← Chapters

သေခြင်းတရားက နားလည်အောင် လုပ်ပေးလိမ့်မယ်

Vol. 87 Ch. 1219

သေခြင်းတရားက နားလည်အောင် လုပ်ပေးလိမ့်မယ်

Vol. 87 Ch. 1219

အချိန်တိုလေးအတွင်း ထိုက်လွန်နှင့် ချင်းယွမ်တို့က အဖြစ်အပျက်ကို တန်းသဘောပေါက်သွားကြသည်။ မိုဝူကျိသည် ဝိဇ္ဇာတစ်ပါး ဖြစ်လာလေပြီ။ ယခင် မိုဝူကျိ သူတို့နှင့် ရင်ဆိုင်စဉ်အခါက ဝိဇ္ဇာတပိုင်းအဆင့်သာ ဖြစ်၏။

ယခင် သူတို့က မိုဝူကျိသည် ဝိဇ္ဇာတပိုင်းအဆင့် ဟုတ်လား၊ မဟုတ်လား သံသယဝင်ခဲ့ကြသည်။ ယခု မိုဝူကျိ၏ စွမ်းဆောင်ရည်က အပေါ်ယံ အားကောင်းလာရုံသာမက သူတို့လည်း သိသိသာသာ ပြောင်းလဲလာမှုကို ကြုံတွေ့လိုက်ကြရသည်။ ဝိဇ္ဇာအဖြစ် အဆင့်တက်လာရုံမှအပ ဘာဖြစ်နိုင်ဦးမည်နည်း။

မိုဝူကျိက ဝိဇ္ဇာအဆင့် မဟုတ်စဉ်ကပင် ဝိဇ္ဇာလေးပါးနှင့် သူတို့ထက် အားကောင်းသည့် လော့နှင်ပင် ရင်ဆိုင်နိုင်ခဲ့သည်။ မိုဝူကျိအား လူငါးယောက် ဝိုင်းထားခဲ့သော်လည်း အဆုံးသတ်၌ မိုဝူကျိက ဒဏ်ရာဖြင့် ထွက်ပြေးသွားနိုင်ခဲ့သည်။

ယခု မိုဝူကျိက ဝိဇ္ဇာအဖြစ် ပြန်ရောက်လာပြီ ဖြစ်၏။ တစ်ဖက်တွင် လော့က ဘယ်ရောက်နေပြီနည်း။

ဝူဟွမ်းနှင့် ယွမ်ကျဲတို့က အံ့ဩနေကြသော်လည်း ဝိဇ္ဇာထိုက်လွန်နှင့် ဝိဇ္ဇာချင်းယွမ်တို့လောက် မကြောက်ကြပေ။ ထို့အပြင် သူတို့က ထိုက်လွန်နှင့် ချင်းယွမ်တို့က အားကုန်ထုတ်သုံးမထားကြောင်း ပြောနိုင်ကြသည်။

“ ထိုက်လွန်၊ ချင်းယွမ်၊ အားလုံး အားအပြည့် တိုက်ကြ … သူက နတ်ဘုရားအရိုက်အရာ မရှိတဲ့ ဝိဇ္ဇာတစ်ပါးသာသာပဲ ” ထိုစကားပြောလိုက်ပြီးနောက် ဝူဟွမ်းက မိုဝူကျိဆီ  သတ္တစကြဝဠာ တောက်ပကြယ်တန်းအား ပစ်လွှင့်လိုက်သည်။

ယွမ်ကျဲလည်း တုံ့ဆိုင်းမနေဘဲ မိုဝူကျိဆီ ခုန်ဝင်လိုက်သည်။ ထိုက်လွန်နှင့် ချင်းယွမ်တို့က မှော်ရတနာထုတ်ကာ လိုက်လာကြသော်လည်း အားတစ်ဝက်ပင် ထုတ်မသုံးကြပေ။

