← Chapters

လျှို့ဝှက်စစ်ဆင်ရေးတပ်ဖွဲ့

Vol. 3 Ch. 38

လျှို့ဝှက်စစ်ဆင်ရေးတပ်ဖွဲ့

Vol. 3 Ch. 38

အခန်း (၃၈) လျှို့ဝှက်စစ်ဆင်ရေးတပ်ဖွဲ့

ကြယ်နဂါးမျှော်စင်သည် အစိုးရ၏ ထိပ်တန်းလျှို့ဝှက် အဆောက်အဦးဖြစ်ပြီး ထိုနေရာတွင် ဌာန၁၃ရုံးချုပ် တည်ရှိနေသည်။ မျှော်စင်၏ အတွင်းဘက်မှာ ဝင်္ကပါတစ်ခုအလားပင်။ ဟန်ရှောင်းက စင်္ကြန်လမ်းများနှင့် ဥမင်လိုဏ်ခေါင်းများကို နာရီဝက်ခန့် ဖြတ်ကာ ဖုန်းကျွင်းနောက် လိုက်လာပြီး နောက်ဆုံးတွင် ရုံးချုပ်သို့ ရောက်လာသည်။ ဒီတစ်ကြိမ်တော့၊ သူ့ကို မျက်လုံး မစည်းထားတော့ပေ။

"ဒီနေရာက လာရတာ အရမ်းခက်တာပဲ။" ဟန်ရှောင်းက စောဒကတက်သည်။

"ဒါကြောင့် လုံခြုံတာပေါ့။" ဖုန်းကျွင်းက ပြန်ဖြေလိုက်ရင်း သူ၏ကတ်ကို ဆင်ဆာရှေ့တွင် ဝှေ့ယမ်းလိုက်ရာ ကြီးမားလှသည့် အော်တိုမစ်တစ် ဂိတ်တံခါးကြီးက ပွင့်သွားလေသည်။

ဟန်ရှောင်းက ဂိတ်ကိုဖြတ်သန်း၍ လူများ ပျားပန်းခတ်မျှ လှုပ်ရှားနေကြသော အလွန်ကျယ်ဝန်းသည့် ခန်းမကြီးအတွင်းသို့ ရောက်လာသည်။ သူအံ့ဩရသည်က၊ မြေအောက်တွင်ရှိနေသော်လည်း၊ ဌာန၁၃ ရုံးချုပ်သည် အလင်းရောင်နှင့် လေဝင်လေထွက်များ အလွန်ကောင်းခြင်းပင်။

ဖုန်းကျွင်းက ဟန်ရှောင်းကို သူ၏ ဖြတ်သန်းခွင့်ကတ်နှင့် နှာခေါင်းစည်း တစ်ခု ပေးလိုက်သည်။

"လူအများကြီးကို မင်းမျက်နှာ မပြတာ ပိုကောင်းလိမ့်မယ်။ ဝတ်ထားလိုက်။"

ဟန်ရှောင်း ဝတ်ဆင်တော့မည့်အချိန်တွင် နှာခေါင်းစည်ပေါ်၌ အဝတ်ဗလာနှင့် ကာယဗလမောင်တစ်ယောက်၏ပုံ ရိုပ်နှိပ်ထားသည်ကို သတိပြုမိလိုက်သည်။ မျက်မှောင်ကြုံ့သွားပြီး လှည့်ကြည့်ရာ ဖုန်းကျွင်းက မရယ်မိအောင် ထိန်းချုပ်နေသည်ကို တွေ့ရသည်။

"ဘာလို့ ငါ့ကို ကြည့်နေတာလဲ။ မြန်မြန်ဝတ်လိုက်တော့။"

"ဟမ့်။"

ဟန်ရှောင်းက ရုတ်တရက် ဖုန်းကျွင်း၏ လက်မောင်းကို ဆောင့်ဆွဲလိုက်ပြီး အင်္ကျီလက်မှ အဝတ်စတစ်စကို ဆွဲဖြဲလိုက်သည်။

"ဒီမျက်နှာဖုံးက မင်းနဲ့ပိုလိုက်တယ်။" သူက ပေါ့ပေါ့ပါးပါးပင် ပြောကာ အဝတ်စနှင့် မျက်နှာကို ဖုံးအုပ်လိုက်ပြီး မျက်နှာဖုံးကို ဖုန်းကျွင်းဆီ ပစ်ပေးလိုက်သည်။

ဖုန်းကျွင်း မျက်ရည်ကျလုမတတ် ဖြစ်သွားသည်။

"ငါ့ရဲ့ ဝတ်စုံအသစ်လေး..."

