အားလုံးကိုသတ်ဖြတ်
Vol. 63 Ch. 882
အခန်း (၈၈၂) အားလုံးကိုသတ်ဖြတ်
မကြာသေးမီကပင် ကျူတောပင်လယ်ဒေသကို ဖြတ်သန်းပြီး မြောက်ပင်လယ်ဓားခန်းမ ၊ ကြေးနီကျွန်းနှင့် ယိုးမင်ဂိုဏ်းတို့ကို တိုက်ခိုက်သုတ်သင်ခဲ့သော ရှန်လင်ကျီသည် ယခုတော့ ဝါဒတောင်ကို တိုက်ခိုက်ခြင်း မပြုမီ ရန်ကျောက်ကဲလက်ချက်ဖြင့် သတ်ဖြတ်ခံခဲ့ရပေပြီ။
ရန်ကျောက်ကဲက ကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး တာအိုဆရာ’ရှီ’ ထံသို့ လက်ဝါးဖြင့်ရိုက်ချလိုက်ကာ စက်ဝန်းသံသရာ ကောင်းကင်စည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်။ သူ၏တိုက်ခိုက်မှုက တစ်ချက်လေးပင် တုံ့ဆိုင်းခြင်း မရှိပေ။
အလင်းတန်းတစ်ခု လင်းလက်လာပြီး တာအိုဆရာ’ရှီ’ ၏ ခန္ဓာကိုယ်နှင့် အစီအရင်မှာ လွင့်စင်ထွက်သွားသည်။
ဝိညာဉ်သင်္ကေတများက လေထုအလယ် လျှင်မြန်စွာ ကျယ်ပြန့်လာပြီး အလွှာပေါင်းများစွာဖြစ်တည်လာကာ သူတို့အောက်မှ အစီအရင်ကို ကာကွယ်လွှမ်းခြုံပေးထားသည်။
ရန်ကျောက်ကဲက သူ၏ဝါးကိုင်းကို ဝှေ့ယမ်းလိုက်သည်နှင့် နတ်ဘုရားထောင်ချောက်ဓားသိုင်းနှင့် နတ်ဘုရားအဆုံးသတ်ဓားသိုင်းကို အလွယ်တကူ ပြောင်းလဲလိုက်သည်။
အချိန်နှင့် ဗလာနယ်အာကာသကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိသော နတ်ဘုရားထောင်ချောက်ဓားသိုင်းသည် အရာခပ်သိမ်းကို သုတ်သင်ပစ်နိုင်သော နတ်ဘုရားအဆုံးသတ်ဓားသိုင်းအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။
အနီရောင် အလင်းတန်းများ ပျောက်ကွယ်သွားပြီး အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။
နတ်ဘုရားအဆုံးသတ်ဓားသိုင်း၏ ဖြူစင်အေးစက်သော ဓားအလင်းတန်း ဖြတ်သန်းသွားသည်နှင့် ဓားဝိညာဉ်အရှိန်အဟုန်က အစီအရင်အလွှာများကို တစ်ချက်တည်းဖြင့် ဖြိုချပစ်လိုက်သည်။
ရန်ကျောက်ကဲက ကောင်းကင်ထက်သို့ လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး အက်ကွဲနေသော ဝိညာဉ်သင်္ကေတများကို သုတ်သင်ရှင်းလင်းပစ်လိုက်သည်။
တာအိုဆရာ’ရှီ’ ၏ အောက်ဘက်တွင်ရှိနေသော မုန်တိုင်းမွှေလိပ်ကြီသည် ကြောက်ရွံ့မှုကိုခံစားရသည့်တိုင် ကောင်းကင်ထက်သို့တက်လာပြီး သူ၏လေးလံသောလိပ်ခွံကြီးဖြင့် တိုက်ခိုက်မှုကို တွန်းလှန်ရန် ကူညီပေးလိုက်သည်။
အနီရင့်ရောင်အလင်းတန်းများတောက်ပသွားပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ခုခံစွမ်းအားကိုပိုင်ဆိုင်ထားသည့် ဧကရာမလိပ်ခွံကြီးမှာ အလင်းမှုံများအဖြစ်သို့ ပြောင်းလဲပြီး ကြီးမားသည့်လိပ်ခွံအတားအဆီးကြီးအဖြစ် ပြောင်းလဲသွားသည်။
သို့သော် ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ကျရောက်လာသည်နှင့် လိပ်ခွံအတားအဆီးမှာ အက်ကြောင်းများ ဖုံးလွှမ်းသွားသည်။
“တိုက်...”