သူတို့က မည်သို့ ထွက်ပြေးရမည်ကိုသာ အာရုံစိုက်ထားကြ၏။

လူသားပုဆိန်လှံရှည်မှ မိုးမြင့်လုမတတ် ပုဆိန်လှံရှည်အလင်းတန်း ဖြာထွက်လာသည်။

ချောက်နက်တစ်ခု ပေါ်လာကာ ဝိဇ္ဇာတာအို ညီလာခံ လေလံပွဲ  ခန်းမမှာ မာကြောပြီး ကာကွယ်ရေး အစီအရင်မှာ အားကောင်းလွန်းသော်လည်း မိုဝူကျိ၏ မဟူရာချောက်နက်က အားလုံးကို ပျက်စီးသွားစေသည်။

ကာကွယ်ရေး အစီအရင်က တစစီ ဖြစ်သွားကာ နတ်ဝိညာဉ်သွေးကြောများပင် ပေါ်လာလေ၏။

အားကောင်းလှသည့် လူသားကမ္ဘာ စွမ်းအားစက်ကွင်းက ပြန့်နှံ့သွားလေသည်။ နေရာတစ်ခုလုံးကို မိုဝူကျိ၏ လူသားကမ္ဘာဖြင့် ခြုံလွှမ်းထားသည့်အလား  ဤမိုးမြေအတွင်းရှိ တာအိုလှိုင်းအားလုံးက ဤလူသားကမ္ဘာအတွင်း တည်ရှိနေသည့်အလား ဖြစ်ပေါ်လာသည်။

ထိုစဉ် ထိုစွမ်းအားစက်ကွင်းက စကြဝဠာကြီးအတွင်း မရှိတော့ပေ။ ထို့အစား  မိုဝူကျိ၏ အဆုံးမဲ့ လူသားကမ္ဘာအတွင်း ရောက်ရှိနေလေ၏။

“ ဝုန်း ဝုန်း ဝုန်း ” တိုက်ကွက်များ၏ တာအိုလှိုင်းလုံးများက တစ်ခုနှင့် တစ်ခု ထိပ်တိုက် တွေ့သွားကာ တစစီ ကြေမွပျက်စီးသွားလေ၏။

ဝူဟွမ်း စိတ်ထဲ တုန်လှုပ်မှုနှင့်အတူ အကြောက်တရားပါ ကိန်းအောင်းလာသည်။ ဤသည်မှာ သူ့သတ္တစကြဝဠာ တောက်ပကြယ်တန်းအား ဖျက်စီးနိုင်သူကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။ ထိုအပြင် သူ့သတ္တစကြဝဠာ တောက်ပကြယ်တန်း အပြည့်အဝ ဖြစ်တည်လာသည့်အခါတွင် ဖြစ်ပေသည်။ ဤလူ၏ တိုက်ကွက်က မည်မျှတောင် အားကောင်းနေသနည်း။

“ ဘန်း ” တစ်ချိန်တည်းဆိုသလို ယွမ်ကျဲ၏ အချိန်စီးဆင်းခြင်း တိုက်ကွက်လည်း မိုဝူကျိ၏ လူသားတာအိုလှိုင်းများကြောင့် တစစီ ဖြစ်သွားလေသည်။

အချိန်စီးဆင်းခြင်းက ယွမ်ကျဲ၏ နံပါတ်တစ် တိုက်ကွက် ဖြစ်ရုံသာမက မဟာပညာရပ်များ၌ ဒုတိယလည်း ဖြစ်ပေသည်။ ဤသည်မှာ အချိန်စည်းမျည်း ပါဝင်နေသည့် တိုက်ကွက် ဖြစ်၏။ ပြောရမည်ဆိုလျှင် စကြဝဠာ၏ မူလအချိန်တာအိုစည်းမျည်းကို ယွမ်ကျဲက လုယူထားခြင်း ဖြစ်၏။ အချိန် တာအိုစည်းမျည်းကို ရရှိပြီးနောက် ယွမ်ကျဲက နှစ်တစ်သန်းကြာ တံခါးပိတ် လေ့ကျင့်ခဲ့ပြီးနောက် အချိန်စီးဆင်းခြင်းအပေါ် ဉာဏ်အလင်းပွင့်လာခြင်း ဖြစ်ပေသည်။

