← Chapters

အပိုင်း(၅၂၀)

Vol. 35 Ch. 520

အပိုင်း(၅၂၀)

Vol. 35 Ch. 520

ဟူဟောက် ဟုခေါ်သောလူငယ်စကားပြောပြီးနောက်  လူများစွာကသူ့အားကြည့်လိုက်ကြသည်။

ကြေးစားအဖွဲ့တစ်ခု၏  အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်နှင့်အညီ

သူတို့က ဟူဟောက်၏ အတိတ်အားကြားဖူးကြသည်ဖြစ်သည်။

ဟူဟောက်အား ရှင်းယောင်မြို့အတွင်းမိသားစုတစ်ခုရှိ တပည့်တစ်ဦးအားအနိုင်ကျင့်ခဲ့သည်

ဟုသူတို့ကြားဖူးသည်။သူ၏ငယ်ချစ်မှာလည်း သူ့အားစွန့်ပစ်သွားပြီး  ထိုမိသားစုမှတပည့်ဖြစ်သူနှင့်အတူ

တကွပေါင်းဖတ်သွားခဲ့၏။

အသားညိုညိုနှင့်ရွက်ကြမ်းရေကြိုပုံစံရှိသောအသေးလေးဟုခေါ်သည့်ကောင်မလေးက ဟူဟောက်၏ စကားတို့အားလျစ်လျူရှုလိုက်သည်။ ဤအချိန်တွင်  ကျားဖြူစီးနင်းထားသောလူငယ်က

စမ်းချောင်း၏အခြားတစ်ဖက်ခြမ်း

မှလာနေသည်ကို သူမတွေ့လိုက်ရသည်။ ကျားဖြူက စမ်းချောင်းစပ်နား၌ ဝပ်လိုက်ပြီး စမ်းချောင်းအတွင်းမှ နတ်ဆိုးသားရဲအလောင်းများအား

လျစ်လျူရှုထားသည်။ ၎င်းက ခေါင်းကိုငုံ့၍  နီရဲသောသွေးရောင်စမ်းချောင်း

ရေတို့အားသောက်သုံးနေ၏။

“ရှင်”

အသေးလေးက စမ်းချောင်းတစ်ဖက်ခြမ်းဆီသို့

လှမ်းအော်လိုက်သည်။

ကျားဖြူ၏ကျောထက်၌ထိုင်နေသော ရှစ်ဖုန့်မှာ သူ့ရှေ့ရှိလူအုပ်အားသတိထားမိပြီးဖြစ်သည်။ ကောင်မလေး၏ အော်သံအားသူကြားလိုက်ရသောအခါတွင် ရှုပ်ထွေးသောအမူအယာဖြင့်သူ၏

ခေါင်းအားမော့လိုက်၏။ သူကကောင်မလေးအားကြည့်၍

မေးလိုက်သည်။

“ဘာဖြစ်လို့လဲ..ဘာကိစ္စရှိလို့လဲ”

“ရှင်မမြင်ဘူးလား.. ဒီနေရာမှာနတ်ဆိုးသားရဲအလောင်း

တွေနဲ့ပြည့်နေတာ.  သူတို့ကို စွမ်းအားကြီးမွန်းစတားအချို့က

သတ်သွားတာပဲဖြစ်မယ်..သူတို့က အဆင့်ခုနှစ်သူတော်စင်နယ်ပယ်နတ်ဆိုးသားရဲတွေကြီးပဲ. သူတို့အားလုံးသေသွားကြပြီ. အကယ်၍ရှင့်မှာ အဆင့်ခုနှစ်သူတော်စင်နယ်ပယ်ကျားဖြူရဲ့ကာကွယ်မှုရှိနေတယ်ဆိုရင်တောင်   ဒီနေရာမှာနေဖို့အတွက် အရမ်းအန္တရာယ်များနေတုံးပဲ”

“ရှင်ကျွန်မတို့နဲ့ ရှင်းယောင်မြို့ကိုပြန်လိုက်လာသင့်တယ်..ဒီနေရမှာကြာကြာနေမနေနဲ့”

