← Chapters

ဝိဇ္ဇာတာအို ညီလာခံ၌ ရောင်းချသော ပစ္စည်းများ

Vol. 87 Ch. 1215

ဝိဇ္ဇာတာအို ညီလာခံ၌ ရောင်းချသော ပစ္စည်းများ

Vol. 87 Ch. 1215

မိုဝူကျိက အချိန်စက်ဝန်းပြားကို သိမ်းကာ  “စကြဝဠာ ဝိဇ္ဇာတာအို ညီလာခံ” ဟု လွှင့်မျှောကာ ပေါ်နေသည့် စာလုံးလေးလုံးကို ကြည့်လိုက်သည်။

သူ့စိတ်စွမ်းအားဖြင့် နဂါးငွေ့တန်းမြောက်များစွာ ဖြတ်ကာ စစ်ဆေးကြည့်စဉ်အခါက မခံစားခဲ့ရသော်လည်း ယခုအခါ ထိုစာလုံးရှေ့ ရပ်နေသည့်အခါ  အဆုံးမဲ့ ကြီးကျယ်ခမ်းနားမှုကို ချက်ချင်း ခံစားမိလိုက်သည်။

ထိုစာလုံးများကို ချန်ထားခဲ့သူက ဝိဇ္ဇာထက် အားနည်းမည် မဟုတ်ပေ။

“ ညီအစ်ကိုမို … ဒီဝိဇ္ဇာတာအို ညီလာခံက မရိုးရှင်းဘူး။ ဒီနေရာမှာ တာအိုရောင်းရင်း ထန်းဟန်လိုမျိုး လူတွေ သုံးလေးယောက်လောက် ရှိတယ်။ ဝိဇ္ဇာတပိုင်းအဆင့်တွေဆိုရင် ပိုတောင် များသေးတယ် ” မိုဝူကျိက ရပ်လိုက်သည်ကို မြင်၍ ခွန်းယွင်က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

သူက မိုဝူကျိသည် ဤနေရာ၌ အားထုတ်သုံးမည်ကို အင်မတန် စိုးရိမ်နေမိသည်။ မိုဝူကျိ ဝိဇ္ဇာအဆင့် ရောက်သွားလျှင်ပင် အင်အားက ဝိဇ္ဇာတာအို ညီလာခံနှင့် ယှဉ်ဖို့ လုံလောက်ဦးမည် မဟုတ်ပေ။

မိုဝူကျိက ခပ်ယဲ့ယဲ့ ပြုံးကာ   “  ကျုပ်ကို မညာနဲ့ … ဒီစကြဝဠာထဲမှာ ဝိဇ္ဇာရှစ်ပါးတည်း ရှိတာ”

ထန်းဟန်က မိုဝူကျိ စကားကို ကြားလိုက်သည့်အခါ ချက်ချင်း ရှင်းပြလိုက်သည်

“ သခင် … ဝိဇ္ဇာရှစ်ပါးတည်း ရှိတယ်ဆိုတာက ဟုတ်ပါတယ်။ နတ်ဘုရားအရိုက်အရာ မရှိဘဲ့ ကျန်တဲ့သူတွေက ဝိဇ္ဇာအဆင့် မတက်လှမ်းနိုင်ကြဘူး …. ”

သူက ပြောလိုက်ပြီးနောက် မိုဝူကျိအား တစ်ချက်ကြည့်လိုက်သည်။ မိုဝူကျိသည် သေချာပေါက် ဝိဇ္ဇာအဆင့် ရောက်နေကြောင်း သိထားသော်လည်း မိုဝူကျိက နတ်ဘုရားအရိုက်အရာ မည်သို့ ရယူနိုင်ခဲ့သည်ကို မသိထားပေ။

“ အဲဆို ဒီက ဝိဇ္ဇာလေးပါးက ဘယ်သူလဲ။ ကျုပ်လည်း ဝိဇ္ဇာတွေနဲ့ တွေ့ခဲ့ဖူးပါတယ်။ ဒီလူတွေက ကျုပ်ကို ဝိုင်းတိုက်တဲ့ လေးယောက်ပဲလား ” မိုဝူကျိက မေးခွန်းထုတ်လိုက်သည်။

ခွန်းယွင်က ကြက်သီးထသွားလေသည်။

ဝိဇ္ဇာလေးပါးက မိုဝူကျိကို ဝိုင်းတိုက်ခဲ့တာလား …. ဘာတွေဖြစ်ခဲ့တာလဲ  …. ဘာလို့ သူ မသိခဲ့ရတာလဲ