ရန်ကျောက်ကဲက ကြုံးဝါးသံပြုရင်း သူ၏လက်ဖဝါးထက်မှ ကြီးကျယ်ခမ်းနားသော စွမ်းအားတစ်ခု ထုတ်လွှတ်လိုက်သည်။
ထိုစွမ်းအားက မိုးမြေတစ်ခွင် မှောက်လှန်နိုင်စွမ်းရှိပြီး လိပ်ခွံအတားအဆီးကို ဖြည်းဖြည်းချင်းအက်ကွဲသွားအောင် ဖိနှိပ်လိုက်သည်။
တုနှိုင်းမရသော ကြောက်မက်ဖွယ်ရာ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်သည် ‘မုန်တိုင်းမွှေလိုက်ပ’ ၏ နောက်ကျေထက်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
ခိုင်ခံ့သောလိပ်ခွံက အက်ကွဲမသွားသော်လည်း မသိမသာ တုန်ခါသွားသည်။
သို့သော် ပြင်းထန်သည့်အော်ြမည်သံနှင့်အတူ မုန်တိုင်းမွှေလိပ်၏ ဒွာရ (၇)ပေါက်မှ သွေးများထွက်လာသည်ကို တွေ့ရ၏။
ရန်ကျောက်ကဲက လိပ်အိုကြီးကို အရေးမစိုက်တော့ဘဲ ကောင်းကင်ထက်သို့ ပျံသန်းသွားရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ယခုတော့ ဧကရာဇ်ရွှမ်ချန်က ပြန်လည်တည်ငြိမ်သွားပြီး အရှိန်အဟုန်ဖြင့် တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ မီးငါးသွယ်ရတနာခုနစ်သွယ်ချပ်ဝတ်က တိုက်ပွဲတွင် ဆက်လက်အသုံးပြု၍မရတော့လောက်အောင် ပျက်ဆီးသွားသော်လည်း သူက အရေးမစိုက်ဘဲ တာအိုဆရာ’ရှီ’ ကိုကယ်တင်ရန် အလျှင်အမြန် ဝင်ရောက်သွားသည်။
အစီအရင်စွမ်းအား မပါရှိလျှင် တာအိုဆရာ’ရှီ’ ၏ တန်ခိုးစွမ်းအားက ဟယ်တုန်းချန်နှင့် ကုကျန်းတို့ထက်ပင် အားနည်းနိုင်ပြီး သူ၏တန်ခိုးစွမ်းအားက အကန့်အသတ်ရှိသည်။
ရန်ကျောက်ကဲက ထူးဆန်းစွာ ရယ်မောလိုက်ပြီး ဧကရာဇ်ရွှမ်ချန်၏ စိန်ခေါ်ခြင်းကို လက်မခံဘဲ နတ်ဘုရားထောင်ချောက်ဓားသိုင်းကို ထုတ်ဖော်လိုက်ရာ သွေးနီရောင်ဓားအလင်းတန်းက ချက်ချင်းပင် တောက်ပလာသည်။
တစ်ချိန်တည်းမှာပင် မိုးမြေတစ်ခုလုံး အက်ကွဲသွားစေသည့် ရန်တိ၏ ကြောက်မက်ဖွယ်ရာ ဓားသွားက ဧကရာဇ်ရွှမ်ချန်နှင့် တာအိုဆရာ’ရှီ’ တို့ထံသို့ ထိုက်စန်းတောင်ကြီး ကျရောက်လာသည့်ပမာ ဝင်ရောက်လာသည်။
ရန်တိအကူအညီရောက်လာသည်နှင့် ရန်ကျောက်ကဲပုံရိပ်ကတော့ လှစ်ခနဲပျောက်ကွယ်သွားပြီး ကြယ်ခြွေလက်ဝါးသခင် ကွမ်းလီတဲ့အား တိုက်ခိုက်ရန် ဝင်ရောက်သွားသည်။
“မင်းလိုချင်တဲ့ အမတမှော်ဝင်ပစ္စည်းတော့မရှိဘူး ၊ ဒါပေမဲ့ တခြာဟာတော့ရမယ်”
သူ့အရှေ့မှ ကြယ်ခြွေလက်ဝါးသခင်ကွမ်းလီတဲ့ကိုကြည့်ရင်း ရန်ကျောက်ကဲက ရယ်မောရင်း ဆိုသည်။
ကွမ်းလီတဲ့က ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း....
