြဲတမ်း စကားပြောလို့ မကောင်းတာလဲ”

ဖုန်းက ရိုးရှင်းသော မျက်နှာပြင်နှင့် ရိုးရိုးဖုန်းလေးသာဖြစ်ပြီး၊ ဖုန်းခေါ်ရန်နှင့် စာတိုများပို့ရန်သာ အသုံးပြုနိုင်သည်။ ဟန်ရှောင်းက လက်ထဲတွင် ဖုန်းကို ကစားလိုက်ပြီး မေးလိုက်သည်။

"ဒါက လုံခြုံတယ် မဟုတ်လား။"

"စိတ်ချပါ၊ ဒါက လျှို့ဝှက်ကုတ်နဲ့ ပိတ်ထားပြီးသား။"

"နောက်တစ်ခု ရှိသေးတယ်။" စုံစမ်းထောက်လှမ်းရေး ဝန်ကြီးက ကြားဖြတ်ပြောလိုက်သည်။

"မင်းရဲ့ ဒီဇိုင်းပုံစံတွေ ငါတို့ကို ပေးနိုင်မယ်လို့‌ မျှော်လင့်တယ်၊ အပေါ့စားယန္တရားလက်နဲ့ မင်းသုံးခဲ့တဲ့ ရိုဗာ အပါအဝင်ပေါ့။"

သူတို့ကို ဒီဇိုင်းပုံစံများ ပေးလိုက်ခြင်းက အကျိုးပြုအမှတ်များ ရရှိမည်ဖြစ်သော်လည်း သူတို့ကို တစ်ယောက်တည်း လက်ဝါးကြီးအုပ် ပိုင်ဆိုင်နိုင်ခြင်းကို ဆုံးရှုံးပေလိမ့်မည်။ ဌာန၁၃က သေချာပေါက်ပင် ထိုအရာတို့ကို အ‌မြောက်အများ ထုတ်လုပ်မည်ဖြစ်သည်။

ဟန်ရှောင်းက ခေါင်းခါပြီး ငြင်းလိုက်သည်။ ဝန်ကြီးကတော့ ပခုံးသာတွန့်လိုက်တော့သည်။

"အိုး၊ ဟုတ်သားပဲ။ တကယ်လို့ အေးဂျင့်တစ်ယောက်က ငါ့ဆီမှာ သီးသန့်မှာချင်တယ်ဆိုရင်ရော။"

သူက မေးလိုက်သည်။

"ငါတို့မှာ ဒါကိုဆန့်ကျင်တဲ့ စည်းမျဉ်းမရှိပါဘူး။" ဝန်ကြီးက ပြန်ဖြေလိုက်သည်။ ဟန်ရှောင်း ဝမ်းသာသွား၏။

ဖုန်းကျွင်းက ဟန်ရှောင်း၏ခေါင်းကို အိတ်အမည်း နောက်တစ်ခါ ထပ်စွပ်လိုက်တော့သည်။

အခန်း (၃၆) ပြီး၏။

လင်းဆက်

All Chapters