← Chapters

ပြည်နယ်နှစ်ခု၏ထိပ်တန်းအရှင်သခင်နှစ်ယောက်

Vol. 63 Ch. 890

ပြည်နယ်နှစ်ခု၏ထိပ်တန်းအရှင်သခင်နှစ်ယောက်

Vol. 63 Ch. 890

အခန်း (၈၉၀) ပြည်နယ်နှစ်ခု၏ထိပ်တန်းအရှင်သခင်နှစ်ယောက်

လေဟုန်စီးကောင်းကင်ရွက်လှေထက်မှ ကျင့်ကြံသူများအားလုံးက ထိပ်တန်းအဆင့်များ ဖြစ်ကြသည်။

သူတို့အားလုံးက တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ၊ ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ တောင်ပိုင်းထိပ်တန်းမျိုးနွယ်များ ဖြစ်ကြ၏။

သူတို့အုပ်စုကို ခေါင်းဆောင်လာသူမှာ ရောင်စဉ်အလင်းတန်းများနှင့် တိမ်တိုက်များ ဝန်းရံနေသည့် လူတစ်ယောက် ရှိနေသည်။

သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် သွေးနီရောင်မီးအလင်းတန်းက ထင်ရှားစွာ လှည့်ပတ်နေသည်။

ပတ်ဝန်းကျင် ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားသည့် မီးအလင်းရောင်သည် ထိုပုဂ္ဂိုလ်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုသူကိုမြင်တော့ အရှေ့တောင်နတ်ဓားမယ် ၊ လင်ဟန့်ဟွာနှင့် အခြားသူများ အနည်းငယ် တုန်လှုပ်သွားကြသည်။

သူတို့ရှေ့မှ ဤပုဂ္ဂိုလ်သည် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကို အုပ်စိုးသူဖြစ်ပြီး ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာမှ အရှင်သခင် (၁၀)ပါးတွင် ပါဝင်သည် ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်းစောင်းမှ ကျွမ်းရှန်ပင် ဖြစ်သည်။

ထိုသူ၏အသွင်အပြင်က ပိန်ပိန်သွယ်သွယ်ရှိပြီး အပြင်ပန်း အသက်(၃၀)အရွယ် ချောမောခန့်ညားသော လူရွယ်တစ်‌ယောက် အသွင်ဖြစ်သည်။

သို့သော် သူ၏ဦးခေါင်းထက်မှ ဆွတ်ဆွတ်ဖြူနေသည့်ဆံပင်များကိုတော့ ဆံထုံးအဖြစ် ထုံးဖွဲ့ထား၏။

သူ့ရုပ်သွင်က သားဖြစ်သူ ကျွမ်းကျောင်းဟွေနှင့် (၅၀)ရာနှုန်း (၆၀)ရာနှုန်းအထိ တူညီသည်။

သူက ငယ်ရွယ်သည့်အသွင်အပြင်ယူထားသဖြင့် သူက ကျန်းကျောင်းဟွေ၏အဖေဆိုခြင်းထက် အစ်ကိုနှင့်ပိုတူနေသည်ပင်။

သို့သော် သူ့ထံမှထွက်ပေါ်နေသည့် မိုးမြေတစ်ခွင်လွှမ်းမိုးနိုင်စွမ်းရှိသော တန်ခိုးစွမ်းအားအတက်အကျများကတော့ သားဖြစ်သူ ကျွမ်းကျောင်‌းဟွေထက် အဆပေါင်းများစွာသာလွန်သည်။

တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်သည် ထိုင်ခုံထက်တွင် တည်တည်ငြိမ်ငြိမ်ထိုင်နေပြီး သူ့အရှေ့မှ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှလူများကို ညင်သာစွာကြည့်နေသည်။

လင်ဟန့်ဟွာ၏မျက်နှာက ခံစားချက်ကင်းမဲ့နေပြီး လေထုထဲမှ ဇာမဏီမီးတောက်က သူ၏ဓားကို ထိန်းချုပ်ထားသည်။

သူ့လက်ထဲမှဓားက တုန်ခါနေပြီး ဓားသွားအလင်းတန်းက ရုတ်တရက် နှစ်ပိုင်းကွဲသွားသည်။

ကောင်းကင်ထက်တွင် အသက်နှင့်အခွင့်အာဏာကိုပိုင်ဆိုင်ထားသော စိမ်းပြာရောင်နဂါးကြီးထွက်ပေါ်လာပြီး ဦးချိုနှစ်ဖက်က ကြယ်နှစ်စင်းပမာ လင်းလက်တောက်ပနေသည်။

