← Chapters

မင်္ဂလာဦးည

Vol. 73 Ch. 1026

မင်္ဂလာဦးည

Vol. 73 Ch. 1026

အားလုံးမှာ ထွက်ခွာသွားသော ရှောင်ချိုးနှင့် ပိုင်ယောင်အားကြည့်ကာ အားကျမနာလို ဖြစ်နေကြသည်။

“အစ်ကိုကြီးချိုးက ကျွန်တော်တို့ သားရဲအဖွဲ့မှာ ကံအကောင်းဆုံးပဲ..... ဝုတ်.....”

တပိုင် သက်ပြင်းချလိုက်သည်။

“သားရဲအဖွဲ့တင် မကဘူး။ အစေခံတွေရော၊ တပည့်တွေထက်ရော ပြောရရင် ငါ့ထက်တောင် သာပါတယ်ကွာ။”

အန်လင်း စကားဆိုလိုက်သည်။

“အန်လင်းတို့တင် မကဘူး။ စုကျိုးအင်မော်တယ်ဂိုဏ်း တစ်ခုလုံးမှာ ကံအကောင်းဆုံးပါပဲကွာ။”

ထျန်းရှီမန်မှာ မနာလိုမှုများ ပွက်ပွက်ဆူနေသည်။

အဲ့လိုမိန်းမသာရရင် ငါသေပျော်ပါပြီ......

ရှောင်ဟုန် ချိုမြိန်စွာ ပြောလိုက်သည်။

“မင်္ဂလာဆောင်တာ ဘာကောင်းလို့လဲ။ နေမင်းကို မြတ်နိုးပြီး နေမင်းကိုပဲ ချီးကျူးသင့်တယ်။ နေမင်းက တရားမျှတတယ်။ နေမင်းက ပျော်ရွှင်မှုပဲ။”

“ဟုတ်တယ်။ လက်ထပ်တာက ကမ္ဘာဖန်တီးတာလောက် ပျော်စရာကောင်းလို့လား။”

တီနာ ထောက်ခံလိုက်သည်။

အန်လင်း မချိတင်ကဲ ပြုံးလိုက်သည်။

သောက်ကျိုးနည်း.... မင်းတို့ ဘာမှမသိပါဘူး.....

ချစ်ခြင်းမေတ္တာ၏ ဆန်းကြယ်ပုံအား မရှင်းပြလိုသောကြောင့် ဖျော်ဖြေတင်ဆက်မှုများကိုသာ အာရုံစိုက်ထားလိုက်သည်။

တစ်ဖက်တွင်မူ တပိုင်မှာ ရှောင်ချိုးနှင့် ပိုင်ယောင် ထွက်ခွာသွားသော နေရာအား ငေးမောကြည့်ရှုနေသည်။

သူရုတ်တရက် စကားဆိုလာသည်။

“ပန်းရောင်အတွင်းခံကိုချွတ်ပြီး မင်းရဲ့မွေးရာပါဝတ်စုံလေးကို ပြပါဦး။ နှင်းဖြူရောင် ခန္ဓာကိုယ်လေးက ရနံ့သင်းလိုက်တာကွာ။”

အားလုံးမှာ တပိုင် ထိုသို့ပြောလာမည် မထင်ထားသောကြောင့် မျက်လုံးပြူးကုန်ကြသည်။

တပိုင် ဆက်ပြောနေသည်။

“လူတိုင်းက မင်းကို မက်မောကြတယ်။ ကိုယ်ကလည်း မွေးကတည်းက မင်းအတွက် ရူးသွပ်ခဲ့ရတာပါ.... ကိုယ့်ရဲ့မြေပဲလေးရေ....”

သူသည် မြေပဲပြုတ်အား အခွံခွာကာ စားလိုက်သည်။

“အရသာ ရှိလိုက်တာကွာ..... ဝုတ်....”

အားလုံး : “......”

ဘာလဲဟ.... သူက မြေပဲပြုတ်အကြောင်း ပြောနေတာလား......

အန်လင်းမှာ ဓားအားပြန်သိမ်းလိုက်သလို လျှိုချင်းဟွမ်သည်လည်း သူမ တောင်ဝှေးအား တိတ်တဆိတ် သိမ်းဆည်းလိုက်သည်။

အားလုံးမှာလည်း ကသိကအောက်ဖြစ်စွာ မျက်နှာလွှဲသွားကြသည်။ ၎င်းတို့သည် တပိုင်အား ရိုက်နှက်ချင်ပါသော်လည်း ညစ်ညစ်ပတ်ပတ် တွေးမိနေသည်မှာ ၎င်းတို့သာ ဖြစ်သည်။

လှည့်စားခံလိုက်ရသလိုပဲ.....