ဤသည်မှာ အချိန် အမျိုအစား တိုက်ကွက် ဖြစ်၏။  ဦးဆုံး ထုတ်လွှင့်လိုက်သည်နှင့် ထိုတာအိုလှိုင်းနှင့် ထိတွေ့မိသမျှ အရာအားလုံးသည် အချိန်စီးဆင်းမြစ်ထဲ ရောက်ရှိသွားသလို ဖြစ်လိမ့်မည်။

သို့သော် ယခုတွင် ဤထိပ်တန်းအဆင့် တိုက်ကွက်က မိုဝူကျိ၏ မဟူရာချောက်နက် တိုက်ကွက်အောက်၌ အမှုန့်ဖြစ်သွားရသည်။

ယွမ်ကျဲက တုန်လှုပ်မိလာသည်။ မကျော်လွှားနိုင်တော့သည့် လူသားတာအို စည်းမျည်းက သူ့အား ရစ်ပတ်လာကာ မရဏအငွေ့အသက်များက ရောက်ရှိလာ၏။ ထိုစဉ် သူက မိုဝူကျိနှင့် သူ့ကြားရှိ ကွာခြားချက်ကို စကားလုံးဖြင့် ဖော်ပြ၍ မရကြောင်း နားလည်သွားလေသည်။

အကယ်၍ မိုဝူကျိသာ သစ်ပင်ကြီးတစ်ပင် ဆိုလျှင် သူက ထိုသစ်ပင်ကြီးရှေ့ရှိ မြက်ပင် ပေါက်စလေးသာ ဖြစ်ပေမည်။

သူက သေခြင်းရှင်ခြင်း နယ်နမိတ်ကြား ကျရောက်နေစဉ် အားကောင်းသည့် တာအိုလှိုင်းနှစ်ခုက သူ့အား ဖြတ်ကျော်သွားသည်။ လက်အမှတ်အသားတစ်ခုက ယွမ်ကျဲအား ဆွဲခေါ်သွားလေ၏။

ယွမ်ကျဲက စိတ်လှုပ်ရှားမိသွားသည်။ သူ့ကို ကယ်လိုက်သူမှာ ထိုက်လွန်နှင့် ချင်းယွမ်တို့ ဖြစ်ကြောင်း သိလိုက်၏။

“ ကံကြမ္မာ ….” ချင်းယွမ်နှင့် ထိုက်လွန်တို့ ယွမ်ကျဲအား ကယ်လိုက်သည်နှင့် တစ်ပြိုင်နက် မိုဝူကျိက လက်ချောင်းတစ်ချောင်း ချိန်ရွယ်လိုက်သည်။

အာကာပြင်က မီးပြင်းဖို ဖြစ်လာပြီး မီးပြင်းဖိုထဲရှိ အရာအားလုံးက အရည်ပျော်ကျသွားပေမည်။

ဝိဇ္ဇာဖြစ်ဖြစ်၊ သေမျိုးဖြစ်ဖြစ်၊ လူကောင်းဖြစ်ဖြစ်၊ လူဆိုးဖြစ်ဖြစ် ကိစ္စမရှိပေ။

ဤမီးပြင်းဖိုအတွင်း အရာအားလုံး သန့်စင်ခံရမည်….

မိုးမြေက မီးပြင်းဖို ဖြစ်လာကာ အလုံးစုံ ဖန်တီးခြင်းက ကြေးနီ ဖြစ်လာသည်။

“ ဖောင်း ” ဝူဟွမ်း၏ ခန္ဓာကိုယ်က သွေးမြူအဖြစ် ပေါက်ကွဲထွက်သွားသည်။

ထိုက်လွန်နှင့် ချင်းယွမ်တို့၏ မျက်နှာထားမှာလည်း သိသိသာသာ ပြောင်းလဲသွားလေ၏။ ယွမ်ကျဲအား ကယ်ဖို့ရာ နှစ်ယောက်လုံးက မိုဝူကျိ၏ လူသားကမ္ဘာအတွင်း ရောက်ရှိလာခြင်း ဖြစ်၏။ သူတို့က မိုဝူကျိ၏ လူသားကမ္ဘာ စွမ်းအားစက်ကွင်းကို စုတ်ဖြဲပစ်နိုင်သော်လည်း ထိုသို့လုပ်နိုင်သည့်အခါ မိုဝူကျိက နောက်ထပ် တိုက်ကွက် ထုတ်ပြီးလောက်လေပြီ။