ကောင်းကင်ဘုံ အိမ်တော် (၂၈)ခုမှ အရှေ့အိမ်တော် (၇)ခု၏ အကြီးအမှူးဖြစ်သော “ဦးချိုအိမ်တော်” ၊ သစ်သားဦးချိုအကြေးခွံနဂါး။

အနက်ရောင် နဂါးကြီးသည် မီးတောက်များဖြင့် ထိန်းချုပ်ထားခြင်းကို သူ၏ဦးချိုများဖြင့် ချိုးဖျက်ပစ်လိုက်သည်။

လင်ဟန့်ဟွာက သူ၏ဓားအလင်းကို ချဲ့ထွင်လိုက်ပြီး ‘ဦးချိုအိမ်တော်’ နောက်သို့လိုက်သွားပြီး ထို့နောက်မှာတော့ ‘သတ္တုလည်ပင်းနဂါး’ ၊ ‘မြေပြင်အမြစ်ဝက်ဝံ’ ၊ နေဝန်းယုန် ၊ လနှလုံးသားမြေခွေး ၊ မီးကျားအမြီးနှင့် ရေကျားသစ်။

ဤ (၇)ခုက အရှေ့ပိုင်း စိမ်းပြာနဂါး၏ စံအိမ် (၇)ခု တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။

စူးရှသော ဓားအလင်းနှင့် ကြီးကျယ်ခမ်းနားသော ကြယ်ရောင်တို့ ဆုံစည်းလိုက်သည်နှင့်အမျှ ၎င်းတို့သည် ကြယ်စင်မြစ်တစ်စင်းနှင့် ဆင်တူသည့် ဧရာမနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

ကောင်းကင်နဂါးကြီး၏ ထိတ်လန့်တုန်လှုပ်ဖွယ်ဟိန်းဟောက်သံထွက်ပေါ်လာပြီး စိမ်းပြာရောင်နဂါးကြီးက မြေပြင်ထက်တွင် အုပ်စိုးနေသော ဘုရင်တစ်ပါးအလား ဇာမဏီငှက်ကို တန်ပြန်တိုက်ခိုက်လိုက်သည်။

အရှေ့တောင်ဓားနတ်မယ်က ဓားစည်းတံဆိပ်တစ်ခုကို အဆက်မပြတ် ပြလုပ်လိုက်ပြီး သစ်သားဝံပုလွေခြေထောက် ၊ သတ္တုငရဲခေါး ၊ မြေကြီးရစ်ငှက် ၊ နေဝန်းအမွှေးရှည်ကြက် ၊ လဝန်းကျီးကန်း ၊ မီးမျောက်နှင့် မျောက်ဝံကြယ်စင် (၃)ခု ထုတ်ဖော်လိုက်သည်။ ဤသည်က အနောက်ဘက် အိမ်တော် (၇)ခု ဖြစ်သော ကျားဖြူကိုထုတ်ဖော်လိုက်ခြင်း ဖြစ်၏။

ဓားအလင်းနှင့် ကြယ်ရောင်တို့သည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော ရက်စက်ကြမ်းကြုတ်သော ကျားဖြူတစ်ကောင်ကို ပေါင်းစပ်လိုက်ကြသည်။

အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်မှ အခြားသော သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူ (၂)ယောက်ကလည်း သူတို့၏တန်ခိုစွမ်းအားကို စုစည်းကာ မီးလျှံဇာမဏီငှက်ကို တိုက်ခိုက်လိုက်ကြသည်။

တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်က လေဟုန်စီးကောင်းကင်ရွက်လှေထက်ရှိ ထိုင်ခုံတစ်ခုပေါ်တွင် မလှုပ်မယှက်ထိုင်နေသည်။

သူသည် ညာလက်ဖဝါးဖြင့် ဓားသွားတစ်လက်ဖန်ဆင်းလိုက်ပြီး လေထုထဲသို့ (၃)ကြိမ်တိုင်တိုင် ခုတ်ပိုင်းလိုက်သည်။

မီးတောက်ပင်လယ်များကြားတွင် နောက်ထပ် ဇာမဏီငှက် (၃)ကောင် ပျံသန်းထွက်ခွာလာပြီး မူလဇာမဏီငှက်နှင့်တသားတည်းပေါင်းစပ်သွားသည်။

