← Chapters

ဆန့်ကျင်ဘက်အင်အားစုများကြားမှတိုက်ပွဲ

Vol. 73 Ch. 1014

ဆန့်ကျင်ဘက်အင်အားစုများကြားမှတိုက်ပွဲ

Vol. 73 Ch. 1014

ချင်ဟုမြို့တော်၏ မီတာသုံးရာအကွာ၌

ပိုင်လင်မှာ လေဟာနယ် ဝဲဂယက်တစ်ခုမှ ထွက်လာသည်။

သူမသည် အဖြူရောင်ဝတ်စုံနှင့် လှပတင့်တယ်ကာ ပန်းချီကားထဲမှ ထွက်လာသလို ထင်မှတ်ရသည်။

“ထွက်လာခဲ့စမ်း။”

ပိုင်လင် လက်သီးဆုပ်လိုက်သည်နှင့် ကီလိုမီတာ ငါးဆယ်အတွင်းရှိ လေဟာနယ်များ ချိပ်ပိတ်သွားသည်။

ခရက်.....

လေဟာနယ် ဝဲဂယက်တစ်ခု ပေါ်ထွက်လာသည်။

ဝိဥာဥ်ငါးကလန်နှင့် မြေခွေးနက်မျိုးနွယ်စုမှသူများ ထွက်လာကြလေသည်။

“အိုး.... ငါတို့ကိုတောင် အာရုံခံနိုင်တာလား။”

ဝိဥာဥ်ငါးကလန်မှ ဓားနှစ်လက်နှင့် ကျင့်ကြံသူတစ်ဦး စကားဆိုလာသည်။

“ဟားဟား..... အစ်ကိုကြီး ဟုန်လင် ဒီမိန်းမက သေချင်နေတာနေမယ်။”

ဝိဥာဥ်ငါးကလန်မှ အခြားသူတစ်ဦး ပြုံးကာပြောလိုက်သည်။

“စီနီယာ ဟုန်လင် ကျွန်တော်တို့ အချိန်ဆွဲနေလို့ မဖြစ်ဘူး။ ပိုင်ယောင် ထွက်ပြေးသွားဦးမယ်။”

ချန်းနန် အလောကြီးနေသည်။

“ဟမ့်..... မင်းပြောစရာ မလိုပါဘူး။”

ဟုန်လင် အေးစက်စွာ ပြောလိုက်သည်။

ချန်းနန်မှာ ကျောရိုးများပင် အေးစိမ့်သွားရသည်။

ဟုန်လင်သည် ပိုင်လင်အားကြည့်ကာ ဟင်းလင်းပြင်သို့အပြန်အဆင့် အရှိန်အဝါများအား ထုတ်ဖော်လိုက်သည်။

“ဒီမှာ မိန်းကလေး… မသေချင်ရင် ငါ့မျက်စိအောက်က လစ်လိုက်တော့။”

ပိုင်လင်မှာ အံ့ဖွယ်အာရုံနှင့် ၎င်းတို့အား စစ်ဆေးလိုက်သည်။

“ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် သုံးယောက်မှာ မြေခွေးနက်မျိုးနွယ်စုက တစ်ယောက်နဲ့ ဝိဥာဥ်ငါးကလန်က နှစ်ယောက်ပါတယ်။ တခြား ဟင်းလင်းပြင်သို့အပြန်အဆင့် ရှစ်ယောက်နဲ့ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်က အယောက်ရှစ်ဆယ် ရှိတယ်။”

ဟုန်လင် မျက်မှောင်ကျုံ့လိုက်သည်။

ဒီမိန်းမက အာရုံခံတာ ကောင်းလှချည်လား.....

“ဦးလေး.... ဒီမိန်းမကို သတ်ပစ်လိုက်တော့။”

လန်ရှောင်နီ စကားဆိုလာသည်။

ထိုအချိန်တွင် ပိုင်လင် ခပ်ဖွဖွ ပြုံးလိုက်သည်။

“အားလုံး ထွက်လာခဲ့ကြ။”

သူမနောက်တွင် ပုံရိပ်များစွာ ပေါ်ထွက်လာသည်။

ဝိဥာဥ်ငါးကလန်နှင့် မြေခွေးနက်မျိုးနွယ်စုများ မျက်လုံးပြူးသွားရသည်။

သောက်ကျိုးနည်း...... စစ်တပ်လိုက်ကြီး ရောက်လာတာလား....

