← Chapters

အသည်းကွဲနေသောချန်းနန်

Vol. 73 Ch. 1016

အသည်းကွဲနေသောချန်းနန်

Vol. 73 Ch. 1016

တီနာမှာ ဘောလုံးအား သိမ်းဆည်းလိုက်သည်။

ထိုဘောလုံးသည် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာတွင် ပထမဆုံး မွေးဖွားလာသော ရတနာဖြစ်ကာ အသုံးပြုသူ၏ ကျင့်ကြံရေးအဆင့်ထက် နိမ့်သူတိုင်းကို ဖမ်းဆီးနိုင်ပေသည်။

တီနာသည် ထိုဘောလုံးအား ယခုမှသာ တိုက်ပွဲအတွင်း အသုံးပြုဖူးခြင်း ဖြစ်သည်။

သူမသည် ပိုကီဘောအတွင်း အော်ဟစ်နေသော မြေခွေးမျိုးနွယ်စုအားကြည့်ကာ နှုတ်ခမ်းအား လျှာဖြင့်သပ်လိုက်သည်။

ငါတော့ပျော်ရဦးမှာပဲ......

အန်လင်းသည် ချန်းဟောက်နှင့် လေးလေးနက်နက် ဆွေးနွေးရန် အုတ်ခဲနက်အားစီးကာ ပျံသန်းသွားလိုက်သည်။

ချန်းဟောက်သည် ထင်မှတ်ထားသည်ထက် ပိုမိုခေါင်းမာကာ အံ့ဖွယ်တာအို အစွမ်းများနှင့်အတူ အရိုးဖြူလေဟာနယ်အား အသက်သွင်းထားဆဲပင်။

လွှသဏ္ဍာန် အရိုးများမှာ အန်လင်းတို့ထံ ဦးတည်ရောက်ရှိလာသည်။

ရှောင်ဇယ်သည် ချန်းဟောက် အားကုန်သွားစေရန် သဲအိတ်တစ်အိတ်အလား တိုက်ခိုက်ခံနေသည်။

"ခင်ဗျားက အရှေ့ပင်လယ် နဂါးဘုရင်ထက် ပိုကြမ်းတာပဲ။"

အန်လင်းမှာ မိစ္ဆာရှင်းဓားဖြင့် ခုခံနေရင်း ပြောလိုက်သည်။

ချန်းဟောက်သည် နောက်ဆုံးအနေဖြင့် ရုန်းကန်နေခြင်း ဖြစ်သောကြောင့် အန်လင်းအတွက် စွန့်စွန့်စားစား တိုက်ခိုက်စရာ အကြောင်းမရှိပေ။

သို့သော် ချန်းဟောက်မှာ ရုတ်ချည်းဆိုသလို ချန်းနန်နှင့် လန်ရှောင်နီအား မြိုချပစ်လိုက်သည်။

အန်လင်း အံ့အားသင့်သွားလေသည်။

"သွားတော့။ ငါသူတို့ကို တားထားမယ်။"

ချန်းဟောက်မှာ အော်ဟစ်ရင်း မှုတ်ထုတ်ပစ်လိုက်သည်။

ချန်းနန်နှင့် လန်ရှောင်နီမှာ ဒုံးပျံများအလား အရိုးဖြူလေဟာနယ် အပြင်ဘက်သို့ ရောက်ရှိသွားသည်။

အန်လင်း လှုပ်ရှားတော့မည့် အချိန်မှာပင် လွှသဏ္ဍာန် အရိုးများ နီးကပ်လာသည်။

"သူတို့နောက်လိုက်ဖို့ မစဥ်းစားနဲ့။ မင်းတို့ရဲ့ ပြိုင်ဘက်ကငါပဲ။"

ချန်းဟောက်သည် အရိုးဖြူလေဟာနယ်အား ပိုမိုအားကောင်းစေလိုက်သည်။

၎င်းသည် မလွတ်မြောက်နိုင်ကြောင်း သိလိုက်သောကြောင့် ချန်းနန်တို့အား အရင်လွှတ်ပေးလိုက်ခြင်းပင်။

အန်လင်းမှာလည်း ချန်းဟောက်၏ အစီအစဥ်အတိုင်း ဖြစ်ခွင့်မပေးနိုင်ပေ။ သူ၏ သိုလှောင်လက်စွပ်ထဲမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။

"ဂမ်ဒမ်သုံး၊ ယောင်ကျီး သူတို့ကို သစ်ပစ်လိုက်။"

ဝှစ်.....

ဝှစ်......