သူတို့က အခွင့်အရေး ဆုံးရှုံးသွားကြောင်း သိလိုက်ပြီး သေခြင်းတရားဆီ ဦးတည်နေသည့် အင်မတန် အန္တရာယ်များသည့် အချိန်အခါထဲ ကျရောက်နေကြောင်း သိလိုက်သော်လည်း ထိုက်လွန်နှင့် ချင်းယွမ်တို့က  မိုဝူကျိ၏ လူသားကမ္ဘာ စွမ်းအားစက်ကွင်းအား စုတ်ဖြဲပစ်ဖို့ရာ ရွေးချယ်လိုက်ကြသေးသည်။

“ဝုန်း ” အသက်ရှိုက်စာအနည်းငယ်အတွင်း ထိုက်လွန်နှင့် ချင်းယွမ်တို့က မိုဝူကျိ၏ လူသားကမ္ဘာ စွမ်းအားစက်ကွင်းကို ဖောက်၍ အောင်မြင်စွာ ထွက်ပြေးသွားကြသည်။

ထိုက်လွန်က မျက်မှောင်ကျုတ်လိုက်သည်။

တစ်ခုခုတော့ လွဲမှားနေလေပြီ ….

သူက မိုဝူကျိ အင်အားကို ကောင်းကောင်း သိထား၏။ မိုဝူကျိက သူတို့အား လူသားကမ္ဘာ စွမ်းအားစက်ကွင်းမှ လွတ်မြောက်လာသည့်တိုင် အလွယ်လေး ထွက်သွားခွင့် ပေးမည် မဟုတ်ပေ။

မကြာခင် သူနှင့် ချင်းယွမ်တို့က သဘောပေါက်သွားသည်။ လက်ရှိ မိုဝူကျိက ဉာဏ်အလင်းပွင့်သည့် ဖြစ်စဉ်အတွင်း ကျရောက်နေလေပြီး ဝိဇ္ဇာတာအို ညီလာခံ အပျက်အစီးပုံကြား မတ်တတ်ရပ်ကာ မျက်လုံးများ ပိတ်ထားလေသည်။ သူ့ဘေးရှိ လူသားတာအို လှိုင်းများက ပိုမို ကြီးကျယ်သည့် စွမ်းအားတစ်မျိုးကို သိမ်းယူနေကြသည်။

ဆယ်ရှိုက်စာလောက်ကြာပြီးနောက်  မိုဝူကျိက လေထုကို ရုတ်ချည်း ဖမ်းဆုပ်လိုက်သည်။

မိုဝူကျိ ဖမ်းဆုပ်လိုက်သည့်အရာကို မြင်ပြီး ထိုက်လွန်နှင့် ချင်းယွမ်တို့က ဦးခေါင်းများပင် ထုံထိုင်းသွားသလို ခံစားလိုက်ကြသည်။ သူတို့က ဆက်မနေရဲတော့ဘဲ ယွမ်ကျဲနှင့်အတူ ထွက်ပြေးလိုက်ကြတော့သည်။

သူတို့က မိုဝူကျိသည် ဝူဟွမ်း ကမ္ဘာကို ဖွင့်ဟကာ ရတနာအားလုံး ထုတ်ဖော်လိုက်သည်ကို မြင်လိုက်ရခြင်း ဖြစ်၏။

ထိုက်လွန်နှင့် ချင်းယွမ်ကဲ့သို့ ဝိဇ္ဇာများပင် ဤအရာက ဘာကိုဆိုလိုကြောင်း ကောင်းကောင်း သိလိုက်ကြသည်။

ဝိဇ္ဇာတစ်ပါး၏ ကမ္ဘာကို အလွယ်လေး ဖွင့်နိုင်မည်လား ….