ထန်းဟန်က ခေါင်းညိတ်ပြကာ

“ သခင် … အရိုက်အရာခံ ဝိဇ္ဇာရှစ်ပါး ရှိတာ ဟုတ်ပါတယ်။ အတိအကျပြောရရင်တော့ ဝိဇ္ဇာရှစ်ပါးတောင် မပြည့်တော့ဘူး။ အရင်တုန်းက သုံးယောက် ကျရှုံးသွားပြီးပြီ။ ကျုပ် ဝိဇ္ဇာအဆင့် ပြန်ရောက်လာတာကလည်း သခင်ရဲ့ ကျေးဇူးကြောင့်ပါ။

ဒီဝိဇ္ဇာတာအို ညီလာခံထဲမှာ အခြေချထားကြတာက ချင်းယွမ်နဲ့ ထိုက်လွန်တို့ပဲ …. ဒါပေမဲ့ ဝိဇ္ဇာတာအို ညီလာခံရဲ့အင်အားက အဲဒီလူနှစ်ယောက်ထက် ကျော်တယ်။ တချို့လူတွေက နတ်ဘုရားအရိုက်အရာ မရှိကြပေမဲ့ အင်အားက ဝိဇ္ဇာနီးပါး အားကောင်းကြတယ်။ အဲဒီလူတွေက သူတို့တာအို တည်ငြိမ်ဖို့ ကမ္ဘာတွေရဲ့ ကံကြမ္မာကို နှုတ်ယူကြ …. ”

“ အဲလိုလူတွေ ရှိသေးတာလား ” မိုဝူကျိက လော့အကြောင်း တွေးမိသွားသည်။ လော့သည် ကံကြမ္မာဓား၏ အင်အားကို ဌားယူထားခြင်း ဖြစ်၏။ သဘောတရားအရပြောရလျှင် ကမ္ဘာတစ်ခု၏ ကံကြမ္မာအဖြစ် သတ်မှတ်၍ မရပေ။

ထန်းဟန်က မြန်မြန် ပြောလိုက်သည်

“ ဟုတ်တယ် …. အဲလိုလူတွေ ရှိသေးတယ်။ နမူနာအနေနဲ့ ပြောရရင် မြေအောက်ကမ္ဘာရဲ့ မြေအောက်ကမ္ဘာ ဝိဇ္ဇာ မီကျီ၊ နတ်ဘုရားမျိုးနွယ်ရဲ့ ဝူဟွမ်း၊ ယွမ်ကျဲတို့ပေါ့။ သူတို့က ဝိဇ္ဇာတပိုင်းအဆင့် ကျော်လွန်နေပေမဲ့ နတ်ဘုရား အရိုက်အရာ မရှိကြဘူး။

နတ်ဘုရားအရိုက်အရာ မရှိဘဲ သူတို့က အသက်ရှည်ခြင်းနဲ့ မိုးမြေဆီက ပေးအပ်မှုတွေကို မခံရဘူး။ နောက်ဆုံးမှာ သက်တမ်းကြီးရင့်လာပြီး သေဆုံးရမှာ …. အဲကြောင့် သူတို့က ထူးခြားတဲ့ အဖွဲ့လိုမျိုးပေါ့။ ”

မိုဝူကျိက စိတ်ရှုပ်ထွေးသွားသည်။ သူက ဝိဇ္ဇာတာအိုကို အတည်ပြုခဲ့သော်လည်း နတ်ဘုရားအရိုက်အရာ မရှိထားပေ။ ဝိဇ္ဇာတစ်ပါးအနေနှင့် သူက နတ်ဘုရားအရိုက်အရာ မလိုကြောင်း အသေအချာ သိထား၏။ သူ့သက်တမ်းက မရေတွက်နိုင်လောက်အောင် တိုးမြင့်လာသည် သာမက အချိန်တိုင်း သူ့တာအို တိုးတက်လာကြောင်းလည်း ခံစားမိပေသည်။

မိုဝူကျိက တိတ်ဆိတ်သွားသည်ကို မြင်၍ ခွန်းယွင်က ထပ်ပြောလိုက်သည်

“ ဟုတ်တယ် … ဒီဝိဇ္ဇာတာအို ညီလာခံမှာ နောက်ထပ် ပညာရှင်တွေ ရှိသေးတယ်။ အဲဒါကြောင့် ဒီကို ရောက်လာတဲ့သူတွေက အင်မတန် ရက်စက်ကြရင်တောင် ဝိဇ္ဇာတာအို ညီလာခံကိုတော့ ရုတ်ရုတ်သည်းသည်း မလုပ်ရဲကြဘူး။

