← Chapters

လော့ကျမ်းစာရွက်များ

Vol. 87 Ch. 1220

လော့ကျမ်းစာရွက်များ

Vol. 87 Ch. 1220

မိုဝူကျိ လက်ချက်ဖြင့် ဝိဇ္ဇာနှင့်ပင် ယှဉ်နိုင်သည့်  မီရှု၏ နှလုံး အနှုတ်ခံရပြီး  မီးတောက်ထဲ ပစ်ထည့်ခံလိုက်ရသည်ကို မြင်လိုက်ရသည့်အခါ ဝိဇ္ဇာတာအို ညီလာခံ တစ်ခုလုံး တိတ်ဆိတ်သွားကြသည်။

ဤတစ်ကြိမ်၌ မိုဝူကျိ၏ လက်ဟန်များက ပို၍ တိုတောင်းလာသည်။ အသက်ရှိုက်စာအနည်းငယ်အတွင်း မီရှု၏ ကမ္ဘာကို အတင်းကျပ် ဖွင့်ယူလိုက်ပြီး အထဲရှိ  မီရှု စောစောလေးက ရရှိထားသည့် ပြန်လည်ဝင်စားခြင်း တာအိုစည်းမျည်း အပါအဝင် အရာအားလုံးကို ချက်ချင်း ယူလိုက်သည်။

မိုဝူကျိ၏ စွမ်းအားစက်ကွင်းအတွင်း ရှိနေဆဲ ဖြစ်သည့် ခက်ထန်ကြမ်းတမ်းသည့် အမျိုးသား၏ မျက်နှာထက်၌ အကြောက်တရားများ ပြည့်နေကာ လုံးဝ မလှုပ်ရဲပေ။ ယခင် သူက မိုဝူကျိနှင့် လော့ကျမ်းစာရွက် ပြိုင်၍ လေလံဆွဲခဲ့မိသည်။ ယခု မိုဝူကျိက သူ့အား ပိတ်လှောင်ထားပြီ ဖြစ်ရာ သူ့အား တစ်ခုခု လုပ်ချင်နေသည်မှာ သိသာလှသည်။

မိုဝူကျိက မီရှုအား မီးလောင်ကျွမ်းစေလိုက်ပြီးနောက် ထိုလူဆီ လျှောက်လှမ်းလာလေ၏။

“ ဂျူနီယာ ချန်းမူက စီနီယာကို ဂါရဝပြုပါတယ် ” မိုဝူကျိ လျှောက်လှမ်းလာသည်ကို မြင်သောအခါ ထိုလူကြီးက ဦးညွှတ်ကာ ပျူပျူဌာဌာ ပြောလိုက်သည်။

သူက မိုဝူကျိ၏ အပြုအမူများကို ကိုယ်တွေ့ မြင်တွေ့လာခဲ့သည် မဟုတ်ပါလော။ သူက ဝိဇ္ဇာတပိုင်း ပြီးပြည့်စုံခြင်းအဆင့်မျှသာ ရှိသေး၏။ သူက မိုဝူကျိနှင့် ယှဉ်နိုင်ဖို့ အခွင့်အရေး မရှိပေ။

“ လော့ကျမ်းစာရွက်ကို ဘာလို့ လိုချင်နေတာလဲ။ ဘာလို့ ဈေးမြင့်မြင့် ပေးရတာလဲ ” မိုဝူကျိက ချန်းမူအား ကြည့်လိုက်သည်။ သူ့မျက်ဝန်း၌ သတ်ဖြတ်ငွေ့ အရိပ်အယောင်တချို့ ပါဝင်နေလေ၏။

ချန်းမူက စိတ်ထဲ လေးလံမိသွားသည်။ ထိုစဉ် သူက မည်သို့ လိမ်ညာရဲမည်နည်း။ “ ဒီဂျူနီယာလေးက လော့ကျမ်းစာရွက် ငါးရွက် ရထားတာပါ။ အဲဒါကြောင့် ဒီစာရွက်ကို ရအောင် ကြိုးစားခဲ့တာပါ ”

“ တစ်ခါတည်းနဲ့ စာရွက်ငါးရွက်လုံး ရလာတာလား ” မိုဝူကျိက ချန်းမူအား တအံ့တဩ စိုက်ကြည့်လိုက်သည်။ ထိုစကားများ ကြားလိုက်ပြီးနောက် သူ့မျက်ဝန်းရှိ သတ်ဖြတ်ငွေ့များလည်း ပျောက်ကွယ်သွားလေသည်။ ထိုမျှတင်မကဘဲ သူ့စွမ်းအားစက်ကွင်းကို ဖြေလျော့လိုက်သည်။

