ကပ်ဘေးအတွင်း ပြင်းထန်သည့် တိုက်ပွဲ
Vol. 87 Ch. 1226
မိုဝူကျိ၏ လူသားတာအိုက အားကောင်းလွန်းနေပြီး သူ့စွမ်းအားစက်ကွင်းက အားပြင်းလွန်းလျှင်ပင် သူက ပညာရှင်များစွာ၏ ဝိုင်းထားခြင်းကို ခံနေရသည့်အခါ အကျပ်အတည်းအတွင်း ကျရောက်နေရသည်။ သူ့စွမ်းအားစက်ကွင်း၌ အက်ကြောင်းများ စတင်ပေါ်လာပြီး တိုက်ခိုက်မှုများက လေထုကို ဖြတ်ကာ သူ့ခန္ဓာပေါ် ကျရောက်လာပြီး သွေးများစီးကျလာရသည်။
မိုဝူကျိ၏ ဝိဇ္ဇာအဆင့် ရုပ်ခန္ဓာနှင့်ပင် ဖြစ်၏။ မဟုတ်လျှင် အပိုင်းပိုင်း အစစ ဖြစ်သွားလောက်လေပြီ။
“ ဟားဟား … မိုဝူကျိ … မင်း သေနေ့စေ့ပြီ ” အဝေးတစ်နေရာမှ အားရပါးရ ရယ်မောသံ ထွက်ပေါ်လာသည်။ ထို့နောက် သတ်ဖြတ်ငွေ့တစ်ခုက ကြောက်မက်ဖွယ် လျှပ်စီးတစ်ခုအဖြစ် ပြောင်းလဲကာ ကျရောက်လာသည်။
“ လိန်ဟုန်ကျီ …” မိုဝူကျိ စိတ်ထဲ လေးလံမိသွားသည်။ လိန်ဟုန်ကျီ၏ အင်အားက သိသိသာသာ အားကောင်းလာသည်။ သူက ဝိဇ္ဇာတပိုင်းအဆင့် ကျော်လွန်သွားသည်မှာ သိသာလှ၏။
ကမ္ဘာပျက်ကပ်ဘေးကြီးသည် ကမ္ဘာအားလုံးနှင့် အလွှာအားလုံးကို ပျက်စီးသွားစေသောကြောင့် လိန်ဟုန်ကျီ၏ စိတ်စွမ်းအားက သူ့အား အလွယ်တကူ ရှာတွေ့သွားခြင်း ဖြစ်ရမည်။
လော့၊ ဝိဇ္ဇာအဆင့် ခြောက်ယောက်နှင့် ဝိဇ္ဇာတပိုင်း တစ်ရာကျော်ကြောင့်သာ မဟုတ်လျှင် သူက လိန်ဟုန်ကျီအား အာရုံစိုက်ဖို့ပင် မလိုပေ။
“ ဝုန်း ” ကျောက်တိုင်လောက် အထူရှိသည့် အနီရဲရဲ လျှပ်စီးက ကျရောက်လာသည်။ သေခြင်းတရား အငွေ့အသက်များက မိုဝူကျိအား ရစ်ပတ်သွားလေသည်။
ထိုစဉ် မိုဝူကျိက သူ့တိုက်ခိုက်မှုများသည့် စကြဝဠာ ပျက်စီးမှုအား အရှိန်မြင့်တင်ပေးသလို ဖြစ်ခြင်း၊ မဖြစ်ခြင်းအား အဘယ်ကြောင့် ဂရုစိုက်နေရဦးမည်နည်း။ သူ့ဘသာဝစွမ်းအားများ မြင့်တက်လာကာ လက်ဟန်များမှတဆင့် မြောက်များစွာသော တာအိုလှိုင်းများ ထွက်ပေါ်လာသည်။
မဟာဖျက်စီးရေး လက်ဟန်တစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းတွင် လူသားပုဆိန်လှံရှည်က ဧရာမ လျိူကြီးတစ်ခု ဖြစ်လာစေသည်။
စွမ်းအားစက်ကွင်းများစွာက တစစီ ဖြစ်သွားပြီး မှော်ရတနာများမှ အလင်းတန်းများက ပေါက်ကွဲထွက်သွားကြသည်။
