← Chapters

သေဖို့တောင်းဆိုရင်တော့သေမှာပဲ

Vol. 63 Ch. 884

သေဖို့တောင်းဆိုရင်တော့သေမှာပဲ

Vol. 63 Ch. 884

အခန်း (၈၈၄) သေဖို့တောင်းဆိုရင်တော့သေမှာပဲ

ရန်ကျောက်ကဲစကားကိုကြားတော့ ကွမ်းလီတဲ့ဒေါသက ငယ်ထိပ်တက်သွားသည်။

သူ့အတွက် ကပ်ဘေးတစ်ခုလာတော့မည်ကို သိရှိသဖြင့် ကြေကွဲဖွယ်ရာ ရယ်မောလိုက်ရင်း...

“ကြည့်ရတာ ဒီနေ့ မမျှော်လင့်ဘဲ ခံလိုက်ရတာပဲ”

သူက ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...

“ဒါပေမဲ့ သိပ်ပျော်မနေနဲ့ ၊ မင်းကို ငရဲမှာစောင့်နေမယ်”

ရန်ကျောက်ကဲက ရယ်မောရင်း...

“ဘာကိုစောင့်မှာလဲ...”

ကွမ်းလီတဲ့က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အစောပိုင်းတိုက်ပွဲမှ ကျန်ရစ်ခဲ့သည့် မိုးမြေတစ်ခွင်မှ အဖြူရောင်ဓားအလင်းတန်းကို တွေ့လိုက်သည်။

ဓားချက်တစ်ချက်က ဤကမ္ဘာတွင် အနာရွတ်တစ်ခု ချန်ထားခဲ့သည့်အလား ထင်မှတ်ရသည်။

ဤသည်မှာ ရန်ကျောက်ကဲ၏ နတ်ဘုရားအဆုံးသတ်ဓားသိုင်းလက်ရာပင် ဖြစ်၏။

အရာခပ်သိမ်းငြိမ်သက်သွားသည့်တိုင် မိုးမြေတစ်ခွင်တွင် မပျောက်ကွယ်နိုင်သောဓားဒဏ်ရာများ ကျန်ရစ်ခဲ့သည်။

ဤဓားက အလွန်အစွမ်းထက်မြက်ပြီး အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင် ကွမ်းလီတဲ့ကိုပင် ဒဏ်ရာရအောင် ပြုလုပ်နိုင်စွမ်း ရှိခဲ့သည်။

လင်ပေါင်ထျန်းကျွင်း၏ နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုးတွင် နတ်ဘုရားအဆုံးသတ်ဓားသိုင်းက ပြီးပြည့်စုံသည့် ဓားဝိညာဉ်ကို ပြသခဲ့သည်။

ဤနေရာသည် ကျူတောပင်လယ်ဒေသ အနောက်ဘက်ဖြစ်ပြီး အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်အကြားထိစပ်နေသည့် နယ်နိမိတ်နှင့် ဝေးလံခြင်း မရှိပေ။

ဝါဒတောင်အနေဖြင့် ပြင်းထန်သည့်တိုက်ပွဲတစ်ခု ဆင်နွှဲခဲ့ရသည့်တိုင် ကျင်းထင်တောင်မှာ ဝူထုန်တောင်ဇောင်းမှ သိုင်းသမားများနှင့် အပြင်းအထန်တိုက်ခိုက်နေရသဖြင့် အခြေအနေကို အာရုံစိုက်နိုင်စွမ်း မရှိခဲ့ပေ။

ထို့ကြောင့် တိုက်ပွဲကိုသတိပြုမိသည့်တိုင် ရန်ကျောက်ကဲ နတ်ဘုရာအးဆုံးသတ်ဓားသိုင်းအသုံးပြုသည်ကို သတိထားမိရန်မှာ အမှန်တကယ်ပင် ခက်ခဲပေမည်။

နယ်ခြားတိုက်ပွဲအခြေအနေကြောင့် ကျင်းထင်တောင်မှလူများ ဝါဒတောင်သို့ လာရောက်နိုင်ခြင်းမရှိလျှင်တောင်မှ တိုက်ပွဲပြီးလျှင် ရောက်ရှိလာမည့်သူများ ရှိနေမည်မှာ သေချာသည်။