ဂမ်ဒမ်သုံးနှင့် ယောင်ကျီးမှာ ချန်းနန်တို့ထံ လျင်မြန်စွာ ပျံသန်းသွားသည်။

ချန်းဟောက် ထိတ်လန့်သွားရသည်။

အန်လင်းထံတွင် ဝှက်ဖံများ ရှိနေဦးမည်ဟု သူထင်မှတ်မထားခဲ့ပေ။

အံ့ဖွယ်တာအို အစွမ်းများ ပါဝင်သော အရိုးဖြူလေဟာနယ်မှာ ဂမ်ဒမ်သုံးနှင့် ယောင်ကျီးတို့ထံ ရောက်ရှိလာသည်။

စွမ်းအင်အလွန်အကျွံ သုံးစွဲမှုကြောင့် ချန်းဟောက်မှာ အားကုန်လာသည့်အပြင် ရေဘောလုံးကြီး၏ ဖိနှိပ်မှုကြောင့် အရိုးအက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

ဒေါသထွက်စရာ ကောင်းသည်မှာ ဂမ်ဒမ်သုံးသည် ၎င်း၏တိုက်ခိုက်မှုအား ခုခံပါသော်လည်း ယောင်ကျီးမှာ ဂရုပင် မစိုက်ပေ။ ယောင်ကျီးသည် တွက်ချက်မှုများ တိကျမြန်ဆန်လွန်းသည့်အပြင် လေဟာနယ် ခုန်ကျော်ခြင်းကိုပင် သုံးလိုက်သေးသည်။

လေဟာနယ် ခုန်ကျော်တာက အခုခေတ်မှာ အရမ်းလွယ်နေပြီလား......

ဂမ်ဒမ်တစ်ကောင်တောင် လုပ်နိုင်နေပြီပေါ့လေ.....

အဆုံးတွင် ယောင်ကျီးသည် ချန်းဟောက်၏ တိုက်ခိုက်မှုများ အားလုံးကိုရှောင်ကာ ချန်းနန်နှင့် လန်ရှောင်နီအား လေဆာအမြှောက်နှင့် ပစ်လိုက်နိုင်သည်။

ဝုန်း....

ဝုန်း......

ကြောက်မက်ဖွယ် စွမ်းအင်တန်းကြီးနှစ်ခု ထွက်ပေါ်လာလေသည်။

"မဖြစ်ဘူး။"

ချန်းဟောက် စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

လန်ရှောင်နီသည် ချန်းနန်ရှေ့တွင်နေကာ ကာကွယ်ရေး ရတနာတစ်ခုအား အသက်သွင်းလိုက်သည်။

အပြာရောင် အကာအရံတစ်ခု ဖြစ်ပေါ်လာသည်။

သူမ၏ ကျင့်ကြံရေးအဆင့်သည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်သာ ရှိပါသော်လည်း သူမထံတွင် ဟင်းလင်းပြင်သို့အပြန် အဆင့်များနှင့်ပင် ယှဥ်နိုင်လောက်သော ဝှက်ဖဲများစွာ ရှိသည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် ယောင်ကျီးအား လျှော့တွက်ခဲ့ပုံပင်။

ယောင်ကျီးသည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်၏ အထွဋ်အထိပ်မျှ ရှိသူဖြစ်ကာ သူမ၏ လေဆာအမြှောက်များသည် သာမန် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများကိုပင် အငွေ့ပျံသွားစေနိုင်သည်။

စွမ်းအင်တန်းများကြောင့် ကောင်းကင်တခွင်လုံး ထိန်လင်းသွားသည်။

ချန်းနန်နှင့် လန်ရှောင်နီတို့၏ အော်ဟစ်သံများလည်း ပဲ့တင်ထပ်သွားသည်။

အန်လင်းသည် စွမ်းအင်ပေါက်ကွဲသွားသော နေရာအား လှမ်းကြည့်လိုက်သည်။

အလင်းရောင်များ ပျောက်ကွယ်သွားပြီးနောက် အဝေးသို့ ရောက်နေသော ပုံရိပ်နှစ်ခုအား တွေ့လိုက်ရသည်။

အန်လင်း စိတ်ပျက်သွားပါသော်လည်း ချန်းဟောက်မှာ ဝမ်းသာအားရ ဖြစ်သွားလေသည်။

ယောင်ကျီးမှာ နောက်မှလိုက်သွားရန် ပြင်နေစဥ်မှာပင် ချန်းဟောက်မှာ ထိုသို့ဖြစ်ခွင့်မပေးပဲ အရှိန်အဝါများ မြင့်တက်စေလိုက်သည်။

ချန်းဟောက်သည် တန်ကြေးကြီးမားသော မှော်အစွမ်းအား အသုံးပြုလိုက်ပြီဖြစ်ကြောင်း အန်လင်း သိရှိလိုက်သည်။ ထို့ကြောင့်သာ ရေဘောလုံးကြီး ရှိနေသည်ကိုပင် မတ်တပ်ရပ်လာနိုင်ခြင်း ဖြစ်လိမ့်မည်။

ချန်းဟောက်ထံမှ အန္တရာယ် အငွေ့အသက်များ ထွက်ပေါ်လာသည်။

"အန်လင်း ဒီနေ့ ငါမင်းကို သတ်ပစ်မယ်။"

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်မိသည်။

"တိုက်ဆိုင်လိုက်တာ။ ကျုပ်လည်း ခင်ဗျားကို သတ်မလို့။"

ရှောင်ချိုးနှင့် စုကျိုးအင်မော်တယ်ဂိုဏ်း၏ လုံခြုံရေးအတွက် ထိုမြေခွေးအိုကြီးအား ရှင်းပစ်ရလိမ့်မည်။

ဝုန်း......