ရုတ်တရက်၊ တစ်ယောက်ယောက်က သူ့ကို ကြည့်နေသလို ခံစားလိုက်ရသည်။ သူက လှည့်ပတ်ကြည့်လိုက်ရာ ကုတ်အင်္ကျီအဖြူ ဝတ်ထားသည့် မရင်းနှီးသည့် လူငယ်တစ်ယောက်က သူ့ကို မုန်းတီးစွာ စိုက်ကြည့်နေသည်ကို တွေ့ရသည်။

"သူက ဘာတွေ စိတ်တိုနေတာလဲ။" တွေဝေသွားသည့် ဟန်ရှောင်းက မေးလိုက်သည်။

ဖုန်းကျွင်းက ခါးသက်သက် ရယ်လိုက်သည်။

"သူ... ဂရုစိုက် မနေပါနဲ့။"

လော်ရွှမ်းက ဟန်ရှောင်း၏မျက်နှာကို မမြင်ဘူးသော်လည်း၊ ဖုန်းကျွင်းဘေးမှ လူကတော့ ဟန်ရှောင်းဖြစ်ကြောင်း သူသေချာပေါက် သိနေသည်။

…

လျှို့ဝှက်စစ်ဆင်ရေးဌာနသည် အလွှာတစ်ခုလုံးကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ သိသိသာသာပင် အခြားဌာနများထက်တော့ လူပိုနည်း၏။

ဖုန်းကျွင်းက ဟန်ရှောင်းကို အစည်းအဝေးခန်းသို့ ခေါ်လာပြီး ထွက်သွားသည်။

ဟန်ရှောင်း တံခါးပေါက်မှ ဝင်လာသောအခါ လူ၃‌ယောက်ထိုင်နေသည်ကို တွေ့ရသည်။ သူတို့မှာ အခြားသူများ မဟုတ်ဘဲ လီယာလင်း၊ လမ်းဘတ်နှင့် လီယောင်တို့ပင် ဖြစ်ကြသည်။

"နင်က ငါတို့အဖွဲ့ကို ပူးပေါင်းဖို့ ဒါရိုက်တာက အထူးခွင့်ပြုချက်ပေးထားတဲ့ ထောက်ပံ့ရေးတစ်ယောက်လား။"

လီယာလင်းက ဟန်ရှောင်းကို စစ်ဆေးသလို လှည့်ပတ်ကြည့်လိုက်သည်။

ဟန်ရှောင်း မျက်ခုံးပင့်လိုက်မိသည်။ အထူးခွင့်ပြုချက်? ထောက်ပံ့ရေး? ရုတ်တရက်၊ သူ့ကိုစကားပြောနေသည့် အမျိုးသမီးမှာ သွယ်လျပြီး ပျိုမျစ်ရုံသာမကပဲ၊ အလွန်ချောမောလှပသည်ကို သတိပြုမိလိုက်သည်။ ဟန်ရှောင်း၏ အမြင်တွင် သူမက ဟီလာနှင့်ပင် ယှဉ်နိုင်သည်။ သူမက အဝါရောင် အားကစားဂျက်ကတ်နှင့် အနက်ရောင် အသားကပ်ဘောင်းဘီကို ဝတ်ဆင်ထားသည်။

"ကျွန်တော်က ဟန်ရှောင်း၊ ယန္တရားပညာရှင်။"

လီယောင်က အမြန်ထရပ်လိုက်ရာ၊ ထိုင်ခုံမှာ နောက်သို့လဲကျသွားသည်။

"တွေ့...တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က လီယောင်ပါ၊ အဖွဲ့ရဲ့ ဟက်ကာပါ။" သူက မိတ်ဆက်လိုက်ရင်း နှုတ်ဆက်ရန် လက်ကို ဆန့်တန်းလိုက်သည်။

"ငါက စနိုက်ပါ၊ လမ်းဘတ်။" လမ်းဘတ်က ထမရပ်ဘဲ ရိုးရိုးပင် မိတ်ဆက်လိုက်သည်။

ဟန်ရှောင်းက လီယောင်ကို လက်တွဲနှုတ်ဆက်ပြီး ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်ပြလိုက်သည်။ သူက တိတ်ဆိတ်သော လူတစ်ယောက်မှန်း သိသာနေသည်။