အသေးလေးဟုခေါ်သောကောင်မလေးက ရှစ်ဖုန့်အားကြင်နာသနားစွာဖြင့်

သတိပေးလိုက်သည်။

“စွမ်းအားကြီးမွန်းစတားတစ်ကောင်

ကတိုက်ခိုက်ခဲ့တာလား”

ဤမိန်းကလေး ၏ စကားများအားကြားပြီးနောက်  ရှစ်ဖုန့်က ဘေးပတ်လည်ရှိ သိပ်သည်းထူထပ်နေသောနတ်ဆိုးသားရဲများ၏အလောင်းတို့အားကြည့်လိုက်သည်။

ပြောရလျှင်  ထိုမိန်းကလေးပြောနေသောမွန်းစတားက သူဖြစ်သည်။ ဤနတ်ဆိုးသားရဲများအားလုံးက သူ၏လက်အတွင်း၌သေသွားကြရခြင်းဖြစ်၏။

ပြောရလျှင် ဤသည်ကား သူအစုလိုက်အပြုံလိုက်သတ်ဖြတ်

သောနယ်မြေများထဲမှတစ်ခုဖြစ်သည်။

“ရှင်းယောင်မြို့လား”

သို့သော် မိန်းကလေး၏ပါးစပ်မှ သတင်းအစအနတစ်ခုအားသူရလိုက်သည်။ ယင်းကရှင်းယောင်မြို့ဖြစ်သည်။

ရှင်းယောင်မြို့နမည်အားသူကြားလိုက်ရသောအခါတွင်  လွန်ခဲ့သောလနည်းငယ်ခန့်က သေခြင်းတားမြစ်နယ်မြေအတွင်း၌

သူတွေ့ခဲ့ရသောလှပသည့်သားအမိနှစ်ဦးအားသူသတိရလိုက်သည်။  သူတို့မထွက်ခွာခင် ချူးရှင်းဟုအမည်ရသောကောင်မလေးက  သူတို့ကရှင်းယောင်မြို့၌နေသောချူး

မိသားစုမှဖြစ်ကြောင်းသူ့အားပြောခဲ့သည်။

“ဒီနတ်ဆိုးသားရဲတောင်တန်းအနီးမှာရှိတဲ့မြို့က ရှင်းယောင်မြို့လား”

ရှစ်ဖုန့်က ကောင်မလေးအားမေးလိုက်သည်။

“ဟုတ်တယ်..အမှန်ပဲ”

အသေးလေးကခေါင်းညိမ့်ပြီးဖြေလိုက်သည်။ သူမကဆက်ပြော၏။

“ဒီနတ်ဆိုးသားရဲတောင်တန်းက ရှန်းဟွေ့မြို့နဲ့ရှင်းယောင်မြို့ကြားထဲမှာရှိတာ”

“အဲ့တုံးက ထျန်းလျန်အင်ပါယာကိုငါရောက်ခဲ့ရင်  ရှင်းယောင်မြို့ချူးကလန်ကိုတစ်ခေါက်

လာလည်မယ်လို့ငါပြောခဲ့တယ်.. အခုငါဒီနေရာကနေဖြတ်သွားတုံးအဲ့ကိုခရီးတစ်ထောက်ထွက်ရမယ်”

ရှစ်ဖုန့်တီးတိုးရေရွတ်လိုက်သည်။

ထို့နောက်သူ့အောက်ရှိကျားဖြူကလေထဲသို့ခုန်လိုက်ပြီး စမ်းချောင်းအားခုန်ကျော်ကာ အခြားတစ်ဖက်စမ်းချောင်းအစပ်ရှိ လူအုပ်ရှေ့သို့ဆင်းသက်လိုက်သည်။

ရှစ်ဖုန့်၏အကြည့်တို့က မိန်းကလေးအပေါ်သို့ နောက်တစ်ကြိမ်ထပ်ရောက်သွားပြီး မေးလိုက်သည်။

“မင်းက ရှင်းယောင်မြို့ကလား. ရှင်းယောင်မြို့မှာ ချူးကလန်ဆိုတာရှိလား”