အန်လင်းမှာလည်း အကမယ်လေးများကိုသာ ပြန်ကြည့်နေလိုက်သည်။

မြေခွေးမလေးများသည် စိတ်ဝိဥာဥ်ကို ဆွဲယူသွားတော့မည့်အလား လှပစွာ ကကြိုးသွယ်နေသည်။

မြေခွေးမျိုးနွယ်စုသည် လူသားများကိုသာမက အခြားမျိုးနွယ်စုများကိုပါ ဆွဲဆောင်နိုင်သည်အထိ လှအိုးကွဲကြသည်။

အန်လင်းသည် ပန်ကိတ်တစ်ခုအတွက် ကပြဖျော်ဖြေနေသော မြေခွေးမလေးအားကြည့်ကာ စိတ်ကျေနပ်နေမိသည်။

မြေခွေးမျိုးနွယ်စုသည် အမျိုးသမီး ဧည့်သည်တော်များကိုလည်း မေ့လျော့မထားပေ။

ချောမောခန့်ညားသော မြေခွေးပျိုမှာလည်း အမျိုးသမီးများအတွက် ဖျော်ဖြေပေးနေလေသည်။

ကံကောင်းထောက်မစွာဖြင့် စုကျိုးအင်မော်တယ်ဂိုဏ်းမှ အမျိုးသမီးများမှာ ရွှမ်းယွမ်ချန်အား မြင်နေကြ ဖြစ်နေသဖြင့် အိန္ဒြေမပျက် တည်ငြိမ်နေကြသည်။

“ဆရာ အသီးစားပါဦး။”

ရဲ့လင်မှာ အသီးအချို့အား အခွံခွာပေးလာသည်။

အန်လင်းမှာ ပါးစပ်ဟပေးကာ စိမ်ပြေနပြေ ဝါးနေလိုက်သည်။

ချိုလိုက်တာ......

သူသည် ဆိုးဆိုးရွားရွား ထိခိုက်ထားသောကြောင့် တပည့်မလေး ပြုစုပေးသည်ကိုသာ ခံယူနေသည်။

ကလေးမလေးအား တပည့်တော်ရသည်မှာ သာမန်တပည့်ထက် ပိုကောင်းပေသည်။

ရှောင်ဇယ်ကို ကြည့်ပါလား.... ဆရာကို ဂရုစိုက်ရကောင်းမှန်းကို မသိဘူး..... စင်ပေါ်ကိုပဲ ငမ်းနေတာ....

ရဲ့လင်မှာ အန်လင်းအားကြည့်ကာ ပျော်ရွှင်သွားပြီးနောက် အသီးသာမက မြေပဲများ၊ နေကြာစေ့များပါ ခွာကျွေးတော့သည်။

စုရှောက်လန်သည် ထိုမြင်ကွင်းအားကြည့်ကာ ဆရာနှင့် တပည့်မှာ နီးကပ်လွန်းသည်ဟု တွေးနေမိသည်။

သူမ၏ နှလုံးသားထဲတွင်လည်း တစ်စုံတစ်ခု ခံစားနေရသည်။

ထို့နောက် သူမ သဘောပေါက်သွားသည်။

ငါက ခွံ့ကျွေးသင့်တာ မဟုတ်ဘူးလား.....

ကလေးမလေးက ငါ့ဆီကနေ အန်လင်းကို ခေါ်သွားပြီလား.....

အန်လင်းမှာ အကအလှများ ကြည့်ရှုပြီးသည့်နောက် သိုလှောင်လက်စွပ်အား အာရုံစိုက်လိုက်သည်။

“မြေခွေးနက်မျိုးနွယ်စုရဲ့ ဧကရာဇ် ချန်းဟောက်မှာ ဘာတွေရှိလောက်လဲ။”

သူခပ်ဖွဖွပြုံးကာ လက်စွပ်အား သန့်စင်လိုက်သည်။

ချီကျောက်တုံး နှစ်ရာ့သုံးဆယ်အား တွေ့လိုက်ရသည်။ ထိုသည်မှာ စိတ်ဝိဥာဥ်ကျောက်တုံး နှစ်သန်းသုံးသိန်းကျော်နှင့် ညီမျှပေသည်။

အန်လင်း အကြမ်းဖျဥ်း တွက်ချက်ကြည့်ပြီးနောက် သူ၏ရည်မှန်းချက်ဖြစ်သော စိတ်ဝိဥာဥ်ကျောက်တုံး သန်းတစ်ရာနှင့် ပိုမိုနီးကပ်လာပြီဖြစ်ကြောင်း သိလိုက်ရသည်။

အဆင့်မြင့် စိတ်ဝိဥာဥ်ဆေးလုံးနှင့် စိတ်ဝိဥာဥိသစ်သီးများလည်း ဆယ်နှင့်ချီ ရှိနေသည်။

သွေးသစ်လောင်းသော အဆင့်ငါး အင်မော်တယ်သစ်သီးများ၊ အစိမ်းရောင်ခြောက်ဆ အသက်သစ်သီးများလည်း ရှိနေသည်။

