← Chapters

ရှောင်ချိုးမင်္ဂလာပွဲအတွက် မီးရှူးမီးပန်းများ

Vol. 73 Ch. 1025

ရှောင်ချိုးမင်္ဂလာပွဲအတွက် မီးရှူးမီးပန်းများ

Vol. 73 Ch. 1025

အမျိုးသားတစ်ဦးမှာ ဓားပျံစီးနင်းလာသည်။

ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများမှာ ၎င်းအား အာရုံစိုက်နေကြလေသည်။

ထိုသည်မှာ ထျန်းရှီမန် ဘဝ၏ အထွဋ်အထိပ်ပင်။

ထျန်းရှီမန် အန်လင်းဘေးသို့ ဆင်းသက်လာသည်။

“ချန်းနန်ခေါင်းက ကျုပ်ဆီမှာ.....”

သူသည် သိုလှောင်လက်စွပ်ထဲမှ ခေါင်းတစ်လုံး ထုတ်ပေးလိုက်သည်။

ဒုန်း....

ခေါင်းပြတ်ကြီးမှာ မြေပြင်ပေါ် ပြုတ်ကျသွားသည်။

ချန်းနန်၏ခေါင်းအစစ် ဖြစ်သောကြောင့် အားလုံး အံ့သြသွားရသည်။

“အစ်ကိုကြီးထျန်းက အရမ်းမိုက်တာပဲ..... ဝုတ်....”

တပိုင် ချီးကျူးလိုက်သည်။

“စီနီယာကျောင်းသားထျန်း.... တကယ်ကို လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်သင့်ဘူးပဲ။”

စုချန်းရန် ရေရွတ်လိုက်သည်။

နတ်ဘုရားမလေး စုချန်းရန်၏ စကားကြောင့် ထျန်းရှီမန် ရင်ခံသွားရသည်။

လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်သင့်ဘူးတဲ့လား..... ငါ့ပုံစံက ငချွတ်ပုံ ပေါက်နေတယ် ပြောချင်တာလား....

ငါက လုံးဝကို ပါရမီရှင် ရုပ်ပါဟ.....

“ချန်းနန်က ဝှက်ဖဲတွေ အများကြီးရှိတဲ့ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူပဲ။ သခင်လေး ထျန်းရှီမန်က တကယ်တော်ပါတယ်။”

ချင်းပိုင်ချန် ပြုံးကာပြောလာသည်။

ထျန်းရှီမန် အရိုအသေ ပေးလိုက်သည်။

“စီနီယာက မြှောက်ပင့်နေပါပြီ။”

ထျန်းရှီမန်၏ စိတ်ထဲတွင် အလွန့်အလွန် စိတ်ကျေနပ်သွားမိသည်။

ချန်းနန် သေဆုံးမှုမှာ မြေခွေးမျိုးနွယ်စုအား စိတ်သက်သာရာ ရစေသည်။ ချန်းနန်နှင့် လန်ရှောင်နီသာ လက်မထပ်နိုင်ပါက ဝိဥာဥ်ငါးကလန်လည်း ဝင်ပါလာတော့မည် မဟုတ်ပေ။

မြေခွေးနက်မျိုးနွယ်စုအား ရှင်းထုတ်ရသည်မှာလည်း လွယ်ကူသွားပေလိမ့်မည်။

မကြာမီပင် အဝေးမှ စွမ်းအင်ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။

စုရှောင်လန်တို့ လှမ်းကြည့်လိုက်သောအခါ ရှောင်ချိုးနှင့် ပိုင်ယောင်အား တွေ့လိုက်ရသည်။

၎င်းတို့မှာ စစ်မြေပြင်အား အလွယ်တကူ ရှာတွေ့ခဲ့ကြသည်ပင်။

“ယောင်လေး ဘာလို့ရောက်လာတာလဲ။”

ပိုင်မုယွီမှာ လုံလုံခြုံခြုံ ရှိနေသော သမီးလေးကြောင့် စိတ်သက်သာရာ ရသွားသည်။

“ရှောင်ချိုးရော၊ သမီးရော အမေတို့ကို စိတ်ပူနေတာ။”

ပိုင်ယောင် တုံ့ပြန်လာသည်။

ရှောင်ချိုးသည် အခေါင်းထဲရှိ အန်လင်းအားကြည့်ကာ ဒူးထောက်ကျသွားရသည်။ ကံကောင်းထောက်မစွာဖြင့် စုရှောင်လန်၏ အချိန်မှီ ရှင်းပြမှုကြောင့်သာ ငိုချင်းမချခဲ့ခြင်း ဖြစ်ပေသည်။

ထို့နောက် ထျန်းရှီမန် လက်ထဲရှိ ခေါင်းပြတ်ကြီးအားကြည့်ကာ ပြောလိုက်သည်။

“တော်သေးတာပေါ့။ ချန်းနန် လွတ်သွားပြီလို့ ထင်နေတာ။ ပိုင်ယောင်နဲ့ ကျွန်တော်နဲ့ အသေဆော်ထားတာတောင် ထွက်ပြေးသွားသေးတယ်လေ။ ခင်ဗျား သတ်နိုင်လိုက်သားပဲ။”

ထျန်းရှီမန် မျက်နှာပျက်သွားသည်။

ငါက ဒီမှာ ကြွားလုံးထုတ်နေတာကို မင်းက သူများဆော်ပြီးသားကို ဝင်သတ်သွားတယ်လို့ ပြောချင်နေတာလား.....

