← Chapters

ကျုပ်က မောက်မာတယ်

Vol. 87 Ch. 1217

ကျုပ်က မောက်မာတယ်

Vol. 87 Ch. 1217

“ အလဲအလှယ် ဖြစ်ပါပြီ ” သုံးကြိမ် ခေါ်ပြီးနောက် ဒုတိယ လေလံဈေး မရှိသည်ကို မြင်ပြီး လူအိုကြီးက တိုက်ရိုက် ကြေညာလိုက်တော့သည်။

မိုဝူကျိထက် ဈေးမြင့်ပေးနိုင်သည့်သူ မရှိတော့ပေ။ ထိုစဉ် နတ်ဘုရားကျောက်များနှင့် နတ်ဝိညာဉ်သွေးကြောများကား သာမည ဖြစ်သွားလေ၏။ အဓိက လေလံဈေးမှာ ရတနာများ ဖြစ်ကြသည်။ မိုဝူကျိ ပေးလိုက်သည့် ရှေးဦးမူလ မီးကျောက်သည် အလိုများသည့် ပစ္စည်းတစ်ခု ဖြစ်ပေသည်။

ထို့ကြောင့် မိုဝူကျိ လေလံဈေး ခေါ်လိုက်ပြီးနောက် တန်း၍ အောင်မြင်သွားခြင်း ဖြစ်၏။

မိုဝူကျိ အလဲအလှယ်အပြီးနောက် ဝတ်ရုံစိမ်း လူအိုကြီးက နောက်ထပ် ကျောက်စိမ်းသေတ္တာကို ထုတ်ယူလာပြန်သည်။ သူက ကျောက်စိမ်းသေတ္တာကို မ ကာ ပြောလိုက်သည်  “ တတိယမြောက် ပစ္စည်းက လော့ကျမ်းစာရွက် ဖြစ်ပါတယ် ”

မိုဝူကျိက ရုတ်ချည်း ထရပ်လိုက်သည်။ လော့ကျမ်း စုစုပေါင်း ၁၃ ရွက် ရှိပြီး သူ့တွင် ခြောက်ရွက် ရှိကာ မုရုန်ရှန်းယွီဆီတွင် ငါးရွက် ရှိထားပြီး စုယင်ဆီတွင် တစ်ရွက် ရှိထားသည်။ နောက်ဆုံးတစ်ရွက်က တခြားနေရာတွင် ဖြစ်၏။

သူက ထိုလော့ကျမ်းစာရွက်၏ မူလဇာစ်မြစ်ကို အင်မတန် စိုးရိမ်နေမိသည်။ အကယ်၍ ဤစာရွက်သာ စုယင်ဆီမှ ဖြစ်နေခဲ့လျှင် အားလုံးကို သတ်ပစ်လောက်မိသည်။

မကြာခင် သူက သူ့ကိုယ်သူ ပြန်ထိန်းထားလိုက်သည်။ သူက စတင်၍ သတ်ဖြတ်မည်ဆိုလျှင်ပင် ဤစာရွက်က စုယင်ဆီမှ ဟုတ်လားဟု စစ်ဆေးကြည့်ဖို့ လိုအပ်နေသေး၏။ သူက စုယင်ကို ပေးလိုက်သူ ဖြစ်ရာ အကယ်၍ ဤစာရွက်သာ စုယင်ဆီမှ ဖြစ်နေခဲ့လျှင် ကိုင်ကြည့်လိုက်သည်နှင့် တန်းသိပေလိမ့်မည်။

ဤလေလံပွဲ၌ ပစ္စည်းကိုးမျိုးကိုသာ ရှိပေသည်။ သူက ပစ္စည်းနှစ်မျိုး ဝယ်ထားပြီးပြီ ဖြစ်သလို သူ လိုအပ်နေသည့် နောက်ထပ် နှစ်မျိုးလည်း ကျန်နေသေး၏။ ယခု တတိယပစ္စည်းမှာ လော့ကျမ်းစာရွက် ဖြစ်နေလေရာ သူ ဝယ်ဖို့ လိုအပ်လာပြန်သည်။ အကယ်၍ ဤသို့သာ ဆက်ဖြစ်လာပါက လူအများကို လှုံ့ဆော်သလို ဖြစ်လာပေမည်။ ထိုသို့ဆိုလျှင်ပင် သူ့အနေနှင့် ဤလော့ကျမ်းစာရွက်အား ရဖို့ လိုအပ်နေသေး၏။

“ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော တစ်ထောင်၊ ထိပ်တန်းအဆင့် ပျံသန်းရေး ရတနာတစ်ခု ”

“ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော တစ်ထောင်၊ အဆင့်မြင့် နတ်ဘုရားကျောက် ငါးသန်းနဲ့ ထိပ်တန်းအဆင့် တိုက်ခိုက်ရေး ရတနာတစ်ခု ”

………….…

နတ်ဝိညာဉ်သွေးကြောများနှင့် နတ်ဘုရားကျောက်များစွာ ပေးနေသော်လည်း မိုဝူကျိက ထိုသို့လေလံဈေးတွင် နိုင်လိုစိတ်ပြင်းပြသည့် အင်အားမျိုး မရှိကြောင်း သိပေသည်။ ဤသို့သော နေရာမျိုး၌ ပြိုင်ဖက်ကင်း ဈေးနှုန်းမှာ နတ်ဝိညာဉ်သွေးကြော၊ နတ်ဘုရားကျောက် သို့မဟုတ် နတ်ပစ္စည်းများ မဟုတ်ပေ။ ထို့အစား သူ့ရှေးဦးမူလ ပစ္စည်းမျိုး ဖြစ်သည့် ရတနာများသာ ဖြစ်သည်။

“ မဟာဖျက်စီးရေး ပညာရပ်ရဲ့ ပုံပွား ” မိုဝူကျိက နောက်ထပ် ဈေးခေါ်လိုက်ပြန်သည်။

မိုဝူကျိက ရတနာနှစ်မျိုးကို ဆက်တိုက် ဝယ်ယူထားပြီးလေပြီ။ ထို့ကြောင့် မိုဝူကျိ အခန်းကို စောင့်ကြည့်နေကြသည့် လူအရေအတွက် ပိုများလာသည်။ ယခု မိုဝူကျိက နောက်ထပ် ဈေးခေါ်လိုက်လေရာ လေလံပွဲတစ်ခုလုံးအား ချက်ချင်း ရုတ်ရုတ်သည်းသည်း ဖြစ်သွားစေသည်။

“ ဒီက မိတ်ဆွေ ဒီလေလံပွဲမှာ ပစ္စည်းကိုးမျိုးပဲ ရောင်းမှာလေ။ ခင်ဗျား တစ်ယောက်တည်း ရှိတယ် ထင်နေလား ” နောက်ထပ် အခန်းမှ အေးစက်စက် အသံတစ်သံ ပြန့်လွှင့်လာသည်။

ထိုအသံသည် တည်ငြိမ်နေဟန် ပေါ်သော်လည်း အေးစက်စက် သတ်ဖြတ်ငွေ့တို့ ပါဝင်နေလေ၏။

အကယ်၍ တခြားလေလံပွဲ ဖြစ်နေပါက လေလံပွဲ စီမံသူသည် ထိုသို့ကိစ္စမျိုးကို ခွင့်မပြုပေ။ သို့သော်လည်း ဤသည်မှာ ဝိဇ္ဇာတာအို ညီလာခံ ဖြစ်၏။ တစ်ယောက်ယောက်က မိုဝူကျိအား လူသိရှင်ကြား ခြိမ်းခြောက်နေလျှင်ပင် ဝိဇ္ဇာတာအို ညီလာခံက တစ်ယောက်ယောက် မှားယွင်းကြောင်း ဝင်ပြောမည် မဟုတ်ပေ။

မိုဝူကျိက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်

“ ကျုပ်က တခြားသူတွေထက် ဒီလော့ကျမ်းစာရွက်ကို လိုအပ်တယ်။ တကယ်လို့ တာအိုရောင်းရင်းက ကျုပ်ထက် ဈေးမြင့်ပေးနိုင်ရင် လော့ကျမ်းစာရွက်ကို  တာအိုရောင်းရင်း ရမှာပဲလေ”

“ မင်းဆီမှာ ရတနာအများကြီး ရှိတယ်ဆိုပြီး မောက်မာချင်တိုင်း မောက်မာလို့ ရမယ် ထင်နေလား။ မဟာဖျက်စီးရေး ပညာရပ်ရဲ့ ပုံပွားက ဘာလုပ်နိုင်မှာလဲ ” နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်။ ယခင်တစ်ယောက်နှင့် ယှဉ်လိုက်လျှင် ဤအသံပိုင်ရှင်ကား ယဉ်ကျေးမှုနှင့် ဝေးကွာလှသည်။

