← Chapters

မိုဝူကျိအား အကွက်ချ လုပ်ကြံခြင်း

Vol. 87 Ch. 1221

မိုဝူကျိအား အကွက်ချ လုပ်ကြံခြင်း

Vol. 87 Ch. 1221

“ သခင် …. ချင်းယွမ်၊ ထိုက်လွန်နဲ့ ယွမ်ကျဲတို့က အားကောင်းလွန်းတော့ မတားလိုက်နိုင်ဘူး။ ဒါပေမဲ့ ဒီလူကိုတော့ တားလိုက်နိုင်တယ် ”

ထန်းဟန်က ဝိဇ္ဇာတစ်ပါး ဖြစ်ကာ သူ့အင်အား အပြည့်အဝ ပြန်ကောင်းလာပြီ ဖြစ်၏။ ထိုစဉ် ထန်းဟန်ကဲ့သို့ ဝိဇ္ဇာက မိုဝူကျိအား သခင်ဟု ခေါ်နေလေရာ ကူဖင်းရန်အား အံ့ဩတုန်လှုပ်သွားစေသည်။ ဝိဇ္ဇာတစ်ပါးပင် မိုဝူကျိအား အထက်စီနီယာအဖြစ် သတ်မှတ်ထားလေရာ ဤမိုဝူကျိက တကယ်ကို ရူးသွပ်လွန်းနေသည် မဟုတ်ပါလော။

မိုဝူကျိက ထန်းဟန်သည် ထိုက်လွန်တို့အား တားဆီးထားနိုင်မည်မဟုတ်ကြောင်း သိပေရာ စိတ်ထဲ မထားပေ။ သူက ပိန်ပါးပါး ဘုန်းကြီးအား ကြည့်လိုက်သည်။ ထိုလူက ဝိဇ္ဇာတာအို ညီလာခံလေလံပွဲအတွင်း စကြဝဠာ တာအိုစည်းမျည်း ဝယ်ယူသွားသူ ဖြစ်၏။ ဤလူကို ထန်းဟန်က တားထားလေရာ သူ့ကျင့်ကြံဆင့်မှာ ထန်းဟန်နှင့် မယှဉ်နိုင်ကြောင်း သိသာလှသည်။

မိုဝူကျိ၏ အကြည့်ကို သတိထားမိပြီး ထိုဘုန်းကြီးက မြန်မြန် လက်နှစ်ဖက် ယှက်ကာ  “ ဂျူနီယာက စီနီယာမိုကို ဂါရဝပြုပါတယ် ”

သူက စကြဝဠာ တာအိုစည်းမျည်းအကြောင်း ထုတ်မပြောပေ။ ဤတာအိုစည်းမျည်းက သူ့အဖိုးတန်ဆုံး ပစ္စည်းနှင့် လဲလှယ်ထားခြင်း ဖြစ်ပေသည်။ အကယ်၍ သူ့အသက်ကို ပေးရမည်ဆိုလျှင်ပင် တာအိုစည်းမျည်းအား ထုတ်ပေးမည် မဟုတ်ပေ။

မိုဝူကျိက ရယ်မောကာ  “ ခင်ဗျား သွားလို့ ရပြီ။ ထန်းဟန်က မှားသွားလို့ပါ။ ကျုပ် ဝိဇ္ဇာတာအို ညီလာခံကို ရောက်လာတာက ခင်ဗျားနဲ့ မပတ်သတ်ပါဘူး ”

ထိုဘုန်းကြီးက ခဏတာ ကြောင်အမ်းသွားလေသည်။

သူနဲ့ မသက်ဆိုင်ဘူးတဲ့လား … မိုဝူကျိက သူ့ဆီကနေ စကြဝဠာ တာအိုစည်းမျည်းကို မလိုချင်ဘူးလား …

သူက မိုဝူကျိသည် သူ့ဆီတွင် တာအိုစည်းမျည်း ရှိနေသည်ကို မသိကြောင်း မယုံပေ။

“ ခင်ဗျားက စကြဝဠာ တာအိုစည်းမျည်းကို မလိုချင်ဘူးလား ” ဘုန်းကြီးက ချက်ချင်း ထွက်မသွားသေးဘဲ မိုဝူကျိအား  သတိထားကြည့်လိုက်သည်။

မိုဝူကျိက ထိုဘုန်းကြီး စိတ်ကို ချက်ချင်း နားလည်သွားလေသည်။ သူက ရယ်မောကာ

“ ကျုပ် မိုဝူကျိက ခင်ဗျားကို လွှတ်ပေးလိုက်တယ်း ဟန်ဆောင်ပြီး နောက်မှ လိုက်ဖမ်းရလောက်အောင်အထိ မနိမ့်ကျဘူး။ ကျုပ် လိုချင်ရင် အခု တိုက်လိုက်လို့ ရတယ်။ ဘာမှအပိုတွေ ပြောနေစရာ မလိုဘူး ”

ထိုစဉ် ထိုဘုန်းကြီးက မိုဝူကျိသည် ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း အသေအချာ သိလိုက်သည်။ သူက မိုဝူကျိ လုပ်ခဲ့သည့် ကိစ္စများကို မြန်မြန် တွေးကြည့်လိုက်မိသည်။

မိုဝူကျိက ထောင်ထျဲ့အိုးကို လုယူခဲ့ခြင်းမှာ သူ့အပိုင် ဖြစ်နေ၍ ဖြစ်၏။ ဝိဇ္ဇာတာအို ညီလာခံက သူ့ဆီကနေ အရင်ဦးဆုံး လုယူခဲ့ခြင်း ဖြစ်ပေသည်။ ထောင်ထျဲ့အိုးမှလွဲ၍ မိုဝူကျိက လေလံပွဲစည်းမျည်းများကို လိုက်နာခဲ့သည်။

မိုဝူကျိက ချန်းမူကို တားလိုက်စဉ်အခါက ချန်းမူ၏ လော့ကျမ်းစာရွက်ကို မလုယူခဲ့ဘဲ အလဲအလှယ် လုပ်ခဲ့သည်။ သူ ကိုယ်တိုင်ပင် ပြန်လည်ဝင်စားခြင်း တာအိုစည်းမျည်းနှင့် အလဲအလှယ် လုပ်ခဲ့သူ မဟုတ်ပါလော။ ထို့ကြောင့် ပြန်လည်ဝင်စားခြင်း တာအိုစည်းမျည်းသည် လော့ကျမ်းစာရွက်ထက် တန်ဖိုး ပို၍ မြင့်မားကြောင်း ကောင်းကောင်း သိပေသည်။

အမြင်နှင့်တင် မိုဝူကျိက သူ့အား ဓားပြတိုက်ရန် ရည်ရွယ်ချက် မရှိပေ။ ထိုဘုန်းကြီးက နှုတ်ဆက်လိုက်တော့သည်  “ စီနီယာက ဖြောင့်မတ်တဲ့သူဆိုတော့ ဂျူနီယာ သံသယ ဝင်မိတဲ့အတွက် အားနာပါတယ်။ အခု သွားလိုက်ပါဦးမယ် ”

ထိုသို့ပြောပြီးနောက် သူ့ပုံရိပ်က ထန်းဟန်၏ စွမ်းအားစက်ကွင်းကို ချိုးဖောက်လိုက်သည်။

သို့သော်လည်း သူက ချက်ချင်း ထွက်မသွားသေးပေ။ ထို့အစား သူက မိုဝူကျိဘက် လှည့်လာကာ  “ စီနီယာမိုအတွက် ကျောက်စိမ်းပေလွှာတစ်ခု ရှိတယ်။ ဒီဟာက စီနီယာအတွက် အသုံးတည့်မှာပါ ”

ထို့နောက် သူက ကျောက်စိမ်းပေလွှာကို ချန်ရစ်ထားခဲ့ပြီး ပုံရိပ် ဖြတ်ခနဲ ပျောက်ကွယ်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း သူက အာကာပြင်ထဲ ပျောက်ကွယ်သွားလေသည်။

မိုဝူကျိက စိတ်ထဲ မထားပေ။ စကြဝဠာ တာအိုစည်းမျည်းသည် အလွန်အဖိုးတန်သော်လည်း သူ့တွင် သုံးခု ရှိလေသည်။ တစ်ခုကို သူ့လူသားပုဆိန်လှံရှည်နှင့် ပေါင်းစပ်ထားပြီးနောက် နောက်ထပ် နှစ်ခု ကျန်ရှိနေသေး၏။

အခြားလူများက ထိုအရာကို ထိပ်သီးရတနာအဖြစ် မှတ်ယူကြသော်လည်း  သူက သူတို့လိုမျိုး မြင့်မြင့် မတွေးပေ။

“ တာအိုရောင်းရင်းကူ … အင်မော်တယ်လောကရဲ့ ကျိုးပျက်ကမ္ဘာ တတိယအလွှာမှာ တာအိုရောင်းရင်း ယောင်ရှောင် ကျောက်ရုပ် ဖြစ်နေတာကို တွေ့ခဲ့ရတာ။ အဲတုန်းက သူ့ကို ကူညီပေးခဲ့တယ်။

နှစ်တွေကြာလာတော့ သူ့နောက်ကို မြေအောက်ကမ္ဘာ ဝိဇ္ဇာရဲ့ နောက်လိုက် ချုပ်နှောင်ဝိညာဉ်ဘုရင်က လိုက်နေပြန်ရော … အဲဒီတုန်းက ကျုပ်မိတ်ဆွေနဲ့ ကျုပ်က အဲဒီချုပ်နှောင်ဝိညာဉ်ဘုရင်ကို သတ်ပြီး သူ့ကို ကယ်ပေးခဲ့တယ်။

အဲဒါနဲ့  သူက ကျုပ်ကို လော့ကျမ်းစာရွက် နှစ်ရွက် ပေးခဲ့တယ်။ အဲဒီနောက်ကျ သူ့ကို ထပ်မတွေ့ရတော့ဘူး …” မိုဝူကျိက ပြောနေရင်း ဘုန်းကြီး၏ ကျောက်စိမ်းပေလွှာကို ကိုင်ထားလိုက်သည်။

သူ့အသံက ရုတ်ချည်း ရပ်တန့်သွားပြီး မျက်နှာထား ပြောင်းလဲသွားလေသည်။ ထို့နောက် သူက ရှေ့တစ်လှမ်းတိုးကာ ပျောက်ကွယ်သွားလေ၏။ သူက နှုတ်ဆက်စကားပင် ပြောမသွားခဲ့ပေ။

ထန်းဟန်တို့က မိုဝူကျိ ဘယ်ရောက်သွားကြောင်း တွေးနေစဉ် မိုဝူကျိက ပြန်ရောက်ရှိလာ၏။ သူက ထန်းဟန်အား ကျောက်စိမ်းပေလွှာ ပေးလိုက်ကာ

“ ထန်းဟန် … ဒါက ကျုပ် သွားမဲ့နေရာပဲ။ အခုလေးတင် ပြန်ထွက်လာတာက အဲဒီနေရာက နေရာကောင်းတစ်ခု မဟုတ်ဘူးဆိုတာ ခံစားမိလို့ …. အခု နတ်ဘုရားကမ္ဘာရဲ့ လူသားဂိုဏ်းဆီ သွားပြီးတော့ ထုံမင်နဲ့ ဟွမ်တိနဲ့ အားလုံးကို  ကျုပ် သွားမဲ့နေရာအကြောင်း ပြောပြပြီးတော့ ကျုပ်ကို ကူညီဖို့ သူတို့ကို ခေါ်လာခဲ့လိုက် .. ”

မိုဝူကျိ စကားမဆုံးခင် အဆောင်တစ်ရွက် ထုတ်ပေးလိုက်ပြီး  “ ဒါက ကမ္ဘာကူးအဆောင်ပဲ။ ဟွမ်တိကို အင်မော်တယ်လောကနေ သူ့နတ်ဘုရားမျှော်စင်ဆီ ပြန်ယူခိုင်းလိုက် ”

ထန်းဟန်က ထိုပစ္စည်းများ လက်ခံပြီးနောက် မိုဝူကျိက တဖန် ပျောက်ကွယ်သွားပြန်သည်။ အစမှအဆုံး ထန်းဟန်က စကားတစ်ခွန်းပင် ပြန်မပြောလိုက်ရပေ။

ဘုန်းကြီး ပေးခဲ့သည့် ကျောက်စိမ်းပေလွှာသည် နောက်ဆုံး လော့ကျမ်းစာရွက်၏ တည်နေရာကို ပြနေခြင်း ဖြစ်၏။ စာရွက်ကို အမျိုးသမီးတစ်ဦးက ကိုင်ဆောင်ထားပေသည်။ ဘုန်းကြီးက ထိုအမျိုးသမီး၏ ပုံတူကို ရေးဆွဲမပြသွားသော်လည်း မိုဝူကျိက  စုယင် ဖြစ်ကြောင်း သိလိုက်သည်။

သူက စုယင်သည် အာကာြပင် ဝဲကတော့အတွင်း ကျရောက်နေသည့် အကြောင်းအရင်းကို မသိပေ။ သို့သော်လည်း ဝိဇ္ဇာတပိုင်း ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူပင် ထိုအာကာပြင် ဝဲကတော့နား ချည်းကပ်ရဲမည် မဟုတ်ပေ။

တစ်ချိန်တည်းတွင် သူက စုယင် ရှိနေသည့် နေရာသည် သူ့အတွက် အင်မတန် အန္တရာယ်များကြောင်း အလိုလို ခံစားမိနေ၏။ ကြည့်ရသည်မှာ သူ အထဲရောက်သည့်အခါ  ဝါးမျိုဖို့ ပါးစပ်ကြီးတစ်ခု စောင့်ဆိုင်းနေဟန် ပေါ်သည်။

ဤအရာက အင်မတန် အန္တရာယ်များနေလျှင်ပင် မိုဝူကျိအနေနှင့် စုယင်အား မစွန့်ပစ်နိုင်ပေ။

အကြောင်းမှာ သူက အန္တရာယ်ကို ခံစားမိသောကြောင့် ထန်းဟန်အား ညွှန်ကြားဖို့ ပြန်ရောက်လာခြင်း ဖြစ်၏။ အကယ်၍ ဟွမ်တိသာ နတ်ဘုရားမျှော်စင် ပြန်လည် ရရှိပြီး ထုံမင်ကိုပါ ထည့်ပေါင်းလိုက်လျှင်  သူ့ကို ကူညီပေးမည့် ဝိဇ္ဇာအဆင့် ပညာရှင်သုံးယောက် ရှိနေပေမည်။ ဤသည်က သူ့အား အသက်ဓာတ် အမျှင် အပိုတစ်ခု ပေးလာနိုင်စေလိမ့်မည်။

………….…

အဆုံးမဲ့နယ်မြေ ဝိဇ္ဇာခန်းမ

ဝိဇ္ဖာလော့ရှု၊ ဝိဇ္ဇာ ချင်းယွမ်၊ ဝိဇ္ဇာ ထိုက်လွန်နှင့် ဝိဇ္ဇာ ဖိုတိတို့က ထိပ်ဆုံး၌ ထိုင်နေကြသည်။ သူတို့လက်ဝဲဘက်တွင် လူဆယ်ယောက်ကျော် ထိုင်နေကြလေ၏။ ထိုလူများတွင် တာအိုအုပ်စိုးသူ အရှင်အမှောင်ထုနှင့် မဟာသဲကန္တာရတို့ ပါဝင်နေသလို နယ်လှည့်ဝိဇ္ဇာသုံးပါး ဖြစ်သည့် မုန့်ယဲ့နှင့် နတ်ဘုရားဧကရာဇ် ၁၂ ပါးထဲမှ နတ်ဘုရားဧကရာဇ် ဟိန်ကျိုး၊ နတ်ဘုရားဧကရာဇ် မင်ယွဲ့၊ ထောင်ထျဲ့နှင့် ကွေ့ကူတို့လည်း ရောက်နေကြသည်။

သူတို့အပြင် ခန်းမအလယ်ထဲ၌ အရိုက်အရာခံ နတ်ဘုရား အယောက်တစ်ရာလောက် ရှိနေသေးသည်။

ခန်းမထဲရှိ လေထုမှာ မှုန်မှိုင်းနေလေ၏။ ဝိဇ္ဇာလော့ရှုက အရိုက်အရာခံ နတ်ဘုရားများအား ဝေ့ကြည့်လိုက်ပြီးနောက် ဖွင့်ဟပြောလိုက်သည်  “သူတို့ နတ်ဘုရားအရိုက်အရာနဲ့ အင်အား ပြန်ရလာတဲ့သူတွေထဲ ဒီမှာ မရှိတဲ့သူ ဘယ်သူရှိသေးလဲ ”

ဘောလုံးကို လုံးဝန်းနေသည့် အမျိုးသားတစ်ယောက်က ရိုရိုကျိုးကျိုး ထပြောလိုက်သည်

“ ဝိဇ္ဇာလေးပါးကို ဂါရဝပြုပါတယ်။ ဝိဇ္ဇာသူတော်စင်ရေကန်က ပေါက်ကွဲထွက်သွားပြီးတော့ ဝိဇ္ဇာသူတော်စင်မ ပျောက်ဆုံးနေပါတယ်။ တာအိုအုပ်စိုးသူ အရှင်လေးပါးထဲမှာ တာအိုဧကရာဇ် အရှင် မြစ်ဝါက မိုဝူကျိနောက် လိုက်ပြီးတော့ တာအိုအုပ်စိုးသူ အရှင်ရွှေရောင်ကန်ကို တိုက်ခိုက်ခဲ့ပါတယ်။ ပင်မနတ်ဘုရား ခွန်းယွင်နဲ့ ကျဲဟိန်တို့ကလည်း မိုဝူကျိနောက် ပါသွားကြပါပြီ။ သူတို့က အဖွဲ့ဖွဲ့ထားတာ ဖြစ်နိုင်လောက်တယ် …. ”

ထိုလုံးဝန်းဝန်း အမျိုးသားက ချောချောမွေ့မွေ့ ပြောလိုက်သည်။ အမွေးတိုင်တစ်တိုင်စာအတွင်း သူက ပင်မနတ်ဘုရား အားလုံး၏ တည်နေရာအကြောင်း ရှင်းပြလိုက်သည်။

ဝိဇ္ဇာလေးပါးက အမူအယာ ပျက်ယွင်းသွားကြသည်။ အထူးသဖြင့် ဝိဇ္ဇာထိုက်လွန် ဖြစ်၏။ သိပ်မကြာသေးခင်က သူသည် တခြားဝိဇ္ဇာများနှင့် ပဋိပက္ခဖြစ်ခဲ့ရသည်။ လော့ရှုနှင့် အခြားလူများက သူ့စကားကို မယုံကြည်ကြဘဲ မိုဝူကျိ၏ အရူးလုပ်ခြင်းကို ခံလိုက်ကြရသည်။ ထို့ကြောင့်သာ မဟုတ်ပါက မိုဝူကျိသည် ဝိဇ္ဇာဖြစ်လာဖို့ အခွင့်အရေး ရလာမည် မဟုတ်ဘဲ သူတို့လက်ချက်ဖြင့် သေဆုံးသွားလောက်လေပြီ။

ဖိုတိက ထရပ်ကာ

“ တာအိုညီအစ်ကိုတို့ … အခု အလွှာတွေမှာ အက်ကြောင်းတွေ ပေါ်လာပြီဆိုတော့ ကျုပ်တို့တွေ နတ်ဘုရားကမ္ဘာဆီ သွားလို့ ရပြီ။ ညီအစ်ကိုလော့ရှုက နတ်ဘုရားကမ္ဘာရဲ့ကံကြမ္မာကို နှုတ်ယူလိမ့်မယ်။ အဲဒါဆိုရင် …. ”

လော့ရှုက လက်ဝေ့ပြကာ

“ အခု နတ်ဘုရားကမ္ဘာက အရေးမကြီးသေးဘူး။ မိုဝူကျိကို ရှင်းမပစ်နိုင်ခင်အထိ  နတ်ဘုရားကမ္ဘာက ဘာအဓိပ္ပါယ်မှ မရှိဘူး ”

ထို့နောက် သူက လူအုပ်ကြီးအား ဝေ့ကြည့်လိုက်ရင်း စကားကို ဖြည်းဖြည်းချင်း ပြောဖို့ ကြိုးစားလိုက်သည်

“ အဲဒီလူ  မိုဝူကျိက စကြဝဠာရဲ့ ပထမဦးဆုံး မဟာတာအိုကို ရသွားတဲ့ပုံပဲ …

ဝိဇ္ဇာတပိုင်းအဆင့်နဲ့ ဝိဇ္ဇာငါးယောက် ဝိုင်းထားတဲ့ကြားကနေ ထွက်ပြေးသွားနိုင်ခဲ့တယ်။ အခု သူက ဝိဇ္ဇာအဆင့် ရောက်သွားပြီဆိုတော့ ကျုပ်တို့က လူအရေအတွက် များနေရင်တောင် ထွက်ပြေးနိုင်လောက်သေးတယ်။ ကျုပ်တို့တွေ သေချာအစီအစဉ် မဆွဲထားသရွေ့ မဖြစ်နိုင်ဘူး ”

ထိုက်လွန်နှင့် ချင်းယွမ်တို့က လော့ရှုသည် ကိုယ့်ဘာသာ အမွန်းတင်နေကြောင်း သိလိုက်သည်။

 မိုဝူကျိက သူတို့ဆီကနေ ထွက်ပြေးသွားခဲ့တာလား  …. ဟားဟား

အချိန်ကျလာသည့်အခါ ထွက်ပြေးရသူက  သူတို့ ဖြစ်လာနိုင်ပေသည်။

သို့သော်လည်း ထိုက်လွန်က သူတို့သာ မပူးပေါင်းပါက စကြဝဠာကြီးထဲ၌ ဝိဇ္ဇာအနေနှင့်  သူတို့အား မရှိတော့ကြောင်း သိလိုက်သည်။ သူက ဝင်ဖြတ်ပြောလိုက်သည်

“ ဝိဇ္ဇာတာအို ညီလာခံမှာ ချင်းယွမ်နဲ့ ကျုပ်က အားအပြည့် ထုတ်မသုံးထားပေမဲ့ ကျုပ်တို့တွေ မိုကောင်လေးနဲ့ ရင်ဆိုင်တဲ့အခါ အားအပြည့် ထုတ်မသုံးထားရင် သူက လွတ်သွားဦးမှာပဲ။ ဒီနေရာမှာရှိနေတဲ့ အားလုံးက အချိန်ကျလာတဲ့အခါ အားအပြည့် တိုက်ခိုက်ပေးကြဖို့ ကျိန်ဆိုပေးဖို့ မျှော်လင့်ပါတယ် ”

“ ဝိဇ္ဇာထိုက်လွန် ….” အသံတစ်သံက ရုတ်ချည်း ဝင်ဖြတ်ပြောလိုက်သည်။ ထို့နောက် ကတုံးပြောင် အမျိုးသားတစ်ဦး ရှေ့ထွက်လာ၏။

သူက ဝိဇ္ဇာတစ်ပါး ဖြစ်သော်လည်း နတ်ဘုရားဧကရာဇ်၏ ဖြတ်ပြောခြင်းကို ခံလိုက်ရသည်။ ထိုက်လွန်က ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။ သို့သော်လည်း သူက ဆက်ပြုံးထားရင်း

“ ဒါက နတ်ဘုရားဧကရာဇ် ဟိန်ကျိုးကိုး .... နတ်ဘုရားဧကရာဇ် ဟိန်ကျိုးက ဘာများ ပြောချင်လို့လဲ ”

ဟိန်ကျိုးက လက်နှစ်ဖက် ယှက်ကာ

“ ကျုပ်ဆီမှာ တခြားကိစ္စလေးတွေ ရှိသေးလို့ ဒီကိစ္စမှာ အားလုံးနဲ့ မပါဝင်နိုင်တော့ပါဘူး။ ဝိဇ္ဇာတို့အနေနဲ့  နားလည်ပြီး ခွှင့်လွတ်ပေးဖို့ တောင်းခံပါတယ် ”

“ ဟားဟား ” ထိုက်လွန်က အားရပါးရ ရယ်မောလိုက်သည်။ သူ့အမြင်၌ ဟိန်ကျိုးသည် သေလူ ဖြစ်နေလေပြီ။ ရယ်မောလိုက်ပြီးနောက် သူက ခန်းမကြီးကို တစ်ချက်ဝေ့ကြည့်ကာ

“ နောက်ထပ် အရေးကြီးကိစ္စ လုပ်ဖို့ ကျန်တဲ့သူများ ရှိသေးလား ”

တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက အံ့ကြိတ်ကာ ထရပ်လိုက်သည်  “ ဝိဇ္ဇာတို့  .... ကျုပ်လည်း ဒဏ်ရာတွေက ပြန်မကောင်းသေးပါဘူး။ အဲကြောင့် ပြန်ပြီး အားဖြည့်ချင်ပါတယ် ”

“ အရမ်းကောင်းတယ် ... အဲဆို သေလိုက်တော့ ” ထိုက်လွန်က အေးစက်စက် ပြောကာ ဟိန်ကျိုးဆီ ပြေးဝင်လာသည်။

ဟိန်ကျိုးက ထိုက်လွန် လှုပ်ရှားလိမ့်မည်ဟု သိဟန် ပေါ်၏။ သူက လက်တစ်ချက် ဝေ့လိုက်သည့်အခါ အဖြူရောင် သစ်ပင်အမြစ် ထွက်ပေါ်လာသည်။ ထိုသစ်ပင်အမြစ် ထွက်ပေါ်လာပြီးနောက် ခန်းမအတွင်းရှိ တာအိုစည်းမျည်းများမှာ နှစ်ပိုင်း ပြတ်ထွက်သွားလေသည်။

“ ဝုန်း ” အဆုံးမဲ့ အဖြူရောင်အလင်းတန်းများက ထိုက်လွန်၏ လက်အမှတ်အသားဖြင့် ထိပ်တိုက် တွေ့သွားသည်။ ထိုက်လွန်၏ လက်အမှတ်အသားက ချက်ချင်း ကြေမွပျက်စီးသွားလေ၏။

ဟိန်ကျိုး၏ သစ်မြစ်က အဖြူရောင် တာအိုစည်းမျည်းအဖြစ် ပြောင်းလဲသွားကာ ဟိန်ကျိုးအား ကာကွယ်ပေးထားသည်။

“ ကောင်းကင်တိုင်းတာ သစ်မြစ်လား ” ထိုက်လွန်က လေအေးများ မှုတ်ထုတ်လိုက်သည်။ ဟိန်ကျိုးသည် ကောင်းကင်တိုင်းတာ သစ်မြစ်ကို ရလာရုံသာမက သူ့ဝိဇ္ဇာတာအိုကိုလည်း ရရှိခဲ့သည်။ သူက သူတို့ကို မကြောက်တော့သည်မှာ မထူးဆန်းတော့ပေ။

“ ဖူး ” ထိုက်လွန်နှင့် ဟိန်ကျိုးတို့ ရင်ဆိုင်နေစဉ် တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက သွေးမြူအဖြစ် ပြောင်းလဲသွားလေ၏။

လော့ရှုက လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ယခုလေးပင် ကူရှင်းရန်ကို သတ်ပစ်လိုက်သူမှာ သူ ဖြစ်၏။

“ နှုတ်ဆက်ခဲ့ပါတယ် ” ဟိန်ကျိုး အမူအယာက ပြောင်းမသွားဘဲ လှည့်ထွက်သွားဖို့ ကြိုးစားလိုက်သည်။

အကယ်၍ တခြားလူ ဖြစ်နေလျှင် ဝိဇ္ဇာလေးပါးအား ရန်စရဲမည် မဟုတ်ပေ။ သို့သော်လည်း သူက မိုဝူကျိ၏ အင်အားကို ကောင်းကောင်း သိထား၏။ ယခင် သူက မိုဝူကျိသည် ဝိဇ္ဇာအဆင့် မဝင်သေးကြောင်း မရေမရာ ဖြစ်ခဲ့မိသော်လည်း ယခုအခါ မိုဝူကျိက ဝိဇ္ဇာအဆင့် ရောက်သွားလေပြီ။ သူက မိုဝူကျိကို ရန်မစလိုတော့ပေ။ ထို့အပြင် သူ့ကောင်းကင်တိုင်းတာ သစ်မြစ်က မိုဝူကျိဆီမှ ရထားသည်ဟုပင် ဆိုလို့ ရပေ၏။ ယခင် မိုဝူကျိသာ သူ့ကောင်းကင်တိုင်းတာ သစ်မြစ်ကို လုယူလိုခဲ့လျှင် သူ့အနေနှင့် ရယူနိုင်မည့် အခွင့်အရေး ရလာမည် မဟုတ်ပေ။

အကယ်၍ စကြဝဠာကြီးထဲ၌ သူ အကြောက်ဆုံးသူကို ပြရမည်ဆိုလျှင် ယုံမှားဖွယ်မရှိ မိုဝူကျိသာ ဖြစ်ပေမည်။

လော့ရှုတို့အား ဟိန်ကျိုးအား စိုက်ကြည့်လိုက်ကြသည်။ သို့သော်လည်း သူတို့က မလှုပ်ရှားပေ။ သူတို့က ကောင်းကင်တိုင်းတာ သစ်မြစ်ဖြင့် ဟိန်ကျိုးအား တားဆီးနိုင်လိမ့်မည် မဟုတ်ကြောင်း သိဟန် ပေါ်၏။

“ ဟားဟား မင်းက ထွက်သွားချင်တာလား ... ပြန်ဝင်စမ်း ” ဟိန်ကျိုးက တံခါးဝဆီ ရောက်လာသည့်အခါ ဧရာမ လက်အမှတ်အသားကြီးဖြင့် အရိုက်ခံလိုက်ရသည်။

***

All Chapters