ပြီးတော့ ဝိဇ္ဇာတာအို ညီလာခံကို ထိပ်တန်းအဆင့် ကာကွယ်ရေး အစီအရင်နဲ့ ကာကွယ်ပေးထားတာလေ။ ပြဿနာ ရှာရဲတဲ့သူဆို လွတ်မြောက်မှာ မဟုတ်ဘူး …. ”

မိုဝူကျိက ဘာမှမပြောဘဲ မျက်လုံးမှိတ်လိုက်သည်ကို မြင်ပြီး ခွန်းယွင်နှင့် ထန်းဟန်လည်း တိတ်တဆိတ်သာ နေလိုက်ကြသည်။

“ အထဲသွားကြမယ် ” လေးနာရီ ကြာမြင့်ပြီးနောက် မိုဝူကျိက ဝိဇ္ဇာတာအို ညီလာခံ ကာကွယ်ရေး အစီအရင်အတွင်းသို့ ဝင်ရောက်လိုက်တော့သည်။

ဝိဇ္ဇာတာအို ညီလာခံ၏ အစီအရင်သည် ထိပ်တန်းအဆင့် သတ်ဖြတ်ရေး အစီအရင်နှင့် ကာကွယ်ရေး အစီအရင် ဖြစ်၏။ သို့သော်လည်း သူက မကြောက်ပေ။ သူ့တွင် ကိုယ်ပိုင်ကမ္ဘာ ပိုင်ဆိုင်ထားပြီး သူ့အစီအရင် တာအိုမှာလည်း ထိပ်တန်း မဟုတ်ပါလော။ ဝိဇ္ဇာတာအို ညီလာခံ၏ အစီအရင်က အားပိုကောင်းနေလျှင်ပင် သူ့အား ပိတ်လှောင်နိုင်ဖို့ မဖြစ်နိုင်ပေ။ ထို့အပြင် သူက လေးနာရီတိတိ ဝိဇ္ဇာတာအို ညီလာခံအပြင်ဘက်၌ အာကာပြင် သင်္ကေတများ ရေးထွင်းခဲ့သေး၏။

ထန်းဟန်က စိတ်လှုပ်ရှားနေမိသည်။ သူက ဝိဇ္ဇာ ဖြစ်သော်လည်း ဝိဇ္ဇာတာအို ညီလာခံအတွင်း မဝင်ခင် ပြဿနာ ရှာဖို့  နက်နက်နဲနဲ တွေးတောချင့်ချိန်ဖို့ လိုအပ်သေး၏။ တစ်ဖက်တွင် မိုဝူကျိက ဝင်သွားဖို့ တုံ့ဆိုင်းမနေပေ။ ဤသည်က သူနှင့် မိုဝူကျိကြားက ကွာခြားချက် ဖြစ်နိုင်သည်။

“ အာ …” ခွန်းယွင်က ဝိဇ္ဇာတာအို ညီလာခံထဲ ဝင်လိုက်သည်နှင့် ရေရွတ်လိုက်သည်။

ခွန်းယွင် ရှင်းပြနေဖို့ပင် မလိုတော့ပေ။ မိုဝူကျိနှင့် ထန်းဟန်တို့က မြင်လိုက်ကြသည်။

ဝိဇ္ဇာတာအို ညီလာခံထဲ ဝင်လာသည်နှင့် ဧရာမ လေလံပွဲအမှတ်အသားကို မြင်တွေ့နိုင်ပေသည်။ ဝိဇ္ဇာတာအို ညီလာခံက လေလံပွဲများ ကျင်းပကာ  လေလံပွဲတွင် ရောင်းချမည့် ထိပ်တန်းပစ္စည်းသုံးမျိုးကို ပြသထားလေသည်။ ထောင်ထျဲ့အိုး၊ စကြဝဠာ တာအိုစည်းမျည်းနှင့် ရှေးဦးကမ္ဘာပျက် တစ်လုံးတို့ ဖြစ်၏။

ဤနေရာ၌ သူ လိုချင်နေသည့် သစ်သားဓာတ် သဘာဝအမြုတေပင် တွေ့နိုင်ပေသည်။

မိုဝူကျိအနေနှင့် တခြားဝိဇ္ဇာအဆင့် ပညာရှင်များ သူနှင့် ချမ်းသာမှုချင်း ယှဉ်လိုက်လျှင် ကလေးသာသာမျှသာ ဖြစ်နေပေမည်။ သို့သော် သူက ဤသို့ လေလံပွဲမျိုးကို မြင်လိုက်ရသည့်အခါ မနေနိုင်ဘဲ လေအေးများ မှုတ်ထုတ်လိုက်မိသည်။

