← Chapters

ချီးကျူးမှုကို ခိုးယူခြင်း - အပိုင်း ၁

Vol. 3 Ch. 43

ချီးကျူးမှုကို ခိုးယူခြင်း - အပိုင်း ၁

Vol. 3 Ch. 43

https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1695369714073.jpg

အခန်း (၄၃) ချီးကျူးမှုကို ခိုးယူခြင်း - အပိုင်း ၁

"မယုံနိုင်စရာပဲ။"

လီယာလင်းက သုတေသနဌာန၏ လုပ်ရပ်ကို ကြာရပြီး ဒေါသထွက်နေသည်။ အဓိကအားဖြင့် သူမ၏ ၂၀%လျှော့ဈေးအတွက်လည်း ပူပန်နေခြင်းဖြစ်သည်။

"ဒါက အထက်ကလူတွေရဲ့ ကစားကွက်ပဲ" လီယောင်က ပြောလိုက်သည်။

"ငါတို့ ဘာမှ လုပ်လို့မရဘူး။"

"သုတေသနဌာနခေါင်းဆောင်ရဲ့ ခေါင်းကို ဖြတ်လိုက်ရမှာ။" လမ်းဘတ်က သူ၏ ဓါးမြောင်ကို သွေးနေရင်း ရှင်းရှင်းကြီး ပြောလိုက်သည်။

လီယောင် လန့်ဖျပ်သွားသည်။

"ဦးလေးရယ်၊ အဲလိုကြီးတွေ မပြောပါနဲ့လား။"

"ဒါဆိုရင်လည်း ရှင်းစရာ နည်းလမ်းတစ်ခုပဲ ကျန်တော့တယ်..." လီယာလင်းက အတွေးနက်နေရင်း တီးတိုးပြောလိုက်ရာ လီယောင် မျက်ရည်ကျတော့မတတ် ဖြစ်သွားသည်။

မင်းတို့ အသက်မရှင်ချင်တော့ရင်တောင် ငါကတော့ အသက်ရှည်ရှည် နေချင်သေးတယ်လေ... သူ့ဖာသာ တွေးမိလိုက်သညိ။

ဟန်ရှောင်းက သူတို့နှင့် ပူးပေါင်းသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသော်လည်း ပင့်ကူနက် စစ်ဆင်ရေးပြီးနောက် သူဆို့၃ယောက်လုံးက ဟန်ရှောင်းကို အပြည့်အဝ လက်ခံလိုက်ပြီ ဖြစ်သည်။ သဘာဝကျစွာပင် သူ၏ အကျပ်အတည်းကို ကြားရပြီး သူတို့ မကျေမနပ် ဖြစ်နေကြလေသည်။

"ဘာလို့ သူ့အမြင်ကို တိုက်ရိုက်မေးမကြည့်တာလဲ။" လီယောင်က ပြောလိုက်သည်။

သူ့လိပ်စာက ထိပ်တန်းလျှို့ဝှက်ချက်လေ၊ ဖုန်းကလည်း အမြဲတမ်း ပိတ်ထားတယ်။" လီယာလင်းက မျက်မှောင်ကြုံ့လျက် ပြောလိုက်သည်။ "သူဘယ်မှာရှိလဲ ဘယ်သူသိမှာလဲ..."

"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။ သုတေသနဌာနရဲ့ လက်ထဲမှာ သူခံနေရတာကို ကြည့်နေရမှာလား။"

"နေဦး" လမ်းဘတ်က အမြန် ဝင်ပြောလိုက်သည်။

ခြေသံများကြားရပြီး စက္ကန့်အနည်းငယ်အကြာတွင် အမျိုးသမီးတစ်ဦး တံခါးဝ၌ ပေါ်လာသည်။

"ဟေး လင်းလင်း၊ မင်းရဲ့ အဖွဲ့ဝင်အသစ်က အတော် ပြဿနာရှာတယ်လို့ ငါကြားထားတယ်။"

အမျိုးသမီးက ဆံပင်တိုတိုနှင့် ဖြစ်ပြီး၊ သူ့ပုံစံနှင့်သူ လှပနေသူတစ်ယောက် ဖြစ်သည်။ သို့သော်လည်း သူမ၏အသံက သရော်လှောင်ပြောင်သံ ပေါ်နေပြီး၊ သူတို့၃ယောက်ကို တခါးကို မှီရင်း လက်ပိုက်ထားကာ ရန်ငြိုးဖွဲ့ထားသကဲ့သို့ အထင်အမြင်သေးစွာ ကြည့်နေသည်။