"ဟေး၊ မင်းကဘာလို့ နှာခေါင်းစည်း တပ်ထားတာလဲ။" လီယာလင်းက သိလိုစိတ်ပြင်းပြ‌ပြီး တောက်ပသော မျက်လုံးဝိုင်းနှင့် မေးလိုက်ပြီး ဟန်ရှောင်း၏ နှာခေါင်းစည်းကို ဆွဲချွတ်လိုက်သည်။

ဟန်ရှောင်းက ရှောင်လိုက်သည်။

"မင်းဘာလို့ မျက်နှာကို ဖုံးထားတာလဲ။ ငါတို့ကို မယုံဘူးလား။" လီယာလင်းက မပျော်မရွှင်နှင့် မေးခွန်းထုတ်သည်။

"ငါ့ရဲ့ အကြောင်းက ထိပ်တန်းလျှို့ဝှက်ချက်" ဟန်ရှောင်းက ပြန်ဖြေသည်။

ဤအဖွဲ့တွင် နေရာချထားခြင်းက ဒီလူတွေသည် ယုံကြည်လို့ရမှန်း သိသော်လည်း၊ ဟန်ရှောင်းက သူ့မျက်နှာကို ‌မဖော်ပြခြင်းက အချို့ပြဿနာများမှ ကာကွယ်နိုင်သည်ဟု ခံစားနေရသည်။ သူ့မျက်နှာကို မြင်သွားပြီးနောက် သူတို့မေးလာနိုင်သည့် မေးခွန်းများကို သူမှန်းဆနိုင်နေသည်။

"မင်းက အဲဒီ ဝရမ်းပြေးလား။"

"ဘာလို့ ဌာန၁၃က မင်းကို လိုချင်ရမှာလဲ။"

"ဂျာမီနယ်အဖွဲ့အစည်းကို မင်းဘာတွေလုပ်ခဲ့တာလဲ။"

ထိုမေးခွန်းတွေ အကုန်လုံကို ဖြေရမည်က တကယ်ကို ခေါင်းကိုက်စရာပင်။

ထို့ပြင်၊ ဟန်ရှောင်းက ဌာန၁၃တွင် အကြာကြီးနေရန်လည်း အစီအစဉ်မရှိပေ။

"မင်းရဲ့ အကြောင်းက ထိပ်တန်းလျှို့ဝှက်ချက်။ နေပါဦး..." လီယာလင်းက တစ်ခုခုကို သတိရသွားသည်။ သူမက ဟန်ရှောင်းရှေ့သို့ ခုန်ဝင်လာပြီး မေးလိုက်သည်။ "မင်းက အပေါ့စားယန္တရားလက်ကို လုပ်ခဲ့တဲ့သူလား။"

ဟန်ရှောင်း လန့်သွား၏။

"မင်းဘယ်လို သိတာလဲ။"

"ဟားဟား၊ အဲဒါမင်းပဲပေါ့။" လီယာလင်းက စိတ်လှုပ်ရှားပြီး ထခုန်လိုက်ကာ ဟန်ရှောင်း၏ ပခုံးကို သိုင်းဖက်လိုက်သည်။ "ငါ့ကို တစ်ခု လုပ်ပေးပါ။"

ဟန်ရှောင်း၏ နှုတ်ခမ်း တွန့်ကွေးသွားသည်။

"အလကား မရဘူး။"

လီယာလင်းက ဟက်ဟက်ပက်ပက် ရယ်‌မောလိုက်ပြီး ညင်သာစွာ မေးလိုက်သည်။

"လျှော့ဈေးနဲ့ မရဘူးလား။"

"မရဘူး။"

"ကပ်စေးနဲ။"

"ငါမင်းနာမည်တောင် မသိသေးဘူး။" ဤ ဖော်ရွေသော မိန်းမလှလှလေးက သူ့ကို ‌အတော်ပင် ခေါင်းကိုက်စေသည်။

"လီယာလင်း၊ အနီးကပ်တိုက်ပွဲ တာဝန်ခံ။" သူမက အင်တင်တင်ဖြင့် ပြန်ဖြေသည်။

"ဒါဆို ငါတို့၄ယောက်က တစ်ဖွဲ့ပေါ့။"

"မဟုတ်ဘူး၊ ငါတို့‌ခေါင်းဆောင် ရှိသေးတယ်။"