ချန်းမူ၏ လော့ကျမ်းစာရွက်သည် ချိန်စုယင်ဆီမှ မဟုတ်ဘဲ မုရုန်ရှန်းယွီဆီက ဖြစ်ကြောင်း သိသာလှသည်။ သူက စုယင်ကို ဘာမှမလုပ်ခဲ့သရွေ့ ချန်းမူက မုရုန်ရှန်းယွီအား သတ်ခဲ့သည်ဆိုလျှင်ပင် မိုဝူကျိက ဂရုမစိုက်ပေ။

ချန်းမူက သူ့တွင် လော့ကျမ်းစာရွက် ငါးရွက် ရှိနေကြောင်း ပြောလိုက်ပြီးနောက် မိုဝူကျိ မျက်ဝန်းမှ သတ်ဖြတ်ငွေ့ ပျောက်ကွယ်သွားကြောင်း ခံစားမိလိုက်သည်။ သူက နားမလည်နိုင်ဖြစ်နေသော်လည်း လေးလေးစားစား ပြန်ဖြေလိုက်သည်

“ ဟုတ်ပါတယ် … ဒီဂျူနီယာလေးက လော့ကျမ်း စာရွက်ငါးရွက် တစ်ခါတည်း ရခဲ့တာပါ ”

“ ခင်ဗျားရဲ့ လော့ကျမ်းစာရွက်က မုရုန်ရှန်းယွီလို့ ခေါ်တဲ့ အမျိုးသမီးဆီက ရတာမလား ” မိုဝူကျိက မထူးမခြားနား မေးလိုက်သည်။

တစ်ဖက်တွင် စိတ်အေးလာသည့် ချန်းမူက တဖန် ပြန်စိတ်ပူလာမိသည်။ သူ့အနေနှင့်  ထိုလူသည် သူ လော့ကျမ်းစာရွက် လုယူလာသည့်သူကို သိနေလိမ့်မည်ဟု မထင်ထားမိပေ။

သူ့ကံတရားက မီရှုနဲ့ အတူတူ ဖြစ်တော့မှာလား … ဒီနေ့ ဒီနေရာမှာ သေရတော့မှာလား …

သူက စိတ်ပူပင်စွာဖြင့် ဘာမှ မခုခံရဲတော့ပေ။ သူ့လေသံမှာ ပို၍ ရိုကျိုးလာပြီး  “ ဟုတ်ပါတယ် … ဂျူနီယာလေးက မုရုန်ရှန်းယွီဆီကနေ ရလာခဲ့တာပါ ”

မိုဝူကျိက မုရုန်ရှန်းယွီ တည်နေရာကို စိတ်မဝင်စားသောကြောင့်  ခေါင်းညိတ်ပြလိုက်သည်။

သို့သော်လည်း ချန်းမူက မိုဝူကျိကို အထင်လွဲသွားလေသည်။ သူက လက်ဝေ့လိုက်သည့်အခါ ခရမ်းရောင်ဝတ်စုံနှင့်  ဖြူဖျော့ဖျော့  အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။

“ ဒီဂျူနီယာ သေသင့်ပါတယ်။ စီနီယာနဲ့ တာအိုရောင်းရင်း မုရုန်ရှန်းယွီတို့ ပတ်သတ်နေလိမ့်မယ်လို့ မသိခဲ့လို့ပါ။ ဂျူနီယာက သူမကို ကမ္ဘာအငယ်လေးဆီပဲ ပို့ခဲ့တာပါ။ သူမကို မနှိပ်စက်ခဲ့ပါဘူး။ စီနီယာ ခွင့်လွှတ်ပေးပါ ….” ချန်းမူက ဒူးထောက်ကာ တောင်းပန်လိုက်သည်။ တစ်ချိန်တည်းတွင် သူက လော့ကျမ်းစာရွက် ငါးရွက်လုံးကို ထုတ်ယူလိုက်သည်။