မိုဝူကျိအား လျော့တွက်ခဲ့သည့် နတ်ဘုရားဧကရာဇ် မင်ယွဲ့က လက်ရှိ၌ အကြောက်တရားအပြည့် ဖြစ်နေသည်။
ယခု နောက်ဆုံးတွင် လော့က သူ့အား အရူးတစ်ယောက်လို ကြည့်သကဲ့သို့ ကြည့်နေကြောင်း နားလည်သွားလေ၏။ မိုဝူကျိက ယခင်ထက် အဆထောင်ပေါင်းများစွာ ပိုအားကောင်းလာသည် မဟုတ်ပါလော။
မဟာဖျက်စီးရေး ပညာရပ်၏ တာအိုလှိုင်းများက ကျဆင်းလာသည်။ မိုဝူကျိအား ဒဏ်ရာအပြင်းအထန် ပေးဖို့အကြောင်း ထည့်ပြောနေဖို့ပင် မလိုပေ။ ထိုစဉ် သူက ပြန်ခုခံနိုင်စွမ်းပင် မရှိတော့ချေ။ သူ အပ်ကျမ်းကို မဖွင့်နိုင်ခင် မဟာဖျက်စီးရေး တာအိုလှိုင်းများက သူ့အား ဖျက်စီးသွားလေသည်။
သူ မသေဆုံးခင် လော့၏ အကြည့် သူ့ဆီ ကျရောက်လာသည်ကို မြင်လိုက်ရသည်။ လော့က သူ့ကို ကယ်တင်ပေးနိုင်သော်လည်း လော့က ထိုသို့လုပ်ဖို့ ရည်ရွယ်ချက်ပင် မရှိချေ။
“ ဝုန်း ” လူသားပုဆိန်လှံရှည် အလင်းတန်းက အနီရဲရဲ လျှပ်စီးနှင့် ထိပ်တိုက် တွေ့သွားကာ လျှပ်စီးအား ၉၉ ရာခိုင်နှုန်းလောက်အထိ လျော့ချပေးနိုင်လိုက်၏။ သို့သော်လည်း လက်မလောက် အထူ ကျန်ရှိသည့် လျှပ်စီးက မိုဝူကျိ၏ စွမ်းအားစက်ကွင်းအတွင်း အက်ကြောင်းမှတဆင့် မိုဝူကျိဆီ ကျရောက်လာသေးသည်။
“ ဝုန်း ” သွေးမြူများက ပေါက်ကွဲထွက်သွားသည်။ ထိုသွေးမြူများက မိုဝူကျိဆီမှတင် မကဘဲ ဝိဇ္ဇာတပိုင်းအဆင့်နှင့် သဟဇာတ နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်တို့ဆီမှလည်း ဖြစ်ပေသည်။
မိုဝူကျိ၏ မဟာဖျက်စီးရေး ပညာရပ်က ဝိဇ္ဇာတပိုင်း ဆယ်ယောက်ကျော်နှင့် သဟဇာတ နတ်ဘုရားအားလုံးကို ရှင်းထုတ်နိုင်လိုက်သော်လည်း ကျန်ရှိနေသော လူများက ထွက်မပြေးကြပေ။
စကြဝဠာ ပျက်စီးလာသည့်အချိန် အားလုံး စိတ်ထဲ၌ အကြောက်တရား ရှိနေကြသည်။
အားလုံးက ထွက်ပြေးခြင်းက သေခြင်းတရားဆီ ဦးတည်နေမှန်း သိကြ၏။ ရောက်လာသည့် ကပ်ဘေးကြီးက စကြဝဠာတစ်ခုလုံးကို ဖျက်စီးနေသည် မဟုတ်ပါလော။ အကယ်၍ သူတို့သာ ပူးပေါင်း၍ မိုဝူကျိကို သတ်နိုင်လျှင် ဝိဇ္ဇာတစ်ပါးပါးဆီမှ မျက်နှာသာမှု ရပြီး ဝိဇ္ဇာ၏ ကံကြမ္မာထိပ်သီးရတနာအထဲ ခိုလှုံခွင့် ရနိုင်လောက်၏။ အကယ်၍ သူတို့ ထွက်ပြေးလိုက်လျှင် စကြဝဠာနှင့်အတူ ပျက်စီးသွားလိမ့်မည်။