ဤသို့သော လေလံပွဲက ရူးသွပ်လောက်ပေသည်။ မည်သူ့သောလူများက ဤသို့အံ့ဖွယ် ပစ္စည်းများ ရောင်းချကြသည်ကို မသိနိုင်ပေ။

“ လေလံပွဲထဲ သွားရအောင် ” မိုဝူကျိက တုံ့ဆိုင်းမနေဘဲ လေလံပွဲ ဝင်ပေါက်ဆီ လျှောက်လှမ်းသွားလိုက်သည်။

ဝိဇ္ဇာတာအို ညီလာခံ လေလံပွဲကို ဝိဇ္ဇာတာအို ညီလာခံက ဦးစီးကျင်းပပေးခြင်း ဖြစ်၏။ ထို့ကြောင့် သူတို့က လေလံပွဲအမျိုးမျိုးနှင့် အလဲအလှယ်အမျိုးမျိုးကို စုစည်းထားကြသည်။

သူတို့တွင် မရှိသည့် တစ်ခုတည်းသောအရာမှာ တည်းခိုဆောင်များ၊ ရိပ်သာများနှင့် မြို့ရင်ပြင်သာ ဖြစ်၏။

ကြည့်ရတာ ထူးဆန်းသော်လည်း ရောက်လာသည့်သူများက ထိုသို့ မတွေးကြပေ။ ဤနေရာတွင် လူများ အချိန်ကြာကြာ နေဖို့ မလိုအပ်သလို မြို့ရင်ပြင်ကဲ့သို့ စည်ကားနေဖို့လည်း မလိုအပ်ပေ။ ဝိဇ္ဇာတာအို ညီလာခံသည် ရည်ရွယ်ချက်တစ်ခုအတွက်သာ တည်ရှိပြီး စကြဝဠာတစ်ခွင်ရှိ ထိပ်တန်းအဆင့် ရတနာများ အပြောင်းအလဲကို ခွင့်ပြုပေးရန်သာ ဖြစ်၏။

“ နေရာဘယ်လောက် ယူမှာလဲ ” လေလံပွဲအဝင်ဝတွင် မိုဝူကျိတို့အား တားဆီးကာ မေးလိုက်သည်။

မိုဝူကျိက ခွန်းယွင်အား မေးခွန်းထုတ်သလို ကြည့်လိုက်၏။ ခွန်းယွင်က မြန်မြန် ရှင်းပြလိုက်သည်  “ ညီအစ်ကိုမို ဒါက ပထမတန်းစား လေလံအခန်းလေ။ ဈေးနှုန်းက တစ်ရက်ကို အဆင့်မြင့် နတ်ဝိညာဉ်သွေးကြော ဆယ်ခု …. ”

မိုဝူကျိက အတော်လေး အံ့ဩမိသွားသည်။ ဤသည်မှာ နေ့ခင်းကြောင်တောင် ဓားပြတိုက်နေခြင်း မဟုတ်ပါလော။ လေလံအခန်းတစ်ခန်းစာအတွက် တစ်ရက်လျှင် အဆင့်မြင့် နတ်ဝိညာဉ်သွေးကြော ဆယ်ခု ကျသင့်ပေသည်။

ဈေးနှုန်းက လွန်လွန်းမနေဘူးလား ….

နတ်ဘုရားကမ္ဘာ၌ ဂိုဏ်းတစ်ဂိုဏ်းပင် အဆင့်မြင့် နတ်ဝိညာဉ်သွေးကြော မရှိနိုင်လောက်ပေ။ တစ်ဖက်တွင် ဤနေရာ၌ တစ်ရက်စာလျှင် ဆယ်ခုစာ ကျသင့်နေပေ၏။ အကယ်၍ သူသာ မင်ယွမ်ဆီမှ ပစ္စည်းများ မရထားလျှင် ဤသို့သောနေရာမျိုး၌ အင်မတန် ဆင်းရဲသောသူတစ်ဦး ဖြစ်နေပေမည်။