အန်လင်းမှာ အူကြောင်ကြောင် ဖြစ်နေသော ရန်သူများအားကြည့်ကာ ရယ်မောလိုက်သည်။

၎င်းတို့ဘက်တွင် ပိုင်လင်၊ ပိုင်မုယွီ၊ ချင်းပိုင်ချန်နှင့် ယွီဒူတို့ ရှိသောကြောင့် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် လေးဦး ဖြစ်သည်။

ထိုသည်မှာ ရန်သူများထက် သာလွန်သော အင်အားပင်။

အခြားသော ဟင်းလင်းပြင်သို့အပြန် အဆင့်များသည်လည်း ဆယ်ဦးကျော် ပါဝင်သည်။

စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဦးရေ မများလှပါသော်လည်း အားနည်းသော စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ရန်သူများသည် ရှောင်လန်နှင့် အစ်ကိုကြီးချန်တို့အတွက် သွေးပူလေ့ကျင့်ခန်းသာသာပင်။

“မင်းတို့က ပြင်ဆင်လာတာပဲ။”

ဟုန်လင် အသက်ပြင်းပြင်း ရှူလိုက်သည်။

ချန်းနန်နှင့် လန်ရှောင်နီမှာမူ ကြောင်ပေါက်လေးများအလား ဖြူဖျော့နေလေပြီ။

“ယွီဒူ ဒါက မြေခွေးမျိုးနွယ်စုရဲ့ အတွင်းရေးပဲ။ မင်းနဲ့ဘာဆိုင်လို့လဲ။”

ချန်းဟောက် ဒေါသထွက်နေသည်။

ယွီဒူ ရယ်မောလိုက်သည်။

“နတ်ကျောက်တုံးမျိုးနွယ်စုက ကောင်းကင်ဘုံခုံရုံးနဲ့ မဟာမိတ်တွေလေ။ ကောင်းကင်ဘုံခုံရုံးရဲ့ စစ်နတ်ဘုရားငယ်ကို ကူညီသင့်တယ်မလား။”

ပိုင်လင်မှာ လေဟာနယ်ချိပ်စည်းအား ပိုမိုခိုင်မာစေလိုက်သည်။

ဟုန်လင် မျက်နှာပျက်သွားသည်။

“ဝိဥာဥ်ငါးကလန်က ဘယ်လောက်အင်အားကြီးလဲသိလား။ မင်းတို့ လာမရှုပ်သင့်ဘူး။”

ပိုင်မုယွီ အေးစက်ခက်ထန်စွာ ပြောလိုက်သည်။

“ဝိဥာဥ်ငါးကလန်က ဒီတိုက်ပွဲနဲ့ ဘာဆိုင်လဲ။”

ချင်းပိုင်ချန် မျက်မှောင်ကျုံ့လိုက်သည်။

“ဟုတ်တယ်။ အခုက မြေခွေးမျိုးနွယ်စုရဲ့ ပြဿနာကို ရှင်းထုတ်ရမယ့် အချိန်ပဲ။”

“ဟားဟားဟား..... မင်းတို့ နိုင်မယ်ထင်နေလား။”

သွေးနီရောင် ရေသူထီး စကားဆိုလာသည်။

“အဆိုးဆုံး ဖြစ်လာရင်တောင် ငါတို့က ပိုင်ယောင်ကို ခေါ်ပြေးရုံပဲ။”

ဝှစ်....ဝှစ်....

၎င်းသည် ပိုင်လင်၏ လေဟာနယ် ချိပ်စည်းအား လှံနှစ်ဖက်ဖြင့် တိုက်ခိုက်လိုက်သည်။

ထိုလှံများသည် နယ်မြေထိုးဖောက်လက်သည်းနှင့် ဆင်တူလွန်းသောကြောင့် အန်လင်း အံ့သြသွားရသည်။

တစ်စုံတစ်ခု အက်ကွဲသံနှင့်အတူ လှံများအဝေးသို့ ပျံသန်းသွားလေသည်။

သွေးနီရောင် ရေသူထီးသည်လည်း ထိုလှံများပေါ် ဖျတ်ခနဲ ရောက်ရှိသွားသည်။

“သူက လှံတွေကို နေရာကူးပြောင်းဖို့ သုံးနေတာပဲ။ ငါသွားလိုက်မယ်။”

ပိုင်လင်မှာ လေဟာနယ်ချိပ်စည်း ပျက်စီးသွားသောကြောင့် ဒေါသထွက်နေသည်။

ထို့နောက် သူမလည်း ပျောက်ကွယ်သွားတော့သည်။

တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ မဟုတ်ပါက ပိုင်လင်အား အနိုင်ယူနိုင်စရာ မရှိပေ။

“တိုက်ကြ......”