မိုဝူကျိက ဝိဇ္ဇာတပိုင်းအဆင့်များနှင့် သဟဇာတ နတ်ဘုရားအဆင့်အားလုံးကို သတ်လိုက်သော်လည်း တစ်ဖက်အဖွဲ့၏ ပူးပေါင်းတိုက်ခိုက်မှုအင်အားက မလျော့ကျသွားကြောင်း သိပေသည်။ အချူပ်အားဖြင့်ဆိုရလျှင် ပို၍ပင် တိုးတက်လာသေးသည်။ အကြောင်းမှာ မိုက်ရူးရဲဆန်သည့် လိန်ဟုန်ကျီ ပေါ်လာ၍ ဖြစ်သည်။
ဝိဇ္ဇာအဆင့် ခုနှစ်ယောက်နှင့် အားကောင်းလှသည့် လော့တို့က အာကာပြင်တစ်ခုလုံးကို ပိတ်လှောင်ထားကြသည်။ ထိုစဉ် မိုဝူကျိက သေချာပေါက် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
တကယ်တော့ သူ ထွက်ပြေးနိုင်လျှင်ပင် မလုပ်ပေ။
ကမ္ဘာပျက်ကပ်ဘေးကြီး ရောက်ရှိလာပြီ ဖြစ်၏။ အချိန်တိုင်း လူများစွာ သေကြေကြရသည်။ ဂြိုလ်များစွာ ပျက်စီးက နဂါးငွေ့တန်းများလည်း ယိုယွင်းလာရသည်။ အာကာပြင် ပျက်စီးသွားသည့် ကမ္ဘာတစ်ခုအတွင်း သူ့လူသားကမ္ဘာထဲ ထွက်ပြေးရုံမှအပ တခြားနေရာ ထွက်ပြေးစရာ မရှိပေ။ သူ့လူသားကမ္ဘာထဲကိုလည်း မဝင်ရဲသေးချေ။
“ မင်းက မဆိုးဘူးပဲ …. ကမ္ဘာဦး လျှပ်စီးစည်းမျည်းနဲ့တောင် ပေါင်းစပ်လာတာဆိုတော့ …” လော့က လိန်ဟုန်ကျီကို ကြည့်လိုက်သည်။ လိန်ဟုန်ကျီသည် ဤနေရာရှိ တခြားသူများထက် အားပိုကောင်းပေသည်။ လိန်ဟုန်ကျီ၏ အကူအညီဖြင့် မိုဝူကျိက ထွက်ပြေးဖို့ မျှော်လင့်ချက် ရှိမည် မဟုတ်ချေ။
လိန်ဟုန်ကျီက လော့ကို သတိမထားမိခဲ့သော်လည်း လော့သည် သူ့ထက် များစွာ အားကောင်းကြောင်း ခံစားမိပေသည်။ သူ့ရည်မှန်းချက်က လော့နှင့် ထပ်တူ ဖြစ်နေမှန်း သိသော်လည်း ယခုအချိန် မိုဝူကျိကို ရှင်းထုတ်ပစ်ဖို့ရာအတွက် လော့နှင့် ပူးပေါင်းရုံမှအပ ရွေးချယ်စရာ မရှိပေ။
မိုဝူကျိကို ရှင်းထုတ်ပြီးနောက် သူက မဟာမိုးကြိုးလက်ဝါး ပညာရပ်ဖြင့် အကောင်းဆုံး ပစ္စည်းကို သေချာပေါက် လုယူနိုင်လိမ့်မည်။
“ ဒီလူက အသိစိတ်ရှိတာ မဟုတ်ဘူး။ ကျုပ် ဒီစကြဝဠာအတွင်းမှာ ရှိနေသရွေ့ ဒီလူကို ဖယ်ရှားပစ်ဖို့ ကူညီပေးမယ် ….” လိန်ဟုန်ကျီက သဘာဝကျကျ ပြောလိုက်သည်။ သူက ပြောလိုက်ရင်း လျှပ်စီး စွမ်းအားစက်ကွင်းကို ဆက်တိုက် ဖြန့်ကျက်လိုက်သည်။ ယခင်က အင်အားအပြည့် ထုတ်သုံးမထားသည်မှာ သိသာလှသည်။