"သူက ဘယ်မှာလဲ။"

"ဒီမှာတော့ မဟုတ်ဘူး၊ ဒဏ်ရာရထားလို့ အနားယူနေတယ်။"

"ခေါင်းဆောင်တောင် ဒဏ်ရာရတယ်။ လျှို့ဝှက်စစ်ဆင်ရေးက အန္တရာယ်များတဲ့ အလုပ်တွေပဲ။" ဟန်ရှောင်းက မှတ်ချက်ချလိုက်သည်။

ထို၃ယောက်သား တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။

"ခေါင်းဆောင်က အစာအဆိပ်သင့်ပြီး ဖျားသွားတာ။" လီယောင်က ရှင်းပြသည်။

“…”

ဟန်ရှောင်း ဘာပြောရမှန်း မသိတော့ပေ။

လီယောင်က ခြောက်ကပ်ကပ် ချောင်းဆိုးလိုက်သည်။

"လျှို့ဝှက်စစ်ဆင်ရေးဌာနက အထူးခက်ခဲတဲ့ မစ်ရှင်တွေကို ယူရလေ့ရှိတယ်။ အဖွဲ့တိုင်းမှာ အဖွဲ့ဝင် ၄ယောက်ကနေ ၇ယောက်ရှိတယ်။ လတိုင်း ငါတို့ကို ချပေးတဲ့ မစ်ရှင်တွေ လုပ်ရတာကလွဲရင်၊ ငါတို့ရဲ့ အားလပ်ချိန်မှာ ကြိုက်တာလုပ်လို့ရတယ်။" သူကစ၍ ရှင်းပြသည်။

"လျှို့ဝှက်စစ်ဆင်ရေးမှာ ရှိနေတဲ့လူတွေက အတော်ဆုံးထဲက အတော်ဆုံးတွေပဲ။ အန်ကယ်လမ်းဘတ်လို လူတွေကို အခြားအဖွဲ့အစည်းတွေကနေ ခေါ်ယူထားတယ်။ သူ့ကို အထူးတပ်ဖွဲ့ကနေ ရွေးချယ်ထားတာ။ မင်းရဲ့နေရာက အဖွဲ့ကို အထောက်အကူ လုပ်ပေးဖို့ပဲ။ မင်းက ပစ္စည်းကိရိယာတွေ၊ အစီအစဉ်ချတာတွေ၊ ပြီးတော့ စစ်ဆင်ရေးအတွင်းမှာ အချက်အလက်တွေ စုဆောင်းတာ၊ စီစဉ်တာတွေအတွက် တာဝန်ယူရမယ်။

ဒါတွေ အကုန်လုံးက ကောင်းတာပဲ... ဟန်ရှောင်းက တွေးလိုက်မိသည်။ ဒါပေမယ့် ငါက မွန်းစတားတွေကို အမဲလိုက်ချင်တာလေ။

သို့သော်ငြားလည်း၊ ဌာန၁၃က အဘယ်ကြောင့် ဤသို့စီစဉ်ထားမှန်း သူနားလည်သည်။ သူ့ကဲ့သို့ တန်ဖိုးရှိလှသည့် လူတစ်ယောက်ကို အန္တရာယ်နှင့် ထိပ်တိုက်မရင်ဆိုင်ခိုင်းလောက်ပေ။

နောက်ဆုံးမှာတော့၊ ဟန်ရှောင်းက သူတို့က အကာအကွယ်ကို ရရှိရုံတင်မကဘဲ ပိုက်ဆံရနိုင်မည့် လမ်းတစ်ခုလည်း ရှိခဲ့သည်။ သူကျေနပ်မိနေသည်။

ယန္တရားပညာရှင်များသည် "တိုက်ခိုက်သူ" သို့မဟုတ် "အက်စ်ပါ" တို့နှင့် နှိုင်းယှဉ်ပါက အစောပိုင်းတွင် အလွန်အားနည်းလှသည်။ ထို့ကြောင့် ပစ္စည်းများ ပြုလုပ်ခြင်းက အတွေ့အကြုံအမှတ် ရရှိရန် ပို၍ ခရီးရောက်သည်။

