← Chapters

လေဟုန်ဆန်မြစ် အပေါ် နေဝင်ရိုက်ချက်

Vol. 87 Ch. 1227

လေဟုန်ဆန်မြစ် အပေါ် နေဝင်ရိုက်ချက်

Vol. 87 Ch. 1227

စကြဝဠာက ဆက်တိုက် ပြိုကျပျက်စီးလာသည်။ လေဟာနယ်ကား ပုန်းအောင်းနိုင်သည့် နေရာတစ်ခု မဟုတ်တော့ပေ။ မိုဝူကျိ၏ နေဝင်ရိုက်ချက်က လေထုကို ဖြိုခွင်း ထွက်ပေါ်လာသည့်အခါ ဝိဇ္ဇာတပိုင်းအဆင့် ပညာရှင်များ ပိုင်းဖြတ်ခံလိုက်ရသည်။

ထိုဝိဇ္ဇာတပိုင်းအဆင့်များ၏ ကမ္ဘာများကို ဖွင့်လိုက်ပြီး ရတနာအားလုံးကို  သူ့လူသားကမ္ဘာအတွင်း ပစ်ထည့်ထားလိုက်သည်။

သူ တစ်ယောက်တည်း ရှိစဉ်အခါက သူကိုယ်သူ ကာကွယ်ဖို့ရာပင် ခက်ခဲလှသည်။ ယခု သူ့တွင် အကူအညီများစွာ ရောက်လာပြီ ဖြစ်ရာ မိုဝူကျိအပေါ်ရှိ ဖိအားမှာ သိသိသာသာ လျော့ကျသွားသောကြောင့် ထိုကမ္ဘာများအတွင်းရှိ ပစ္စည်းများကို  များများ အားစိုက်ထုတ်စရာ မလိုလိုက်ဘဲ ယူသွားနိုင်ပြီ ဖြစ်၏။

ထိုစဉ် သူက သက်ညှာမနေတော့ပေ။ သူက တိုက်ပွဲအား မြန်မြန် အဆုံးသတ်ချင်မိသည်။ ထိုမှသာ ယန်အာကို ကယ်နိုင်လိမ့်မည်။ ဝိဇ္ဇာသူတော်စင်မနှင့် တခြားသူများ ရောက်ရှိလာမှုကြောင့် မိုဝူကျိက အလွယ်တကူ ထွက်သွားနိုင်ပေသည်။ သို့သော်လည်း မိုဝူကျိက ထိုသို့ မလုပ်ချေ။

လူများစွာက သူ့အား လာကူကြပေသည်။ အကယ်၍ သူသာ ထွက်သွားခဲ့လျှင် ထန်းဟန်တို့က နိုင်နင်းမည် မဟုတ်ပေ။ ထို့ကြောင့် သူ့အနေနှင့် ယန်အာကို ကယ်လိုလျှင် အရင်ဆုံး တစ်ဖက်လူကို ရှင်းပစ်ရမည်။

ထိုက်လွန်၊ လော့ရှု၊ ဖိုတိနှင့် ချင်းယွမ်တို့ကို ထန်းဟန်၊ ဟွမ်တိ၊ ဝိဇ္ဇာသူတော်စင်မနှင့် ယွမ်ကျန်းရီတို့က တားဆီးထားကြသည်။

ဟိန်ကျိုးက ထုံမင်ထက် များစွာ အားကောင်းနေပေသည်။ ကံမကောင်းစွာ သူက အားအပြည့် ထုတ်မသုံးထားဘဲ သူ့ကိုယ်သူ ထုံမင်၏ တားဆီးမှုကို ခံလိုက်သည်။ အကယ်၍ မိုဝူကျိ၏ ကူညီပေးသူများသာ ရောက်မလာလျှင် မိုဝူကျိ အဆုံးမသတ်ခင်အထိ အားအပြည့် ထုတ်သုံးမည် ဖြစ်ပေသည်။ ယခု မိုဝူကျိ၏ ကူညီပေးသူများ ရောက်ရှိလာပြီး သူတို့ကလည်း ဝိဇ္ဇာအဆင့် ဖြစ်နေကြသေး၏။ သူ ဟိန်ကျိုးက မိုဝူကျိနှင့် မကျေအေးနိုင်သည့် ရန်ငြိုး မဖွဲ့လိုပေ။