“ ကောင်းတယ် … အားလုံး စွမ်းအားစက်ကွင်းတွေ ပေါင်းပြီး သူ့ကို ခြေမွပစ်ကြ … သူ့ကို သေတဲ့အထိ ခြေမွပစ်ရမယ် ” လော့က ရယ်ရယ်မောမော ပြောလိုက်သည်။ သူ့ကံကြမ္မာဓားမှ ဓားစွမ်းအားများ ထွက်ပေါ်လာကာ မိုဝူကျိ၏ စွမ်းအားစက်ကွင်းအား အပေါက်များ ဖြစ်သွားစေသည်။
“ ဒီလိုအခြေအနေမျိုးမှာ ကျုပ် ထိုက်ရှီရှောင် ဘေးဖယ်နေလို့ ဘယ်ဖြစ်မလဲ ”နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်။ ပြိုကျပျက်စီးနေသည့် ကမ္ဘာအတွင်း မည်သည့်အရာကိုမှ ဖုံးကွယ်မထားနိုင်တော့ပေ။
ထိုဝတ်ရုံစိမ်း အမျိုးသား မရောက်ရှိလာခင် စိတ်စွမ်းအင်မြှား ဆယ်စင်း ပစ်လွှတ်လိုက်လေသည်။
အကယ်၍ ထိပ်တန်း ပညာရှင် ရှစ်ယောက်သာ သူ့အား ဝိုင်းမထားလျှင် မိုဝူကျိအနေနှင့် ပါတိပါချက် ထိုက်ရှီရှောင်အား အာရုံစိုက်စရာ မလိုပေ။ ယခုကား နောက်ထပ် တိုက်ခိုက်မှု ခံယူနိုင်လောက်အောင် အင်အား မကျန်တော့ပေ။
သူ့အသိစိတ်ပင်လယ်မှာ ကြီးမားပြီး ခရမ်းရေကန် ပိုင်ဆိုင်ထားသော်လည်း စိတ်စွမ်းအင်မြှား ဆယ်စင်း ထိမှန်ပြီးသည့်နောက်တွင် သွေးမအန်ဘဲ မနေနိုင်တော့ချေ။ သူ့လူသားစွမ်းအားစက်ကွင်း၌လည်း နောက်ထပ် အက်ရာဆယ်ခု ဖြစ်ပေါ်လာသည်။
“ ကောင်းတယ်။ ဒီလူက အသိစိတ် မရှိဘဲနဲ့ ဒီလောက်လူအများကြီးကို ရန်စခဲ့တယ်။ အခု ကမ္ဘာပျက်ကပ် ရောက်လာပြီဆိုတော့ အကြွေးပြန်ဆပ်ခိုင်းရမယ်။ ဟားဟား ” လော့က ရယ်မောလိုက်သည်။ သို့သော်လည်း သူက စိတ်ပါလက်ပါ ရယ်နေခြင်း မဟုတ်ပေ။ သူက အကောင်းဆုံး ရတနာ ရယူနိုင်ရန် မိုဝူကျိ ပျက်စီးသွားသည့်အထိ စောင့်နေခြင်းသာ ဖြစ်၏။
“ အရမ်းကောင်းတယ် ….တာအိုရောင်းရင်း ထိုက်ရှီရှောင် မြန်မြန် လာခဲ့ပါ ” လော့က စိတ်ပေါ့ပါးစွာ ရယ်မောနေဟန် ပေါ်သော်လည်း စိတ်ထဲ၌ ထိုက်ရှီရှောင်အား သေလူအဖြစ် သတ်မှတ်ပြီးလေပြီ။ ဤလူက သူ့စကြဝဠာ တာအိုစည်းမျည်းဖြင့် ပေါင်းစပ်၍ ဝိဇ္ဇာ ဖြစ်လာခဲ့သည်။ သူက သေခြင်းတရား အဓိပ္ပါယ်ကို နားလည်ပုံ မပေါ်ပေ။
သို့သော်လည်း ယခုကား ထိုလူအား သွားဖြေရှင်းရန် အကောင်းဆုံး အချိန် မဟုတ်သေးပေ။ မိုဝူကျိကို အဆုံးသတ်ပြီးနောက် ထိုပုရွက်ဆိတ်အား ဖြည်းဖြည်းချင်း ပြန်လည် ပြုပြင်ပစ်ရမည်။ စကြဝဠာတာအိုစည်းမျည်းတစ်ခုနှင့် ပေါင်းစပ်ထားသော ဝိဇ္ဇာတစ်ပါးက သူ့အမြင်၌ ပုရွက်ဆိတ်တစ်ကောင်မျှထက် မပိုပေ။