“ချူးကလန်”

“ချူးကလန်”

“ချူးကလန်”

ရှစ်ဖုန့်ကချူးမိသားစုအကြောင်း

မေးသောအခါတွင်သူတို့အားလုံးထံမှ  အံ့အားသင့်သောအသံများထွက်ပေါ်လာသည်။သူတို့အားလုံးက ရှင်းယောင်မြို့မှဖြစ်သောကြောင့်   ချူးကလန်အားမသိဘဲမည်သို့နေပါမည်နည်း။ ၎င်းက ရှင်းယောင်မြို့အတွင်းနံပါတစ် အင်အားအကြီးဆုံးဖြစ်သည်။

“ရှင်က  ရှင်းယောင်မြို့ချူးမိသားစုက တစ်ယောက်ယောက်နဲ့သိတာလား”

ရှစ်ဖုန့်၏မေးခွန်းအားကြား

လိုက်ရသောအခါတွင်ကောင်မလေးက အံ့အားသင့်စွာမေးလိုက်သည်။

“အင်း..ဒီသခင်လေးတို့မှာမိတ်

ဆွေဆက်ဆံရေးအချို့ရှိတယ်..””

ရှစ်ဖုန့်ကပြန်ဖြေလိုက်သည်။သူမှန်သည့်ပုံပေါ်သည်။ ၎င်းမှာ တကယ်ပဲရှင်းယောင်မြို့ဖြစ်၏။ ဤလူများက ရှင်းယောင်မြို့သို့ပြန်ရန်ပြင်ဆင်

နေကြပြီးထို့ကြောင့်သူတို့နှင့်အ

တူသူသွားနိုင်သည်ဖြစ်သည်။

သို့သော်ဤအချိန်တွင်  တစ်စုံတစ်ယောက်၏အေးစက်စွာနှာခေါင်းရှုံ့သံအားရှစ်ဖုန့်ကြားလိုက်ရသည်။ထို့နောက် ထေ့ငေါ့သောအသံတစ်ခုထွက်ပေါ်လာ၏။

“ဒီလူတွေက ကလန်ကြီးအချို့ကပဲဟာ ဒါပေါ့သူတို့က အခြားကလန်ကတပည့်တွေနဲ့သိကျွမ်းမှာပေါ့ ..ဟမ့်သူတို့က အဲ့လိုတွေပဲမဟုတ်ဖူးလား”

ပြောလိုက်သူက ဟူဟောက်၏ခေါ်သောလူငယ်ဖြစ်သည်။

ဟူဟောက်၏ စကားများအားကြားပြီးနောက် ဟူဟောက်၏ငယ်ချစ်အားဖြတ်

ခုတ်သွားသူက  ချူးကလန်နှင့်ကောင်းမွန်သော

ဆက်ဆံရေးတစ်ခုရှိသည့် တပည့်တစ်ယောက်ဖြစ်ပုံရသည်

ကိုများစွာသောလူများအမှတ်ရလိုက်ကြသည်။

ရှစ်ဖုန့်က ကလန်ကြီးအချို့မှဖြစ်ပြီး ရှင်းယောင်မြို့မှချူးမိသားစုနှင့်သိ

ကျွမ်းသည်ဟုသူတွေးမိသောအခါတွင်  ဖောက်ပြန်သောစုံတွဲအားသူချက်ချင်း

တွေးမိသွားသည်။

ရှစ်ဖုန့်က ထေ့လုံးငေါ့လုံးများပြောသော ဟူဟောက်  ဟုခေါ်သည့်လူငယ်အားကြည့်လိုက်ပြီး

နောက် ခေါင်းကိုလှည့်လိုက်ကာ၎င်းအား

လျစ်လျူရှုလိုက်သည်။

ဤအချိန်တွင်သက်လတ်ပိုင်းအရွယ်လူဝမ်ရှန့်ကပြောလိုက်သည်။

“ကောင်းပြီ.ငါတို့တွေဒီမှာကြာကြာနေလို့မဖြစ်ဘူး. သွားကြစို့.. ဒီသားရဲတွေကိုဒီနေရာမှာသတ်ဖြတ်

