← Chapters

ဂျင်ဆင်းသစ်ပင်မှသစ်ရွက်

Vol. 63 Ch. 887

ဂျင်ဆင်းသစ်ပင်မှသစ်ရွက်

Vol. 63 Ch. 887

အခန်း (၈၈၇) ဂျင်ဆင်းသစ်ပင်မှသစ်ရွက်

ရန်ကျောက်ကဲကိုင်ဆောင်ထားသည့် ‘ပေလိပ်သစ်ရွက်’ ၏ မူလဇာစ်မြစ်ကို လူအများစု မသိနိုင်ကြပေ။ ထိုပစ္စည်းက အမှန်တကယ်ပင် ဒဏ္ဍာရီထဲက အရာဝတ္ထုတစ်ခုနီးပါး ဖြစ်နေပေပြီ။

ဒဏ္ဍာရီထဲတွင် မိုးမြေနှင့်အညီ ဝိညာဉ်စွမ်းအားညီမျှသော အံ့သြဖွယ်ရာ သစ်ပင်တစ်ပင် ရှိခဲ့သည်။

နှစ်ပေါင်းတစ်ထောင်နေမှတစ်ကြိမ်ပန်းပွင့်ပြီး နောက်ထပ် နှစ်ပေါင်း(၃၀၀၀)ကြာမှ သစ်သီး သီးသည်။ သစ်သီးများရင့်မှည့်ပြီး ရိတ်သိမ်းရန်အတွက် နောက်ထပ် နှစ်ပေါင်း (၃၀၀၀) ထပ်ပြီစောင့်ရသည်။

နှစ်ပေါင်းတစ်သောင်းအတွင်းတွင် သစ်သီးအလုံး (၃၀)သာလျှင် သီးသည်။

ကံကောင်းစွာဖြင့် ထိုသစ်သီး၏ရနံ့ကို ရှူရှိုက်မိသူများသည် အသက် (၃၆၀)အထိ ရှည်နိုင်သည်။ ထိုသစ်သီးကို စားသုံးမိသူများကတော့ အက် (၄၇၀၀)အထိ ရှည်နိုင်သည်။

ထိုသစ်သီးက သတ္တုနှင့် ထိတွေ့လျှင်ကြွေကျပြီး ၊ သစ်သားနှင့်ထိတွေ့ပါက ညှိုးခြောက်ရှုံတွသွားသည်။ ရေနှင့်ထိတွေ့ပါက အရည်ပျော်သွားပြီး မီးနှင့်ထိတွေ့ပါက လောင်ကျွမ်းသွားကာ မြေကြီးပေါ်သို့ကျပါက မြေအောက်သို့ နစ်မြုပ်သွားလေသည်။

ထိုသစ်သီးကို ဂျင်ဆင်းသစ်သီးဟုခေါ်ပြီး ‘အနောက်သို့ခရီးသွားမှတ်တမ်း’ ထဲတွင် အလွန်နာမည်ကျော်ကြားခဲ့သော သစ်သီး ဖြစ်သည်။

ထို ဂျင်ဆင်းသစ်ပင်ကို ပိုင်ဆိုင်သူမှ ဒဏ္ဍာရီထဲမှ ဘိုးဘေး မြေနတ်ဘုရား ‘ကျန့်ယွမ်ကျီ’ ဖြစ်သည်။ သူက မိုးမြေကိုသာကိုးကွယ်ပြီး စန်းချင်း (၃)ပါးကို ကိုးကွယ်ခြင်းမရှိသလို သူကိုယ်တိုင်က စကြာဝဠာနှင့်အညီ အသက်ရှည်သူ ဖြစ်၏။

သူက မိုးနှင့်မြေကိုသာ ကိုးကွယ်သည်ဟု ဆိုသော်လည်း တကယ်တမ်းမှာတော့ မိုးကောင်းကင်တာအိုကိုသာ ရိုသေကိုးကွယ်ခြင်း ဖြစ်သည်။ ‘မြေပြင်’ ဆိုသည်က ကမ္ဘာလောက ညီမျှမှုရှိစေရန် တည်ရှိမှုတစ်ခုအနေဖြင့် ထည့်သွင်းထားခြင်းသာပင်။

အခြားစကားဖြင့်ဆိုရလျှင် တန်ခိုးစွမ်းအားရှင်ကြီးများ၏ မျက်လုံးထဲတွင် ‘မိုးကောင်းကင်’ သည်သာ ကိုးကွယ်ရန်ထိုက်တန်ပြီး ‘မြေပြင်’ ဆိုသည်က အဖြည့်ခံသက်သက်သာ ဖြစ်၏။

မျှမျှတတပြောရလျှင် ဤကြီးမြတ်သောအမတနတ်ဘုရားသည် တာအိုဝါဒသမိုင်းတစ်လျှောက်တွင် ထိပ်တန်းအဆင့်ရှိသော ဒဏ္ဍာရီထဲမှ ပုံရိပ်တစ်ခု ဖြစ်သည်။

သို့သော် သူနှင့် သူ၏ဂျင်ဆင်းသစ်ပင်သည် ဤလောကတွင် ထွက်ပေါ်မလာသည်မှာ အလွန်တရာ အချိန်ကြာမြင့်ခဲ့ပေပြီ။

မဟာကပ်ဘေးကြီးမတိုင်ခင် နှစ်ပေါင်းများစွာကတည်းက သူ့သတင်းမကြားရသည်မှာ ကြာမြင့်ပြီဖြစ်ပြီး သူ၏တည်ရှိမှုက ဒဏ္ဍာရီဆန်လွန်းသည်။

ကျန့်ယွမ်ကျီနတ်ဘုရား၏ မူလနေထိုင်ရာနေရာက ‘အိမ်တော်(၅)ပါးဒေသ’ သည် ဟိုးရှေးယခင်ကတည်းက တည်ရှိခဲ့ရာနေရာဖြစ်ပြီး သူ၏တပည့်အချို့ကတော့ ကျန်ရစ်နေသေးသည်။

မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက်မှာတော့ ထိုနေရာက သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။ ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာမှာပင် ‘အိမ်တော်(၅)ပါးဒေသ’ မည်သည့်နေရာတွင်တည်ရှိကြောင်း ကြားသိရခြင်း မရှိတော့ပေ။

သို့သော် အထက်ဘုံကမ္ဘာတွင် အထွတ်ထိပ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်းက ကျန့်ယွမ်ကျီနတ်ဘုရားထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။

ထိုသူသည် ကျန့်ယွမ်ကျီနတ်ဘုရား၏ တိုက်ရိုက်အဆက်အနွယ် သို့မဟုတ် အကြွင်းအကျန်အမွေအနှစ်များကို ရှာဖွေတွေ့ရှိပြီး ကျင့်ကြံခဲ့သည်လား မည်သူမှ မသိခဲ့ကြပေ။

ထိုသူမှာ ဧကရာဇ် (၅)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ‘ချင်းယွမ်ဧကရာဇ်’ ပင် ဖြစ်သည်။

သူက ကျန့်ယွမ်ကျီနတ်ဘုရား၏ ကျင့်ကြံခြင်းအားလုံးကို ရရှိခဲ့ခြင်းမရှိသော်လည်း အခြားသောဧကရာဇ်များနှင့် တန်းတူညီတူအရည်အချင်းဖြင့် မိုးအောက်မြေပြင်တစ်ခွင် စိုးစံနေဆဲ ဖြစ်သည်။

တာအိုဆရာ’ရှီ’ တည်ဆောက်ခဲ့သော မိုးမြေနက္ခတ်အစီအရင်ကိုကြည့်ခြင်းအားဖြင့် ထိုအစီအရင်ထဲတွင် ‘အိမ်‌တော်(၅)ပါးဒေသ’ မှ သဲလွန်စများပါဝင်နေသည်ကို ရန်ကျောက်ကဲ ခံစားရသည်။

‘အိမ်‌တော်(၅)ပါးဒေသ’ က အတော်လေးထူးခြားသည့်နေရာတစ်ခုဖြစ်သည်။

ကောင်းကင်ဘုံနန်းတော် စာကြည့်တိုက်မှာပင် ကျန့်ယွမ်ကျီနတ်ဘုရား၏ သိုင်းပညာများက ကန့်သတ်ထားခြင်း ခံရသည်။ ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် ထိုအချက်ကို ချက်ချင်းအတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

သို့သော် ယခုတော့ တာအိုဆရာ’ရှီ’ ၏ ပိုင်ဆိုင်မှုများထဲတွင် ဂျင်ဆင်းသစ်ပင်မှ ပေလိပ်သစ်ရွက်ကို တွေ့ရှိခဲ့ရပြီး ထိုအချက်က အပြည့်အဝ သေချာသွားခဲ့သည်။

ဧကရာဇ်ရွှမ်ဝမ် ၊ တာအိုဆရာ’ရှီ’ နှင့် ရှန်လင်ကျီတို့ကို ကျူတောပင်လယ်ဒေသတွင် အခြေချနေထိုင်စေပြီး မြေကမ္ဘာဘုရင်မကို ရှာဖွေရန်အတွက် ကောင်းကင်စွမ်းအားအစီအရင်ကို တည်ဆောက်စေခဲ့သော နောက်ကွယ်မှကြိုးကိုင်သူမှာ ‘ချင်းယွမ်ဧကရာဇ်’ မှတစ်ပါး အခြားသူ မဖြစ်နိုင်ပေ။

အရှေ့တောင်ထိပ်တန်းအရှင်သခင်သည်လည်း ဤအချက်ကို တိတ်တဆိတ် ပြုလုပ်ခွင့်ပေးခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။

“ဒီလိုအဆင့်ကိုရောက်နေတဲ့ကျင့်ကြံသူတွေက တကယ့်ကို ခိုင်မာအားကောင်းတဲ့ အခြေခံအုတ်မြစ်တွေ ရှိကြတာပဲ”

ရန်ကျောက်ကဲ မေးစေ့ကိုပွတ်သပ်ရင်း တွေးလိုက်သည်။

“ဒီ့အရင်က ‘အိမ်တော်ငါးပါးဒေသ’ က အမွေအနှစ်တွေကို သိတဲ့သူ နည်းနည်းပဲရှိတယ် ၊ ဒါပေမဲ့ ဒီချင်းယွမ်ဧကရာဇ်မှာ ယွိချင်အဆက်အနွယ်ရဲ့ ထာဝရအလင်းကောင်းကင်ကျမ်းစာလည်း ရှိနေတာပဲ”

ရှေးကျသည့် သတ္တုစည်းတံဆိပ်တစ်ခုက သူ့လက်ထဲတွင်ပေါ်လာသည်။ ထိုအရာက ဓားတစ်လက်မဟုတ်သော်လည်း ဓားတစ်လကနှင့်ဆင်တူပြီး စတုဂံပုံသဏ္ဌန် ရှိသည်။ ဓားသွားထိပ်ဖျားက ခပ်တံးတုံးဖြစ်ပြီး ရိုးရှင်းသည့် ဝိညာဉ်သင်္ကေတပုံစံများ ရေးထိုးထားသည်။

ထိုအရာက ရှန်လင်ကျီ၏ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်ဖြစ်လေသည်။

ဓားသွားအသွင်ရှိသော ရှေးဟောင်းစည်းတံဆိပ်မှထွက်ပေါ်နေသည့် ရှေးဟောင်းရောင်ဝါက နှစ်‌ပေါင်းသန်းနှင့်ချီပြီး ဖြတ်သန်းလာသည့်အလား ထင်မှတ်ရသည်။

ရန်ကျောက်ကဲ ပြုံးလိုက်၏။

ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့် သူ အရင်ကရရှိထားသည့် ထာဝရအလင်းကောင်းကင်ကျမ်းစာကို ဤ ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်နှင့် ပေါင်းစပ်လိုက်ပါက ထာဝရအလင်းကောင်းကင်ကျမ်းစာတစ်ခုလုံးကို ပြန်လည်ပုံဖော်နိုင်မည်ဟု သူက ယုံကြည်ချက်ရှိသည်။

ချင်းယွမ်ဧကရာဇ်နှင့် ရှန်လင်ကျီတို့၏ သိုင်းပညာအယူအဆများက သေချာပေါက် အထဲတွင်ပေါင်းစည်းနေပြီး မူလကျမ်းစာမဟုတ်သည့်တိုင် အတော်လေး လုံလောက်ပြည့်စုံနေပြီ ဖြစ်သည်။

နောက်ပိုင်းတွင် ကျင့်ကြံရင်းဖြင့် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကိုအသုံးပြုကာ လိုအပ်သလို ဖြည်းဖြည်းချင် ချိန်ညှိသွားနိုင်သည်။

သို့သော် ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်က အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်နေပြီး အမတကူးပြောင်းခြင်း အလယ်ဆင့် ကျင့်ကြံသူဖြစ်သောရှန်လင်ကျီ၏ ဓားဝိညာဉ်ကိန်းအောင်းနေသည်။

ထို့ကြောင့် အတွင်းမှ သဘောတရားများကို မရယူနိုင်ခင် ဤစည်းတံဆိပ်ကို ပြန်လည်သန့်စင်ရန်အတွက် အချိန်နှင့်အားထုတ်မှု အနည်းငယ်လိုအပ်သည်။

ရန်ကျောက်ကဲကလည်း အလျင်လိုခြင်း မရှိပေ။

ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်ကို သိမ်းဆည်းလိုက်ပြီးနောက် ရန်ကျောက်ကဲ၏အကြည့်က ဂျင်ဆင်းသစ်ပင်မှ ပေလိပ်သစ်ရွက်ဆီသို့ ထ့်မံကျရောက်သွားသည်။

“နှမျောစရာပဲ... ဒီသစ်ရွက်က အသက်ဓာတ်စွမ်းအားတွေက ကုန်ဆုံးနေပြီ”

ဂျင်ဆင်းသစ်ပင်က မိုးနှင့်မြေ၏ ဝိညာဉ်စွမ်းအားသစ်ပင်တစ်ပင် ဖြစ်သည်။ ထိုသစ်ပင်ထဲတွင်ပါဝင်သော ဝိညာဉ်စွမ်းအားက အခြားသော နတ်သစ်ပင်များထက်ပင်သာလွန်ပြီး ထိပ်တန်းအဆင့်တွင် ရှိသည်။

သို့သော် ဆန့်ကျင်ဘက်အနေဖြင့် အသက်ဓာတ်စွမ်းအား ခမ်းခြောက်သွားလျှင်လည်း နတ်ဘုရားတစ်ပါးသည်ပင်လျှင် ကယ်တင်ရန် ခဲယဉ်းပေမည်။

ရန်ကျောက်ကဲကိုင်ထားသည့်သစ်ရွက်က ရှုံ့တွနေပြီ ဖြစ်သည်။

သူက ဘဝဖန်ဆင်းခြင်း ကောင်းကင်ကျမ်းစာကိုသိရှိသော်လည်း လောလောဆယ်တွင် မည်သည့်အရာကိုမှ တွေးတောစဉ်းစား၍မရပေ။

အလွန်တရာ မျှော်လင့်မထားစွာပင် အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်ဖြစ်သည့် ကွမ်းလီတဲ့ကတော့ အ‌တော်လေး ဆင်းရဲရှာသည်။

ရန်ကျောက်ကဲကမှာ အတော်လေးပင် စိတ်ဓာတ်ကျသွားခဲ့သည်။

ကွမ်းလီတဲ့၏ ကျင့်ကြံခြင်းအဆင့် ၊ အဆင့်အတန်းနှင့် ကမ္ဘာများစွာအလွန်တွင် နှစ်ပေါင်းများစွာ လှည့်လည်သွားလာနေခဲ့သည်ဖြစ်ရာ သူ့တွင် ရတနာပစ္စည်းများစွာ ပေါကြွယ်ဝသင့်ပေသည်။

သို့သော် ယခုတော့ ကြည့်ရသည်မှာ သူက အမတကူးပြောင်းခြင်း ကနဦးအဆင့်ဖြစ်သည့် ကုကျန်းနှင့် ဟယ်တုန်းချန်တို့ထက်ပင် ဆင်းရဲနေသေးသည်။

သူ၏ အဆင့်မြင်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘အရုဏ်ဦးကြယ်စင်သရဖူ’ နှင့် အခြားသော အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများမှလွဲပြီး အခြားအဖိုးတန်ပစ္စည်းဘာမှသိပ်မရှိသဖြင့် ရန်ကျောက်ကဲက စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

သူက သစ်ရွက်ကိုသိမ်းလိုက်ပြီး အခြားသော တိုက်ပွဲမှရရှိခဲ့သောပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။

“ကွမ်းလီတဲ့က တစ်ကိုယ်တော်သိုင်းကျင့်ကြံသူဆိုပေမယ့် သူ့မှာတပည့်တွေတော့ ရှိရမယ်”

ရန်ကျောက်ကဲ စဉ်းစားလိုက်သည်။

“ကျူတောပင်လယ်ဒေသကိုရောက်လာတော့... သူတစ်ယောက်တည်းရောက်လာတာပဲ ၊ သူ့တပည့်တွေ နောက်လိုက်တွေ ပါမလာဘူး ၊ ကြည့်ရတာ သူ့တပည့်တွေက သူ့အလုပ်တွေကို ကူညီပေးနေတာမျိုး ဖြစ်နိုင်တယ် ၊ ဆေးဖော်တာတို့ ... အစီအရင်တည်ဆောက်တာတို့... လက်နက်ပြုလုပ်တာတို့ဖြစ်ရမယ်”

ဖြစ်နိုင်သည်မှာ ကွမ်းလီတဲ့သည် အဓိကကျသော ရတနာပစ္စည်းတစ်ခုပြုလုပ်ရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်သည်။

ကြည့်ရသည်မှာ သူ့တွင်ရှိသည့် စုဆောင်းထားသော ရတနာပစ္စည်းများအားလုံးက ထိုရတနာပစ္စည်းပြုလုပ်ရန်အတွက် သုံးစွဲရင်းနှီးပစ်လိုက်ခြင်း ဖြစ်နိုင်၏။

ရန်ကျောက်ကဲက နှုတ်ခမ်တစ်ချကသပ်လိုက်သည်။

ကွမ်းလီတဲ့က မီးလောင်သည့်အချိန် ဓားပြတိုက်ရန်ရည်ရွယ်ချက်ဖြင့် ဝါဒတောင်သို့ ရောက်ရှိလာခဲ့ပြီး သူ့အသက်မသေနိုင်ဟု ထင်မှတ်ထားပုံရသည်။ သူ့အနေဖြင့် အပြန်အလှန်တုံ့ပြန်သည့်အနေဖြင့် ကွမ်းလီတဲ့နေထိုင်ရာနေရာတွင် ဘာတွေလုပ်နေသည်လဲ သွားရောက်ကြည့်ရှုသင့်ပေသည်။

သို့ပေသိ ယခု ကွမ်းလီတဲ့သေဆုံးသွားပြီဖြစ်ရာ အရှေ့တောင် ထိပ်တန်းအရှင်သခင်က သူ၏တပည့်များကို ကာကွယ်ပေးနိုင်ပေသည်။

သေတဲ့သူက သေပြီဖြစ်သည်။

အရှေ့တောင်ထိပ်တန်းအရှင်သခင်အနေဖြင့် ကွမ်းလီတဲ့ကို မကျေနပ်သည့်တိုင် ဤကိစ္စများက ပြီးသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့ကြားတွင်ထားရှိခဲ့သော ယခင်တစ်ချိန်က ခင်မင်မှုကို ထောက်ထားရန် လိုအပ်သည်။

ထိုအချက်ကိုတွေးမိတော့ ရန်ကျောက်ကဲ ပခုံးတစ်ချက်တွန့်လိုက်ပြီး ကွမ်းလီတဲ့နေထိုင်ရာနေရာသို့သွားရောက်ရန်အတွေးကို လက်လျှော့လိုက်ပြီး အခြားကိစ္စများကိုသာ စဉ်းစားတော့သည်။

“ရှန်လင်ကျီ ၊ တာအိုဆရာ’ရှီ’ နဲ့ ဧကရာဇ်ရွှမ်ချန်တို့က အရင်တုန်းက ကျူ‌တောပင်လယ်ဒေသက ထွက်ခွာသွားပြီးတဲ့နောက် ချင်းယွမ်ဧကရာဇ်ကသူတို့ကို တာဝန်ပေးချင်တဲ့ တခြားကိစ္စတစ်ခု ရှိနိုင်တယ် ၊ အဲဒါ ဘာများလဲ”

ရန်ကျောက်ကဲ စဉ်းစားလိုက်သည်။

“ဒီဧကရာဇ်က တကယ့်ကို အကြံအစည်တွေများတာပဲ”

အတွေးပေါင်းများစွာ ရန်ကျောက်ကဲစိတ်ထဲ လှည့်ပတ်သွားပြီး ထိုအတွေးများက စစ်ပွဲမှရရှိခဲ့သောပစ္စည်းအသစ်များကို မည်သို့အသုံးပြုမည်လဲဆိုခြင်းထက်ပိုသည်။

ရန်ကျောက်ကဲက သူရရှိထားသည့်အထဲမှ ရတနာပစ္စည်းများထဲမှ အချို့ကိုယူလိုက်ပြီး သူ့အကြံအစည်ရသည့်အတိုင်း ပြုလုပ်လိုက်သည်။

သူရသည့်အကြံအစည်က ကောင်းကင်အက်ကွဲကြောင်း လုံးဝ ပြိုကျပျက်ဆီးသွားအောင် ပြုလုပ်ရန် ဖြစ်သည်။

ဤသည်က ဟာသတစ်ခုမဟုတ်ပေ။ ဤပြဿနာကို ရန်ကျောက်ကဲ အတော်အလေးအနက်ထားကာ စဉ်းစားခဲ့သည်။

ထိုပြဿနာ၏အရေးပါမှုကို သက်သေပြလိုက်သည့်ပမာ နယ်ခြားဒေသမှ သတင်းတစ်ပုဒ် လျှင်မြန်စွာ ပျံ့နှံ့လာခဲ့သည်။

သူတို့သည် တိုက်ပွဲတွင် ရှင်းလင်းသော အားနည်းချက်အတွင်းသို့ မကျရောက်ခဲ့သော်လည်း တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်၏တိုက်ခိုက်မှုက လျော့နည်းသွားခဲ့သည်။

တိုက်ခိုက်မှု လျော့နည်းသွားသည်ဆိုသော်ငြား သူတို့က နောက်ပြန်ဆုတ်သွားခြင်း မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူတို့က တိုက်ခိုက်မှု လျှော့ချပြီးနောက် ပိုပြီးနက်ရှိုင်းရာသို့ ထိုးစစ်ဆင်ရန် ရည်ရွယ်ချက်ရှိကြောင်း ပြသခဲ့သည်။

သူတို့ ကအရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တစ်ခုလုံးကို ကျူးကျော်ရန်အတွက် ဗဟိုတိုက်ကွင်းတစ်ခု ဖွင့်လှစ်ရန် ပြင်ဆင်နေသကဲ့သို့ ဖြစ်သည်။

ထိုသတင်းကိုကြားတော့ တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘ကျွမ်းရှန်’ ကိုယ်တိုင် တိုက်ပွဲထဲသို့ဝင်လာပြီး လှုပ်ရှားတော့မည်ဖြစ်ကြောင်း ရန်ကျောက်ကဲ ရိပ်မိလိုက်လေသည်။

All Chapters