“ဒီတော့ မင်းက ရန်ကျောက်ကဲလား ၊ ထူးခြားတာတော့ အမှန်ပဲ ၊ ဒါပေမဲ့ ယိုးမင်ဧကရာဇ်ချန်ထားခဲ့တဲ့ အမတမှော်ဝင်ပစ္စည်းကို ယူထားဖို့ဆိုတာကတော့ အဝေးကြီးလိုသေးတယ်”
သူက လက်ဖဝါးကိုဖွင့်လိုက်ပြီး ကောင်းကင်ထက်မှ မရေမတွက်နိုင်သော ကြယ်စင်များကို ခူးဆွတ်သည့်အလား လက်ချောင်းများကို ကုတ်ကွေးလိုက်သည်။
ကြယ်စင်တိုင်းက ထူးခြားချက်များရှိနေပြီး ကိုယ်ပိုင်စည်းချက်ကာရံနှင့် ကိုယ်ပိုင်လမ်းကြောင်းများကို ပိုင်ဆိုင်ထားပုံရသည်။
ကွမ်းလီတဲ့က သူ၏စွမ်းအားရောင်ဝါဖြင့် ကျင့်ကြံခြင်းအဆင့်မြင်မားခြင်းကို အခြေခံပြီး ရန်ကျောက်ကဲကို တိုက်ခိုက်လိုက်သည်။
သူကျင့်ကြံထားသည့်သိုင်းပညာက အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိဟန် မတူသော်လည်း ထိပ်တန်းသိုင်းပညာ ‘ကြယ်ခြေလက်ဝါး’ သိုင်းက အနုစိတ်တောက်ပခြင်းနှင့် ခမ်းနားထည်ဝါခြင်းကို ပိုင်ဆိုင်ထားသည်။
လက်ရှိမှာတော့ ကြယ်စင်များကလှည့်ပတ်နေပြီး ကွမ်းလီတဲ့ ရှိနေသည့်နေရာတွင် ပုံရိပ်ယောင် စကြာဝဠာတစ်ခု ထွက်ပေါ်လာသည်။
“ထာဝရအလင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံထားတဲ့ ရှန်လင်ကျီက စံနှုန်းထက်ကျော်လွန်ပြီး တန်ခိုးစွမ်းအားမြင့်မားတာ အမှန်ပဲ ၊ သူ့ကို လွယ်လွယ်နဲ့ အနိုင်ယူလို့ မရနိုင်ဘူး”
ကွမ်းလီတဲ့က အေးစက်စွာ ဆိုသည်။
“ဒါပေမဲ့ မင်း သူ့ကိုသတ်နိုင်လို့ ငါ့ကိုပါ အနိုင်ယူနိုင်မယ်လို့ ထင်ရင်တော့ မင်းကိုယ်မင်း အထင်ကြီးလွန်းရာ ရောက်လိမ့်မယ်”
“မင်းရဲ့ နတ်ဘုရားထောင်ချောက်ဓားသိုင်းက ငါ့ကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူး’
ရန်ကျောက်ကဲက ကွမ်းလီတဲ့၏ဦးခေါင်းထက်မှ အရုဏ်ဦးကြယ်စင်သရဖူကို အစိမ်းရင့်ရောင်ဝါးကိုင်းဖြင့် ရိုက်နှက်ရန်ကြိုးစားလိုက်သည်။ သို့သော် ထိုအချိန်မှာပင် ကွမ်းလီတဲ့၏ပုံရိပ်က ဖမ်းဆုပ်ရန်ခက်ခဲသော ပုံရိပ်ယောင်တစ်ခုပမာ ဝေဝါးသွားသည်။
နတ်ဘုရားထောင်ချောက်ဓားသိုင်း သွေးနီရောင်အလင်းတန်းများက ပတ်ဝန်းကျင်တွင်တောက်ပနေသည့်တိုင် ကွမ်းလီတဲ့၏ ကြယ်စင်များပေါင်းစည်းထားသော တန်ခိုးစွမ်းအားက ရန်ကျောက်ကဲကို အပြည့်အဝ တွန်းလှန်ထားသည်။
ကြယ်စင်ပင်လယ်မှ ကြွေကျလာသော ကြယ်စင်များသည် မိုးမြေတစ်ခွင်ကိုလွှမ်းခြုံသွားပြီး ရန်ကျောက်ကဲထံသို့ တည့်တည်မတ်မတ် ဝင်ရောက်လာသည်။
ရန်ကျောက်ကဲ၏ ဓားသိုင်းမှာ နတ်ဘုရားထောင်ချောက်ဓားသိုင်းမှ နတ်ဘုရားအဆုံးသတ်ဓာသိုင်းသို့ ပြောင်းလဲသွားသဖြင့် အဖြူရောင်ဓားအလင်းတန်း ဖြတ်ကျော်သွားရာနေရာတိုင်းတွင် ဥက္ကာပျံများအားလုံး ပြိုကျပျက်ဆီးသွားသည်။
ကောင်းကင်ထက်တွင် မြင့်မားစွာတည်ရှိနေသည့် ထူးကဲယန်စည်းတံဆိပ်သည် ကြယ်စင်ပင်လယ်များကြားမှာပင် စကြာဝဠာဗဟိုချက်ကဲ့သို့ ထင်မှတ်ရသည်။