အကယ်၍ မိုဝူကျိက ဝူဟွမ်းကို သတ်လိုက်လျှင်ပင် ဝူဟွမ်း ရတနာများကို ရယူနိုင်မည် မဟုတ်ပေ။ အကြောင်းမှာ ဝူဟွမ်း၏ ရတနာများက သူ့ကမ္ဘာအတွင်း ရှိနေ၍ ဖြစ်ပေသည်။ ဝူဟွမ်းမှလွဲ၍ မည်သူကမှ သူ့ကမ္ဘာသည် မည်သည့်အလွှာတွင် ရှိကြောင်း အတိအကျ သိကြမည် မဟုတ်ပေ။

သူတို့ကမ္ဘာနှစ်ခုကြားရှိ ကွာခြားချက်က အလွန်မမြင့်နေသရွေ့ ဖြစ်သည်။ မိုဝူကျိက အချိန်အနည်းငယ်လေးဖြင့် ဝူဟွမ်း၏ ကမ္ဘာကို ဖွင့်နိုင်လိုက်သည်။

သို့သော်လည်း ဝူဟွမ်းက ဝိဇ္ဇာအဆင့် ပညာရှင်တစ်ဦး ဖြစ်ပေသည်။

သူ့ထက် အားကောင်းသည့် ကမ္ဘာ ရှိနေဦးမည်လား ….

ယခု ဝူဟွမ်း သေဆုံးသွားပြီးနောက် မိုဝူကျိက ဆယ်ရှိုက်စာအချိန်မျှဖြင့် ဝူဟွမ်း၏ ကမ္ဘာကို ဖွင့်နိုင်လိုက်သည်။

 ဒါက ဘယ်လောက်တောင် အားကောင်းနေတာလဲ …

အဝေးတစ်နေရာကနေ စောင့်ကြည့်နေသည့် မြေအောက်ကမ္ဘာ ဝိဇ္ဇာမီကျီက သူ့စိတ်နှလုံးသား ချောက်နက်ထဲ ပြုတ်ကျသွားသလို ခံစားနေရသည်။ ယခင် သူက မိုဝူကျိအား ခြိမ်းခြောက်ခဲ့မိသည်။ အကယ်၍ ယခင် သူက  မိုဝူကျိနှင့် အပေးအယူ လုပ်ခွင့် ရှိခဲ့လျှင်ပင် ယခုအခါ ထိုအခွင့်အရေးများ အားလုံး ပျောက်ဆုံးသွားပြီ ဖြစ်၏။ သူ့အား မိုဝူကျိအား အာရုံစိုက်မည် မဟုတ်ပေ။ ထိုစဉ် သူ့အနေနှင့် မိုဝူကျိသည် သူ လုပ်ခဲ့သည့်အရာများကို ပြန်မမှတ်မိဖို့သာ မျှော်လင့်မိတော့၏။

မိုဝူကျိက မြေအောက်ကမ္ဘာ ဝိဇ္ဇာမီကျီအကြောင်း ထည့်ပင် မစဉ်းစားသလို ထိုက်လွန်တို့နောက် ဆက်လိုက်ဖို့လည်း မတွေးပေ။ ထို့အစား သူက မြင်းမျက်နှာ မိန်းမလျာအား ကြည့်လိုက်သည်။

“ ဒီကတာအိုရောင်းရင်း …. ခင်ဗျားရဲ့ စွမ်းအားစက်ကွင်းကို ဖြေလျော့ပေးပြီးတော့ ကျုပ်တို့ကို သွားခွင့်ပြုပါ့လား ” သူက မိုဝူကျိသည် လူသားတာအို လှိုင်းများကို ဆက်လက် ထိန်းထားပြီး သူ့ဘက် လှည့်ကြည့်သည်ကို မြင်သောအခါ မြင်းမျက်နှာ မိန်းမလျာက အင်မတန် ယဉ်ကျေးသိမ်မွေ့စွာဖြင့် လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။

ပညာရှင်တစ်ယောက်၏ တိုက်ပွဲ၌ ပညာရှင်က တစ်ယောက်ယောက်အား  သူ့စွမ်းအားစက်ကွင်းထဲ ပိတ်လှောင်ထားလျှင် ဆိုလိုသည်က ထိုပညာရှင်အနေနှင့် ထိုသူနှင့် ပတ်သတ်ပြီး လုပ်စရာရှိနေသေး၍ ဖြစ်၏။ အကယ်၍ စွမ်းအားစက်ကွင်းကိုသာ အတင်းချိုးဖောက်၍ ထွက်သွားမည်ဆိုလျှင် ထိုပညာရှင်အား မျက်စိထဲ မထည့်ကြောင်း ဆိုလိုလိုက်ခြင်း ဖြစ်ကာ ထိုသူနှင့် ရန်ကြွေး ရှိသွားပေမည်။

မိုဝူကျိ၏ ပြိုင်ဖက်ကင်း အင်အားဖြင့် မြင်းမျက်နှာ မိန်းမလျာက မိုဝူကျိ၏ စွမ်းအားစက်ကွင်းအတွင်း ပိတ်မိနေသော်လည်း သာမာန်ကာလျှံကာ ထွက်မသွားရဲသေးပေ။

သူ့ဘေးတွင် ခက်ထန်သည့် အမျိုးသားတစ်ဦးလည်း ရှိနေသေး၏။

“ မရဘူး  ….” မိုဝူကျိက သူ့လူသားပုဆိန်လှံရှည်ဖြင့် ခုတ်ချလိုက်သည်။ လေထုက ဝုန်းခနဲ ကွဲထွက်သွားကာ လူသားပုဆိန်လှံရှည်က ကျရောက်လာသည်။

မိုဝူကျိ စကားကို ကြားလိုက်ပြီး မြင်းမျက်နှာ မိန်းမလျာ စိတ်ထဲ တင်းကြပ်လာမိ၏။ သူက တံခါးတစ်ချပ်ထက် ကြီးမားသည့် အနီရင့်ရင့် ဓားပြားကြီးကို ထုတ်ကာ မိုဝူကျိအား စိုက်ကြည့်လိုက်သည်

“ တာအိုရောင်းရင်း … ကျုပ် မီရှုက ခင်ဗျားနဲ့ ရန်ကြွေး မရှိဘူး။ တကယ်လို့ စကြဝဠာ တာအိုစည်းမျည်းကို လိုချင်ရင်လည်း တခြားတစ်ယောက်ကို ရောင်းပြီးသွားပြီ ”

မိုဝူကျိက အေးစက်စက် ရယ်မောလိုက်ပြီး အလယ်အလတ် နတ်ဘုရားအမွေအနှစ်ဂူကို ထုတ်လိုက်သည်

“ ဒီနေ့ သေခြင်းတရားက ခင်ဗျားကို နားလည်အောင် လုပ်ပေးလိမ့်မယ်။ တာအိုစည်းမျည်းတစ်ခုအတွက်နဲ့ ကျုပ် ဒေါ်လေးနဲ့ မိတ်ဆွေကို နှစ်သောင်းချီ လှောင်ပိတ်ထားခဲ့တယ်။ ကျုပ် ဒေါ်လေးနဲ့ မိတ်ဆွေက ဒီတာအိုစည်းမျည်းကို ခင်ဗျားဆီ ရောက်အောင် ပို့ဆောင်ဖို့ အခက်အခဲများစွာ ဖြတ်ကျော်ခဲ့ရသေးတယ်။

ခွေးရူး ခင်ဗျားက သူတို့ကို သတ်ပစ်လိုက်တယ်။ ဒီနေ့ ခင်ဗျား နှလုံးကို ထုတ်ပြီး အဲဒီခွေးရူးရဲ့ နှလုံးသားက မည်းနက်နေလားဆိုတာ ကြည့်ရသေးတာပေါ့  ”

ဘေးပတ်လည်လူများက မိုဝူကျိ စကားကို ကြားလိုက်သည့်အခါ သက်ပြင်းချလိုက်ကြသည်။ သူတို့က မီရှုသည် တာအိုစည်းမျည်းအတွက် မိုဝူကျိ၏ မိတ်ဆွေနှင့် ဒေါ်လေးတို့ကို သတ်လိုက်သည့်အတွက် သက်ပြင်းချခြင်း မဟုတ်ဘဲ ဤသို့ ရက်စက်သည့်သူနှင့် ကြုံတွေ့ရသည့်  မီရှု၏ ကံဆိုးမှုကို သက်ပြင်းချလိုက်ကြခြင်း ဖြစ်၏။

စကြဝဠာ တာအိုစည်းမျည်းကား မိုဝူကျိ ပြောသလို သာမာန်စည်းမျည်းတစ်ခုမျှ မဟုတ်ပေ။

ဤနေရာရှိ လူများအနက် စကြဝဠာတာအိုစည်းမျည်း ရရှိဖို့ ဂြိုလ်များနှင့် အလွှာများကို မဖျက်စီးဘဲ နေမည့်သူ ပါရှိမည်လား ….

လူနှစ်ယောက်က ဘာဆို ဘာမှမဟုတ်ပေ။

မီရှုလည်း စိတ်ထဲ အေးစက်မိသွားသည်။ သူ့ကံတရားက ဤမျှလောက် ဆိုးရွားနေလောက်မည်ဟု မထင်ထားမိပေ။ သူက တာအိုစည်းမျည်းကို ယူဆောင်လာဖို့ လူနှစ်ယောက် ရှာတွေ့ခဲ့သော်လည်း သူ့ကိုယ်သူ အားကောင်းသည့် ရန်သူ ရှာသလို ဖြစ်လာလေသည်။

မီရှုက သူ ပြောသမျှအားလုံး အသုံးဝင်မည် မဟုတ်ကြောင်း သိပေသည်။ သူ့တံခါးအရွယ် ဓားပြားကြီးမှ အလင်းတန်းများ ထွက်လာကာ မိုဝူကျိ၏ စွမ်းအားစက်ကွင်းအား ဖျက်စီးပစ်လိုက်သည်။ သူ့အင်အားက ဝူဟွမ်းထက် များစွာ အားနည်းလေရာ ဝူဟွမ်းပင် လက်ချောင်းတစ်ချောင်းအောက်တွင် အသတ်ခံခဲ့ရသည် မဟုတ်ပါလော။ အကယ်၍ သူသာ အခွင့်အရေးကို မဖမ်းဆုပ်နိုင်လျှင် ယနေ့ကား သူ့သေနေ့ ဖြစ်သွားပေမည်။

မိုဝူကျိက လူသားပုဆိန်လှံရှည်ပင် မသုံးတော့ပေ။ လက်တစ်ချက်ဝေ့ရုံဖြင့် မီရှုကြောင့် ပျက်စီးသွားသည့် အပေါက်ကြီးမှာ ပြန်လည် ပြုပြင်ပြီးသား ဖြစ်သွားသည်။ လေထုထဲ တာအိုလှိုင်းများ ရွေ့လျားနေကာ မီရှု ဓားနီကြီး၏ တာအိုလှိုင်းများက ရုတ်ချည်း အားပျော့သွားလေသည်။

အချိန် အမျိုးအစား တိုက်ကွက်လား ….

မီရှု စိတ်ထဲ လေးလံမိသွားသည်။ သူက ကိုယ်ပိုင်တာအိုစည်းမျည်းကို မလှုံ့ဆော်နိုင်ခင် အားကောင်းသော်လည်း သာမာန်ဖြစ်နေသည့် တာအိုလှိုင်းတစ်ခုက သူ့အား ပိတ်လှောင်လိုက်၏။ ထို့နောက် သဘာဝ လက်ကြီးတစ်ခုက သူ့လည်ပင်းအား ဆုပ်ကိုင်လိုက်သည်။

***

All Chapters