အရှေ့တောင်ဓားနတ်မယ်က ကောင်းကင်ထက်သို့မော့ကြည့်ပြီး ကြုံးဝါးသံပြုလိုက်သည်။ သူမ၏ဓားက မီးလျှံဇာမဏီငှက်နှင့်အတူ တုန်ခါသွားပြီး ရုတ်တရက် ပြောင်းလဲသွားသည်။

အနောက်ဘက်ကျားဖြူအိမ်တော် (၇)ခုမှ မြောက်ပိုင်း ရှန့်ဝူအိမ်တော် (၇)ခုအဖြစ်‌ ပြောင်းလဲသွားသည်။

ကောင်းကင်ထက်မှ ကြယ်စင်မြစ်ရေစီးကြောင်းဆင်းသက်လာသည်နှင့် တကယ့်မြစ်တစ်စင်းပမာ ပြောင်းလဲသွားပြီး မီးလျှံဇာမဏီငှက်ကို ချက်ချင်းနှိမ်နင်းပစ်လိုက်၏။

သို့သော် မကြာမီပင် အဝါရောင် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး အရာခပ်သိမ်းကို ခံနိုင်ရည်ရှိသော ကမ္ဘာမြေကြီးကဲ့သို့ အနှိုင်းမဲ့ လေးလံသော ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။

အဝါရောင်မြေမီးခိုးများထွက်ပေါ်လာသည်နှင့် အရှေ့တောင်ဓားနတ်မယ်၏ ကြယ်စင်ရောင်ဓားဝိညာဉ်ကို ထိန်းချုပ်သိမ်းပိုက်လိုက်သည်။

ဇာမဏီမီးတောက် (၅)ပါးမှ ကောင်းမြတ်ခြင်းမြေကြီးသမာဓိမီးတောက်ပင် ဖြစ်သည်။

အဆုံးမရှိသော ကောင်းမြတ်ခြင်းတရားတို့ မိုးမြေတစ်ခွင် ထွက်ပေါ်လာပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်နှင့် မကောင်းမှုများကိုထိန်းချုပ်ရန် အဆုံးမရှိသော ရေစီးကြောင်းများပမာ စီးဆင်းထွက်ပေါ်လာသည်။

ထိုမီးတောက်ထွက်ပေါ်လာသည်နှင့် ရန်သူများမှာ ဖိအားပေးခံရပြီး တိုက်ခိုက်ခြင်းပင်မရှိဘဲ အောင်မြင်မှုကို ရရှိစေနိုင်သည်။

အခြားသော မီးလျှံဇာမဏီငှက် (၃)ကောင်ပျောက်ကွယ်သွားပြီး ကောင်းမြတ်ခြင်းမြေကြီးသမာဓိမီးတောက်ဖြင့်ကာကွယ်ထားသည့် မီးလျှံဇာမဏီငှက်တစ်ကောင်သာလျှင် ကျန်ရစ်ခဲ့သည်။

ထိုဇာမဏီငှက်က အရှေ့တောင်နတ်ဓားမယ် ၊ လင်ဟန့်ဟွာနှင့် အခြားကျင့်ကြံသူ (၂)ယောက်၏ တိုက်ခိုက်မှုများကို ချေမှုန်းပစ်လိုက်၏။

“ဘယ်အချိန်ဆုတ်ရမယ် ဘယ်အချိန်တက်ရမယ်ဆိုတာ မင်းတို့သိသင့်တယ်”

လေဟုန်စီးကောင်းကင်ရွက်လှေထက်မှ ကျွမ်းရှန်က လေထုကို ဖိနှိပ်ထားရင်း ဆိုသည်။

“ငါက စေတနာထားတာကို မင်းတို့ကသေလမ်းလျှောက်မယ်ဆိုရင် သူတော်စင်ဆင်းလာပြီးကယတင်ရင်တောင် ခက်ခဲမယ်ဆိုတာ သိထားရမယ်”

လင်ဟန့်ဟွာနှင့် အရှေ့တောင်ဓားနတ်မယ်တို့ကို လျစ်လျူရှုလိုက်ပြီး မီးလျှံဇာမဏီငှက်က ဝါရင့် သိုင်းကျင့်ကြံသူနှစ်ယောက်ကို ဆက်လက်တိုက်ခိုက်လိုက်သည်။

ထိုအချိန်မှာပင်...