ထို့အပြင် သူက အတင်းကျပ် လာရောက်ရခြင်း မဟုတ်ပါလော။ သူက လော့ရှုနှင့် ကျန်လူများကဲ့သို့ မိုဝူကျိအား လုပ်ကြံ၍ မိုဝူကျိ၏ ရတနာများကို ယူနိုင်ရန် ရောက်လာခြင်း မဟုတ်ပေ။

ကူဖင်းရန်နှင့် ကူယောင်ရှောင်တို့က မိုဝူကျိအား လာရောက်ကူညီတော့မည့်ဆဲဆဲတွင် လိန်ဟုန်ကျီ၏ လျှပ်စီးအားများကြောင့် တားဆီးခံလိုက်ရပြန်သည်။

လော့က အရိုက်အရာခံ ဝိဇ္ဇာတပိုင်း အဆင့် ပညာရှင်များစွာက မိုဝူကျိ၏ ပုဆိန်လှံရှည်အောက် သေဆုံးသွားကြသည်ကို မြင်လိုက်ရသည့်အခါ ဒေါသထွက်လာသည်။ သူ့ကံကြမ္မာဓားမှ  မီတာသုံးဆယ် ရှည်လျားသည့် ဓားစွမ်းအားက မိုဝူကျိထံ ပြေးဝင်သွားသည်။

ထိုကံကြမ္မာဓား စွမ်းအားသည် ယခင်ထက် များစွာ သေးငယ်နေသော်လည်း စကြဝဠာတစ်ခုလုံး၏ ဖွဲ့စည်းထားသော အင်အားမျိုး ပါဝင်နေပေသည်။ ယခင် ကြီးကြီးမားမား ဓားစွမ်းအားနှင့် ယှဉ်ကြည့်လိုက်လျှင် ယခုအချိန် ဓားစွမ်းအားက ပို၍ နက်နဲပေသည်။

သူက ယနေ့အတွက် အရင်ကတည်းက ကြံစည်ထားခဲ့သည်။ သူ့အစီအစဉ်ထဲ၌ လိန်ဟုန်ကျီနှင့် ထိုက်ရှီရှောင်တို့၏ အကူအညီပင် ထည့်တွက်မထားပေ။

သူတို့အကူအညီက အောင်မြင်နိုင်ခြေကို တိုးလာစေရမည် ဖြစ်သော်လည်း လက်တွေ့၌ မိုဝူကျိအား ကူညီရန် လူများစွာ ရောက်လာကြသေးသည်။ ဤသည်က အရေးကြီးဆုံ မဟုတ်သေးပေ။ အရေးကြီးဆုံးမှာ မိုဝူကျိက သူ ခန့်မှန်းထားသည့်ထက် များစွာ ပို၍ အားကောင်းနေခြင်း ဖြစ်ပေသည်။

“ ဝုန်း ” မိုဝူကျိ၏ ပုဆိန်လှံရှည် အလင်းတန်းက အပိုင်းအစများစွာအထိ ကွဲထွက်သွားသည်။ သို့သော်လည်း လော့၏ ကံကြမ္မာဓား စွမ်းအားက နည်းနည်းသာ လျော့ကျသွားပြီး အဆုံးမဲ့ သတ်ဖြတ်ငွေ့များ ပါဝင်နေသေး၏။

လော့က အားရပါးရ ဟစ်ကြွေးလိုက်သည်။ စကြဝဠာတစ်ခုလုံး၏ သခင်တစ်ပါးကဲ့သို့ လော့က ဟိတ်ကြီးဟန်ကြီးဖြင့် ဓားအငွေ့အသက်ကို  မိုဝူကျိအား  ဖိနှိပ်ထားဖို့ အသုံးပြုလိုက်သည်။

မိုဝူကျိက အေးစက်စက် သရော်လိုက်သည်။ လော့က အားကောင်းသော်လည်း သူ့အား ဖိနှိပ်ထားနိုင်ဖို့ ဝေးကွာနေသေး၏။

သူ့လူသားပုဆိန်လှံရှည်မှ နောက်ထပ် အလင်းတန်းများ ထွက်လာသည်။ တစ်ချိန်တည်းတွင် မိုဝူကျိက လက်ချောင်းတစ်ချောင်း ချိန်ရွယ်လိုက်သည်။ သတ္တကမ္ဘာ

လက်ချောင်းပညာရပ် - သေမျိုးအဖြစ် တဖန် ပြန်သွားခြင်း ….

