← Chapters

ရှောင်ချိုး၏မင်္ဂလာပွဲ

Vol. 73 Ch. 1013

ရှောင်ချိုး၏မင်္ဂလာပွဲ

Vol. 73 Ch. 1013

စုကျိုးအင်မော်တယ်ဂိုဏ်း၏ အဓိက အဖွဲ့ဝင်များမှာ မင်္ဂလာပွဲသို့ ရောက်ရှိနေကြသည်။

ဟွမ်လေးမှလွဲ၍ အန်လင်း၏ သားရဲများအားလုံးလည်း စုဝေးနေကြလေသည်။

ရှောင်ဟုန်၊ တပိုင်၊ နာလေး၊ ထျန်းလေးနှင့် ကုလေးတို့အားလုံး ရောက်ရှိနေကြခြင်းပင်။

အန်လင်း၏ တပည့်များဖြစ်သော ရှောင်ဇယ်နှင့် ရဲ့လင်လည်း လိုက်ပါလာကြသည်။

ဘရိုင့်စ်နှင့် လန်လေးသည် ဂိုဏ်းအားစောင့်ကြပ်ရန် နေရစ်ခဲ့၏။

ရဲ့လင်သည် ကိုးပြည်ထောင်၏ အပြင်ဘက်သို့ ယခုမှသာ သွားလာဖူးခြင်း ဖြစ်သည်။

သူမသည် မင်္ဂလာခန်းမအတွင်းရှိ ဆန်းကြယ်လှသော သက်ရှိများအားကြည့်ကာ အန်လင်း၏လက်အား တင်းတင်းကြပ်ကြပ် ဆုပ်ထားနေမိသည်။

“ဆရာ..... ဘာလို့ အဲ့မုန်လာဥနီက ပြေးနိုင်ရတာလဲ။”

“ဘာလို့လဲဆိုတော့ အသိစိတ် ရှိနေလိုလေ။”

“ဆရာ..... အစာသွပ်ပေါက်စီက ဘာလို့ပျံနိုင်နေတာလဲ။”

“ဘာလို့လဲဆိုတော့ အသိစိတ် ရှိနေလို့လေ။”

“ဆရာ... ဒီမှာ ဘာလို့ သက်မဲ့တွေက အသိစိတ် ရှိနေရတာလဲ။”

“ဟူး.... အဲ့ဒါက ကောင်းကင်နဲ့မြေပြင်ကို ပန်ကု ဖန်ဆင်းခဲ့တုန်းကပေါ့။”

အန်လင်းသည် ဆရာကောင်းတစ်ယောက် ဖြစ်ရန်အတွက် ရှင်းပြရန် မဖြစ်နိုင်သော ထူးခြားဖြစ်စဥ်များအားလုံးကို ပြောပြလိုက်သည်။

ထူးထူးဆန်းဆန်း သက်ရှိများ ပိုမိုများပြားလာသည်နှင့်အတူ ရဲ့လင်လည်း အမြင်ကျယ်လာရသည်။

သတို့သားနှင့် သတို့သမီးသည်လည်း ပြင်ဆင်မှုများ ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် မင်္ဂလာပွဲ စတင်တော့မည်ပင်။

ယခု မင်္ဂလာပွဲ၏ ဘိသိက်ဆရာမှာ ချင်းရင်ဟုပင် ဖြစ်သည်။

ယခင်မင်္ဂလာပွဲတွင် ထင်မှတ်မထားသော အဖြစ်အပျက်များစွာကြောင့် ချင်းရင်ဟုမှာ ဘိသိက်ဆရာအနေဖြင့် ဘာမှမလုပ်နိုင်ခဲ့ပေ။

ထို့ကြောင့် ယနေ့ မင်္ဂလာပွဲအား အောင်ကိုအောင်မြင်ရမည်ဟု ချင်းရင်ဟု ဆုံးဖြတ်ထားသည်။

မင်္ဂလာ အချိန်အခါသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ကောင်းကင်ထက်တွင် ရောင်စဥ်ရောင်ဝါများ ထွန်းလင်းနေကာ ကြိုးကြာဖြူလေးများ စက်ဝိုင်းသဏ္ဍာန် ပျံသန်းလာကြသည်။