သို့သော် ကြယ်စင်ကောင်းကင်ရျွေ့လျားမှုအလယ်တွင် အလွန်အမင်းတောက်ပသော ရွှေရောင်ကြယ်စင်များမြင့်တက်လာကာ ထူးကဲယန်စည်းတံဆိပ်၏လမ်းကြောင်းကို ပိတ်ဆို့ထားသည်။
ထိုအရာမှာ ကွမ်းလီတဲ့၏ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘အရုဏ်ဦးကြယ်စင်သရဖူ’ ဖြစ်သည်။
ကွမ်းလီတဲ့၏အသံက နေရာတိုင်းမှ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
“မင်းရဲ့ ဝါးကိုင်းက ငါ့ရဲ့ အရုဏ်ဦးကြယ်စင်သရဖူကို မရိုက်နိုင်ဘူးဆိုရင် ၊ ထူးကဲယန်စည်းတံဆိပ်လို အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းကတောင် စွမ်းအားအပြည့်အဝ မသက်ရောက်နိုင်ဘူးဆိုရင် မင်း ငါ့ကို ဘာလုပ်နိုင်မှာတဲ့လဲ”
သူ့စကားသံများအလယ်တွင် ကြယ်စင်ပင်လယ်ကြီးက တဖြည်းဖြည်း ရွှေရောင်ပြောင်းလဲသွားသည်။
ထို့နောက် ရွှေရောင်ဥက္ကာပျံများကြွေကျလာပြီး ဗလာနယ်တစ်ခုလုံး အက်ကွဲကြောင်းများ ပြည့်နက်သွား၏။
ဤသည်က အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်က အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း၏ စွမ်းအားအပြည့်အဝ ထုတ်ဖော်လိုက်ခြင်းသာ ဖြစ်သည်။
ဤတိုက်ခိုက်မှုက ကျယ်ပြန့်သော်လည်း ရွှေရောင်ဥက္ကာပျံတစ်ခု ထိမှန်သည်နှင့် သိုင်းသူတော်စင် သတ္တမအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ရန် လုံလောက်သည်။
များပြားလှစွာသော ဥက္ကာပျံများ ကြွေကျလာသည်နှင့် ရင်ဆိုင်ရခြင်းက အမတကူးပြောင်းခြင်း သိုင်းသူတော်စင်များသည်ပင် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုခု ပိုင်ဆိုင်မထားပါက ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
“မင်းတို့သားအဖ (၂)ယောက်လုံးက မိုးကောင်းကင်က မျက်နှာသာပေးတဲ့သူတွေဖြစ်ပြီး အပြင်းအထန်လည်း ကျင့်ကြံထားကြတယ်”
ကွမ်းလီတဲ့က ညင်သာစွာဆိုသည်။
“နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုးကို ကျင့်ကြံထားတဲ့အတွက် အထက်ဘုံကမ္ဘာက မင်းကို လက်ခံမှာမဟုတ်ဘူး ၊ မင်းရဲ့ အမတမှော်ဝင်ပစ္စည်းကို ငါ့ဆီလွှဲပေးပြီး အမြန်ပြေးဖို့ပြင်ဆင်တော့”
ရန်ကျောက်ကဲက ရယ်မောရင်း ထူးကဲယန်စည်းတံဆိပ်ကို သူ၏ဦးခေါင်းထက်သို့ တင်လိုက်ပြီး နေရောင်ခြည်အလင်းတန်းများ ဖြန့်ကျက်ကာ ရွှေရောင်ဥက္ကာပျံများ ကြွေကျခြင်းအား ခုခံလိုက်သည်။
အပြင်းအထန် တောက်လောင်နေသည့် အင်အားနှစ်ခုသည် အဆက်မပြတ် တိုက်မိသွားသည်။
ရန်ကျောက်ကဲက ကွမ်းလီတဲ့၏ တိုက်ခိုက်မှုကိုခုခံရန် ထူးကဲယန်စည်းတံဆိပ်နှင့် နတ်ဘုရားအဆုံးသတ်ဓားသိုင်း ပေါင်းစပ်ထုတ်လွှတ်လိုက်ခြင်းပင်။
"ဒီနေ့ ဝါဒတောင်ကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့သူတွေ... တစ်ယောက်မှ လွတ်ဖို့ မစဉ်းစားနဲ့"
ရန်ကျောက်ကဲက ရယ်မောရင်း...