လော့က မိုဝူကျိ၏ ပုဆိန်လှံရှည်သည် အလွန်အံ့ဩဖို့ ကောင်းကြောင်း သိလိုက်သည်။ သူ့ကံကြမ္မာဓားနှင့် ရင်ဆိုင်နိုင်သည့် မှော်ရတနာမှာ ကံကြမ္မာဓားထက် နိမ့်ကျမည် မဟုတ်ပေ။

မိုဝူကျိ၏ ပုဆိန်လှံရှည် အလင်းတန်း ထွက်လာသည့်အခါ လော့က သူ့အတွက် ရည်ရွယ်ထားကြောင်း ထင်လိုက်မိ၏။ သိပ်မကြာခင် ထိုရိုက်ချက်က သူ့အား ရည်ရွယ်ထားခြင်း မဟုတ်ဘဲ ထိုက်ရှီရှောင်ဆီ ဖြစ်ကြောင်း မြင်လိုက်ရသည်။

သူသာ မိုဝူကျိကို ကိုယ်လက်ချို့တဲ့သွားစေသရွေ့ ထိုက်ရှီရှောင်၏ ရှင်ခြင်းသေခြင်းအား ဂရုစိုက်စရာ မလိုပေ။

“ ဝုန်း ” သေမျိုးအဖြစ် တဖန်ပြန်သွားခြင်း တိုက်ကွက်သည် သာမာန် လက်ချောင်းပညာရပ်တစ်ခုနှယ် လော့၏ ကံကြမ္မာဓားဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ ကြီးကျယ်ခမ်းနားလှသည့် တာအိုလှိုင်းများ ပေါက်ကွဲထွက်သွားကာ တာအိုစည်းမျည်းများလည်း ကြေမွပျက်စီးသွားပေသည်။ ထိုစဉ် ပျက်စီးစပြုနေသည့်  စကြဝဠာကား  ပို၍ အရှိန်မြင့်လာသည်။

သေမျိုးအဖြစ် တဖန်ပြန်သွားခြင်း တာအိုစည်းမျည်းနှင့် ရင်ဆိုင်ရသည့်အခါ ကံကြမ္မာဓားစွမ်းအားသည် ဆက်တိုက် ဖိနှိပ်ခံလိုက်ရသည်။ မီတာဆယ်ချီမှ မီတာတချို့သာ ကျန်ရှိတော့ပြီး ပေအနည်းငယ်အထိ ကျုံ့လာသည်။ ထို့နောက် ကံကြမ္မာဓားထဲ ပြန်ဝင်သွားလေ၏။ ကြည့်ရသည်မှာ လူတစ်ယောက် ရေထဲမှ ထွက်လာသော်လည်း ဧရာမ လက်ကြီးက ရေထဲ ပြန်တွန်းချလိုက်သလို ဖြစ်ပေသည်။

လော့က ဒေါသတကြီး ဖြစ်လာသည်။ မူလက သူသည် ကံကြမ္မာဓား စွမ်းအားကို အသုံးပြုကာ မိုဝူကျိအား ဖိနှိပ်လိုခဲ့ပြီး လူအားလုံးအား သူ လော့က စကြဝဠာတခွင် အားအကောင်းဆုံးလူ ဖြစ်ကြောင်း ပြသလိုပေသည်။

သို့သော် ယခုတွင် သူ့ကံကြမ္မာဓားက ပြန်ဖိနှိပ်ခံလိုက်ရသည်။ ယခင် မောက်မာပြသည့် အပြုအမူများမှာ လူပြက်တစ်ယောက်ကဲ့သို့ ဖြစ်သွားသည်။