အမျိုးသမီး၏ အသားအရေသည် အလွန်ဖြူစင်ပြီး နှင်းဆီပန်းပွင့်များကဲ့သို့ သူမ၏နှုတ်ခမ်းများသည် အလွန်နီရဲနေသည်။ သူမသည် ပရောပရည်ကျသော စိတ်ဓာတ်ကို ပိုင်ဆိုင်ထားပြီး သူမသည် အရပ်ရှည်သော်လည်း သူမ၏ အရှိန်အဝါက လီယာလင်းနှင့် နှိုင်းယှဉ်လျှင် မှေးမှိန်သွားပုံမပေါ်ပေ။ လီယာလင်းသည် သံသယကင်းစွာ လှပနေသော်လည်း ထိုအမျိုးသမီးသည် သူ့ထက် လူအများ၏ အာရုံကို ဆွဲဆောင်နိုင်သည်မှာ သံသယမရှိပေ။

လီယာလင်းက သူမကိုတွေ့သည်နှင့် ချက်ချင်း ဒေါသထွက်သွားသည်။

"မြေခွေးမ စု" သူမက အံကြိတ်ရင်း မာန်ဖီလိုက်သည်။ "နင်က ချချင်နေတာလား။"

တိစုစုက တစ်ခစ်ခစ်ရယ်ရင်း လှောင်ပြောင်လိုက်သည်။

"နင်က ချရဲရင်ပေါ့။"

တိစုစုနှင့် လီယာလင်းတို့သည် မုန်းတီးသော ပြိုင်ဘက်များအဖြစ် လူသိများကြသည်။ သူတို့ကြားရှိ မုန်းတီးမှုသည် သူတို့နှစ်ယောက် သိုင်းသင်တန်းကျောင်းတစ်ခုတွင် တပည့်များဖြစ်ခဲ့စဉ်ကတည်းက စတင်ခဲ့ကြသည်။ တိစုစုက သူတို့၏ စစ်ဆေးမှုများနှင့် တိုက်ပွဲများတွင် အလွန်ထူးချွန်ခဲ့ပြီး၊ လီယာလင်းကမူ သာမန်မျှသာ ဖြစ်သည်။ ထို့ကြောင့် သူမနှင့် တိုက်ခိုက်တိုင်း အမြဲလိုလို အရေးနိမ့်ခဲ့သည်။

ယနေ့အထိတိုင်အောင်ပင်၊ တစ်ယောက်ကိုတစ်ယောက် မုန်းတီးနေသော်လည်း လူတိုင်းရှေ့၌ ဟန်ဆောင်ပြီး ကောင်းမွန်စွာ ဆက်ဆံတတ်သည့် တိစုစု၏ နည်းလမ်းကို လီယာလင်းသည် တခါတရံ အမှတ်ရနေတတ်သည်။ လူတိုင်းက တိစုစုကို ချီးကျူးကြပြီး သူမ၏ လမ်းညွှန်မှုကို ကမ်းလှမ်းကြသော်လည်း၊ လီယာလင်းအ‌နေဖြင့် သူမ၏ ဆရာနှင့် စကားပြောဆိုမှုသည် စကားအနည်းငယ်ဖြင့်သာ အမြဲတမ်း အဆုံးသတ်ခဲ့ရသည်။ ထို့ပြင် ဆရာက တိစုစု၏ စံနမူနာကို လိုက်နာရန် သူမကို အမြဲတောင်းဆိုနေတတ်သည်။

ထိုအဖြစ်အပျက်များကို ပြန်တွေးမိတိုင်း လီယာလင်း၏စိတ်ကို ထိုင်းမှိုင်းစေ၏။ သူမ၏ ဆရာက သူမကို မိုးထဲရေထဲမှ စွန့်ပစ်ခွေးတစ်ကောင်လို ဆက်ဆံခဲ့သည် မဟုတ်လား။

နောက်ဆုံးတွင် နှစ်ယောက်စလုံး ဌာန၁၃သို့ ဝင်မိကြပြီး သမိုင်းက တစ်ပတ်လည်လာပြန်သည်။ တိစုစု၏ အဖွဲ့က အမြဲတမ်း လီယာလင်း၏အဖွဲ့ထက် သာလွန်နေပြီး၊ သူမအဖွဲ့က လျှို့ဝှက်စစ်ဆင်ရေးဌာန၏ အကောင်းဆုံးအဖွဲ့ ဖြစ်လာသည်။ လီယာလင်း အမုန်းဆုံးကတော့ တိစုစုက မကြာမကြာ ရောက်ရောက်လာကာ သူမကို လာလာလှောင်နေခြင်းနှင့် သူမကို 'လင်းလင်း'ဟု ခေါ်သည့်ပုံစံပင် ဖြစ်သည်။