ထို့အချိန်တွင် ကောင်းကင်အက်ကွဲကြောင်းပမာဆင်တူသည့် နတ်ဘုရားအဆုံးသတ်ဓားဝိညာဉ်က အချိန်တိုအတွင်း ပျောက်ကွယ်သွားဦးမည်မဟုတ်ပေ။

ကွမ်းလီတဲ့၏အကြည့်များကို ရင်ဆိုင်ရင်း ရန်ကျောက်ကဲက ဟားတိုက်ရယ်မောလိုက်သည်။

သူက ကွမ်းလီတဲ့ကို ကြည့်ရင်း...

“အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တစ်ခုလုံးကို တုန်လှုပ်သွားစေတဲ့ သတင်းကတော့ ကြယ်ခြွေလက်ဝါးသခင်က စန့်ချင်အဆက်အနွယ်က ဆင်းသက်လာတဲ့သူ ဖြစ်နေတာပဲ ၊ ဒီလိုဖြစ်မယ်လို့ တကယ့်ကို မျှော်လင့်မထားခဲ့ဘူး”

ထိုစကားကြားတော့ ကွမ်းလီတဲ့မျက်လုံးများ ပြူးကျယ်သွားပြီး...

“မင်း...”

ရန်ကျောက်ကဲက...

“အထောက်အထားတွေက ငြင်းလို့မရပါဘူး...”

ရန်ကျောက်ကဲက ဓားဒဏ်ရာအက်ကွဲကြောင်းကို ညွှန်ပြပြီး ပြုံးလိုက်သည်။

“ဒီ ဓားဒဏ်ရာကိုတွေ့တယ်မလား ၊ ငါနဲ့ ငါ့ရဲ့ဂိုဏ်းက တိဟွမ်မြေကမ္ဘာဧကရာဇ်ရဲ့ အချုပ်အချာအာဏာနဲ့ အမိန့်ကိုနာခံပြီး စန့်ချင်အဆက်အနွယ်ဖြစ်တဲ့ မင်းကိုသတ်ဖြတ်ပစ်လိုက်တာပဲ ၊ အမှန်တရားက အရမ်းရိုးရှင်းတယ်”

ကွမ်းလီတဲ့က အော်ဟစ်လိုက်သည်။

“သိပ်တော်တဲ့ ရန်ကျောက်ကဲ... သမင်တစ်ကောင်ကိုလက်ညှိုးထိုးပြီး မြင်းလို့ပြောရင် ဘယ်သူယုံမှာလဲ ၊ မင်းက ငါ့ကို လွှဲချချင်တယ်ဆိုရင်တောင် ချောင်ကျယ်ကို အလွယ်တကူ အရူးလုပ်လို့ရမယ်ထင်သလား”

ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...

“အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို လှည့်စားဖို့ တစ်ခါမှမတွေးမိပါဘူး ၊ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် အပြင်ဘက်မှာဖြစ်နေတဲ့ကိစ္စတွေကိုပဲ တွက်ချက်နိုင်ဖို့ ငါစဉ်းစားတယ် ၊ တကယ်လိုအပ်တာလည်း ဒါပဲ မဟုတ်လား”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ မင်းကတော့ အရှေ့တောင်ထိပ်တန်းအရှင်သခင်အတွက် အရေးကြီးနေတဲ့အချိန်မှာ သူ့ရဲ့ရည်ရွယ်ချက်ကိုဆန့်ကျင်ခဲ့တယ် ၊ မင်းတို့ကြားက ခင်မင်မှုဆိုတာ ကျန်ရှိပါဦးမလား စဉ်းစားကြည့်ပေါ့”

ရန်ကျောက်ကဲကိုစူးစိုက်ကြည့်ရင်း ကွမ်းလီတဲ့‌ကျောရိုးတစ်လျှောက်အေးစိမ့်သွားကာ ထိုအေးစိမ့်မှုက ဦးခေါင်းငယ်ထိပ်ဆီထိ စောင့်တက်သွားသည်။

ရန်ကျောက်ကဲက လက်နှစ်ဖက်ကို ဖြန့်ကားရင်း အေးဆေးစွာဖြင့်...