ဤသည်မှာ လော့အား သူ့အင်အား သိသိသာသာ တိုးတက်လာလျှင်ပင် မိုဝူကျိက သူ့ထက် အားကောင်းနေဆဲ ဖြစ်ကြောင်း နားလည်သွားစေသည်။ မိုဝူကျိက သူ့ကံကြမ္မာဓားကို ပြန်ဖိနှိပ်လိုက်ရုံသာမက သူ့အာရုံလွဲကာ  ထိုက်ရှီရှောင်နှင့်ပင် ရင်ဆိုင်လိုက်သေးသည်။

အကယ်၍ သူ့အား အကူအညီပေးဖို့ အရိုက်အရာခံ နတ်ဘုရားများသာ ဖိတ်ကြားမထားလျှင် မိုဝူကျိနှင့် တစ်ယောက်တည်း ရင်ဆိုင်ခဲ့ပါက ကိုယ့်သေတွင်းကို တူးသလို ဖြစ်နေပေမည်။

ထိုက်ရှီရှောင်နှင့် မိုဝူကျိကြားရှိ ရန်ငြိုးမှာ ပင်လယ်ကြီးလောက် နက်ရှိုင်းနေမှန်း သိသာလှသည်။ လော့က မိုဝူကျိ သေစေဖို့ စူးစူးဝါးဝါး အော်ဟစ်လိုက်စဉ် ထိုက်ရှီရှောင်က ကြေးနီတံဆိပ်တော်ကို ထုတ်ယူလိုက်သည်။ သူက ကြေးနီ တံဆိပ်တော်ကို ထုတ်ယူလိုက်စဉ် မိုဝူကျိ၏ ပုဆိန်လှံရှည် အလင်းတန်းက ရောက်ရှိလာသည်။

“ ဝုန်း ” ပုဆိန်လှံရှည်အလင်းတန်းက ကြေးနီတံဆိပ်တော်နှင့် တွေ့သွားသည်။ ကောင်းကောင်း အသက်မဝင်လာသေးသည့် ကြေးနီ တံဆိပ်တော်ပေါ်ရှိ တာအိုစည်းမျည်းက ကျိုးပျက်သွားလေသည်။ ကြေးနီတံဆိပ်တော်က သာမာန် မှော်ရတနာတစ်ခု ဖြစ်လာကာ လွှင့်စင်ထွက်သွားသည်။

မိုဝူကျိ၏ ပုဆိန်လှံရှည် အလင်းတန်းက ရပ်တန့်သွားမည့် အရိပ်အယောင် မရှိဘဲ ထိုက်ရှီရှောင်၏ စွမ်းအားစက်ကွင်းကို ထိုးဖောက်ကာ ခန္ဓာကိုယ်ပေါ် ကျရောက်လာသည်။

ထိုက်ရှီရှောင်က လိန်ဟုန်ကျီထက် များစွာ အားနည်းပေသည်။ အလွန်ဆုံး သူက ထိုက်လွန်နှင့် အခြားသော ဝိဇ္ဇာများကဲ့သို့သာ ဖြစ်၏။

မိုဝူကျိနှင့် ယှဉ်လိုက်လျှင် ထိုက်ရှီရှောင်က အဆများစွာ အားနည်းမနေဘူးလား…

ထို့ကြောင့် မိုဝူကျိ၏ ပုဆိန်လှံရှည်နှင့် ရင်ဆိုင်ရသည့်အခါ ထိုက်ရှီရှောင်က ခုခံနိုင်စွမ်း မရှိတော့ပေ။

မိုဝူကျိ၏ ရက်ရက်စက်စက် ပုဆိန်လှံရှည် အလင်းတန်း ထွက်ပေါ်လာသည်နှင့် ထိုက်ရှီရှောင်က တစ်ချက်ကြည့်လိုက်ရုံဖြင့် မိုဝူကျိထက် အလွန်အားနည်းနေကြောင်း သိလိုက်တော့သည်။ သူက ထွက်ပြေးဖို့ တုံ့ဆိုင်းမနေတော့ပေ။ သို့သော်လည်း သူက ထွက်ပြေးတော့မည့်ဆဲဆဲတွင် ရင်းနှီးပြီးသား အားကောင်းသည့် စွမ်းအားစက်ကွင်းက သူ့အား လွှမ်းခြုံသွားလေ၏။