“ ပထမတန်းစား လေလံအခန်း တစ်လစာ ယူမယ် ” မိုဝူကျိက ဈေးကြီးကြောင်း ခံစားမိသော်လည်း သိုလှောင်လက်စွပ် တစ်ကွင်း ထုတ်ကာ ပေးလိုက်သည်။ သူတို့က ဤနေရာသို့ ရုတ်ရုတ်သည်းသည်း လုပ်ရန် ရောက်လာခြင်း ဖြစ်ပြီး အဆင်မချောလျှင် မည်သို့သော အုတ်အောင်းသောင်းနင်း ဖြစ်စေနိုင်မည်နည်း။

ဤကျင့်ကြံသူက ပစ္စည်းများကို စစ်ဆေးလိုက်သည်။ ထို့နောက် ထိုသူက  မိုဝူကျိတို့အား ခေါင်းညိတ်ပြကာ   “ သုံးယောက်လုံး ဝင်လို့ ရပြီ ”

ဘေးရှိ ထန်းဟန်က သက်ပြင်းချလိုက်သည်

“ ကပ်ဘေးပြီးကတည်းက လေလံအခန်းတွေက ဈေးချိုလာတာပဲ။ အရင်တုန်းကဆို ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောနဲ့ ပေးချေရတာကို မှတ်မိသေးတယ် ”

မိုဝူကျိက သက်ပြင်းသာ ချလိုက်သည်။ သူက တကယ်ကို သူဆင်းရဲ တစ်ယောက် ဖြစ်နေသည်။ အကယ်၍ ထန်းဟန်သာ တမင်ပြောနေလျှင် သူ့အား ရိုက်ကာ  ပြောလိုက်ပေမည် “ လာမကြွားလို့ သေသွားမှာလား ”

“ ထန်းဟန် မဝင်နဲ့တော့ … ဝိဇ္ဇာတာအို ညီလာခံ အပြင်ဘက်ကနေ စောင့်နေပေး ” မိုဝူကျိက ထန်းဟန်အား ညွှန်ကြားလိုက်သည်။

ထန်းဟန်က အံ့ဩမိသွားသော်လည်း နားလည်သွားလေသည်။ သူက ချက်ချင်း တုံ့ပြန်လိုက်လေ၏  “ ဟုတ်ကဲ့ပါ ”

ထိုသို့ပြောပြီးနောက် သူက လှည့်ထွက်သွားလေသည်။ သူက မိုဝူကျိသည် ရတနာ လာဝယ်ရန် ရောက်လာခြင်း မဟုတ်ကြောင်း သိထားပေသည်။ ထောင်ထျဲ့အိုးနှင့် စကြဝဠာ တာအိုစည်းမျည်းတို့ကို ပြသထားပြီးသား ဖြစ်လေရာ သူ့သခင်က သေချာပေါက် လုယူလာလိမ့်မည်။

ဝိဇ္ဇာတာအို ညီလာခံလို နေရာမျိုး၌ လုယူခြင်းမှာ ပျားအုံထဲ ပြေးဝင်သွားခြင်းနှင့်အတူတူ ဖြစ်၏။ ထိုအချိန် တိုက်ပွဲက ရှောင်ရှား၍ မရနိုင်ပေ။ မိုဝူကျိက တစ်ယောက်ယောက် ထွက်ပြေးသွားမည်ကို စိုးရိမ်နေသောကြောင့် သူ ထန်းဟန်အား ဝိဇ္ဇာတာအို ညီလာခံ အဝင်ဝ၌ စောင့်ခိုင်းထားစေခြင်းသာ ဖြစ်ပေမည်။ မိုဝူကျိကိုယ်တိုင်လည်း ထွက်ပြေးလာနိုင်သောကြောင့် အပြင်ဘက်ရှိ သူ့အကူအညီကို လိုအပ်လာနိုင်၏။

ထန်းဟန် ထွက်သွားသည်ကို မြင်သောအခါ ခွန်းယွင်က စိတ်ထဲ ငြီးတွားလိုက်သည်။ သူလည်း ထွက်သွားချင်သော်လည်း မိုဝူကျိက ဘာမှမပြောသောကြောင့် ဘာမှမတတ်နိုင်ပေ။ သူ့အဆင့်အထိ ကျင့်ကြံသူတစ်ဦးအနေနှင့် သူက အရူး မဟုတ်ပေ။ မိုဝူကျိသည် တိုက်ပွဲ စတင်မည် ဖြစ်ပြီး သူက အကြောင်းပြချက် ဖြစ်လာမည်။ အကယ်၍ သူသာ အကြောင်းပြချက် အဖြစ်ခံဖို့ မရှိနေလျှင် မိုဝူကျိက ထောင်ထျဲ့အိုးကို မည်သို့ လုယူနိုင်မည်နည်း။