"ငါတို့အဖွဲ့မှာ နာမည်ရှိလား။" ဟန်ရှောင်းက မေးလိုက်သည်။

"အဖွဲ့နာမည်။ ဘာအသုံးဝင်လို့လဲ။" မကျေနပ်သေးသည့် လီယာလင်းက ပြန်ပြောသည်။

"ဒါလည်း ဟုတ်တာပဲ..." ဟန်ရှောင်းက ရေရွတ်လိုက်သည်။

ရုတ်တရက်၊ လီယောင်က ဖြတ်ပြောသည်။ "ငါတို့ကို ပင့်ကူနက်ကို ဖမ်းခေါ်လာဖို့ မစ်ရှင်ပေးလိုက်တယ်။ သိရသလောက်တော့၊ သူက အနောက်ပိုင်းမြို့တော်မှာ ပုန်းနေတုန်းပဲ။"

ဟန်ရှောင်း မျက်ခုံးများ ပင့်လိုက်သည်။ မစ်ရှင်က အချိန်ကိုက် ရောက်လာခဲ့သည်။ အထက်ကလူတွေက တမင်ချပေးလိုက်တာ ဖြစ်နိုင်သည်။

"ပင့်ကူနက်" လီယာလင်း တအံ့တဩနှင့် အော်လိုက်သည်။ "ငါသူ့ကို သိတယ်။ သူက တစ်ကိုယ်တည်း ကြေးစားအမဲလိုက်တဲ့သူဆိုပြီး နာမည်ကြီးတယ်။ နောက်ဆုံးတစ်ကြိမ်၊ အေးဂျင့်တွေ သူ့ကိုဖမ်းဖို့ လုပ်တုန်းက လမ်း၂လမ်းလုံးကို ‌ဗုံးဖောက်ပစ်လိုက်တယ်။ သူက ဘာလို့ မြို့ထဲမှာ ပုန်းနေသေးတာလဲ။"

"ငါတို့ ဘယ်အချိန်ထွက်မလဲ။" လမ်းဘတ်က မေးလိုက်သည်။

"လောစရာ မလိုပါဘူး။ သူတို့က သူ့ရဲ့နေရာကို အတည်ပြုပြီးပြီ။ ညကျမှ လှုပ်ရှားကြတာပေါ့။"

"ဒါက မင်းရဲ့ ပထမဆုံးမစ်ရှင်ဆိုတော့ ထောက်ပံ့ရေးအတွက် ပြင်ဆင်ဖို့ အကျွမ်းဝင်အောင် လုပ်ထားလိုက်။"

ဒါက သူတို့၏ ပထမဆုံး တွေ့ဆုံမှု ဖြစ်သော်လည်း ထို၃ယောက်က ဟန်ရှောင်း၏အကြောင်းကို သိပ်မမေးကြပေ။ လျှို့ဝှက်စစ်ဆင်ရေးတွင် နေရာချထားခံရသည်ဆိုကတည်းက အထက်လူကြီးတွေက သူ့ကို ယုံကြည်သည်ဟု ဆိုလိုပြီး၊ ဒါကပင် လုံလောက်ပြီဖြစ်သည်။

_____________________

သင်သည် E အမျိုးအစား မစ်ရှင်ကို ဖွင့်လိုက်ပါပြီ။ [ပင့်ကူနက်]. လက်ခံမည်/ ပယ်ဖျက်မည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

လက်ခံမည်။

_____________________

မစ်ရှင်အရိပ်အမြွက် : ပင့်ကူနက်သည် နာမည်ဆိုးဖြင့် ကျော်ကြားသော လူသတ်သမားတစ်ယောက် ဖြစ်သလို ဆုကြေးငွေအမဲလိုက်သူလည်း ဖြစ်သည်။ ဒါသည် သင်နှင့် လျှို့ဝှက်စစ်ဆင်ရေးဌာနအတွက် ပထမဆုံးမစ်ရှင် ဖြစ်သည်။ သင်၏တာဝန်မှာ အသင်းကို အောင်မြင်အောင် ကူညီရန်ဖြစ်သည်။

မစ်ရှင်လိုအပ်ချက် : ပင့်ကူနက်ကို နှိမ်နင်းပါ။

ဆု‌လာဘ် : အတွေ့အကြုံအမှတ် ၅,၀၀၀

အပိုဆုလာဘ် : အတွေ့အကြုံအမှတ် ၄၀,၀၀၀ သို့မဟုတ် 'စိတ်တည်ငြိမ်စေမှု'

အခန်း (၃၈) ပြီး၏။

လင်းဆက်

All Chapters