“ ခင်ဗျားက သစ္စာဖောက်တာလား ” ထိုက်ရှီရှောင်က လော့အား မလိုလားစွာ စိုက်ကြည့်လိုက်သည်။ သူက ထိုစကားများ ပြောလိုက်သည်နှင့် လူသားပုဆိန်လှံရှည်က သူ့အား နှစ်ပိုင်း ခြမ်းသွားတော့သည်။

လော့က ထိုက်ရှီရှောင် အလောင်းဆီမှ စကြဝဠာတာအိုစည်းမျည်း ယူကာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

ယခုတွင် သူက အခြေအနေကို နားလည်သွားလေပြီ။ မိုဝူကျိ၏ စစ်ကူ ရောက်လာပြီ ဖြစ်ရာ သူတို့အနက် ဝိဇ္ဇာထက် အားနည်းသည့်သူ မပါပေ။ အကယ်၍ သူသာ ဆက်နေနေပါက မိုဝူကျိအား ရှင်းထုတ်နိုင်မည် မဟုတ်ပေ။ ယခု ကပ်ဘေး ကျရောက်လာလေပြီ။

စကြဝဠာတစ်ခုလုံး စတင်ပျက်စီးလာပြီ ဖြစ်သောကြောင့် မိုဝူကျိက သေခြင်းတရားနှင့် ရင်ဆိုင်ရသည်မှာ မလွဲဧကန်ပင် …

သူက တတိယမြောက် စကြဝဠာ တာအိုစည်းမျည်းနှင့် ပေါင်းစပ်လိုက်ပြီး လက်ကျန်ပစ္စည်းများ လာသိမ်းရမည်။ အကယ်၍ သူသာ စကြဝဠာ တာအိုစည်းမျည်းနှင့် ထပ်ပေါင်းစပ်လိုက်လျှင် ကမ္ဘာပျက်ကပ်ဘေးအတွင်း သေချာပေါက် ရှင်သန်နိုင်လိမ့်မည်ဟု ယုံကြည်မိသည်။

မိုဝူကျိက လော့သည် သူ့တိုက်ပွဲအပြီး ပေါ်ထွက်လာသည့် ပစ္စည်းကို ခိုးယူပြီး ထွက်ပြေးသွားသည်ကို သိလိုက်ရသည်။ သို့သော်လည်း သူက လက်လွှတ်ပေးလိုက်သည်။ သူက ထိုက်ရှီရှောင်၏ ကမ္ဘာကို ဖွင့်ကာ ရတနာများကို  သူ့လူသားကမ္ဘာအတွင်း ပစ်ထည့်လိုက်တော့သည်။

“ ဝုန်း ” လိန်ဟုန်ကျီ၏ လျှပ်စီးအားက ကူဖင်းရန်ဆီ ရောက်ရှိသွားချိန်  သူက မိုဝူကျိသည် ထိုက်ရှီရှောင်ကို သတ်ပစ်လိုက်ကြောင်းနှင့် စကြဝဠာ တာအိုစည်းမျည်း ယူပြီး ထွက်ပြေးသွားသည့် လော့ကို မြင်လိုက်ရသည်။

ထိုစဉ် လိန်ဟုန်ကျီက ကူဖင်းရန်နှင့် ကူယောင်ရှောင်တို့အား အဘယ်ကြောင့် ဂရုစိုက်နေရမည်နည်း။ သူက တုံ့ဆိုင်းမနေဘဲ ထွက်ပြေးဖို့ ကြိုးစားလိုက်တော့သည်။

သူက လွတ်မြောက်ရေး နည်းစနစ်ကို အသက်သွင်းလိုက်စဉ် ဘေးပတ်လည် အာကာပြင်မှာ ပြင်းပြင်းထန်ထန် တုန်ခါလာလေ၏။