မင်္ဂလာတေးသံလေးနှင့်အတူ ချင်းရင်ဟုလည်း အသင့်ဖြစ်နေလေပြီ။

သူသည် ရှောင်ချိုး၏ ရုပ်ရည်အား မှတ်ချက်မပေးပဲ အခြားအချက်များကိုသာ ချီးကျူးရန် ဆုံးဖြတ်ထားသည်။ ရှောက်ချိုး၏ ရုပ်ရည်သည် မိစ္ဆာများ ထွက်ပြေးရလောက်အောင် ဆိုးရွားနေသည် မဟုတ်လော။

မကြာမီပင် သတို့သားမှာ စင်မြင့်ထက်သို့ တက်လာသည်။

ရှောင်ချိုးသည် အနီရောင်တောက်တောက် မင်္ဂလာဝတ်စုံအား ဆင်မြန်းကာ အရှိန်အဝါများလည်း ထုတ်လွှင့်ထားသည်။

သူသည် မင်္ဂလာခန်းမအား ကြည့်ရှုလိုက်သောအခါ ဧည့်သည်တော်များ မျက်လုံးပြူးသွားရသည်။

ဘုရားရေ.... ဒင်းနှာခေါင်းပေါက်က မျက်လုံးလောက်ကြီးပါလား.....

ရှောင်ချိုး၏ မီးသီးနှင့်တူသော မျက်လုံးများမှာလည်း စိတ်ဝိဥာဥ်ကိုပင် ဖောက်ထွင်းမြင်နိုင်သယောင် ထင်မှတ်ရသည်။

ချင်းရင်ဟုသည်ပင် စိတ်တည်ငြိမ်စေရန် အသက်ပြင်းပြင်း ရှူလိုက်ရသည်။

သတို့သမီးသည် ရုပ်ရည်၊ ပါရမီ၊ အဆင့်အတန်း အားလုံးတွင် အပြစ်ပြောစရာ မရှိသည့်အပြင် မြေခွေးမျိုးနွယ်စု၏ အလှပဆုံး မင်းသမီးလေး ဖြစ်သောကြောင့် မိတ်ဆက်ရ လွယ်ကူလှသည်။

ထို့နောက် သတို့သမီးမှာ နန်းတော်ထဲမှ ထွက်ခွာလာသည်။

ပိုင်ယောင်သည် အသက်ရှူမှားရလောက်သော အဖြူရောင် မင်္ဂလာဝတ်စုံအား ဆင်မြန်းထားသည်။

သူမ၏ အပြုံးတွင် ပျော်ရွှင်မှုများ စီးဝင်နေလေသည်။

သူမသည် ပတ်ဝန်းကျင်ကိုပင် ဂရုမစိုက်ပဲ ရှောင်ချိုးတစ်ယောက်တည်းကိုသာ ကြည့်ရှုနေသည်။

ရှောင်ချိုးသည်လည်း သူမအားကြည့်ကာ ရုပ်ဆိုးစွာ ပြုံးနေသည်။

ပိုင်ယောင်မှာ နှလုံးခုန်သံများ မြင့်တက်နေရလေပြီ။

သူမ မျှော်လင့်ချက်များစွာနှင့်အတူ ရှောင်ချိုးထံ လျှောက်လှမ်းလာသည်။

ရှောင်ချိုးနှင့် လက်ထပ်နိုင်လိမ့်မည်ဟု သူမ တစ်ခါမှ တွေးမထားခဲ့ဖူးပေ။ သူ၏အနားတွင် တစ်လမျှ အတူရှိရသည်ကပင် ကျေနပ်စရာ ကောင်းခဲ့ပြီး ယခုတွင်မူ ကောင်းကင်ဘုံမှ ကောင်းချီးပေးလာခဲ့သည်။