အဆင့်နှစ် အင်မော်တယ်ဆေးလုံး တစ်လုံးလည်း ရှိနေ၏။

အန်လင်းမှာ စိတ်လှုပ်ရှားလွန်းသောကြောင့် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အား အသက်သွင်းလိုက်သည်။

(မဟူရာဇာမဏီ မရဏဝိဥာဥ်ဆေးလုံး : ဒဏ္ဍာရီလာသားရဲ မဟူရာဇာမဏီ၏ ခြင်ဆီနှင့် သန့်စင်ထားသော အဆင့်နှစ် အင်မော်တယ်ဆေးလုံး ဖြစ်သည်။ အံ့ဖွယ်အာရုံများအား မြှင့်တင်ပေးနိုင်ပြီး အနက်ရောင်မီးတောက်များ၏ စွမ်းအင်ကို စုပ်ယူနိုင်သည်။ အသုံးပြုသူအား မဟူရာဇာမဏီ၏ တာအိုကိုလည်း ရရှိစေနိုင်သော အခွင့်အရေး ရှိသည်။)

အန်လင်းမှာ နေကောင်းသွားပါက ထိုဆေးအားသောက်ရန် ဆုံးဖြတ်လိုက်သည်။

သိုလှောင်လက်စွပ်ထဲတွင် အဆင့်မြင့် စိတ်ဝိဥာဥ်လက်နက် သုံးခုနှင့် ပစ္စည်းများစွာ ရှိနေပါသော်လည်း သူ့အတွက် တန်ဖိုးရှိသည်ဟု မှတ်ယူနိုင်သောအရာ မရှိပေ။

“ဟင်းလင်းပြင်သို့အပြန်အဆင့်က အင်မော်တယ်လက်နက်လေးတောင် မရှိဘူးလား။”

အန်လင်း စိတ်ညစ်သွားရသည်။

ထိုအချိန်မှာပင် သေတ္တာတစ်ခုအား သတိထားလိုက်မိသည်။

ထိုသေတ္တာအား ဖွင့်ရန်နည်းလမ်း ရှာမတွေ့ပေ။

“ဘယ်လိုဖွင့်ရမှာပါလိမ့်။”

အန်လင်းမှာ သစ်သားဖြင့် ပြုလုပ်ထားပုံရသော သေတ္တာအားကြည့်ကာ တိတ်ဆိတ်သွားသည်။

ထို့နောက် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အား အသက်သွင်းလိုက်လေသည်။

သူ၏စိတ်ထဲသို့ သတင်းအချက်အလက်များ စီးဝင်လာသည်။

(ပစ္စည်းများ သိုလှောင်ရန် ပြုလုပ်ထားသော သစ်သားပဟေဠိသေတ္တာ။ ကျပ်မပြည့်သူများ မဖွင့်နိုင်ပေ။)

အန်လင်း : “.....”

ငါ့ကိုစော်ကားနေတာလား.......

အန်လင်း နဖူးကြောများပင် ထောင်ထလာသည်။

“ဒီနေ့ မရရအောင် ဖွင့်မယ်။”

........

ပွဲတော်များနှင့်ဝေးရာ လှပသော နေရာတစ်ခု၌

လေပြေများ တိုက်ခတ်နေပြီး မြေခွေးတစ်ကောင်နှင့် မျောက်တစ်ကောင် အတူရှိနေကြသည်။

ရှောင်ချိုးနှင့် ပိုင်ယောင်သည် ရိုးရာအတိုင်း သေရည်လဲလှယ်ပြီးနောက် အိပ်ရာပေါ် လှဲလိုက်ကြသည်။

“ယောင်လေး.... ကိုယ်တို့ နောက်ဆုံးတော့ လင်မယား ဖြစ်ခဲ့ပြီ။”

ရှောင်ချိုး ရုပ်ဆိုးစွာ ပြုံးလိုက်သည်။

ပိုင်ယောင်မှာ ပျော်ရွှင်စွာပြုံးရင်း ရှက်ရွံ့စွာ ခေါင်းငုံ့ထားမိသည်။

လှပလွန်းသော အမျိုးသမီးလေးအား ရုပ်ဆိုးလွန်းသော မျောက်တစ်ကောင်မှ ပွေ့ဖက်ထားသည်။

ယခုသည် ရှောင်ချိုး ဘဝ၏ အထွဋ်အထိပ်ဖြစ်သော မင်္ဂလာဦးညပင်။

ဖယောင်းတိုင်မီးအောက်တွင် ၎င်းတို့၏ အရိပ်များ လှုပ်ရှားနေကြသည်။

၎င်းတို့သည် ဖြည်းညင်းစွာဖြင့် နှုတ်ခမ်းချင်း ဂဟေဆက်လိုက်ကြသည်။

ထို့နောက် ဖတ်ရှုရန် မသင့်တော်သော အရာများအား လုပ်ဆောင်ကြတော့သည်။

All Chapters