“ မိုဝူကျိ … ” အစပိုင်းတွင် လိန်ဟုန်ကျီက ဤသည်မှာ စကြဝဠာ ပြိုလဲပျက်စီးလာမှုကြောင့် ဖြစ်ကြောင်း တွေးထားခဲ့သည်။ သို့သော်လည်း သိပ်မကြာခင် ဤသည်မှာ မိုဝူကျိ လက်ချက်မှန်း သိလိုက်ရတော့သည်။ မိုဝူကျိက ဤအာကာပြင်အတွင်း မြောက်များစွာသော သင်္ကေတများ ရေးထွင်းထားလေ၏။ ဤအာကာြပင် သင်္ကေတများမှာ ဖောက်ခွဲရေး အတွက် ဖြစ်ပေသည်။

မိုဝူကျိက အေးစက်စက် ရယ်မောလိုက်သည်။ ထိုအာကာပြင် သင်္ကေတများကို လော့အတွက် ပြင်ဆင်ထားသော်လည်း လော့က ထွက်ပြေးသွားသည့်အတွက် လိန်ဟုန်ကျီအပေါ် အသုံးပြုလိုက်ခြင်း ဖြစ်၏။ အာကာပြင် သင်္ကေတများ ပေါက်ကွဲထွက်လာသည့်အခါ မိုဝူကျိက ဤအတိုင်း မထားလိုက်ပေ။ သူ့ပုဆိန်လှံရှည်မှ လှလှပပ နေဝင်ရိုက်ချက် ထွက်ပေါ်ကာ လိန်ဟုန်ကျီဆီ ကျရောက်လာသည်။

လက်တွေ့၌ လိန်ဟုန်ကျီက မစိုးရိမ်မိပေ။ မိုဝူကျိ၏ သင်္ကေတများအပြင် မိုဝူကျိက တိုက်ခိုက်လာလျှင်ပင် သူ လိန်ဟုန်ကျီက ထွက်ပြေးနိုင်လိမ့်မည် ဖြစ်ကြောင်း ယုံကြည်ထားလေသည်။

မိုးကြိုးတူကို မြောက်လိုက်သည်။

အဆုံးမဲ့ လျှပ်စီးတာအိုစည်းမျည်းက ထိုမိုးကြိုးတူဆီ စီးဝင်သွားလေ၏။ ထိုအချိန် လိန်ဟုန်ကျီ၏ သဘာဝစွမ်းအားများနှင့် စိတ်စွမ်းအားများပင် အကုန်စုပ်ယူခံလိုက်ရဟန် ပေါ်သည်။

မိုးကြိုးတူက ပြင်းထန်သော လျှပ်စီးအားအဖြစ် ပြောင်းလဲသွားသည်။ မိုးကြိုးစမ်းသပ်ချက် ရောက်ရှိလာသည့်အလား မိုဝူကျိဆီ ကျရောက်လာသည်။

လေထုအတွင်း မိုးခြိမ်းသံများကိုပင် ကြားလိုက်ရသည်။ ထိုစဉ် စကြဝဠာတစ်ခုလုံးက လျှပ်စီးကမ္ဘာ ဖြစ်လာပြီး သူ လိန်ဟုန်ကျီက ထိုကမ္ဘာ၏ အုပ်ချူပ်သူ အစစ်အမှန် ဖြစ်လာလေသည်။

လျှပ်စီးလျို့ဝှက် ပညာရပ် - မဟာမိုးကြိုးလက်ဝါး ပညာရပ်

လိန်ဟုန်ကျီကား ယနေ့အခြေအနေအထိ မဖြစ်လာခင် အန္တရာယ်အမြောက်အမြားနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ သူက ဤအန္တရာယ်အားလုံးကို ကျော်လွှားနိုင်ခဲ့သည် မဟုတ်ပါလော။ မိုဝူကျိက သူ့ထက် အားကောင်းသော်လည်း သူ့ကို သတ်ဖို့ရာမလုံလောက်သေးပေ။