“အင်း.... ချန်းနန်နဲ့ငါနဲ့ တော်တော်လေး တိုက်ခိုက်ရတာပေါ့။ တောင်တွေပါ ပြိုတဲ့ထိပဲ။ နောက်မှ ဒင်းကို သတ်လိုက်နိုင်တာ။”

ထျန်းရှီမန် ဟန်လုပ်ပြောလိုက်သည်။

အားလုံးမှာ တိတ်တဆိတ် မျက်ဆံလှန်လိုက်ကြသည်။

၎င်းတို့သည် ထျန်းရှီမန်အကြောင်း သိနေသောကြောင့် ဘာမှပြောမနေတော့ပေ။

ထိုသို့ဖြင့် တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့သည်။

အန်လင်းသည်လည်း ဖြည်းညင်းစွာ နိုးထလာလေသည်။

သူသည် အားလုံး စိုးရိမ်နေသည်ကိုကြည့်ကာ နောင်တမျက်ရည်များ စီးကျလာသည်။

“ရှောင်လန်.... ကိုယ်ရှင်းပြပါရစေ။ ကိုယ်မတော်မတရား စွန့်စားလိုက်တာ မဟုတ်ပါဘူး။”

“ဟင်းဟင်း..... နင်သေချာပြန်ကောင်းမှသာ ပြောပါတော့။”

စုရှောင်လန် အေးစက်စက် ရယ်မောလိုက်သည်။

“မင်းတို့အားလုံးရော ဘာလို့ထိခိုက်ထားကြတာလဲ။ ဧကန္တ ချန်းဟောက်က မသေသွားဘူးလား။”

“ဟင်းဟင်း.... သခင်လေးအန်လင်းက အရမ်းရယ်ရတာပဲ။ သခင်လေးရဲ့ သောက်ကျိုးနည်း လက်သီးကြောင့် အကုန်ထိကုန်တာလေ။”

“.......”

အန်လင်း ချွေးစေးများ ပျံလာကာ ထျန်းရှီမန်အား လှမ်းကြည့်လိုက်သည်။

“အထင်ကြီးစရာပဲ။ စီနီယာကျောင်းသား ထျန်းရှီမန်က ချန်းနန်ကိုတောင် သတ်ခဲ့တယ်ပေါ့။ ခင်ဗျားအဆင့်နဲ့လေ။”

ထျန်းရှီမန် ရင်နာသွားရသည်။

အခေါင်းထဲကနေတောင် ငါ့ကိုစော်ကားနေသေးတယ်....

“ကျောင်းသားအန်လင်းက အမြင်ရှိသားပဲ။”

ထျန်းရှီမန် ပြုံးကာပြောလိုက်သည်။

မျက်စိမျက်နှာ ပျက်နေသော ထျန်းရှီမန်ကြောင့် အန်လင်း ကြောင်တောင်တောင် ဖြစ်သွားသည်။

ငါများ စကားမှားသွားတာလား.......

ဒါပေမယ့် ဘာမှားလို့လဲ.... ထျန်းရှီမန်က စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ပဲ ရှိသေးတာလေ.... ချန်းနန်က စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ်အဆင့်မလား..... သူချန်းနန်ကိုသတ်ဖို့ ဘယ်လွယ်မှာလဲ.... ငါပြောတာ ဘာမှမမှားဘူး......

ရှောင်ချိုးမှာ အန်လင်း လုပ်ပေးခဲ့သော အရာများကြောင့် ရင်ထဲထိသွားရသည်။ သူသည် ဇနီးကိုပင် ပစ်ပယ်ကာ အန်လင်းဘေးနား နေနေလေသည်။

“ငါအဆင်ပြေပါတယ် ရှောင်ချိုးရဲ့။ မင်းမိန်းမကို သွားကြည့်လိုက်ဦး။”

အန်လင်း စကားဆိုလိုက်သည်။

“အစ်ကိုကြီးအန်က ကျွန်တော့်အတွက် ထိခိုက်ခဲ့ရတာလေ။ အစ်ကိုကြီးကို ပစ်သွားစရာလား။ လောလောဆယ်မှာ အစ်ကိုကြီးက အရေးအကြီးဆုံးပဲ။”

ရှောင်ချိုး လေးနက်စွာ ပြောလိုက်သည်။

အခေါင်းပေါ်တွင် ရုပ်ဆိုးဆိုး မျက်နှာကြီးနှင့် လာကြည့်နေသော ရှောင်ချိုးကြောင့် အန်လင်းမှာ မျက်စိမှိတ်ထားလိုက်ရသည်။

သောက်တုံးကောင်..... မင်းငါ့ကို ကြည့်ချင်ပေမယ့် ငါကမင်းကို မမြင်ချင်ဘူးကွ......