"ငါက နတ်ဘုရားသုတ်သင်ဓားသိုင်း (၄) မျိုး ကျင့်ကြံထားတော့ရော ဘာဖြစ်သေးလဲ"
ပြောပြီးသည်နှင့် ယင်ယန်လက်ချောင်းသိုင်းကိုထုတ်ဖော်လိုက်ပြီး အနီးပတ်ဝန်းကျင်မှ ဆင်းသက်လာသော ရွှေရောင် ဥက္ကာပျံများကို လမ်းကြောင်းပြောင်းပြီး ဧကရာဇ်ရွှမ်ချန်နှင့် တာအိုဆရာ'ရှီ' တို့ကို တိုက်ခိုက်လိုက်သည်။
ထိုအချိန်တွင် မီးငါးသွယ်ရတနာခုနစ်သွယ်ချပ်ဝတ်နှင့် မုန်တိုင်းမွှေလိပ်တို့ကို ဆုံးရှုံးသွားပြီဖြစ်သဖြင့် တာ့ရွှမ်မင်းဆက်၏ ဘိုးဘေးနှစ်ယောက်မှာ ရန်တိ၏ မိုးမြေတစ်ခွင်ကိုတုန်လှုပ်စေသောတိုက်ခိုက်မှုကို ထိန်းချုပ်ရန် ခက်ခဲနေပေပြီ။
ထိုက်ယီချိုးဖျက်အစီအရင်က မိုးမြေတစ်ခွင်မြင့်တက်လာပြီး သူတို့ပြန်ဆုတ်မည့်လမ်းများကိုပင် ဖြတ်တောက်ပစ်လ်ုက်သည်။
ကွမ်းလီတဲ့က....
"ကောင်းကင်ဘယ်လောက်မြင့်တယ် မြေကြီးဘယ်လောက်နက်တယ်ဆိုတာကိုမသိတဲ့ ကောင်စုတ်လေး... မင်းကိုဆုံးမမယ်"
သူက လက်ဖဝါးကိုလှုပ်ရှားလိုက်ပြီး ကြယ်စင်များကိုလှည့်ပတ်ကာ ရန်ကျောက်ကဲ၏ ယင်ယန်လက်ချောင်းသိုင်းကို ခုခံရန် ကြိုးစားလိုက်သည်။
ဤသိုင်းကွက်က သူ၏ကြယ်ခြွေလက်ဝါး မူကွဲသိုင်းကွက်တစ်ခုဖြစ်ပြီး ကြယ်များကို ရွေ့လျားစေနိုင်စွမ်းရှိသည်။ ထူးခြားစွာပင် ယင်ယန်လက်ချောင်းသိုင်းဖြင့် အတိုင်းအတာတစ်ခုအထိ အလားတူ နိမိတ်လက္ခဏာများ ပါရှိသည်။
ယင်ယန်လက်ချောင်းသိုင်းထက် နက်နဲမှုနိမ့်ကျသော်လည်း ကွမ်းလီတဲ့၏ ကျင့်ကြံခြင်းအဆင့်က ရန်ကျောက်ကဲထက်သာလွန်သောကြောင့် ယင်ယန်လက်ချောင်းသိုင်းကို တွန်းလှန်ပြီး ကြယ်စင်များနှင့် ဥက္ကာခဲများကို ထိန်းချုပ်ထားလိုက်သည်။
တစ်ချိန်တည်းမှာပင်ကြယ်စင်မြစ်များလှည့်ပတ်သွားပြီး ထူးကဲယန်စည်းတံဆိပ်ကိုပင် တုန်လှုပ်သွားစေကာ ရန်ကျောက်ကဲ၏ဦးခေါင်းထက်မှ အနေအထားကို သွေဖည်သွားစေသည်။