ယနေ့ မိုဝူကျိက ပြဿနာရှာရန် ရောက်လာခြင်း ဖြစ်ရာ သူ့အင်အားကို ထုတ်ပြရပေမည်။ အကယ်၍ လူများက သူ့အား အေးအေးဆေးဆေး ပြောလျှင် ရှင်းပြဦးမည် ဖြစ်သော်လည်း ဤသို့သော စကားများ ကြားလိုက်ပြီးနောက် သူ့အနေနှင့် ယဉ်ကျေးနေစရာ မလိုတော့ပေ

“ ဟုတ်တယ် … ကျုပ်က မောက်မာတယ်။ တကယ်လို့ ခင်ဗျားမှာ စွမ်းရည်ရှိရင် မဟာဖျက်စီးရေး ပညာရပ်နဲ့ ခင်ဗျားရဲ့ မောက်မာမှုကို သက်သေပြလေ ”

သတ်ဖြတ်ငွေ့တစ်ခု ချက်ချင်း ထွက်ပေါ်လာကာ မိုဝူကျိ အခန်းဆီ ရောက်ရှိလာသည်။

လေထုထဲ စည်းမျည်းတစ်ခု ဖြတ်ခနဲ ဖြစ်တည်လာပြီး သတ်ဖြတ်ငွေ့ကို ချက်ချင်း အချည်းနှီး ဖြစ်သွားလေသည်။ ဝိဇ္ဇာတာအို ညီလာခံ၏ အင်အားကို သိသည့်အလား သတ်ဖြတ်ငွေ့ ထုတ်ဖော်ထားကြသည့် ကျင့်ကြံသူများက မိုဝူကျိအား ဘာမှမလုပ်ရဲကြတော့ပေ။ ထိုစဉ် အားလုံးက လေလံပွဲပြီးသည်နှင့် တိုက်ပွဲအကြီးကြီး ဖြစ်လာမည် ဖြစ်ကြောင်း သိလိုက်ကြသည်။

ဝိဇ္ဇာတာအို ညီလာခံက တိုက်ပွဲများကို မတားဆီးပေ။ ဤနေရာ၌ စိတ်ကြိုက် တိုက်ခိုက်နိုင်ပေသည်။ တိုက်ပွဲအပြီးတွင် အပျက်အစီးများအတွက် လျော်ကြေးနှစ်ဆ ပေးဖို့ရာသာ လိုအပ်ပေ၏။

ထိုစဉ် ဝတ်ရုံစိမ်း လူအိုကြီးက ရုတ်ချည်း ပြောလိုက်သည်  “ ဒီက မိတ်ဆွေ တကယ်လို့ မဟာဖျက်စီးရေးပညာရပ်ရဲ့ မူရင်းကို ပေးနိုင်ရင် လော့ကျမ်းစာရွက် ပိုင်ရှင်က လက်ခံပေးပါ့မယ်တဲ့ ”

မိုဝူကျိက ခပ်ပေါ့ပေါ့ ပြောလိုက်သည်

“ မဟာဖျက်စီးရေး ပညာရပ်အတွက် လော့ကျမ်းစာရွက် တစ်ရွက်တည်းဆို မလုံလောက်ဘူး။ တစ်စုံလုံးစာ  ဖြစ်ရမယ် ”

“ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော သုံးထောင်၊ ဝိဇ္ဇာတပိုင်း တာအိုအသီးနဲ့ နုပျိုပညာရပ် ပေးမယ် ” နောက်တစ်ယောက်က ဝင်ပြောလိုက်ပြန်သည်။

ဤလေလံဈေးဖြင့် မိုဝူကျိက သူ့လေလံဈေးသည် ကြည့်ဖို့ရာ မထိုက်တန်သေးကြောင်း သိလိုက်သည်။ မိုဝူကျိက ယခင်ဈေးနှုန်းအား ထပ်မံတိုးပေးတော့မည့်အချိန် ဝတ်ရုံစိမ်း လူအိုကြီးက ရုတ်တရက် ပြောလိုက်သည်

“ မဟာဖျက်စီးရေး ပညာရပ်နဲ့ လေလံဆွဲတဲ့ ရောင်းရင်းအနေနဲ့ မဟာဖျက်စီးရေး ပညာရပ် မူရင်းနဲ့ ရှေးဦးမူလ မီးကျောက် ၁၂ ခု ပေးရင် ဒီလော့ကျမ်းစာရွက်က ခင်ဗျားအပိုင်ပဲ ”