“မင်း ငါ့ဆီက အမတမှော်ဝင်ပစ္စည်းရသွားတယ်ဆိုရင်လည်း... အရှေ့တောင်ထိပ်တန်းအရှင်သခင်က အဲဒီကိစ္စကို စိတ်ဝင်စားမှာမဟုတ်ဘူး ၊ မင်းကို ငါသတ်လိုက်ရင်လည်း အရှေ့တောင်ထိပ်တန်းအရှင်သခင်က ငါ့ကို ဘာမှလုပ်မှာမဟုတ်ဘူး”

ကွမ်းလီတဲ့ကိုကြည့်ပြီး ရန်ကျောက်ကဲက ထပ်မံ ရယ်မောလိုက်သည်။

“မင်း ငါ့ကိုမတိုက်ခိုက်ဘဲ အချိန်မီထွက်ပြေးမယ်ဆိုရင် မီရဲ့သားနဲ့ မင်းဟာမင်း ထွက်မပြေဘဲ အခွင့်အရေးကို လက်လွှတ်ခံလိုက်တာလေ”

“မင်းဟာမင်း သေလမ်းရွေးလို့ သေရတာပဲမဟုတ်လား”

ကွမ်းလီတဲ့နှလုံးသားထဲ အေးစက်သွားချိန် အေးစိမ့်သောဓားသွားက သူ့လည်ပင်းထက်ကျရောက်လာပြီ ဖြစ်သည်။

ရန်တိ၏ဓား...။

ဖခင်ဖြစ်သူက လှုပ်ရှားလိုက်ချိန်တွင် ရန်ကျောက်ကဲက ကွမ်းလီတဲ့ကို လုံးဝအရေးမစိုက်တော့ပေ။

သူပြောသလိုပင် စောစောစီးစီးပြေးမည်ဆိုလျှင် ကွမ်းလီတဲ့အနေဖြင့် လွတ်လမ်းရှိနိုင်သည်။

အဆုံးသတ်မှာတော့ သူက အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို ပိုင်ဆိုင်ထားသည့် သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သလို ရှန်လင်ကျီနှင့် ခန်းဖင်းတို့ကဲ့သို့ နတ်ဘုရားထောင်ချောက်ဓားသိုင်းဖြင့်လည်း သူ့ကို တန်ပြန်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

ထိုသို့သောအထွတ်ထိပ်ကျင့်ကြံသူတစ်ယောက်က သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုကို ရင်ဆိုင်ခြင်းမပြုဘဲ စောစောစီးစီး ထွက်ပြေးမည်ဆိုလျှင် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် သူ့ကိုတားဆီးနိုင်သူ အများအပြားမရှိပေ။

စိတ်မကောင်းစရာမှာ သူ့ ရန်ကျောက်ကဲ၏တန်ခိုးစွမ်းအားကို လွဲမှားစွာအကဲဖြတ်မိပြီး ဆုံးဖြတ်ချက်မှားယွင်းခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု‌တော့ နောက်ကြောင်းပြန်လှည့်၍ မရနိုင်တော့ပေ။

သူ့ခန္ဓာကိုယ်က အတော်လေးအားနည်းနေကြောင်း အာရုံခံမိသည့်အခါ ရန်ကျောက်ကဲ ခေါင်းခါယမ်းလိုက်၏။

အရှေ့ပိုင်းထိပ်တန်းအရှင်သခင်၏တပည့် ရှန်ယိယန်နှင့် ထိပ်တိုက်ရင်ဆိုင်ရစဉ်က ပကတိမိုးကြိုးစွမ်းအားကို အသုံးပြုခဲ့သော်လည်း အကန့်အသတ်ထားရှိခဲ့သည်။

ယခု ကွမ်းလီတဲ့နှင့် တိုက်ခိုက်စဉ်မှာတော့ သူက ပကတိမိုးကြိုးစွမ်းအားကို အမြင့်ဆုံးအဆင့် အသုံးပြုခဲ့သဖြင့် သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရများကို ဆိုးရွားစွာ ကုန်ဆုံးစေခဲ့သည်။