ရှောင်လန်၊ လျှိုချင်းဟွမ်၊ စုချန်းရန်နဲ့ အလှတရားလေးတွေကိုပဲ မြင်ချင်တာ..... မင်းမျက်ခွက်ကြီး ဖယ်လိုက်ပါတော့.....

တိုက်ပွဲတွင် စုကျိုးအင်မော်တယ်ဂိုဏ်းနှင့် မြေခွေးမျိုးနွယ်စုတို့ အနိုင်ရခဲ့သည်။

မင်္ဂလာပွဲကိုလည်း ဆက်လက်ကျင်းပဖြစ်ခဲ့သည်။

အစောပိုင်းတွင် ဖြစ်ပျက်ခဲ့သော တိုက်ပွဲအား ရှောင်ချိုး၏ မင်္ဂလာပွဲအတွက် ထွန်းညှိပေးသော မီးရှူးမီးပန်းများ ဖြစ်သည်ဟု အန်လင်းမှ ဆိုလာသည်။

ရှောင်ချိုး မျက်ရည်ဝဲသွားသလို ပိုင်ယောင်လည်း ရင်ထဲထိသွားရသည်။

ရှောင်ချိုး သခင်က တကယ်သောက်ကြမ်းကြီးပဲ.....

ချင်ဟုမြို့တော် တစ်ခုလုံးမှာ ပျော်ပွဲရွှင်ပွဲများ ကျင်းပနေကြသည်။

ပတ်ဝန်းကျင်မှာ တေးသံများဖြင့် ငြိမ့်ငြောင်းသာယာနေလေသည်။

မြေခွေးမျိုးနွယ်စုမှာ အနိုင်ရခဲ့သောကြောင့် အားရကျေနပ်နေကြသည်။

စင်မြင့်ထက်တွင် လှပသော မြေခွေးမလေးများ ဖျော်ဖြေနေသည်။

ညှို့အားပြင်းသော တိုင်ပတ်အကများပင် ပါဝင်သဖြင့် အန်လင်းတို့မှာ စိတ်လှုပ်ရှားနေရသည်။

“ဟွန့်.... ယောက်ျားတွေများ....”

စုရှောင်လန် နှုတ်ခမ်းကိုက်လိုက်သည်။

သူမသည် စိတ်အလိုမကျ ဖြစ်နေပါသော်လည်း ပွဲမဖျက်လိုသောကြောင့် ဘာမှမလုပ်ပေ။

အန်လင်းသည် အကူမပါပဲ လမ်းလျှောက်နေနိုင်ပြီ ဖြစ်သည်။

ကောင်းကင်ထက်တွင် မီးရှူးမီးပန်းများစွာက ညဥ့်ယံအား လှပနေစေသည်။

ရှောင်ချိုးနှင့် ပိုင်ယောင်မှာ ဧည့်သည်တော်များအား လိုက်လံနှုတ်ဆက်နေသည်။

ထို့နောက် ရှောင်ချိုးသည် အန်လင်းအား တင်းကြပ်စွာဖက်ကာ ငိုကြွေးတော့သည်။

ပိုင်ယောင်သည် တင့်တယ်လှပသော ကောင်းကင်နတ်မိမယ်လေးအလား အန်လင်းထံ ရောက်ရှိလာသည်။

“အစ်ကိုကြီးအန်လင်း..... ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မတို့ အတူရှိနိုင်မှာ မဟုတ်ဘူး။ ဒီကျေးဇူးတရားကို ကျွန်မ မှတ်ထားပါ့မယ်။ ဒီသေရည်တစ်ခွက်နဲ့ ကတိပေးပါရစေ။”

အန်လင်းသည်လည်း သေရည်တစ်ခွက်အား ယူလိုက်သည်။

“မင်းတို့ အမြဲပျော်ရွှင်နိုင်ဖို့ ဆုတောင်းပါတယ်။”

အန်လင်း လေးနက်စွာ ပြောလိုက်သည်။

ပိုင်ယောင်နှင့် ရှောင်ချိုး ခေါင်းညိတ်လိုက်ကြသည်။

ယခု ပျော်ရွှင်မှုအား ခက်ခက်ခဲခဲ ရယူခဲ့ရသောကြောင့် တန်ဖိုးထားရမည်ပင်။

၎င်းတို့မှာ အနည်းငယ် စကားစမြည် ပြောခဲ့ကြသည်။

ယခုအချိန်သည် ပိုင်ယောင်အား ကုသရန် အချိန်ပင် ဖြစ်တော့သည်။

All Chapters