တိုက်ပွဲမှာ ရုတ်ချည်းဆိုသလို စတင်ခဲ့သည်။

ပထမဆုံး စတင်လှုပ်ရှားသူသည် အသာစီး ရနိုင်မည့် အခြေအနေမျိုးပင်။

စွမ်းအင်လှိုင်းဂယက်များ ပြင်းထန်မှုကြောင့် ပတ်ဝန်းကျင်မှာ ပြာကျသွားရသည်။

ဟုန်လင် စကားဆိုလိုက်သည်။

“ချန်းဟောက် ချန်းနန်နဲ့ ရှောင်နီကိုခေါ်ပြီး ပိုင်ယောင့်ကို သွားရှာလိုက်။”

ထိုစကားနှင့်အတူ သူ၏အရှိန်အဝါများ ထိုးတက်လာသည်။

ဟုန်လင်သည် သုံကိုယ်ခွဲကာ ပိုင်မုယွီ၊ ချင်းပိုင်ချန်နှင့် ယွီဒူတို့ထံ တပြိုင်တည်း ပြေးဝင်လာသည်။

ချန်းဟောက်သည်လည်း အခွင့်အရေးအား အမိအရယူကာ ချန်းနန်၊ လန်ရှောင်နီတို့နှင့်အတူ ချင်ဟုမြို့တော်ထံ ပျံသန်းသွားသည်။

ချင်းပိုင်ချန် ခပ်ဖွဖွ ပြုံးလိုက်သည်။

“မင်းတစ်ယောက်တည်းနဲ့ ငါတို့ကို ထိန်းနိုင်မယ် ထင်နေလား။”

ဝုန်း......

အံ့ဖွယ်တာအို အစွမ်းများနှင့်အတူ ပေသောင်းချီသော မြေခွေးစိမ်း ပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။

ဟုန်လင်၏ ဓားစိတ်ဆန္ဒများသည် ကီလိုမီတာများစွာ လွှမ်းခြုံနေပြီး ၎င်း၏ပုံရိပ်များမှာလည်း တလက်လက် တောက်ပနေသည်။

မြေခွေးစိမ်းပုံရိပ်ကြီးနှင့် ဟုန်လင်၏ ဓားပုံရိပ်များ ထိပ်တိုက်တွေ့ဆုံကာ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်လာသည်။

အဆုံးတွင်မူ မြေခွေးစိမ်းပုံရိပ်၏ လက်သည်းများကြောင့် ဟုန်လင် လွင့်ထွက်သွားရသည်။

မည်သို့ပင်ဆိုစေကာမူ ချင်းပိုင်ချန် မျက်မှောင်ကျုံ့လိုက်မိသည်။

သူသည် စွမ်းအင်အပြည့် တိုက်ခိုက်ခဲ့ပါသော်လည်း ဟုန်လင် သုံးဦးအနက် တစ်ဦးသာ လွင့်ထွက်သွားခဲ့သည်။

ထိုအချိန်တွင် ဟုန်လင်နှစ်ဦးမှာ ပိုင်မုယွီနှင့် ယွီဒူရှေ့သို့ ရောက်ရှိလာကာ ၎င်းတို့အား တားဆီးလိုက်သည်။

ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူများအား ထိန်းထားနိုင်ပါက ချန်းဟောက်အား တားနိုင်မည့်သူ မရှိပေ။

“ဟားဟား..... လစ်စမ်းပါ။”

ချန်းဟောက်သည် ချန်းနန်နှင့် လန်ရှောင်နီအား သယ်ပိုးထားသည့်အပြင် အမြှီးများဖြင့် ရန်သူများအား တိုက်ခိုက်နေသည်။

သူသည် ပြိုင်ဘက်ကင်း မြေခွေးတစ်ကောင်အလားပင်။

ဟင်းလင်းပြင်သို့အပြန် အဆင့်များသည်ပင် ၎င်းအားမယှဥ်နိုင်ကြပေ။

ထိုအချိန်တွင် ရင်းနှီးနေသော ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

ချန်းဟောက် အမူအရာ ပြောင်းလဲသွားသည်။

“အန်လင်း ငါမင်းကို သတ်ပစ်မယ်။”

All Chapters