ကောင်းကင်ထက်မှကြယ်စင်ရောင်များတောက်ပလာပြီး ဗလာနယ် (၂)ခြမ်းကွဲသွားသည်ကိုတွေ့ရသည်။

ကြယ်တစ်ပွင့်စီက နေရောင်ပမာထွန်းလင်းလာပြီး တစ်လောကလုံး လင်းထိန်တောက်ပသွားစေသည်။ ဤနေရာတွင်ရှိနေသောကြယ်စင်များသည် မြေပြင်နှင့်အလွန်တရာနီးကပ်နေသည့်ပမာပင်။

လေဟုန်စီးကောင်းကင်ရွက်လှေထက်မှ တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်၏မျက်ဝန်းများ တည်ကြည်လေးနက်သွားသည်။

“ချောင်ကျယ်... မင်း တကယ်ရောက်လာတာပဲ”

ကောင်းကင်ထက်မှ ထူထဲသော အလင်းတိုင် နှစ်ဆယ့်ရှစ်တိုင် တစ်ပြိုင်နက်တည်း ဆင်းသက်လာသည်။

မိုးကောင်းကင် ကြယ်စင်အိမ်တော် (၂၈)အိမ်က တစ်ပြိုင်တည်းတောက်ပသွားပြီး ကောင်းကင်ကို ထိုးဖောက်ကာ မြေကြီးကို လွှမ်းခြုံသွားပြီး ဓားအလင်းနှစ်ဆယ့်ရှစ်သွယ်အဖြစ် ပြောင်းလဲကာ အထက်ဘုံကမ္ဘာ ကျူတောပင်လယ်ဒေသသို့ ဆင်းသက်လာ၏။

ကျွမ်းရှန်က မတ်တတ်ရပ်လိုက်ပြီး သူ၏လက်ဖဝါးနှစ်ဖက်ကို ဓားသွားပမာအသုံးပြုကာ ထိုးခုတ်ချလိုက်သည်။

မီးလျှံဇာမဏီငှက်သည် လင်ဟန့်ဟွာတို့ကို ဆက်လက်တိုက်ခိုက်ခြင်း မရှိတော့ဘဲ လေထဲသို့ ပျံတက်သွားကာ ကြည်လင်သည့်အသံဖြင့် အော်မြည်လိုက်သည်။

ဇာမဏီငှက်၏အရွယ်အစားက ကြီးမားလာခြင်းမရှိသည့်တိုင် တန်ခိုးစွမ်းအားများက ပိုမိုသိပ်သည်းလာသည်။

ကောင်းမြတ်ခြင်းမြေကြီးသမာဓိမီးတောက် ၊ ခရမ်းရောင်သမာဓိမီးတောက် ၊ မရဏသမာဓိမီးတောက်တို့ တစ်ပြိုင်နက်တည်း ထွန်းတောက်လာသည်။

ထို့ပြင် သူတော်စင်တစ်ပါးဆင်းသက်လာသည့်အလား သေးငယ်သော ရေလှိုင်းများလည်း ထွက်ပေါ်လာသည်။

ဤသည်က ‘သန့်စင်သောရေလှိုင်းသမာဓိမီးတောက်’ အတိအကျပင်။

သမာဓိမီးတောက် (၄)ပါး တို့ခြံရံလျှက် ဇာမဏီငှက်သည် အလွန်ထက်မြက်သော တန်ခိုးစွမ်းအားကို ထုတ်ဖော်ကာ ဤလောကမှလွန်မြောက်ပြီး ထာဝရမသေဆုံးရာ ကမ္ဘာသို့ ရောက်ရှိနေသည့်အလား ဖြစ်သည်။

ကောင်းကင်ယံမှ ကြယ်စင်ဓားအလင်က အထက်ဘုံကမ္ဘာလေထုကို ထိုးဖောက်ကာ လှိုင်းများပြင်းထန်စွာဖြင့် ဝင်ရောက်လာသည်။

ကောင်းကင်မှ ဆင်းသက်လာသော ဓားအလင်းကို ကြည့်ရင်း အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်မှလူများအားလုံး သက်ပြင်းချလိုက်သည်။

“ဂိုဏ်းတူမောင်လေး ချောင်ကျယ် အမြန်ရောက်လာတာပဲ”

အရှေ့တောင်ဓားနတ်မယ်သည် ဆံပင်ဖြူအဘွားအိုတစ်ယောက်အသွင် ပြန်လည်ပြောင်းလဲသွားပြီး သူမ၏ဓားကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

လင်ဟန့်ဟွာက...

“ဒီနေ့ ဝင်စွက်ဖက်တဲ့သူက ပိုးသားဧကရာဇ်မဟုတ်လား”

အရှေ့တောင်နတ်ဓားမယ်က ဖြည်းညင်းစွာခေါင်းညိတ်ရင်း...