'ခွေးမ၊ ငါတို့က ဘယ်တုန်းက ရင်းနှီးသွားလို့လဲ'

တိစုစုက သိသာစွာပင် ရည်ရွယ်ချက်ရှိရှိ လုပ်နေကြောင်း လီယာလင်း သိသော်လည်း အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်နေဆဲပင်။

"ဟီးဟီး" တိစုစုက ဖွဖွလေး ရယ်လိုက်သည်။ "ငါကြားတာတော့ နင်တို့မှာ အသစ်တစ်ယောက် ရှိတယ်ဆို၊ ဒါကြောင့် ငါသူ့ကို တကူးတက လာကြည့်တာ။ သူက ဘယ်မှာလဲ။ သွားပုန်းနေတာတော့ မဟုတ်ဘူး မဟုတ်လား။"

"သူဒီမှာ မဟုတ်ဘူး။" လီယာလင်းက အေးစက်စက်သာ ပြန်ဖြေလိုက်သည်။ "နင်ပြန်လိုက်တော့။"

"ကြည့်ရတာ ငါလာလိုက်တာ အလကားဖြစ်သွားပြီပဲ၊ ဒါပေမယ့် ဒါက နားလည်လို့ရပါတယ်။ သူက သုတေသနအဖွဲ့ရဲ့ ဖျက်စီးတာခံရပြီး အလုပ်များနေမှာ။"

လီယာလင်းက သူမကို စိုက်ကြည့်နေသည်။

"မြန်မြန်ထွက်သွားလိုက်တော။"

"ဘယ်လိုတောင် နှလုံးသား မရှိတာလဲ" တိစုစုက နှုတ်ခမ်းစူရင်း ပြော၏။ "ငါတို့က ငယ်ချစ်သူငယ်ချင်းတွေလေ။"

သူမက လီယောင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး စိမ်ပြေနပြေ လမ်းလျှောက်ထွက်သွားသည်။

လီယာလင်းက အတော်ပင် စိတ်အနှောင့်အယှက် ဖြစ်နေပြီး သူမလှည့်ကြည့်သောအခါ လီယောင်က ရီဝေစွာ ကြည့်နေသည်ကို တွေ့ရသောအခါ ဒေါသများက အုံကြွထွက်လာသည်။ သူမက ရုတ်ချည်းပင် မတ်တပ်ရပ်လိုက်ပြီး လီယောင်၏ ကော်လံကို ဆွဲကိုင်လိုက်သည်။

"မင်းဘေးမှာ ရှိနေတဲ့ ဒီမိန်းမလှလေးက မလုံလောက်သေးလို့လား။" သူမက အော်လိုက်သည်။ "အဲဒီမြေခွေးမကို ဘာလို့ကြည့်နေတာလဲ။"

"ဒါ ဒါပေမယ့်" လီယောင်က အထစ်အထစ်ဖြင့် ဖြေသည်။ "သူမက ငါ့ကို ပြုံးပြတယ်လေ..."

"မင်းငါ့ကို အ‌ဖြေကောင်းကောင်း ပေးရင် ပိုကောင်းမယ်။ သူက ပိုလှတာလား ငါက ပိုလှတာလား။" သူမက ခြိမ်းခြောက်ပြီး မေးလိုက်သည်။

အကြောင်းတစ်ချို့ကြောင့် လီယောင်က အချိန်ခဏယူကာ စဉ်းစားလိုက်ပြီး ပြန်ဖြေသည်။ "ကျွန်တော် ထင်တာ... အစ်မစုစုက နင့်ထက် ပိုပြီး နူးညံ့တယ်..."