သူ့မဟာ မိုးကြိုးလက်ဝါး ပညာရပ်သည် လျှပ်စီးလှိုင်းလုံးများ ဖြစ်လာစေ၏။ ဝိဇ္ဇာများပင် သေဖို့ရာအတွက် စောင့်နေလျှင် စောင့်နေ သို့မဟုတ် ကိုယ့်ဘာသာ ကာကွယ်ဖို့အတွက် အားကုန်ထုတ်ရပေမည်။ ဤစကြဝဠာတစ်ခွင်ကား လျှပ်စီးစည်းမျည်းများနှင့် ပြည့်နှက်နေသည့် လျှပ်စီးကမ္ဘာကဲ့သို့ ဖြစ်လာသည်။

သို့သော်လည်း လိန်ဟုန်ကျီက မိုဝူကျိသည် သာမာန်ဝိဇ္ဇာ မဟုတ်ကြောင်း သိပေသည်။ သူ့မဟာမိုးကြိုးလက်ဝါး ပညာရပ်သည် သာမာန်ဝိဇ္ဇာအား သတ်ပစ်နိုင်သော်လည်း မိုဝူကျိအား သတ်နိုင်မည် မဟုတ်ပေ။

သူ့အတွက် မိုဝူကျိကို ရှင်းထုတ်ဖို့ လိုအပ်ပေသည်။ ယခု မိုဝူကျိအား ရှင်းပစ်ဖို့ အလျှင်မလိုသေးပေ။ သူ ဝိဇ္ဇာအဆင့် ကျော်လွန်ပြီးမှ တစ်ခေါက် ပြန်လာမည်။

လေထုအတွင်း ကြောက်မက်ဖွယ် သိပ်သည်းနေသော လျှပ်စီးအားများက ပေါက်ကွဲထွက်ကုန်သည်။ တိုက်ခိုက်နေကြဆဲ ဖြစ်သည့် လော့ရှုနှင့် တခြားလူများပင် အံ့ဩကုန်ကြ၏။ ဤသည်က လိန်ဟုန်ကျီ၏ အင်အား အစစ်အမှန်လား …. အကယ်၍ သူတို့အပေါ်သာ ထိုကြောက်မက်ဖွယ် လျှပ်စီးများ ကျဆင်းလာခဲ့လျှင် သူတို့အနေနှင့် သေခြင်းတရားကို ထိုင်စောင့်နေရပေမည် သို့မဟုတ် သူတို့ကိုယ်သူတို့ အတင်းကာကွယ်နေရပေမည်။

ကျင့်ကြံသူများအတွက် လျှပ်စီးအမျိုးအစား တိုက်ကွက်များသည် ကြောက်စရာအကောင်းဆုံး တိုက်ကွက်များ ဖြစ်ကြပြီး မဟာမိုးကြိုးလက်ဝါး ပညာရပ်ဆိုလျှင် ပြောဖို့ရာ စကားပင် မရှိတော့ချေ။

လော့ရှုတို့က ချက်ချင်း စိတ်အားတက်ကြွသွားကြသည်။ လော့ ထွက်သွားပြေးလျှင်ပင် ကိစ္စမရှိပေ။ ဤတိုက်ခိုက်မှုက မိုဝူကျိအား ရှင်းထုတ်နိုင်လျှင် ဤတိုက်ပွဲကား  သူတို့အနိုင် ဖြစ်၏။

သိပ်မကြာခင် အားလုံးက မျက်လုံးပြူးကုန်ကြသည်။ မဟာမိုးကြိုးလက်ဝါး ပညာရပ် ကျဆင်းလာသော်လည်း မိုဝူကျိက ခုခံခြင်း မရှိပေ။ ထိုနေဝန်းနီက လှလှပပဖြင့် လိန်ဟုန်ကျီဆီ ဆက်လက် ဖြန့်ကျက်နေဆဲ ဖြစ်သည်။

ဧရာမ သဲကန္တာရကြီးက အထီးကျန်ကာ မြူဆိုင်းနေသည်။  လေဟုန်ဆန်မြစ်အပေါ်ဘက်၌ လုံးဝန်းကာ နေဝန်းနီ တစ်ခု ထွက်ပေါ်လာသည်။

ပုဆိန်လှံရှည် လျို့ဝှက်တိုက်ကွက် - နေဝင်ရိုက်ချက်

***

All Chapters