ပစ်ခဲ့တဲ့မွန်းစတားက ဘယ်အချိန်ပေါ်လာမလဲဆိုတာကို

ငါတို့မသိဘူး.အဲ့အချိန်ကြ ငါတို့အတွက်ထွက်ပြေးဖို့အရမ်း

နောက်ကျသွားလိမ့်မယ်”

ပြောရလျှင် ဤသားရဲများအားအစုလိုက်အပြုံ

လိုက်သတ်ဖြတ်ပစ်ခဲ့သည့်မွန်းစတားက သူ့တို့၏နံဘေးသို့ရောက်ရှိနေပြီးဖြစ်သည်

ကိုသူတိုမသိကြချေ။  ရှစ်ဖုန့်က သာသူတို့ပြောဆိုနေသော မွန်းစတားဖြစ်သည်ကို  သူတို့သိသွားခဲ့ကြလျှင်   သူတို့အားလုံးမည်ကဲ့သို့အမူအယာ

များဖြစ်သွားကြမည်နည်း။

ဝမ်ရှန့်၏ စကားများအားကြားပြီးနောက် အားလုံးက ချက်ချင်းပဲ ဤနေရာရှိအခြေအနေအား

သဘောပေါက်လိုက်ကြသည်။ ဤနေရာ၌သူတို့ကြာကြာထပ်နေချင်ကြချေ။  တောင်တန်းတောအုပ်အတွင်းမှသူတို့ပြန်လည်ဆုတ်ခွာလိုက်ကြသည်။

တောအုပ်အတွင်းမှလျှောက်လှမ်းထွက်နေရင်း သူတို့အနေဖြင့်အရမ်းသတိထား

နေကြကာအချိန်မရွေးကျရောက်

လာနိုင်သည့်အန္တရာယ်အတွက်  ရင်ဆိုင်ရန် အကာအကယ်ကိုအသင့်ပြင်ထားကြသည်။ ကျားဖြူပေါ်၌ထိုင်နေသောရှစ်ဖုန့်သာလျှင်သူတို့၏နောက်မှလိုက်ပါလာပြီး ဂရုမစိုက်သောဟန်ပန်ဖြစ်နေသည်။ အန္တရာယ်အားရင်ဆိုင်ရန်ဘာကိုမှ ပြင်ဆင်ထားခြင်းရှိမနေပေ။

ဟူဟောက်ဟုခေါ်သောလူငယ်က

ရှစ်ဖုန့်၏ဂရုမစိုက်နေနေသောမျက်နှာအား လှည့်ကြည့်လိုက်သည်။သူက

အထင်သေးမှုအပြည့်ဖြင့်နှာမှုတ်

လိုက်ပြီးပြောလိုက်၏။

“အခုနတ်ဆိုးသားရဲတောင်တန်းမှာ အန္တရာယ်တွေနဲ့ပြည့်နေတာ  ငါတို့အစရောက်တုံးကဆိုရင်   တောင်တန်းတောအုပ်ထဲကနေ

သတ်ဖြတ်ခြင်းအရှိန်အဝါကိုတောင်

ခံစားရတယ်..  အန္တရာယ်ကအချိန်မရွေး  ကျရောက်လာနိုင်တယ်.. ဒါပေမဲ့ ဒီအမှိုက်ကတော့ဘာကိုမှ ဂရုမစိုက်ဖူး.. ဒီလိုလူမျိုးက တောင်တန်းတောအုပ်ဆီကိုတောင်မ

လာရမှာ. သူဘယ်လိုသေလိုက်လဲဆိုတာ

တောင်သိမှာမဟုတ်ဖူး”

“ရှူး.. ဟူဟောက် .. နင့်အသံကိုတိုးတိုးပြောပါ.. အဲ့လူနင်ပြောတာကိုကြားသွားမှာ  မကြောက်ဖူးလား”