သိပ်သည်းသော ကြယ်စင်ပင်လယ်ကြီးက လေထုကြားတွင် လှည့်ပတ်ကာ ကြယ်အလင်းများ တောက်ပစွာ လင်းလက်နေသည့် ကြီးမားသည့် ရေဝဲဂယက်ကြွးတစ်ခု ဖြစ်တည်လာသည်။
ထိုရေဝဲဂယက်ကြီးဖြတ်သန်းသွားရာ မိုးမြေတစ်ခွင် အရာအားလုံးကို ဝါးမျိုဖျက်ဆီးပစ်လိုက်သည်။
ထိုအခိုက်အတန့်တွင် အချိန်နှင့်နေရာ အဓိပ္ပါယ်အားလုံးကို ဆုံးရှုံးသွားပုံရသည်။
သိုင်းသူတော်စင် နဝမအဆင့်ရှိသော ကွမ်းလီတဲ့သည် ရန်ကျောက်ကဲကို အမြန်ဆုံးသုတ်သင်ပစ်ရန် စွမ်းအားကုန်အသုံးပြုလျှက်ရှိ၏။
မဟုတ်ပါက ရန်တိက ဧကရာဇ်ရွှမ်ချန်နှင့် တာအိုဆရာ'ရှီ'တို့ကိုရှင်းလင်းပြီးသည့်အခါ ရန်ကျောက်ကဲကိုကူညီပြီး သူ့ကိုလာရောက် တိုက်ခိုက်မည် ဖြစ်သည် ။
ရန်တိက သူ၏ကောင်းကင်နဂါးဓားကို ဝှေ့ယမ်းကာ ဧကရာဇ်ရွှမ်ချန်၏ ခန္ဓာကိုယ်အား ခုတ်ပိုင်းချလိုက်သည်ကို တွေ့မြင်နေရသည်။
“ဒါပေမယ့်…”
ကွမ်းလီတဲ့က သူ၏လက်များကို ရှေ့သို့ တွန်းထုတ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ကြယ်ပင်လယ် ရေဝဲဂယက်ကြီး တစ်လုလုံးက ရန်ကျောက်ကဲ ဦးခေါင်းဆီသို့ ဝင်ရောက်သွားသည်။
"ငါကပိုမြန်တယ်..."
ရန်ကျောက်ကဲဦးခေါင်းထက်သို့ ရောက်ရှိသည်နှင့် ရေဝဲဂယက်ကြီးက ပြင်းထန်စွာပေါက်ကွဲသွားသည်။
များပြားလှစွာသောကြယ်စင်များက တစ်ချက်တည်းပေါက်ကွဲမသွားဘဲ ဗလာနယ်ထဲမှ တည်ရှိမှုအားလုံးကို စုပ်ယူမြိုချသွားသည်။
စကြဝဠာအတွင်း ကြီးစွာသော ပေါက်ကွဲသံကြီးတစ်ခု ဖြစ်ပေါ်လာကာ တုန်လှုပ်ချောက်ချားဖွယ် စွမ်းအားကြီးက ကြောက်မက်ဖွယ်ရာ ပရမ်းပတာအခြေအနေကို ဖြစ်ပေါ်သွားစေသည်။
ရန်ကျောက်ကဲ၏မျက်ဝန်းထဲတွင် အေးစက်သောအလင်းရောင်တစ်ချက် လင်းလက်လာသည်။
သူက ရယ်မောလိုက်ပြီး...
“မင်းအတွက် လွတ်လမ်းမရှိဘူး”
ရန်ကျောက်ကဲက လက်ထဲမှ ဝါးကိုင်းကိုသိမ်းဆည်းလိုက်ပြီး သူ၏လက်ဖဝါးနှစ်ဖက်ကို ဦးခေါင်းထက်သို့ ဆန့်ထုတ်လိုက်လေ၏။