သူက နှစ်များစွာကျင့်ကြံပြီးနောက် ဝိဇ္ဇာအဆင့် ဝင်ရောက်ခါနီး ဖြစ်၏။ အကယ်၍ သူသာ ဤကိစ္စကြောင့် အသတ်ခံရမည်ဆိုလျှင် သူ့အတွက် နောင်တရဖို့ နောက်ကျလွန်းသွားပေမည်။

“ ရှင်လား … မို ….” မိုဝူကျိကို တဖန်ပြန်လည် တွေ့သည့်အခါ မုရုန်ရှန်းယွီက ထိုစကားများ ပြောပြီးနောက် တိတ်ဆိတ်သွားလေသည်။

သူမ မိုဝူကျိကို မြင်လိုက်သည့်အခါတိုင်း နောက်တစ်ခေါက် တွေ့သည့်အခါ၌ မိုဝူကျိထက် ကျော်လွန်နေစေရမည်ဟု ကျိန်ဆိုထားခဲ့သည်။ သို့သော်လည်း လက်တွေ့ကား သူမနှင့် မိုဝူကျိကြားရှိ ကွာခြားချက်မှာ မနည်းပါးသွားပေ။ မိုဝူကျိက ပို၍ပင် ဝေးဝေး ရောက်နေဟန် ပေါ်၏။

သူမ မျက်နှာမှာ ပို၍ ဖြူဖျော့လာသည်။ လော့ကျမ်းစာရွက်က သူမအား ဤအခြေအနေအထိ ရောက်လာစေရန် ကူညီပေးခဲ့သည်။ သို့သော်လည်း သူမက များစွာ ဆုံးရှုံးသွားဟန် ပေါ်သည်။ သူမက မိုဝူကျိအား သူ့တာအိုအကြောင်း မေးမြန်းချင်သော်လည်း မိုဝူကျိက သူမကို သတ်ဖို့ရာ တုံ့ဆိုင်းနေမည် မဟုတ်ကြောင်း သိပေသည်။

မိုဝူကျိက မုရုန်ရှန်းယွီကို ဂရုမစိုက်ပေ။ သူက ထိုအမျိုးသမီးကို ရွံ့မိသည်။ အကယ်၍ သူသာ ချန်းမူသည် မုရုန်ရှန်းယွီကို ဖမ်းထားကြောင်း သိခဲ့လျှင် သူမနာမည်ကို ထုတ်ပြောမည် မဟုတ်ပေ။

“ တာအိုရောင်းရင်း ချန်းမူ  .. ကျုပ်ကို လော့ကျမ်းစာရွက် ပြန်ရောင်းနိုင်မလား ” မိုဝူကျိက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ သူက ချန်းမူသည် ထိုစာရွက်ငါးရွက် မည်သို့ ရလာသည်ကို ဂရုမစိုက်ပေ။

“ အာ …” ချန်းမူက အသိပြန်ကပ်လာသည်။ မိုဝူကျိ စကားများအရ မိုဝူကျိသည် သူ့ကို သတ်လိုစိတ် မရှိကြောင်း သိလိုက်၏။ အကယ်၍ မိုဝူကျိသာ ထိုသို့အတွေးမျိုး ရှိနေလျှင် အဘယ်ကြောင့် အလဲအလှယ်အကြောင်း ထုတ်ပြောနေဦးမည်နည်း။

“ ကျုပ်ဆီမှာ လော့ကျမ်းစာရွက် ခုနှစ်ရွက် ရှိတယ်။ လော့ကျမ်းစာရွက် အပြည့်အစုံ တစ်စုံစာက စာရွက်တွေ ကွဲနေတာထက်စာရင် အားပိုကောင်းတယ်။ ခင်ဗျားဆီမှာ စာရွက်နည်းနည်း ရှိတယ်ဆိုတော့ ကျုပ်ဆီ ရောင်းပေးလို့ ရမလား ” ချန်းမူ တိတ်ဆိတ်နေသည်ကို မြင်ပြီး မိုဝူကျိက ထပ်မေးလိုက်သည်။

ချန်းမူက မြန်မြန် ပြောလိုက်သည်  “ စီနီယာ လိုရင် ယူထားလိုက်ပါ။ ကျုပ်က စီနီယာဆီကနေ ဘာမှပြန်မလိုချင်တော့ပါဘူး ”