ခွန်းယွင်က သက်ပြင်းချလိုက်ပြီး မိုဝူကျိနောက်သာ လိုက်လာလိုက်တော့သည်။ သူက ကံကောင်းမှုလေလား သို့မဟုတ် ကပ်ဘေးသည်လား မသိတော့ပေ။ ကပ်ဘေး ဖြစ်နေလျှင်ပင် မရှောင်ရှားနိုင်တော့ပေ။

လေလံပွဲအခန်း အရည်အသွေးက မဆိုးလှပေ။ မြင်ကွင်းကောင်းကောင်း ရှိရုံသာမက  ကျယ်ကျယ်ဝန်းဝန်း ကာကွယ်ရေး အစီအရင်နှင့် ပြသရေး အစီအရင်လည်း ပါရှိ၏။

ယခင် မိုဝူကျိက လေလံပွဲများစွာ တက်ရောက်ခဲ့ဖူးသည်။ သူ လေလံပွဲသို့ ဝင်သည့်အချိန်တိုင်း ပထမဆုံး လုပ်သည့်အရာမှာ အတားအဆီး ချထားခြင်း ဖြစ်၏။ ဤတစ်ကြိမ်၌ သူက အတားအဆီး မချထားရုံသာမက အားလုံးကို ဖယ်ရှားပစ်လိုက်သည်။

ယနေ့ သူက အုတ်အောင်းသောင်းနင်း ဖြစ်စေဖို့ ရောက်လာခြင်း ဖြစ်၏။ ဤသို့ဖြစ်လေရာ အဘယ်ကြောင့် အတားအဆီးများ လိုအပ်မည်နည်း။

သူက ထောင်ထျဲ့အိုးကို လုယူရုံသာမက စကြဝဠာ တာအိုစည်းမျည်းကိုလည်း လုယူပေမည်။ ပို၍ အရေးကြီးသည်က သူက မိုရှင်းထောင်နှင့် ဒေါ်လေးဆယ့်တစ်တို့အား အသုံးချခဲ့သည့် လူကို ဖမ်းဆီးရမည်။

“ ညီအစ်ကိုမို ရူးမိုက်တာတွေ လုပ်ဖို့ မဖြစ်ဘူးနော်။ ခင်ဗျားက ဝိဇ္ဇာဆိုရင်တောင် ဒီမှာ နောက်ထပ် ဝိဇ္ဇာတွေ ရှိနေသေးတယ်။ တစ်ယောက်တောင် မကဘူး ” ခွန်းယွင်က လေလံအခန်းထဲ ထိုင်လိုက်ပြီးနောက် စိတ်ပူပင်စွာ ပြောလိုက်သည်။

မိုဝူကျိက လက်ဝေ့ပြကာ  “ စိုးရိမ်နေဖို့ မလိုပါဘူး။ အချိန်ကျလာတဲ့အခါ ခင်ဗျားကို ဆွဲမသွင်းပါဘူး ”

ကျင့်ကြံသူတစ်ယောက်အတွက် ရက်များက ခဏမျှသာ ဖြစ်၏။

မိုဝူကျိက စိတ်ဝိညာဉ် အခါးရည်တစ်ခွက် သောက်သုံးပြီးသည့်အခါ ကြည်ကြည်လင်လင် အသံတစ်သံကို ကြားလိုက်ရသည် “ ဟားဟား … တာအိုရောင်းရင်းက ကျုပ်ထက် စောစော ရောက်နေလိမ့်မယ်လို့ ထင်မထားမိဘူး ”

“ မြေအောက်ကမ္ဘာ ဝိဇ္ဇာမီကျီလား ”

ခွန်းယွင် မျက်နှာမှာ ပြောင်းလဲသွားလေသည်။ မီကျီက နတ်ဘုရားအရိုက်အရာ မရှိစဉ် သူက ပင်မနတ်ဘုရား အရိုက်အရာ ရှိနေသည့်အချက်ကိုသာ မကြည့်သင့်ပေ။ လက်တွေ့၌ မြေအောက်ကမ္ဘာ ဝိဇ္ဇာမီကျီ နောက်တွင် မြေအောက်ကမ္ဘာ ရှိပေသည်။ သူ ခွန်းယွင်က မီကျီ၏ ဖိနပ် လျက်ဖို့ရာပင် အခွင့်အရေး မပြည့်မှီပေ။

***

All Chapters