“ ဒါပေါ့ … အဲဒီလူက ကျုပ်ရဲ အာကာပြင် နိဗာနဥနဲ့ ကျင့်စဉ်ကို ခိုးသွားခဲ့တာ။ သူ့ကို လိုက်ရှာနေတာ ကြာလှပြီ။ ဒီနေ့တော့ ဒီဝိဇ္ဇာက သူ့ကို ရှာတွေ့ခဲ့ပြီ …” ထိုက်ရှီရှောင်က ပြေလိုက်ရင်း လက်ဟန်များကို ထုတ်ဖော်လိုက်သည်။ တိုက်ကွက်တစ်ခု ဖြစ်တည်လာကာ မိုဝူကျိဆီ ပြေးဝင်သွားသည်။
မိုဝူကျိက အကျပ်အတည်းကြား ကျရောက်နေပြီးသား ဖြစ်၏။ ယခု နောက်ထပ် လူတစ်ယောက် ရောက်ရှိလာသည့်အခါ သူ့စွမ်းအားစက်ကွင်းပေါ်ရှိ အက်ရာများက ပိုမို ကြီးကာ ပျက်စီးသွားလေသည်။
သူ့စွမ်းအားစက်ကွင်း ပျက်စီးသွားသောကြောင့် တိုက်ကွက်အလင်းတန်းများစွာက သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာကာ သွေးမြူများ ဖြစ်လာစေသည်။
မိုဝူကျိက သက်ပြင်းချလိုက်သည်။ သူ ကြာကြာ မတောင့်ခံနိုင်တော့မှန်း သိလိုက်ပေသည်။
အကယ်၍ သူ သေဆုံးသွားခဲ့လျှင် လူတချို့ကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားရမည်။ မိုဝူကျိ၏ စိတ်စွမ်းအားက မြောက်များစွာသော ကမ္ဘာအပျက်များဆီ ရောက်သွားသည်။ ထိုစဉ် ယန်အာက သူ့ဆီ ကရောသောပါး ပြေးလာသည်ကို မြင်လိုက်ရသည်။ သူ့စိတ်နှလုံးသား တစ်ခုလုံး စတင် တုန်လှုပ်လာလေ၏။
သူက ယန်အာသည် မှတ်ဉာဏ်များ ပြန်လည် ရရှိလာကြောင်း သေချာသိလိုက်သည်။ မဟုတ်လျှင် သူမအသက်ကိုပင် ဂရုမစိုက်ဘဲ သူ့ဆီ ပြေးဝင်လာမည် မဟုတ်ပေ။
“ မလာနဲ့ ” မိုဝူကျိက အော်ပြောလိုက်သည်။ စကြဝဠာကြီးက ဆက်တိုက် ပျက်စီးနေပြီ ဖြစ်ရာ ယန်အာသာ ထိုအထဲ ပါသွားခဲ့လျှင် စကြဝဠာနှင့်အတူ ကွယ်ပျောက်သွားမည် ဖြစ်၏။
“ ဖူး ” မိုဝူကျိ၏ စွမ်းအားစက်ကွင်းက ကြေမွသွားပြီ ဖြစ်ရာ အနှောင့်အယှက် အနည်းငယ်မျှဖြင့် လော့၏ ကံကြမ္မာဓားသည် သူ့ရင်ဘတ်အတွင်း ထိုးဖောက်ဝင်ရောက်လာကာ သွေးများ ပန်းထွက်လာစေသည်။
မိုဝူကျိ၏ ဒေါသက ကောင်းကင်ထိလုမတတ် မြင့်တက်လာသည်။ လူသားပုဆိန်လှံရှည်မှ ပုဆိန်လှံရှည် အလင်းတန်းသည် စကြဝဠာတစ်ဝက်ကို ဖုံးလွှမ်းထားသည့်အလား လော့အား ရိုက်ချပစ်လိုက်သည်။ သူက သူ့စွမ်းအားစက်ကွင်းနှင့်အတူ လူသားကမ္ဘာ၏ တာအိုစည်းမျည်းကိုပါ အသုံးပြုထားသည်။