မိုဝူကျိက  ရယ်မောကာ

“ အဲလိုတော့ မဖြစ်ဘူးလေ။ ကျုပ်က တခြားသူတွေဆီကနေ အတင်းကျပ် ယူတဲ့လူတွေကို မကြိုက်ဘူး။ ခင်ဗျားက အဲဒီစာရွက်တွေကို အားသုံး ယူထားတာ သိပေမဲ့ ကျုပ် မမြင်တော့ ဘာမှမဖြစ်ဘူးလေ ”

မိုဝူကျိက စကားကို လှအောင် ပြောလိုက်ခြင်း ဖြစ်၏။ အကယ်၍ ချန်းမူ လုယူခဲ့သူက မုရုန်ရှန်းယွီ မဟုတ်ဘဲ သူ ရင်းနှီးသည့်သူ ဖြစ်နေခဲ့လျှင် မိုဝူကျိက ချန်းမူကို သတ်၍ လော့ကျမ်းစာရွက်အား လုယူမည် ဖြစ်ပေသည်။

“ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ …” ချန်းမူက ချွေးအေးများ ထွက်လာကာ  “ အဲဆို ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ငါးထောင်ဆိုရင်ရော ”

မိုဝူကျိက ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ငါးထောင်ကို ထုတ်မပေးဘဲ အတားအဆီး ချထားသည့် တာအိုစည်းမျည်းတစ်ခု ထုတ်ကာ ပြောလိုက်သည်

“ ဒါက မီရှု စကြဝဠာ တာအိုစည်းမျည်းနဲ့ လဲလှယ်ခဲ့တဲ့ တာအိုစည်းမျည်းပဲ။ ဈေးနှုန်းက ခင်ဗျားရဲ့ လော့ကျမ်းစာရွက်တွေနဲ့ ယှဉ်လို့ ရမှာပါ။ ဒါနဲ့ လဲကြမယ်လေ ”

ထိုသို့ပြောပြီးနောက် မိုဝူကျိက တာအိုစည်းမျည်းအား ချန်းမူထံ ပေးလိုက်ပြီး လော့ကျမ်းစာရွက် ငါးရွက်အား သိမ်းဆည်းထားလိုက်သည်။

ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ငါးထောင်သည် အဖိုးတန်သော်လည်း လော့ကျမ်းစာရွက် ငါးရွက်နှင့် ယှဉ်၍ မရသေးပေ။ လော့ကျမ်းစာရွက်အစွန်းအတွက်ပင် မထိုက်တန်သေးပေ။

ဤပြန်လည် ဝင်စားခြင်း တာအိုစည်းမျည်းက စကြဝဠာ တာအိုစည်းမျည်းထက် အနည်းငယ် နိမ့်ကျသော်လည်း တန်ဖိုးအစစ်အမှန်မှာ လော့ကျမ်းစာရွက် ငါးရွက်ထက် ပိုပေသည်။ သို့သော်လည်း ဤတာအိုစည်းမျည်းက မိုဝူကျိအတွက် အသုံးမဝင်ပေ။ သူ့လူသားတာအိုစည်းမျည်းများကို သူ ကိုယ်တိုင် ဖွဲ့စည်းထားခြင်း ဖြစ်၏။ ဤပြန်လည်ဝင်စားခြင်း တာအိုစည်းမျည်းကို အသုံးပြုဖို့ မလိုအပ်ပေ။

သို့သော်လည်း ဤတာအိုစည်းမျည်းက ချန်းမူအတွက်မူ ရိုးရှင်းသည့် ကိစ္စ မဟုတ်ချေ။ အကယ်၍ သူသာ ဤတာအိုစည်းမျည်းကို အသုံးပြုလိုက်လျှင် ဝိဇ္ဇာအဆင့် ရောက်ဖို့ အသုံးပြုနိုင်သည်။ သူ့တွင် နတ်ဘုရားအရိုက်အရာ မရှိသော်လည်း ဝိဇ္ဇာ ဖြစ်နိုင်သေး၏။

“ စီနီယာကို ကျေးဇူးတင်ပါတယ် … ကျေးဇူးတင်ပါတယ် ” ချန်းမူက ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် နောက်ထပ် သိုလှောင်လက်စွပ် တစ်ကွင်းထုတ်ကာ မိုဝူကျိဆီ ပေးလိုက်သည်  “ ဒါက မဟာ မိုးကြိုးလက်ဝါး ပညာရပ်ရဲ့ တည်နေရာရယ်၊ မဟာ မိုးကြိုးလက်ဝါး ပညာရပ် ပုံပွားနဲ့ အတွေးမဲ့ရွှေပါပါတယ် ”