လော့ကျမ်းစာရွက်က တန်ဖိုး ပိုမြင့်မားနေလျှင်ပင် မဟာဖျက်စီးရေး ပညာရပ် မူရင်းနှင့် ယှဉ်၍ မရသလို ရှေးဦးမူလ မီးကျောက် ၁၂ ခုနှင့်လည်း ယှဉ်၍ မရချေ။

“ ခဏ …” ခပ်ဩဩအသံ တစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် လေလံဈေးတစ်ခု ထွက်ပေါ်လာ၏  “ ကျုပ် မဟာ မိုးကြိုးလက်ဝါး ပညာရပ် ပုံပွားနဲ့ အတွေးမဲ့ရွှေ တပိုင်း ပေးမယ်။ ပြီးတော့ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော တစ်ရာနဲ့ မဟာ မိုးကြိုးလက်ဝါး ပညာရပ်ရဲ့ နေရာကိုလည်း ပြောပြမယ် ”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားကြသည်။ အပေါ်ယံ၌ ထိုဈေးနှုန်းက ယခင်ဈေးနှင့် မယှဉ်နိုင်သော်လည်း ဤလေလံဈေး၏ တန်ဖိုးအစစ်အမှန်က မဟာ မိုးကြိုးလက်ဝါး ပညာရပ်၏ တည်နေရာ ဖြစ်ပေသည်။

လျှပ်စီးအမျိုးအစား ကျင့်ကြံသူတစ်ယောက်သာ မဟာ မိုးကြိုးလက်ဝါး ပညာရပ်ကို ရသွားလျှင် သူ့အနေနှင့် စကြဝဠာအား အုပ်စိုးနိုင်လိမ့်မည်။

“ တစ်ယောက်မှ ဈေးထပ် မပေးတော့ရင် … ”

“ ခဏ …” ဤတစ်ကြိမ်၌ မိုဝူကျိက တားလိုက်သည်။ မိုဝူကျိမှန်း သိလိုက်ကြပြီးနောက် အားလုံး၏ စိတ်စွမ်းအားက သူ့အပေါ် ရောက်ရှိလာကြသည်။

မိုဝူကျိ၏ အခန်းက သူများနှင့် မတူပေ။ တခြားသူများတွင် စိတ်စွမ်းအား မစစ်ဆေးကြည့်နိုင်အောင် အတားအဆီး ချထားကြသည်။ အမုန်းတရား နက်နက်ရှိုင်းရှိုင်း မရှိသရွေ့ လူများက ထိုအတားအဆီးများကို စိတ်စွမ်းအားဖြင့် တိုက်ခိုက်ကြမည် မဟုတ်ပေ။ သို့သော် မိုဝူကျိအတွက် ထိုသို့ အတားအဆီးမျိုးပင် မရှိချေ။

ယခင် မိုဝူကျိ ပေးလိုက်သည့် ဈေးနှုန်းမှာ ရှေးဦးမူလ မီးကျောက်နှင့် ဟုန်မုန့်စွမ်းအင်ကဲ့သို့သော ရတနာမျိုး ပါဝင်ပေသည်။ ထို့ကြောင့် အားလုံးက မိုဝူကျိသည် ရှေးဦးမူလ မီးကျောက် ၁၂ ခု ထုတ်ပေးမည်လား စောင့်ကြည့်နေကြ၏။

“ ဒီက တာအိုရောင်းရင်းက ရှေးဦးမူလ မီးကျောက် ၁၂ ခု ရှိနေသေးတာလား ” ဝတ်ရုံစိမ်း လူအိုကြီးက ချက်ချင်း စိတ်ဓာတ် တက်ကြွသွားသည်။

မဟာ မိုးကြိုးလက်ဝါး ပညာရပ်သည် ပစ္စည်းကောင်း ဖြစ်၏။ သို့သော်လည်း ထိုအရာက ကန့်သတ်ချက် ရှိပေသည်။ လျှပ်စီး အမျိုးအစား ကျင့်ကြံသူသာ အသုံးပြုနိုင်ပေမည်။ ထို့အပြင် ယခင်ဈေးနှုန်းက တည်နေရာပင် ပြောပြမည် ဖြစ်၏။ ဆိုလိုသည်မှာ ရှိ၊ မရှိ မသေချာတော့ပေ။