ပိုင်ယောင် ပျော်ရွှင်လွန်းသောကြောင့် မျက်ရည်ပင် ဝဲလာရသည်။

သူမ ဘဝ၏ အမြတ်နိုးရဆုံး အမျိုးသားလေးအား လက်ထပ်နိုင်တော့မည်ပင်။

မြေခွေးဖြူမျိုးနွယ်စု၊ ရှောင်ချိုး၏ မိသားစုဝင်နှင့် သူငယ်ချင်းများအပြင် ဖန်ဆင်းခြင်းနယ်မြေ တစ်ခုလုံးသည်လည်း ၎င်းတို့အား ကောင်းချီးပေးကြသည်။

ပိုင်ယောင်သည် မင်းသမီးလေးသဖွယ် မင်းသားလေးထံ လျှောက်လှမ်းလာသည်။ မင်းသားလေးသည် ရုပ်ရည်မချောမောပါသော်လည်း အနူးညံ့ဆုံး နှလုံးသားအား ပိုင်ဆိုင်ထားလေသည်။

၎င်းတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦးကြည့်ကာ ပြုံးလိုက်မိကြသည်။

“နင့်ကို လက်ထပ်နိုင်မယ်လို့ ထင်မထားဘူး။”

ပိုင်ယောင် ခံစားနေရသည်။

“မင်းကို လက်ထပ်နိုင်ဖို့ အိပ်မက်အမြဲမက်နေခဲ့တာ။”

ရှောင်ချိုး ပြုံးကာပြောလာသည်။

ပိုင်ယောင် တောက်ပစွာ ပြုံးလိုက်သည်။

“ငါရောပါပဲ။”

သူ့ကိုပင် မမြင်ကြသော သတို့သားနှင့် သတို့သမီးကြောင့် ချင်းရင်ဟုမှာ ကြောင်တောင်တောင် ဖြစ်နေမိသည်။

ငါတောင် ဘာမှမပြောရသေးဘူး.... နောက်မှ အကြည်ဆိုက်ကြပါလား......

သစ္စာတောင် မဆိုချင်တော့ဘူးလား......

မကြာမီတွင် ၎င်းတို့နှစ်ဦး စကားရပ်သွားကြသည်။

ချင်းရင်ဟုမှာ ထိုအခွင့်အရေးအား အမိအရ ဖမ်းဆုပ်လိုက်သည်။

ဒင်းတို့ကို သစ္စာဆိုခိုင်းရတော့မှာပေါ့....

ထိုအချိန်တွင် အန်လင်း၏ ဘေးတွင်ရှိနေသော ပိုင်လင်မှာ မျက်မှောင်ကျုံ့လိုက်သည်။

သူမ တိုးညင်းစွာ ပြောလာသည်။

“ပုံမှန်မဟုတ်တဲ့ လေဟာနယ် လှိုင်းတွေကို ထောက်လှမ်းမိတယ်။ ငါတို့တော့ ပြဿနာတက်ပြီ ထင်တယ်။”

ပိုင်လင်သည် မြေခွေးနက်မျိုးနွယ်စုနှင့် ဝိဥာဥ်ငါးကလန်အကြောင်း သိရှိထားပြီး ဖြစ်သည်။

မင်္ဂလာစင်မြင့်ထက်တွင် ရှောင်ချိုးနှင့် ပိုင်ယောင်တို့နှစ်ဦး အတူတကွ ပြောလိုက်ကြသည်။

“ဆန္ဒရှိပါတယ်။”

ထို့နောက် မက်မက်မောမော နမ်းရှိုက်လိုက်ကြသည်။

လက်ခုပ်သံများ ပဲ့တင်ထပ်သွားလေသည်။

အန်လင်း ရယ်မောလိုက်သည်။

“ဒေါင်းဇားတွေက မင်္ဂလာပွဲကိုတောင် အချိန်မှီအောင် မလာနိုင်ကြဘူး။”

“ဘာပဲဖြစ်ဖြစ် လာပြီဆိုမှတော့ လွှတ်ထားပေးလိုက်လို့ မရဘူး။ ရှောင်ချိုး မင်္ဂလာပွဲကိုဖျက်ရင် ပေးကိုပေးဆပ်ရမယ်။”

ပိုင်လင် ခပ်ဖွဖွ ပြုံးလိုက်သည်။

“ငါရှေ့ကသွားမယ်။”