ချန်းမူ ပေးလိုက်သည့် ပစ္စည်းများက လော့ကျမ်းစာရွက် ဝယ်ယူရာ၌ အသုံးပြုချင်ခဲ့သော ပစ္စည်းများ ဖြစ်ပေသည်။ ယခု သူက လော့ကျမ်းစာရွက်ထက် ပိုမို အဖိုးတန်သည့် ပြန်လည်ဝင်စားခြင်း တာအိုစည်းမျည်း ရရှိလာလေရာ သူက အလဲအလှယ် အကျိုးမြတ် ပိုသာနေသည်မှန်း မည်သို့ မသိဘဲ နေမည်နည်း။ နတ်ဝိညာဉ်သွေးကြောများကိုတော့ ထုတ်မပေးတော့ပေ။ ယခု မိုဝူကျိက ဝိဇ္ဇာအဆင့် နှစ်ယောက်ကို သတ်ထားပြီး ကမ္ဘာနှစ်ခု ပိုင်ဆိုင်လိုက်ရသည် မဟုတ်ပါလော။ မိုဝူကျိ ရရှိသည့် နတ်ဝိညာဉ်သွေးကြော ပမာဏက သူ့ထောင်ချီဂဏန်းထက် များစွာ ပိုပေမည်။

မိုဝူကျိက မငြင်းပယ်တော့ဘဲ ထိုလက်စွပ်ကို သိမ်းထားလိုက်သည်။

“ ဂျူနီယာ နှုတ်ဆက်ပါတယ် ” မိုဝူကျိက သိုလှောင်လက်စွပ်ကို သိမ်းလိုက်သည်ကို မြင်ပြီးနောက် ချန်းမူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ထို့နောက် သူက ဖြတ်ခနဲ ပျောက်ကွယ်သွားတော့သည်။

မိုဝူကျိလည်း လှည့်ထွက်သွားလိုက်သည်။ ယခုအချိန်အထိ သူက မုရုန်ရှန်းယွီအား တစ်ချက်ပင် မကြည့်ခဲ့ပေ။ သူ့အမြင်၌ ထိုအမျိုးသမီးသည် မရှိသည့် လေကဲ့သို့ ဖြစ်၏။ သူက ထိုအမျိုးသမီးကို မတော်တဆ ကယ်လိုက်မိသော်လည်း သူမ ကျေးဇူးတင်မှုအား လက်ခံရန် ရည်ရွယ်ချက် မရှိပေ။ သူက ထိုအမျိုးသမီးသည် သူ့အပေါ် ကျေးဇူးတင်လိုစိတ် မရှိကြောင်း သိထားလေ၏။

ထို့အပြင် သူက ထိုအမျိုးသမီးကို ကိုယ်တိုင် ကိုယ်ကျ သတ်ရန် မလိုအပ်ကြောင်း သိထားပေသည်။ ဝိဇ္ဇာ တာအိုညီလာခံရှိ ပညာရှင်များက သူ့သဘောထားကို မည်သို့ နားမလည်ဘဲ နေမည်နည်း။ သူ ထွက်သွားပြီးသည့်နောက်တွင် မုရုန်ရှန်းယွီသည် သိပ်ကြာကြာခံမည် မဟုတ်ပေ။

မိုဝူကျိက ဝတ်စုံနက် ကျင့်ကြံသူဆီ လျှောက်လှမ်းလာပြီး လက်နှစ်ဖက် ယှက်ကာ  “ ကျုပ်က မိုဝူကျိပါ။ ဒီက တာအိုရောင်းရင်းကို ဘယ်လိုခေါ်ရမလဲ ”

မိုဝူကျိက လေလံဈေးကြမ်းကြမ်း ပေးစဉ်အခါက ထိုအမျိုးသားသာ သူ့အား သတိပေးခဲ့သည်။ ထိုအနက်ဝတ် ကျင့်ကြံသူက သူ့ရုပ်ရည်နှင့် ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားသော်လည်း ထိုလူသည် ဝူဟွမ်းထက် အားမနည်းကြောင်း ပြောနိုင်ပေ၏။