မိုဝူကျိက ပြောလိုက်သည်  “ ကျုပ်ဆီမှာ ရှေးဦးမူလ မီးကျောက်၁၂ ခု မရှိပါဘူး ”

ဝတ်ရုံစိမ်း လူအိုကြီး မျက်နှာမှာ ပျက်ယွင်းသွားလေသည်

“ အဲဆို ကျုပ်ကို ဘာလို့ စောင့်ခိုင်းတာလဲ။ ဒီဝိဇ္ဇာတာအို ညီလာခံ လေလံပွဲမှာ ဈေးခေါ်နိုင်ပေမဲ့ ခင်ဗျားဆီ အဲဒီဈေး  ရှိထားရမယ်ဆိုပြီး သတ်မှတ်ထားပြီးသား … မဟုတ်ရင် ကျုပ်တို့ ဝိဇ္ဇာတာအို ညီလာခံကို စိမ်ခေါ်နေတာပဲ ”

မိုဝူကျိက မကျေမနပ် ပြောလိုက်သည်  “ ခင်ဗျား နားပင်းနေတာလား …. ကျုပ် ဘယ်တုန်းက ရှေးဦးမူလ မီးကျောက် ၁၂ ခု ပေးမယ်လို့ ပြောလိုက်လို့လဲ ”

သူက ထောင်ထျဲ့အိုး ထွက်ပေါ်လာသည်နှင့် ပြဿနာ ရှာတော့မည် ဖြစ်ရာ လေလံပွဲ စီစဉ်သူအား အဘယ်ကြောင့် မျက်နှာသာပေးနေရမည်နည်း။

“ ကောင်းတယ် .. အရမ်းကောင်းတယ် ” ဝတ်ရုံစိမ်း လူအိုကြီးက ထိုစကားကို ထပ်ခါထပ်ခါ ရေရွတ်လိုက်သည်။ သူက သတ်ဖြတ်ငွေ့ မထုတ်ဖော်ထားသော်လည်း အားလုံးက မိုဝူကျိသည် လေလံပွဲအပြီးတွင် ဝိဇ္ဇာတာအို ညီလာခံ၏ ဖမ်းဆီးမှုကို ခံလိမ့်ရမည် ဖြစ်ကြောင်း သိကြသည်။

မိုဝူကျိအား စောင့်ကြည့်နေကြသော စိတ်စွမ်းအားများက နည်းပါးသွားလေ၏။ မိုဝူကျိက ဝိဇ္ဇာတာအို ညီလာခံကို ရန်စပြီး ကိုယ့်သေတွင်းကို တူးနေပေသည်။ သူတို့က ထိုသို့လူမျိုးအား ဂရုစိုက်စရာ မလိုတော့ပေ။ သူတို့က ထိုလူ ဤမျှမောက်မာပြရဲလောက်အောင်အထိ မည်သို့ သတ္တိကောင်းနေကြောင်း သိချင်မိသည်။

မိုဝူကျိ နားထဲ အသံတစ်သံ ထွက်ပေါ်လာသည်

“ တာအိုရောင်းရင်း ချက်ချင်း ထွက်သွားတာ ကောင်းလိမ့်မယ်။ တကယ်လို့ လေလံပွဲပြီးတဲ့အထိ စောင့်နေရင် ခင်ဗျားကို ပြဿနာ လာရှာတဲ့သူက တစ်ထောင် မပြည့်ရင်တောင် အနည်းဆုံး ရှစ်ရာလောက် ဖြစ်သွားလိမ့်မယ် ”

မိုဝူကျိ၏ စိတ်စွမ်းအားက ဝတ်ရုံနက် ကျင့်ကြံသူအပေါ် ကျရောက်သွားသည်။ သူက သူ့အား ဤသို့သတင်းလှမ်းပြောရလောက်အောင်အထိ ကြင်နာတတ်သူ ရှိလိမ့်မည်ဟု မထင်ပေ။

ဤလူက သူ့အား စောစော ထွက်သွားခိုင်းသည်မှာ ပြိုင်ဖက် နည်းသွားအောင်လို့လား …. ကြည့်ရတာ ဒီလိုလည်း ဟုတ်ပုံ မပေါ်ပေ။

“ ကျုပ်က အိုနေတော့ နားမကောင်းတာ နေမှာ … တာအိုရောင်းရင်းရဲ့ လေလံဈေးကို မကြားလိုက်တာ နေမယ် ” လူအိုကြီး အသံက တည်ငြိမ်ဟန် ပေါ်သော်လည်း သတ်ဖြတ်ငွေ့များ ပါဝင်နေသည်။