ထိုအချိန်တွင် ကျယ်လောင်လှသော ပေါက်ကွဲသံတစ်ခုအား ကြားလိုက်ရသည်။

ကောင်းကင်နှင့်မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားလေသည်။

စွမ်းအင်လှိုင်းဂယက်များနှင့်အတူ မှိုပွင့်သဏ္ဍာန် မီးခိုးလုံးကြီးတစ်ခု တက်လာသည်။

ထိုသည်မှာ နျူကလီးယား ပေါက်ကွဲမှုလိုပင်။

အစ်ကိုကြီးချန်က နယ်ပယ်ထုတ်လိုက်ပြီပေါ့.....

ငါ့လူတွေ မထိပါစေနဲ့......

ချန်းဟောက်၏ သိုလှောင်လက်စွပ်ထဲမှ အက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

သူ၏အမူအရာ ပြောင်းလဲသွားသည်။

"လျှိုရှင်း သေပြီလား။"

အန်လင်းမှာ ချန်းဟောက်၏ ပုံစံကြောင့် ကြောင်တောင်တောင် ဖြစ်သွားမိသည်။

ဟင်းလင်းပြင်သို့အပြန် အဆင့်တစ်ယောက်ယောက် လျှောပြီလား......

အားကောင်းသော ဟင်းလင်းပြင်သို့အပြန် အဆင့်များသည် လေဟာနယ်စွမ်းအင်နှင့် ခုခံနိုင်ကြပါသော်လည်း ထိုသည်ကို မကျွမ်းကျင်သော ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများမှာ ပေါက်ကွဲမှုအား ခံနိုင်ရည် မရှိကြပေ။

ဘန်း.....

နောက်ထပ်အသံတစ်ခုအား ကြားလိုက်ရပြန်သည်။

"အား.... ကုန်စွန်းရော့..."

ချန်းဟောက်မှာ ဒူးထောက်ကျသွားရသည်။

အန်လင်းသည်ပင် သနားသွားမိသည်။

အော်... နောက်တစ်ကောင်သေပြီထင်တယ်....

မြေခွေးနက်မျိုးနွယ်စုများ တစ်ဦးပြီးတစ်ဦး သေနေခြင်းမှာ ချန်းဟောက်အတွက် မကောင်းလှပေ။

ထိုအချိန်တွင် ကီလိုမီတာ ငါးဆယ်အကွာ၌....

အဖြူရောင် မြင့်မြတ်မီးတောက်များမှာ မီးပင်လယ်ကြီးတစ်ခု ဖြစ်နေသည်။

အမြှီးခြောက်ချောင်း မြေခွေးတစ်ကောင်မှာ အသက်စွမ်းအင် ကင်းမဲ့နေလေပြီ။

ကျောက်စိမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးသည် အင်မော်တယ်ဆေးလုံးအားသောက်ကာ ထိုမြေခွေးအား သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။

သူမသည် ဒဏ်ရာဒဏ်ချက်များ ရှိနေပါသော်လည်း မျက်ဝန်းများ တောက်ပနေသည်။

"နောက်ဆုံးတော့ ဟင်းလင်းပြင်သို့အပြန် အဆင့်ကို သတ်နိုင်ခဲ့ပြီပဲ။"

သူမ ခပ်ဖွဖွ ပြုံးလိုက်သည်။

အန်လင်းသည်လည်း စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်နှင့်ပင် ဟင်းလင်းပြင်သို့အပြန် အဆင့်အား သတ်ဖြတ်နိုင်ပြီး သူမသည်လည်း ထိုသို့လုပ်နိုင်ပြီ ဖြစ်သည်။

"ရှောင်လန်.... ကယ်ပါဦး။"

အဝေးမှ အော်ဟစ်သံ ထွက်ပေါ်လာသည်။

မြူနှင်းဝိဥာဥ်သားရဲလေးမှာ ရေသူမ တစ်ကောင်ထံမှ ထွက်ပြေးနေရသည်။

အန်လင်းသည်လည်း ထိုကဲ့သို့ပင် သူမအား အကူအညီ တောင်းတတ်သည်။

"စိတ်မပူနဲ့ ထျန်းလေး...."

စုရှောင်လန်မှာ နဂါးစာကလေးဓားနှင့် ထိုရေသူမအား တိုက်ခိုက်လိုက်တော့သည်။

All Chapters