ထိုအနက်ဝတ် ကျင့်ကြံသူက မိုဝူကျိ၏ လုပ်ပုံကိုင်ပုံအား ရှင်းရှင်းလင်းလင်း မြင်တွေ့ပြီးလေပြီ။ မိုဝူကျိ ရောက်ရှိလာသည့်အခါ  သူက သတိပေးသူ ဖြစ်ကြောင်း မိုဝူကျိ သိလိုက်၍မှန်း တန်းသိလိုက်သည်။ သူက လက်နှစ်ဖက် ယှက်ကာ

“ ကူဖင်းရန်က တာအိုရောင်းရင်းမိုကို ဂါရဝပြုပါတယ်။ တာအိုရောင်းရင်းမိုရဲ့ တိုက်ကွက်တွေက အရမ်းအားကောင်းတာပဲ။ ကျုပ်တော့ တအံ့တဩနဲ့ သက်ပြင်းပဲ ချလိုက်နိုင်တယ်  ”

ကူဖင်းရန်က ပြောလိုက်ရင်း မျက်နှာဖုံးကို ချွတ်ပစ်ပြလိုက်သည်။ မိုဝူကျိလို ပညာရှင်မျိုးက သူ့အား အရင်လာနှုတ်ဆက်လေရာ သူ့ရုပ်ရည်ကို အဘယ်ကြောင့် ဆက်ဖုံးကွယ်ထားရဲမည်နည်း။

မိုဝူကျိက စိတ်စွမ်းအားဖြင့် ကူဖင်းရန်အား မစစ်ဆေးကြည့်လိုက်ပေ။ ယခု ကူဖင်းရန်က မျက်နှာဖုံး ဖယ်လိုက်သည့်အခါ မိုဝူကျိက ရင်းနှီးပြီးသား အရိပ်အယောင်ကို သတိထားမိလိုက်၏။

အချိန်တိုအတွင်း သူက မှတ်မိသွားကာ  “ တာအိုရောင်းရင်းကူက ကျုပ် မိတ်ဆွေ ကူယောင်ရှောင်နဲ့ တူလိုက်တာ … ”

“ ယောင်ရှောင်ကို သိတယ်လား။ သူရော အသက်ရှင်နေသေးရဲ့လား ” ကူဖင်းရန်က ချက်ချင်း စိတ်တက်ကြွလာကာ မိုဝူကျိအား မေးခွန်းများကို တစ်ဆက်တည်း မေးလိုက်သည်။

မိုဝူကျိက ရယ်မောကာ

“ အခု ကျုပ်မိတ်ဆွေက တစ်ယောက်ကို တားထားတယ်။ တစ်ချက် သွားကြည့်ရအောင် …. သိပ်မကြာခင် ယောင်ရှောင်ရဲ့ ကိစ္စကို ပြောပြပါ့မယ် ”

မိုဝူကျိ၏ စိတ်စွမ်းအားက ထန်းဟန်သည် စကြဝဠာ တာအိုစည်းမျည်းကို ဝယ်ယူခဲ့သည့် ကျင့်ကြံသူကို တားဆီးထားကြောင်း အာရုံခံလိုက်မိ၏။ သူက ထန်းဟန်သည် ကိစ္စများကို မှားယွင်း မှတ်သားထားကြောင်း သိလိုက်သည်။ ထိုက်လွန်တို့ကား မိုဝူကျီ ကိုယ်တိုင် ဝင်မပါသရွေ့ ထန်းဟန်က တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

“ ညီအစ်ကိုမို ပြောတာ မှန်တယ်။ ခင်ဗျားနဲ့ ယှဉ်လိုက်ရင် ကျုပ်က ခွေးတစ်ကောင်လိုမျိုး အချိန်ဖြုန်းခဲ့မိတာပဲ ” ခွန်းယွင်လည်း အပြေးအလွှား လိုက်လာသည်။ သူ့အသံက အတော်လေး စိတ်လှုပ်ရှားနေဟန် ပေါ်၏။ သူ့စိတ်ထဲ၌ အရမ်းဝမ်းသာနေမိသည်။

ယခင် ဝိဇ္ဇာတာအို ညီလာခံက သူ့အား အကျပ်ကိုင်ခဲ့စဉ်အခါ  မိုဝူကျိအား သစ္စာမဖောက်ခဲ့သည်မှာ ကံကောင်းသွားပေသည်။ မဟုတ်ပါက သူ ခွန်းယွင်သည် ဆိုးဆိုးရွားရွား သေဆုံးပြီးလောက်လေပြီ။

***

All Chapters