မိုဝူကျိက အေးအေးဆေးဆေး ပြောလိုက်သည်  “ ရှေးဦးမူလ မိခင်မီးတောက် စည်းမျည်း တစ်ခု ”

မိုဝူကျိက ပြောလိုက်သည်နှင့် သူ့နှလုံးခုန်နှုန်း မြန်လာမိသည်။ သူ့တွင် ရှေးဦးမူလ မိခင်မီးတောက် စည်းမျည်းတစ်ခု ရှိထားပေသည်။ သို့သော်လည်း သူ့တွင် ပညာရှင်နှလုံးသား မီးတောက်လည်း ပိုင်ဆိုင်ထား၏။ သူသာ ပညာရှင်နှလုံးသားအား  မိခင်မီးတောက် စည်းမျည်းနှင့် ပေါင်းစပ်လိုက်လျှင် ဘာဖြစ်လာမည်နည်း။

“ ဘာ ” မိုဝူကျိက ထိုစကားပြောလိုက်သည်နှင့် ခန်းမတစ်ခုလုံးမှာ ကြောင်အမ်းကုန်ကြသည်။

သူက လော့ကျမ်းစာရွက် တစ်ရွက်အတွက် ကမ္ဘာဦး ပြိုကွဲစဉ်အခါက ဖြစ်တည်လာသည့်  မိခင် မီးတောက်စည်းမျည်းနှင့် လဲလှယ်မည်လား။ ဒီလူက ရူးနေတာလား …. မိခင်မီးတောက် စည်းမျည်း၏ တန်ဖိုးသည် လော့ကျမ်းစာရွက်ထက် များစွာ တန်ဖိုး မြင့်ပေသည်။ ပစ္စည်းနှစ်မျိုးက အဆင့်တူပင် မဟုတ်ချေ။

“ ရှေးဦးမူလ မိခင်မီးတောက် စည်းမျည်းနဲ့ လော့ကျမ်းစာရွက်ကို တကယ် လဲမှာလား ” လူအိုကြီးက သဘောတူကြောင်း တူထုဖို့ရာပင် မေ့လျော့သွားလေသည်။

“ စတာ ” မိုဝူကျိက တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်

“ ကျုပ်က ရှေးဦးမူလ မီးကျောက် နှစ်ခု၊ ရှေးဦးမူလ ရေကျောက်တစ်ခု၊ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော တစ်ထောင်၊ မဟာဖျက်စီးရေး ပညာရပ် ပုံပွား၊ မဟာဖျက်စီးရေး ပညာရပ်ရဲ့ တည်နေရာနဲ့ ဈေးခေါ်မယ် ”

မိုဝူကျိက တစ်ဖက်လူသည် တူ ထုကာ မကြေညာလိုက်သည့်အတွက် ဝမ်းသာမိနေသည်။ အကယ်၍ တစ်ဖက်လူသာ လှုပ်ရှားလိုက်သည်နှင့် သူ့တွင် ရွေးချယ်စရာ မရှိဘဲ ထုတ်ပေးရမည် ဖြစ်ပေသည်။ သို့သော်လည်း ယခု သူ မျှော်လင့်နေသည့် အချိန် မကျသေးပေ။ ထောင်ထျဲ့အိုးနှင့် စကြဝဠာ တာအိုစည်းမျည်းတို့က ထွက်ပေါ်မလာသေးပေ။

“ အဲဆို ခင်ဗျားက ကျုပ်ကို လာအာရုံပြောင်းနေတာလား ” လူအိုကြီး မျက်နှာမှာ မည်းမှောင်သွားလေ၏။

မိုဝူကျိက ပျာယာခတ်မနေဘဲ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်

“ ကျုပ်က နောက်တာလို့ ပြောပြီးပြီလေ။ ခင်ဗျားကလည်း သဘောတူကြောင်း တူ မထုလိုက်ဘူးလေ။ တကယ်လို့ ခင်ဗျားသာ  ကျုပ် ဒုတိယအကြိမ် ပြောတုန်း လက်ခံတယ်ဆိုရင် အလဲအလှယ် ဖြစ်တယ်လေ။ ကျုပ်တို့တွေ အလဲအလှယ် မဖြစ်မှတော့ နောက်ထပ် ထပ်ပြောနေဖို့ မလိုတော့ဘူး ”

***

All Chapters