“ အရှက်မဲ့လိုက်တာ … အရေအတွက်နဲ့ လာအနိုင်ကျင့်နေတာလား။ ငါ ထန်းဟန် ရောက်လာပြီ ….”ထန်းဟန် အသံ ထွက်ပေါ်လာပြီးနောက် သူ့တိုက်ကွက် ထုတ်ဖော်လိုက်သည်။ ထန်းဟန် တိုက်ခိုက်မှုအောက်တွင် အပြင်ဘက်အပိုင်းရှိ ဝိဇ္ဇာတပိုင်းအဆင့် တစ်ဝက်လောက် အသတ်ခံလိုက်ရသည်။
ထို့နောက် တောင်တစ်လုံးအရွယ် မီးပြင်းဖိုကြီး ကျဆင်းလာလေ၏။
“ ဒါပေါ့ ကျုပ်တို့တွေလည်း ရောက်လာပြီ ” ဟွမ်တိ အသံထွက်ပေါ်လာပြီး နတ်ဘုရားမျှော်စင်သည်လည်း အားပြင်းပြင်းဖြင့် ကျရောက်လာသည်။
သူက နတ်ဘုရားမျှော်စင်ကို ရှာတွေ့ခဲ့ပြီး ဝိဇ္ဇာအဆင့် တက်လှမ်းပြီးသည်နှင့် ထန်းဟန်နှင့်အတူ အလျှင်အမြန် ထွက်လာခြင်း ဖြစ်ပေသည်။
“ ငါ ထုံမင်လည်း ပါသေးတယ် …. မင်းတို့က ငါထုံမင်ရဲ့ အစ်ကိုကြီးကို တိုက်ခိုက်ရဲမှတော့ ငါ့ဓားကို မြည်းစမ်းကြည့်လိုက်ကြ …. ” ထုံမင်က အရိုက်အရာခံ ဝိဇ္ဇာတစ်ပါး မဟုတ်တော့သော်လည်း သူ့တိုက်ခိုက်စွမ်းအားက ဟိန်ကျိုးထက် အားမနည်းပေ။
“ ငါ ကူဖင်းရန် …. ”
“ ငါ ကူယောင်ရှောင် … ”
“ ငါ ကြာပန်းနီရောပဲ …” ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မ၏ ကြည်လင်ပြတ်သားသည့် အသံထွက်ပေါ်လာပြီး ဧရာမ ကြာပန်းနီတစ်ပွင့် ပေါ်လာသည်။
“ ဟားဟား ညီအစ်ကိုမို … ကျုပ်လည်း လာကူပြီ ” ယွမ်ကျန်းရီ ရောက်မလာခင် သူ့လက်သီးချက်က အရင်ကျရောက်လာလေ၏။
သူ့သိုင်းပညာတာအိုသည် ကြီးကြီးမားမား အောင်မြင်မှု ရခဲ့သည်။ စကြဝဠာ စတင်ပြိုကျပျက်စီးလာသည့်အခါ မိုဝူကျိသည် သူ့ရန်သူများနှင့် တိုက်ပွဲဖြစ်နေသည်ကို ချက်ချင်း မြင်တွေ့လိုက်ရသောကြောင့် သူ ယွမ်ကျန်းရီက သူ့ညီအစ်ကို၏ တိုက်ပွဲကို မည်သို့ မပါဝင်ဘဲ နေမည်နည်း။
ကမ္ဘာပျက်ကပ်ကြီးက ရောက်ရှိလာပြီး စကြဝဠာတစ်ခုလုံး စတင်ပျက်စီးလာလေပြီ။ စကြဝဠာအတွင်း အတားအဆီးများ မရှိတော့ပေ။ ကျင့်ကြံဆင့် အနည်းငယ်ရှိသည်နှင့် အများစုက မိုဝူကျိအား ဝိုင်းတိုက်နေကြသည်ကို အလွယ်လေး မြင်တွေ့နိုင်ပေမည်။
မိုဝူကျိအပေါ်မှ ဖိအားက သိသိသာသာ ကျဆင်းသွားသည်။ ထိုစဉ် ဤပျက်စီးနေသည့် ကမ္ဘာကြီးအတွင်း သူ့လူသားပုဆိန်လှံရှည်က နေမင်းတစ်စင်းအလား ထွန်းလင်းတောက်ပြောင်လာသည်။
***