စုကျိုးအင်မော်တယ်ဂိုဏ်း အဖွဲ့သားများမှာ တိုက်ပွဲစိတ်ဆန္ဒများ ထကြွနေကြလေပြီ။

ပိုင်မုယွီမှာ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ ငါးဦးနှင့်အတူ အန်လင်းထံ ရောက်ရှိလာသည်။

“ယောင်လေးကို လုပ်ခဲ့တာတွေအတွက် ဒင်းတို့ ပြန်ပေးဆပ်ရမယ်။”

အစိမ်းရောင်အမြှီးနှင့် အမျိုးသားတစ်ဦးလည်း ရောက်ရှိလာသည်။

သူပြုံးကာပြောလိုက်သည်။

“ငါလည်းလိုက်မယ်။”

ထိုသည်မှာ မြေခွေးစိမ်းမျိုးနွယ်စု၏ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူ ချင်းပိုင်ချန်ပင်။

မြေခွေးနက်မျိုးနွယ်စုသည် ဝိဥာဥ်ငါးကလန်နှင့် ပူးပေါင်းသွားပြီးနောက် မြေခွေးဖြူမျိုးနွယ်စုနှင့် မြေခွေးစိမ်းမျိုးနွယ်စုမှာ တိုင်ပင်စရာပင် မလိုပဲ မဟာမိတ်များ ဖြစ်လာကြသည်။

အခြားသူများမှာ ထိုသို့စုဝေးနေသည်ကို မြင်ကြပါသော်လည်း လှုပ်ရှားမှု မရှိကြပေ။

ယွီဒူမှာ အနည်းငယ် တွေဝေနေပြီးနောက် အန်လင်းထံ ရောက်လာခဲ့သည်။

အန်လင်း လေးစားစွာ အရိုအသေ ပေးလိုက်သည်။

“စီနီယာ ယွီဒူ ကျွန်တော် ခင်ဗျားကို အကြွေးတင်သွားပြီ။”

“ဟားဟား..... ငါက လေ့ကျင့်ဖို့ လိုနေလို့ပါ။”

ယွီဒူ လက်ခါပြလာသည်။

သူသည် စုကျိုးအင်မော်တယ်ဂိုဏ်းကိုရော၊ ကောင်းကင်ဘုံခုံရုံးကိုပါ အလေးထားသောကြောင့် မဖြစ်မနေ ကူညီပေးရမည်ပင်။

ပိုင်လင်မှာ လေဟာနယ် ဝဲဂယက်တစ်ခုအား ပြုလုပ်လိုက်သည်။

အန်လင်းတို့အားလုံး ပျောက်ကွယ်သွားသောကြောင့် ဇနီးမောင်နှံနှစ်ဦး တိတ်ဆိတ်သွားရသည်။

ရှောင်ချိုး ပြုံးကာပြောလာသည်။

“ပိုင်ယောင် မင်းကိုတွေ့ရတာ ဘဝမှာ ပျော်စရာ အကောင်းဆုံးပဲ။ အစ်ကိုကြီးအန်နဲ့ တွေ့ခွင့်ရတာတော့ ကံအကောင်းဆုံးပေါ့။”

ပိုင်ယောင် ညင်သာစွာ ပြုံးလိုက်သည်။

“ငါလည်း နင်နဲ့လိုက်မယ်။ အခု နင့်ကို လက်ထပ်လိုက်ပြီဆိုတော့ စုကျိုးအင်မော်တယ်ဂိုဏ်းသား ဖြစ်သွားပြီလေ။”

၎င်းတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး နားလည်နိုင်လွန်းကြသည်။

ရှောင်ချိုး ပိုင်ယောင်အား လက်ကိုင်လိုက်သည်။

“ကောင်းပြီလေ။ တူတူသွားရအောင်။”

ထိုသို့ဖြင့် ဧည့်သည်တော်များအားလုံး ရှေ့တွင်ပင် ၎င်းတို့နှစ်ဦးပါ ထွက်ခွာသွားကြသည်။

ယခင်တစ်ခါကဲ့သို့ ပျောက်ကွယ်သွားကြပြန်ပြီပင်။

ဘိသိက်ဆရာ ချင်းရင်ဟု : “...”

All Chapters