“ကြည့်ရတာ ချန်းဧကရာဇ်ကိုရပ်တန့်ဖို့အချိန်တန်ပြီဆိုတာသိလို့ ဗလာနယ်အာကာသထဲကို ခရီးထွက်နေတဲ့ ပိုးသားဧကရာဇ် အထက်ဘုံကမ္ဘာကို ပြန်ရောက်လာပုံရတယ်”

ကြယ်စင်ပင်လယ်များကြားတွင် ကောင်းကင်ယံ၌ ခရမ်းရောင်ဝတ်ထားသောလူရွယ်တစ်ယောက် ပေါ်လာပြီး သူ၏မျက်ဝန်းများက ကြယ်စင်များပမာ တောက်ပလာသည်။

အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်၏အရှင်သခင် ၊ အရှေ့တောင် ထိပ်တန်းအရှင်သခင် ‘ချောင်ကျယ်’။

ကျွမ်းရှန်က ချောင်ကျယ်ကိုစူးစိုက်ကြည့်နေပြီး မည်သည့်စကားတစ်ခွန်းမှမဆိုဘဲ သူ၏ လေဟုန်စီးကောင်းကင်ရွက်လှေထံမှ ပျံသန်းထွက်ခွာလာသည်။

သမာဓိမီးတောက် (၄)မျိုးဖြင့် ခိုင်ခံ့စွာ ဝန်းရံထားသော ဇာမဏီငှက်က ပိုမိုကြီးကျယ်ခမ်းနားလာကာ ကျွမ်းရှန်၏ရုပ်ခန္ဓာနှင့် ပေါင်းစပ်သွားသည်။

မိုးကောင်းကင်ကြယ်အိမ်တော် (၂၈)ခု၏ ဓားအလင်းတန်းသည်ပင် ထိုဇာမဏီငှက်ကို တုန်လှုပ်အောင် မစွမ်းဆောင်နိုင်ပေ။

သူက ချောင်ကျယ်ကိုတည်ငြိမ်စွာကြည့်ရင်း...

“ငါ့ဘဝတစ်လျှောက်လုံး သမာဓိမီးတောက် (၅)မျိုးကို မပြတ်မလပ်စုဆောင်းခဲ့တာ ၊ အခု ပြီးပြည့်စုံဖို့ နောက်ဆုံးခြေတစ်လှမ်းပဲလိုတော့တယ် ၊ မင်းလည်း ဒါကိုသိပါတယ် ၊ ဒါပေမဲ့ ထန်ယုံဟောင်ကို မင်းရဲ့တပည့်အဖြစ် လက်ခံလိုက်တယ် ၊ ဒါ ငါ့အတွက် တမင်သက်သက် အခက်တွေ့အောင်လုပ်တာ မဟုတ်ဘူးလား”

ချောင်ကျယ်က တည်ငြိမ်စွာဖြင့်...

“ဘယ်သူ့ကိုတပည့်အဖြစ်လက်ခံပါစေ ဒါက ငါတို့ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ရဲ့ ကိစ္စပဲလေ”

ထို့နောက်သူက ဓားသွားကို ကျွမ်းရှန်ဆီသို့ ထိုးညွှန်လိုက်သည်။

“ထန်ယုံဟောင်က ငါ့တပည့်ပဲ ၊ မင်းက သူ့ကိုလိုချင်တယ်ဆိုတော့... ကျွမ်းရှန်... မင်းကိုယ်မင်း ဘာထင်နေလဲ”

ချောင်ကျယ်၏မျက်ဝန်းများထဲမှ ခရမ်းရောင်အလင်းတန်းများက ဓားသွားများပမာတောက်ပလာပြီး ကောင်းကင်ထက်မှ ကြယ်စင်ပင်လယ်သည်လည်း တုန်ခါသွားသည်။

ချောင်ကျယ် ပိုမိုအားကောင်းလာစေရန် အဝေးတစ်နေရာမှ ခရမ်းရောင်ချီစွမ်းအားများစွာ ဆင်းသက်လာပြီး မရေမတွက်နိုင်သော ကြယ်စင်များကို လှည့်ပတ်နေသည်။

ထို့နောက် ချောင်ကျယ်၏လက်ထဲတွင် ခရမ်းရောင်ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်။

ထိုဓားဝိညာဉ်ခုတ်ပိုင်းချလိုက်သည်နှင့် သမာဓိမီးတောက် (၄)ခုဖြင့် လွှမ်းခြုံထားသော မီးလျှံဇာမဏီငှက်သည် စတင်ပြိုကွဲစပြုလာလေသည်။

All Chapters