အသေးလေးတစ်ဖြစ်လဲ ရှောင်းယီဟုခေါ်သောမိန်းကလေး

အပြင်အခြားအမျိုးသမီးတစ်ဦးရှိနေသေးရာ သူမက ဟူဟောက်၏နံဘေးနားသို့လျှောက်လာပြီး  တီးတိုးပြောလိုက်သည်။

“ဟမ့်..ကြောက်ရမှာလား”

အမျိုးသမီး၏သတိပေးမှုအားကြားရသော်လည်း ဟူဟောက်က ဘာကျေးဇူးတင်မှုမှမပြချေ။ ထိုအစား အေးစက်စွာသရော်လိုက်သည်။

“နင်တို့သာ ဒီလိုမျိုးမိသားစုကြီးကလူတွေကို ကြောက်ချင်ကြောက်မယ်.. ငါဟူဟောက်ကတော့မကြောက်ဘူး. ဟမ့်..တစ်နေ့ကြရင်. ငါဟူဟောက်က ရှင်းယောင်မြို့တစ်ခုလုံးရဲ့အထက်မှာ

ဝင့်ကြွားစွာရပ်နေမှာ. ငါဟူဟောက်က ငါ့ရဲ့ကိုယ်ပိုင်စွမ်းရည်ကိုအသုံးပြုပြီးတော့  ငါ့ရဲ့လက်တွေနဲ့ ငါဆုံးရှုံးခဲ့တာတွေကိုပြန်ယူမှာ”

“ဟီးဟီး. ဟူဟောက်မင်းပြောချင်တာက  မင်း ဟူဟောက်က တစ်နေ့မှာချူးမိသားစုကိုဖိနှိပ် ထိုက်မိသားစုကို အနိုင်ယူပြီး မင်းဆီကနေယူဆောင်ခံသွားရတဲ့

အမျိုးသမီးကို ပြန်ယူမယ်ပေါ့”

ဟူဟောက်၏ စကားအားကြားလိုက်ရသောအခါတွင်  လူငယ်တစ်ယောက်က ဟူဟောက်နံဘေးသို့ လျှောက်လှမ်းလာပြီး သရော်လိုက်သည်။

ချူးမိသားစုအားဖိနှိပ်၍ ထိုက်မိသားစုအားအနိုင်ယူမည်တဲ့လား။ ဤဟူဟောက်ကတကယ်လိုက်နိုင်မည်ဆိုလျှင်၎င်းအနေဖြင့်ကောင်းကင်ဘုံအား

ဆန့်ကျင်ခြင်းသာဖြစ်မည်ဖြစ်သည်။ သို့သော် ဟူဟောက်ထိုသို့လုပ်နိုင်ပါမည်လော။

အဖြေကသိသာပါသည်။ အားလုံးက ဟူဟောက်၏အိမ်မက်များသာဖြစ်သည်။

ထို့ထေ့ငေါ့စကားလုံးများအားကြား

လိုက်ရသောအခါတွင်  ဟူဟောက်ကထပ်မံနှာခေါင်းရှုံ့လိုက်သည်။ သူကအေးစက်စွာပြောလိုက်၏။

“ဟမ့်.. မင်းတို့အားလုံးစောင့်ကြည့်လိုက်ကြစမ်းပါ. တစ်နေ့ကြ မင်းတို့အားလုံးငါ့ကိုမယုံကြည်နိုင်

တဲ့မျက်နှာထားတွေနဲ့မော်ကြည့်ရလိမ့်မယ်.. မင်းတို့တွေတွေးတောင်မတွေးရဲတဲ့ကိစ္စမျိုးကို  ငါဟူဟောက်ကိုလုပ်ခွင့်ပေးစမ်းပါ”

“ဟီးဟီး.ဟုတ်ပါပြီ…အဲ့အချိန်ကြရင် တို့ကမင်းကိုကြီးမြတ်သာမဟာ

သူတော်စင်ဟူဟောက် ဒါမှမဟုတ် ဧကရာဇ်ဟူဟောက်လို့ခေါ်ရမှာလား. ဟားဟား.ဟားဟားဟားဟား”

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters