← Chapters

ရန်သူများကိုသုတ်သင်

Vol. 63 Ch. 881

ရန်သူများကိုသုတ်သင်

Vol. 63 Ch. 881

အခန်း (၈၈၁) ရန်သူများကိုသုတ်သင်

ရန်ကျောက်ကဲနှင့် အချိန်ကြာမြင့်စွာ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးနောက် ရှန်လင်ကျီသည် ထိုလူငယ်၏ နည်းလမ်းများကို လုံလောက်စွာ နားလည်နေပြီဟု ယုံကြည်ခဲ့သည်။

သူသိရှိသည်မှာ ရန်ကျောက်ကဲက နတ်ဘုရားထောင်ချောက်ဓားသိုင်း အလွန်ကျွမ်းကျင်ပြီး နတ်ဘုရားအဆုံးသတ်ဓားသိုင်းကိုလည်း တတ်ကျွမ်းသူ ဖြစ်သည်။

ထို့ပြင် ရန်ကျောက်ကဲက ယွိချင်အဆက်အနွယ်မှ စက်ဝန်းသံသရာကောင်းကင်ကျမ်းစာနှင့် ယင်ယန်ကောင်းကင်ကျမ်းစာကို ကျင့်ကြံထားရုံသာမက ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာအရိပ်အမြွက်ကိုပင် ထုတ်ဖော်ပြသနေသည်။

ထူးကဲယန်စည်းတံဆိပ်၏ တန်ခိုးစွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိသော်လည်း နေဝန်းထက်ယံအရှင်သခင်၏ တိုက်ရိုက်ပညာအမွေကို အမှန်တကယ်ရရှိထားဟန်တူသောကြောင့် ထိုစည်းတံဆိပ်ကို ပိုင်နိုင်စွာ ကိုင်တွယ်နိုင်ကြောင်းကိုလည်း သတိပြုမိသည်။

ထိုမျှသာမက အသင်္ချေနဂါးနန်းတော်သည်လည်း အလွန်တရာထူးခြားကြောင်း သူ သိရှိခဲ့သည်။

မဟုတ်ပါက တိမ်လွှာအလင်းဓားကဲ့သို့ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို ထိုနန်းတော်ထဲတွင် ဖိနှိပ်သိမ်းဆည်းထားရန်မှာ မဖြစ်နိုင်ပေ။

ခန်းဖင်းသေဆုံးသွားပြီးနောက် တိမ်လွှာအလင်းဓားက ပိုင်ရှင်မဲ့ရတနာပစ္စည်းတစ်ခု ဖြစ်သွားသည့်တိုင် အလွယ်တကူ ဖိနှိပ်နိုင်သည့်အခြေအနေ မရှိပေ။

ထို့ကြောင့် ရှန်လင်ကျီသည် ထူးဆန်းသော အစိမ်းရင့်ရောင်ဝါးကိုင်းနှင့် ထူးကဲယန်စည်းတံဆိပ်ကို အထူးသတိထားခဲ့သည်။

ရှန်လင်ကျီက ယိုးမင်ဧကရာဇ်ချန်ထားခဲ့သော အမတမှော်ဝင်ပစ္စည်းကို ရန်ကျောက်ကဲ ထိန်းချုပ်နိုင်ခြင်းရှိမရှိ မျက်စိဒေါက်ထောက် စူးစမ်းကြည့်နေခဲ့သည်။

လုံးဝမဖြစ်နိုင်ဟု သူခံစားမိချိန်မှာပင် လုံးဝ သတိမထားမိသောအချိန်တွင် ရန်ကျောက်ကဲက မဖြစ်နိုင်သည်များကို ပြုလုပ်ခဲ့သည်။

သို့သော် ဤအရာများအားလုံးကို ရန်ကျောက်ကဲက တစ်ခဏအတွင်း ထုတ်ဖော်တည်ဆောက်နိုင်လိမ့်မည်ဟု ရှန်လင်ကျီ တစ်ခါမှ တွေးမထားခဲ့မိပေ။

တောင်ပိုင်းမှ အနောက်ပင်လယ်အထိ တစ်လျှောက်လုံး တိုက်ပွဲဝင်ခဲ့သဖြင့် လမ်းတစ်လျှောက် ရန်ကျောက်ကဲအသုံးပြုခဲ့သောပညာရပ်များမှာ အတော်လေးများပြားနေလေရာ ထိုလူငယ် နည်းစနစ်အားလုံး အသုံးပြုပြီးသွားပြီဟု ထင်မှတ်စရာ ရှိခဲ့သည်။

ဓားသိုင်းထိပ်တိုက်ရင်ဆိုင်ရာတွင် ထိုးစစ်ဆင်ရန် ခုခံရန် မည်သို့လှုပ်ရှားရမည်ကို နှစ်ယောက်လုံးက နားလည်နေကြပြီ ဖြစ်၏။

တိုက်ပွဲတစ်လျှောက်လုံးတွင် ရန်ကျောက်ကဲက ရှန်လင်ကျီကို လုံးလုံးလျားလျား လွှမ်းခြုံထားသော်လည်း တာအိုဆရာ’ရှီ’ တို့အုပ်စုနှင့် ပူးပေါင်းနိုင်လျှင် အောင်မြင်မှုရရှိမည်ဟု ယုံကြည်ထားခဲ့သည်။

သို့တိုင် ဝိညာဉ်နယ်မြေသို့ရောက်သည်နှင့် တာအိုဆရာ’ရှီ’ ၊ ဧကရာဇ်ရွှမ်ဟွမ်တို့နှင့်အတူ ကွမ်းလီတဲ့ကိုတွေ့လိုက်ရသည့်အခါ တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ရန် အမှန်တကယ် မျှော်လင့်ချက်ရှိပြီဟု သူ ခံစားလိုက်ရသည်။

ထိုအချိန် ရန်ကျောက်ကဲက မထင်မှတ်စွာ လူသတ်တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။

ထိုတိုက်ကွက်၏ထိုးနှက်မှုကြောင့် ရှန်လင်ကျီသည် အနက်ရှိုင်းဆုံးချောက်ထဲသို့ ကျရောက်သွားသည့်ပမာ ဘယ်တော့မှ ပြန်လည်ကောင်းမွန်လာရန် နည်းလမ်း မရှိတော့ပေ။

ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ၏ နက်နဲသောတန်ခိုးစွမ်းအားများ လျှို့ဝှက်စွာပါဝင်သော လက်သီးချက်တစ်ချက်ဖြင့် အရင်ဆုံးထိုးနှက်ခံရပြီး သူ၏ရင်ဘတ်ထက်တွင်ကာကွယ်ထားသော ဓားအလင်းတန်းပျက်ဆီးသွားကာ ရင်ဝတွင် အပေါက်ကြီးတစ်ခု ဖြစ်သွားသည်။

တစ်ချိန်တည်းမှာပင် “ကြေမွတောက်လောင်လက်သီး” က သူ့ရင်ဘတ်ဆီသို့ တည့်တည့်ထပ်မံဝင်ရောက်လာပြီး ခန္ဓာကိုယ်ထက်မှအပေါက်ကြီးကို ပိုပြီးပွင့်ဟသွားစေခဲ့သည်။

ရှန်လင်ကျီ၏ ဝမ်းဗိုက်အတွင်းမှ အသွေး ၊ အသား ၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါများ အမှုန်အမွှားအဖြစ် ပြောင်းလဲသွားသည်။

သိုင်းသူ‌တော်စင် အဋ္ဌမအဆင့်ရှိသော ရှန်လင်ကျီသည် ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာနှင့် ချန်စန်းသိုင်းပညာကဲ့သို့ သိုင်းပညာများကို မကျင့်ကြံခဲ့သော်လည်း အလွန်အစွမ်းထက်သော အသက်ဓာတ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။

သူက ဤမျှပြင်းထန်ကြီးမားသော ဒဏ်ရာကြီးရရှိခဲ့သည့်တိုင် ချက်ချင်းသေဆုံးသွားခြင်း မရှိပေ။

သို့သော် သေမင်းအရိပ်ကတော့ သူ့စိတ်အစဉ်တွင် လွှမ်းခြုံထားပေပြီ။

သူက အဝေးတစ်နေရာမှ ဝါဒတောင်ကို စူးစိုက်ကြည့်နေသည်။

သူ ဝါဒတောင်သို့လာရောက်တိုက်ခိုက်တိုင်း ဘယ်သောအခါမှ မအောင်မြင်ခဲ့သော်လည်း ဤနေရာသည် သူ နောက်ဆုံးအနားယူရာနေရာ ဖြစ်ရမည်ဟု အိပ်မက်ထဲမှာပင် တွေးထင်မထားခဲ့ပေ။

ရှန်လင်ကျီက ရန်ကျောက်ကဲကို ခက်ခက်ခဲခဲ စူးစိုက်ကြည့်လိုက်သည်။

သိုင်းသူတော်စင် ပဉ္စမအဆင့် ကျင့်ကြံသူတစ်ယောက်လက်ထဲတွင် သေဆုံးရမည်ဟု သူ အမှန်တကယ် ယုံကြည်ရခက်နေသည်။

သို့သော် လက်သီးချက်ထိုးစိုက်ချပြီးသည်နှင့် ရန်ကျောက်ကဲက လက်ကိုပြန်လည်ရုတ်သိမ်းလိုက်ပြီး ရလဒ်ကိုမကြည့်ဘဲ ဝါဒတောင်ရှိရာသို့ အလျှင်အမြန် ဝင်ရောက်သွားသည်။

ရှန်လင်ကျီက ပြူးကျယ်သောမျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်ရင်း ကျန်ရစ်ခဲ့သည်။

ရှန်လင်ကျီသာမက တာ့ရွှမ်တိုင်းပြည်မှလူများအားလုံး ထိတ်လန့်အံ့သြသွားပြီး မယုံနိုင်စွာဖြင့် ကြည့်နေကြသည်။ သူတို့ဘက်မှ အကြီးမြတ်ဆုံး တန်ခိုးစွမ်းအားရှင် ရှန်လင်ကျီသည် ယခုတော့ သိုင်းသူတော်စင် ပဉ္စမအဆင့် လူငယ်ကျင့်ကြံသူတစ်ယောက်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည် မဟုတ်ပါလား။

သူတို့မျက်စိရှေ့မှာပင် ရှန်လင်ကျီသည် ဆက်လက်အသက်မရှင်နိုင်တော့ဘဲ လုံးလုံးလျားလျား ပျက်ဆီးသွားတော့မည့်ပမာ ဖြစ်သည်။

ရန်တိ၏ တန်ခိုးစွမ်းအားကို တွေ့မြင်ဖူးကြသည့်တိုင် ယခု ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားကတော့ အားလုံးကို မှင်တက်သွားစေခဲ့သည်။

ထိုခဏတွင် ရန်ကျောက်ကဲ ဒဏ်ရာအပြင်းအထန်ရနေသော ရှန်လင်ကျီကို အရေးမစိုက်တော့ဘဲ ဧကရာဇ်ရွှမ်ဟွမ်ဆီသို့ ရုတ်တရက်ဝင်ရောက်သွားကာ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

သူ့ရှေ့မှမြင်ကွင်းက တကယ့်ကိုမထင်မှတ်သည့်မြင်ကွင်းဖြစ်သဖြင့် ဧကရာဇ်ရွှမ်ချန်မှာ ခဏမျှ မှင်တက်နေမိသည်။

သို့သော် ချက်ချင်းပင် သတိပြန်ဝင်လာပြီး ရှန်လင်ကျီကို ကူညီရန် ဟန်ပြင်လိုက်သော်လည်း မထင်မှတ်စွာပင် ရန်ကျောက်ကဲက လျှင်မြန်စွာဖြင့် သူ့အရှေ့သို့ ရောက်ရှိလာသည်။

ရန်ကျောက်ကဲက ရှန်လင်ကျီကို နောက်ဆုံးလက်သီးချက်ဖြင့် ထိုးနှက်ပြီး တာ့ရွှမ်တိုင်းပြည်မှလူများ ထိတ်လန့်သွားအောင် တမင်လုပ်လိုက်ခြင်း ဖြစ်သည်။

တာအိုဆရာ’ရှီ’နှင့် ဧကရာဇ်ရွှမ်ချန်တို့က မရေမတွက်နိုင်သော တိုက်ပွဲများကို ဆင်နွှဲခဲ့ကြသည့် ဝါရင့်သိုင်းသမားများဖြစ်ကြလေရာ ဤသို့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကိုတွေ့ရသည့်တိုင် ချက်ချင်း သတိပြန်ဝင်လာကြမည် ဖြစ်သည်။

သို့သော် သူတို့မှင်တက်သွားသည့် တစ်ခဏတာလေးက ရန်ကျောက်ကဲအတွက် လုံလောက်နေပေပြီ။

ထူးကဲယန်စည်းတံဆိပ်က မိုးကောင်းကင်ပြိုကျသည့်အရှိန်အဟုန်ဖြင့် ဧကရာဇ်ရွှမ်ချန်၏ ဦးခေါင်းထက်သို့ ဆင်းသက်လာသည်။

ဧကရာဇ်ရွှမ်ချန်၏ အလယ်ဆင့် မှော်ဝင်ပစ္စည်းဖြစ်သော လှံရှည်မှာ ရန်တိ၏ဓားကြောင့် ထက်ပိုင်းကျိုးသွားပြီဖြစ်လေရာ ထူးကဲယန်စည်းတံဆိပ်က သူ့အပေါ် သက်ရောက်မှု ရှိခဲ့၏။

ဧကရာဇ်ရွှမ်ချန်က ထူးကဲယန်စည်းတံဆိပ်၏ ပြင်းထန်သော ထိုးနှက်မှုကိုတားဆီးရန် သူ၏လက်သီးချက်ကို လှံရှည်ပမာ အစားထိုးအသုံးပြုလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲက သူ့လက်ထဲမှ အစိမ်းရင့်ရောင်ဝါးကိုင်းကို ပင့်မြှောက်လိုက်သည်။

ထို့နောက် သူက ဝါးကိုင်းကို စက်ဝိုင်းသဏ္ဌန်လှည့်ပတ်ကာ ဧကရာဇ်ရွှမ်ချန်ထံသို့ တည့်တည့်မတ်မတ် ရိုက်ချလိုက်သည်။

ထို အစိမ်းရောင်ဝါးကိုင်းကိုမြင်တော့ ဧကရာဇ်ရွှမ်ချန် တစ်စုံတစ်ခုကို သတိရသွားသည်။ သို့သော် သူ့ကိုယ်သူ ခုခံကာကွယ်ရန် ထုတ်ဖော်အသုံးပြုထားသည့် မီးငါးသွယ်ရတနာခုနစ်သွယ်ချပ်ဝတ်ကို ပြန်လည်ရုတ်သိမ်းရန် အချိန်မရတော့ပေ။

(၇)ပေရှည်သောဝါးကိုင်းကျလာသည်နှင့်အမျှ သူ့ကိုလွှမ်းခြုံထားသော မီးတောက်များ ချက်ချင်းငြမ်းသတ်သွားသည်။ ငှက် (၇)ကောင် ပုံရိပ်သည်လည်း တစ်ခါတည်းဖြင့် ပြိုကွဲသွားသည်။

အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော မီးငါးသွယ်ရတနာခုနစ်သွယ်ချပ်ဝတ်မှာ ချက်ချင်းပင် မှေးမှိန်သွားသည်။

ရန်ကျောက်ကဲ၏ အဆုံးမရှိသော အရှိန်အဟုန်ဖြင့် အစိမ်းရင့်ရောင်ဝါးကိုင်းက ဧကရာဇ်ရွှမ်ချန်ဆီသို့ အရှိန်အဟုန်ဖြင့် ကျရောက်လာသည်။

တစ်ဆက်တည်းပင် သူက ထူးကဲယန်စည်းတံဆိပ်၏စွမ်းအားကို မြှင့်တင်ရန် ညာဘက်လက်ဖဝါးဖြင့် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ထုတ်ဖော်လိုက်ပြီး လွှမ်းမိုးနိုင်စွမ်းအရှိန်အဟုန်က ပိုမိုပြင်းထန်လာသည်။

ခဏအကြာမှာတော့ ရှန်လင်ကျီသည် ရန်ကျောက်ကဲကို အဘယ့်ကြောင့် အနိုင်မယူနိုင်ဘဲ ကူရာကယ်ရာမဲ့ ဖြစ်ရသည်ကို သဘောပေါက်သွား၏။

သူက တန်ပြန်တိုက်ခိုက်လိုက်သည့်အခါ ရန်ကျောက်ကဲက သူ၏စွမ်းအားအနည်းငယ်ကို ထူးကဲယန်စည်းတံဆိပ်အတွင်းသို့ သွင်းလိုက်ပြီး ယင်ယန်လက်ချောင်းသိုင်းဖြင့် အသာလေး ပုတ်လိုက်သည်။

ထိုအခါ ဧကရာဇ်ရွှီချန်၏တိုက်ခိုက်မှုက လားရာပြောင်းလဲသွားပြီး ရန်ကျောက်ကဲကို ဝင်ရောက်တိုက်ခိုက်လိုက်သည့် တာအိုဆရာ’ရှီ’ ၏ တိုက်ခိုက်မှုကို ပိတ်ဆို့ပြီးသား ဖြစ်သွားသည်။

အစိမ်းရင့်ရောင်ဝါးကိုင်းဖြင့် ရိုက်ခတ်ခံရသဖြင့် မီးတော်ကများနှင့်အလင်းတန်းများပျောက်ကွယ်သွားသည့် မီးငါးသွယ် ရတနာခုနစ်သွယ်ချပ်ဝတ်၏ အသက်ဓာတ်စွမ်းအားများက စီးဆင်းထွက်လုနီးပါး ဖြစ်နေသည်။

ထူးကဲယန်စည်းတံဆိပ်က နောက်တစ်ကြိမ် ရိုက်ချလိုက်ရာ လေထုထဲတွင်ရှိနေသည့် ဧကရာဇ်ရွှမ်ချန်ကို ထိမိလုနီးပါး ဖြစ်သွား၏။

ဒါကိုမြင်တော့ ကြယ်ခြေလက်ဝါးသခင် ကွမ်းလီတဲ့ အံ့သြတုန်လှုပ်သွားပြီး...

“သူက ရန်ကျောက်ကဲလား...”

ဧကရာဇ်ရွှမ်ချန်ကိုအသာထား သိုင်းသူတော်စင် နဝမအဆင့်ရှိသော ကွမ်းလီတဲ့ကိုစိန်ခေါ်ရန် လုံလောက်သောစွမ်းအားရှိသည့် သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိသော ရှန်လင်ကျီကိုပင် ရန်ကျောက်ကဲက သေခြင်းအစွန်းသို့ တွန်းပို့ခဲ့သည်။

ဤသည်က ကွမ်းလီတဲ့ကို မထိတ်လန့်ဘဲ မနေနိုင်စေပေ။

ရန်ကျောက်ကဲလက်ထဲမှ အစိမ်းရင့်ရောင်ဝါးကိုင်းက ကွမ်းလီတဲ့၏မျက်လုံးများကို လှုပ်ရှားသွားစေသည်။

“ဒီ ထူးဆန်းတဲ့ပစ္စည်းက ဘာများလဲ ၊ ယိုးမင်ဧကရာဇ်ချန်ထားခဲ့တဲ့ အမတမှော်ဝင်ပစ္စည်းတော့ မဟုတ်လောက်ဘူး ၊ အဲဒါနဲ့တော့ မတူပါဘူး”

ဝါဒတောင်မှလူများကတော့ ရန်ကျောက်ကဲကိုကြည့်ရင်း အပြုံးများ ဖလှယ်လိုက်ကြသည်။ ထို့နောက် ကြုံးဝါးသံပြုရင်း တိုက်ပွဲဆက်လက် ဆင်နွှဲကြ၏။

ရန်တိ ထိန်းချုပ်ထားသည့် ထိုက်ယီချိုးဖျက်အစီအရင်က ကောင်းကင်ထက်သို့ မြင့်တက်လာပြီး ခံစစ်မှတိုက်စစ်အဖြစ်သို့ ပြောင်းလဲသွားသည်။

ကြီးမားသောအစီအရင် အားကောင်းလာသည်နှင့်အမျှ တောင်များကိုဖြိုဖျက် ပင်လယ်များကို မှောင်လှန်ပစ်နိုင်သည့်အရှိန်အဟုန်ဖြင့် ရန်တိ၏ ဓားဝိညာဉ်က ကွမ်းလီတဲ့ထံသို့ အဆက်မပြတ်ဝင်ရောက်သွားသည်။

ထိုအချိန် ရန်ကျောက်ကဲက ဧကရာဇ်ရွှမ်ချန်ကို ဆက်လက်မတိုက်ခိုက်တော့ဘဲ တာအိုဆရာ’ရှီ’ ရှိရာသို့ လှမ်းကြည့်လိုက်သည်။

ဒဏ်ရာအပြင်းအထန်ရထားသော ရှန်လင်ကျီကို ကယ်တင်ရန်ကြိုးစားနေသည့် တာအိုဆရာ"ရှီ" မှာ သူ့ကိုကြည့်လာသော ရန်ကျောက်ကဲ၏ မျက်ဝန်းအစုံကိုခံစားမိသည်နှင့် ကျောရိုးထဲစိမ့်သွားသလို ခံစားလိုက်ရသည်။

ရန်ကျောက်ကဲက ရယ်မောရင်း....

"မင်းက တာအိုဆရာ'ရှီ' လား... မင်းရဲ့အစီအရင်ပညာကျွမ်းကျင်မှုကတော့ အတော်ထူးခြားတာပဲ"

ထို့နောက်မှာတော့ နတ်ဘုရားထောင့ချောက်ဓားသိုင်း၏ သွေးနီရောင်အလင်းတန်းများ နေရာအနှံ့တွင် ထွက်ပေါ်လာသည်။

ထိုဓားသိုင်းသည် အချိန်ကာလကိုသာမက ဗလာနယ်အာကာသကိုပါ ဖြတ်ကျော်နိုင်စွမ်းရှိသည်။

မိုးမြေနက္ခတ်အစီအရင်က ဗလာနယ်အာကာသကို ပြောင်းလဲစေနိုင်သည့် ရှုတ်ထွေးသော အစီအရင်တစ်ခု ဖြစ်သည်။

ထို့ကြောင့် ထိုအစီအရင်ကို ချိုးဖျက်ရန် နတ်ဘုရားထောင်ချောက်ဓားသိုင်းက အသင့်တော်ဆုံးဖြစ်သည်။

သို့သော် နတ်ဘုရားထောင်ချောက်ဓားသိုင်း မည်မျှကျွမ်းကျင်ပါစေ အစီအရင်ပညာကျွမ်းကျင်ခြင်း မရှိပါက ထိုက်ယီချိုးဖျက်အစီအရင်ကို ချိုးဖျက်ရန် တည်ဆောက်ထားသည့် မိုးမြေနက္ခတ်အစီအရင်အား ချိုးဖျက်နိုင်မည် မဟုတ်ပေ။

သို့ရာတွင် ရန်ကျောက်ကဲတွင်တော့ ဤပြဿနာမရှိပေ။

သူ၏အစီအရင်ပညာက တာအိုဆရာ'ရှီ' ထက် လျော့နည်းခြင်း မရှိပေ။

အစီအရင်ဗဟိုချက်ဖြစ်သော ထိုက်ယိနေရာကို အဆက်မပြတ်သိမ်းပိုက်ရင်း နတ်ဘုရားထောင်ချောက်ဓားသိုင်းဖြင့် ထိုးဖောက်လိုက်သည့်အခါ မိုးမြေနက္ခတ်အစီအရင်က အချိန်မရွေး ပြိုလဲသွားတော့မည့် အနေအထားသို့ ရောက်ရှိသွားသည်။

တာအိုဆရာ'ရှီ' အလွန်အမင်းတုန်လှုပ်သွားပြီး...

"နတ်ဘုရားထောင်ချောက်ဓားသိုင်း... မင်း..."

ရန်ကျောက်ကဲက ကျယ်လောင်စွာ ရယ်မောရင်း သူ့အနားသို့ ရောက်လာသည်။

သူက ချက်ချင်းပင် ဒဏ်ရာအပြင်းအထန်ရပြီး သေလုမျောပါးဖြစ်နေသော ရှန်လင်ကျီကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်သည်။ မည်သို့မှမတတ်နိုင်စွာ ရှန်လင်ကျီသည် ကံတရားကို လက်ခံရုံသာ ရှိခဲ့သည်။

ရှန်လင်ကျီ၏မျက်လုံးများက ပြူးကျယ်စွာဖြင့် သူ၏ဦးခေါင်းက ခန္ဓာကိုယ်မှ ကွဲထွက်သွားပြီး မိုးကုတ်စက်ဝိုင်းဆီသို့ လွင့်စင်သွားလေတော့၏။

All Chapters