သို့သော် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသဖြင့် စွမ်းအားများ လုံးလုံးလျားလျား ကုန်ခမ်းသွားခြင်းတော့ မရှိခဲ့ပေ။

ရန်ကျောက်ကဲက ခေါင်းကိုမော့ပြီး အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်၏။

ထို့နေရာတွင် လျှင်မြန်စွာပြေးလွှားနေသော လူရိပ်တစ်ခု ရှိနေသည်။

ကွမ်းမင်ဂိုဏ်းချုပ် ‘လော့ကျီးထောင်’။

တန်ခိုးစွမ်းအားများကို ကောင်းစွာထိန်းချုပ်ထားခြင်းမရှိသော ကွမ်းလီတဲ့၏ဖမ်းဆီးခြင်းကိုခံရသဖြင့် လော့ကျီးထောင်မှာ ဒဏ်ရာအပြင်းအန် ရရှိထားသည်။

စောစောကတိုက်ပွဲတွင် ဥက္ကာပျံအလင်းတန်းများက လော့ကျီးထောင်၏ဒဏ်ရာကို ပိုမိုဆိုးရွားစေခဲ့သော်လည်း သူ့ကိုချုပ်နှောင်ထားခြင်းမှ လွတ်ကင်းသွားခဲ့သည်။

လွတ်မြောက်သည်နှင့် လော့ကျီးထောင်က သူ၏ဒဏ်ရာများကို အရေးမစိုက်ဘဲ ကမန်းကတန်းပင် ထွက်ပြေးသွားခဲ့သည်။

ရန်ကျောက်ကဲ ၊ ရန်တိ ၊ ကွမ်းလီတဲ့ ၊ ရှန်လင်ကျီ ၊ ဧကရာဇ်ရွှမ်ဟွမ်နှင့် တာအိုဆရာ’ရှီ’ တို့၏ ပြင်းထန်သော ဝါဒတောင်တိုက်ပွဲကြီးကို မျက်မြင်တွေ့ကြုံရပြီးနောက် သူ့စိတ်ထဲတွင် အတွေးတစ်ခုသာလျှင် ရှိတော့သည်။

ဤ ဝါဒတောင်မှ တတ်နိုင်သမျှ ဝေးဝေးသို့ရောက်ရန်ဖြစ်၏။

ယခင်က သူ့တွင် နာကျည်းမှု ၊ လက်မခံနိုင်မှု ၊ စိတ်ပျက်အားငယ်မှုနှင့် တင်းမာမှုများကို ခံစားနေရသော်လည်း ယခုတော့ စိတ်ပျက်ခြင်းတစ်ခုသာလျှင် ကျန်ရစ်တော့သည်။

လက်ရှိ ရန်ကျောက်ကဲနှင့် ဝါဒတောင်၏အခြေအနေက သူ ဆန့်ကျင်နိုင်သည့် အနေအထား မဟုတ်တော့ပေ။ ယခုအချိန် ထိုသူများနှင့် ထိပ်တိုက်တွေ့ခြင်းက ကျောက်တုံးကို ကြက်ဥနှင့်ထိုးနှက်သည့်အလား ကိုယ့်သေတွင်းကိုယ်တူးခြင်း မည်ပေလိမ့်မည်။

လော့ကျီးထောင်က ရဲရင့်ပြီးပြတ်သားသူတစ်ယော်ကဖြစ်သည့်တိုင် အောင်မြင်ရန် မျှော်လင့်ချက်မရှိသည့် တိုက်ပွဲမျိုးကိုတိုက်ခိုက်ပြီး သေလမ်းကိုရွေးချယ်မည် မဟုတ်ပေ။

“တောင်တွေရှိနေသရွေ့ ထင်းရှိနေဦးမှာပဲ ၊ ငါအသက်ရှင်နေရင် တစ်နေ့မှာ သေချာပေါက် လက်စားချေနိုင်မှာပါ”

လော့ကျီးထောင်က ထိုစကားကို သူ့ကိုယ်သူ အကြိမ်ကြိမ်အခါခါ ပြောခဲ့သည်။

သို့သော် မကြာသေးမီနှစ်များအတွင်း ရန်ကျောက်ကဲနှင့် ဝါဒတောင်၏ ဖွံ့ဖြိုးတိုးတက်မှုက အရှိန်အဟုန်ဖြင့် ကြောက်မက်ဖွယ်ရာ မြင့်တက်လာလေရာ နှစ်အနည်းငယ်အတွင်း ကွမ်းမင်ဂိုဏ်းအနေဖြင့် လက်စားချေနိုင်ပါမည်လား။

သူတို့ကြားမှ ကွာဟချက်က ပိုမိုကြီးမားလာမည် ဖြစ်သည်။

လော့ကျီးထောင်မှာ ထိုသဘောတရားကို နားလည်သော်လည်း လက်စားချေရန် တွေးတောခဲ့မိသည်ပင်။ မဟုတ်ပါက စိတ်ပျက်အားငယ်မှုကြောင့် ပျက်ဆီးခြင်းချောက်နက်အတွင်းသို့ ထိုးကျသွားနိုင်သည်။

ထိုအချိန်...

လော့ကျီးထောင်ခန္ဓာကိုယ် ဆတ်ခနဲတုန်ခါသွားပြီး လူရိပ်တစ်ခု သူ့ရှေ့သို့ရောက်လာသည်။

ခေါင်းမော့ကြည့်လိုက်တော့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို တွေ့လိုက်ရ၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်ထဲတွင် ရွှမ်ဧကရာဇ်လှံရှည်ကို ကိုင်ဆောင်ထားပြီး တည်ငြိမ်အေးဆေးသည့်အသံဖြင့်...

“အရင်တုန်းက ဒီ’ရန်’ သိုင်းသူတော်စင်အဆင့်တက်ရောက်တဲ့အချိန်မှာပဲ... အစွန်းရောက်ရှစ်ပါးကမ္ဘာကနေ အထက်ဘုံကမ္ဘာကို ခရီးထွက်လာခဲ့တယ် ၊ ဘာလို့လဲဆိုတော့ မင်းတို့ဂိုဏ်းနဲ့ နေသူတော်စင်ဂိုဏ်းရဲ့ ပတ်သက်ဆက်နွယ်မှုကြောင့်ပဲ”

“လွန်ခဲ့တဲ့ (၄)နှစ်က... သဘာဝပသာဒနယ်မြေရဲ့ ပင်လယ်နက်ထဲမှာ ငါ ကျန်းချောင်ကို တမလွန်ပို့ပေးလိုက်ပြီးပြီ ၊ အခု မင်းကို တမလွန်ပို့ပေးရတော့မယ် ‘လော့’ ဂိုဏ်းချုပ်”

“ဒါဆိုရင် မင်းနဲ့ ငါတို့ဝါဒတောင်ကြားမှာ ရန်ငြိုးတွေ အဆုံးသတ်သွားလိမ့်မယ်”

ပြောပြီးသည်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရွှမ်ဧကရာဇ်လှံရှည်ဖြင့် လော့ကျီးထောင်ကို ထိုးစိုက်ချလိုက်သည်။

ဒဏ်ရာပြင်းထန်စွာရရှိထားသလို နေလစကြာကိုလည်းဆုံးရှုံးသွားပြီဖြစ်ရာ လော့ကျီးထောင်သည် လှံချက်ကို ခုခံနိုင်ခြင်း မရှိတော့ပေ။

သေမင်းအရိပ် သူ့အပေါ်လွှမ်းခြုံလာသည်ကို ခံစားရသည့်အခါ ပထမဆုံးအကြိမ် နောင်တရခြင်းကို ခံစားလိုက်ရသည်။

“တကယ်လို့ ငါသာ အဲဒီအချိန်တုန်းက နေသူတော်စင်ဂိုဏ်းရဲ့စကားကိုနားထောင်ပြီး ထူးကဲယင်သရဖူနဲ့ ထူးကဲယန်စည်းတံဆိပ်ကို မလိုချင်ခဲ့ဘူးဆိုရင် ဒီနေ့ ဒီလိုဒုက္ခမျိုး ဖြစ်မှာမဟုတ်ဘူး”

“တကယ်လို့ ငါသာ ရန်ကျောက်ကဲနဲ့ ပူးပေါင်းဖို့ ကြိုးစားခဲ့မယ်ဆိုရင် အထက်ဘုံကမ္ဘာမှာ ငါ့ဂိုဏ်းတစ်ခုလုံး ပျက်ဆီးတဲ့အခြေနေမျိုး ရောက်သွားမှာမဟုတ်ဘူး”

စိတ်မကောင်းစရာမှာ ဤသည်က ရိုးရှင်းစွာပင် မဖြစ်နိုင်တော့ပေ။

အောက်ဘုံကမ္ဘာများကို ကြိုက်သလိုသုတ်သင်ပစ်နိုင်စွမ်းရှိသည့် အထက်ဘုံကမ္ဘာမှ စွမ်းအားကြီးမားသော ကွမ်းမင်ဂိုဏ်းအနေဖြင့် အောက်ဘုံကမ္ဘာတွင် ထူးကဲယန်စည်းတံဆိပ်နှင့် ထူးကဲယင်သရဖူရှိနေသည်ကို သိရသည့်အခါ လိုချင်တပ်မက်စိတ် ဖြစ်လာသည်မှာ အမှန်ပင်။ အောက်ဘုံကမ္ဘာမှ သိုင်းဂိုဏ်းတစ်ခုက သူတို့ကို အံတုရင်ဆိုင်ပြီး သုတ်သင်ပစ်မည်ဆိုသည်မှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။

တစ်ဖက်လူက သိုင်းသူတော်စင်တစ်ယောက်ပင်မဖြစ်သေးဘဲ သူတို့ဂိုဏ်းရဲ့ သိုင်းသူတော်စင် အတော်များများကိုသတ်ဖြတ်ခဲ့သည်။

ထိုလူငယ်အထက်ဘုံကမ္ဘာသို့ ရောက်လာရဲသည့်အခါ သတ်ဖြတ်မပစ်ဘူးဆိုလျှင် ဂိုဏ်းတစ်ခုလုံးရဲ့ ထောက်ခံမှုကို မည်သို့ ထိန်းသိမ်းနိုင်ပါမည်နည်း။

လော့ကျီးထောင်သည် သူ၏ ဆုံးဖြတ်ချက်များ လုံးဝမမှားကြောင်း ခံစားခဲ့ရသည်။ သို့သော်လည်း အတွေ့အကြုံများမှ မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ရာ အားလုံးသည် အဆုံးတွင် အမှားများ ဖြစ်လာခဲ့သည်။

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

"မင်းလည်း ကွမ်းလီတဲ့နောက်လိုက်သွားတော့..."

လော့ကျီးထောင်သာ ယိုးမင်ဂမ္ဘီရစက်ဝန်းအကြောင်း သတင်းမဖြန့်ခဲ့လျှင် ကွမ်းလီတဲ့သည်လည်း ဝါဒတောင်ကိုပစ်မှတ်ထားရန် ရောက်ရှိလာမည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် ကျူတောပင်လယ်ဒေသမှ သူ အေးအေးဆေးဆေးထွက်သွားနိုက်မည် ဖြစ်သည်။

သို့သော်...

ဤလောကတွင် "အကယ်၍" ဆိုသည်မှာ မရှိပေ။

"သေဖို့တောင်းဆိုမှတော့ သေလိုက်တော့"

လှံတစ်စင်း၏အရိပ်က တောက်ပလျှက် ဗလာနယ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။

"ဘန်း..."

သွေးစများလွင့်စင် ပေါက်ကွဲထွက်သွားသည်။

ထိုနေ့တွင်...

ကွမ်းမင်ဂိုဏ်းချုပ်လော့ကျီးထောင် သေဆုံးသွားခဲဲ့ပြီး....

တစ်ချိန်က ကျူတောပင်လယ်ဒေသတွင် အဓိကစွမ်းအားအဖြစ် နှစ်ပေါင်းများစွာ အထွတ်အမြတ်ရပ်တည်ခဲ့သော "ကွမ်းမင်ဂိုဏ်း" သည် လေနှင့်အတူလွင့်မျောပျောက်ကွယ်သွားပြီး သမိုင်းထဲတွင်သာ ကျန်ရစ်ခဲ့တော့သည်။

All Chapters