"ဟမ့် လီယောင်၊ ငါထင်တာကတော့ မင်းရဲ့ ဦးနှောက်က နည်းနည်းချိန်ညှိဖို့ လိုနေပြီပဲ။"

"ပြောင်းပြန်-နှင်း‌တောင်ပြိုကျ -တံတားဖျက်စီးမှု ကိုင်ပေါက်ခြင်း"

လမ်းဘတ်က ပေါ့ပေါ့ပါးပါးပင် ရေတစ်လုတ်သောက်လိုက်ပြီး ဖုန်းခေါ်လိုက်သည်။

"‌ဆရာဝန်တစ်ယောက် ဒီကို လာခဲ့လိုက် - အရိုးအထူးကုဆိုရင် ပိုကောင်းတယ်။"

…

သုတေသနဌာနက ဟန်ရှောင်းသည် သူတို့၏ တောင်းဆိုမှုကို ငြင်းဆန်လိမ့်မည်ဟု မျှော်လင့်ထားပြီး ဖြစ်သည်။

ယန္တရားပညာရှင်များအတွက် ဒီဇိုင်းပုံစံများသည် သူတို့၏ အသက်ကယ်ကြိုးများဖြစ်သည်။

သူတို့အနေဖြင့် ဟန်ရှောင်း၏ အကျိုးစီးပွားကို ဂရုမစိုက်ပေ။ ထိုအရာကလည်း မျှော်လင့်ထားပြီး ဖြစ်သည်။ သဘောထားတင်းမာသူများက အစကတည်းကပင် သူ့အပေါ် ဆန့်ကျင်နေကြသည်။ သူတို့၏အမြင်၌၊ ဟန်ရှောင်းကို ပူးပေါင်းခွင့်ပေးခြင်းသည် သဘောထားနူးညံ့မှုဖြစ်ပြီး၊ ထိုအစား သူ့ကို ဖမ်းဆီး၍ ထိန်းချုပ်ထားသင့်သည်။

အခြားတစ်ဖက်တွင်၊ ကွန်ဆာဗေးတစ်များက ဆန့်ကျင်ဘက် တွေးကြသည်။ သူတို့က ဟန်ရှောင်းသည် အားကိုးရလောက်ပြီး ပူးပေါင်းချင်စိတ်ရှိသည်ဟု ထင်ရသည့်အတွက် ယုံကြည်ရန် ရွေးချယ်ခဲ့ကြသည်။ ဘာကြောင့် အစဦးအဆင့် ဒီဇိုင်းပုံစံ ရိုးရိုးလေးအတွက် ဆူပူမှု နှင့် မလိုမုန်းတီးမှုတွေဖြစ်အောင် လုပ်ရမည်နည်း။

တကယ်လို့ သူက နှိပ်စက်ညှင်းပန်းတာကို မကြောက်ရင် ဘာဖြစ်မလဲ။

ဌာန၁၃က ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံသုံး၍ ဂျာမီနယ်အဖွဲ့သားများကို ဖမ်းဆီးခဲ့ဖူးသည်။ နှိပ်စက်ညှင်းပန်းခြင်းက အလုပ်ဖြစ်သည်မှာ ဖြစ်တောင့်ဖြစ်ခဲပင်။ ၁၀ယောက်မှာ ၉ယောက်က သတင်းအမှားများ ပေးကြပြီး အကျိုးရှိသည်ထက် ထိခိုက်နစ်နာမှုက ပိုများသည်။

ထို့ပြင်၊ ဟန်ရှောင်းက တစ်မူထူးခြားသော အခြေအနေဖြစ်သည်။

ထိုကဲ့သို့ပင်၊ ကွန်ဆာဗေးတစ်များကလည်း ဟန်ရှောင်းကို ဖိအားပေးနေကြသည့် သဘောထားတင်းမာသူများကို ယမ်းပုံမီးကျ ဖြစ်နေကြသည်။ သူတို့က ထိုလူများသည် ခေတ်နောက်ကျပြီး အိုဆွေးနေသောလူများဟု မြင်ကြသည်။ အချိန်ကာလက ပြောင်းလဲလာပြီး အရည်အချင်းရှိသူများကိုလည်း လိုအပ်မှု မြင့်မားနေသည်။ ဌာန‌၁၃က သူ့ကို ဖိအားမပေးဘဲ တန်ဖိုးထားသင့်ပေသည်။

ဌာနမှာ အခြားယန္တရားပညာရှင်များလည်း ရှိကြသည် မဟုတ်လော။ ဟန်ရှောင်း၏ ဒီဇိုင်းကို ခိုးယူခြင်းက ဌာနအပေါ် အမြင်ကို ဆိုးဝါးစွာ ထင်ဟပ်စေလိမ့်မည်။

အခုက ဘယ်နှစ်ကို ရောက်နေပြီလဲ။

နိုင်ငံ၆နိုင်ငံက အခြားတိုင်းပြည်တွေအကုန် ပျက်စီးရခြင်းရဲ့ အဓိကတရားခံဆိုတာ မမေ့နဲ့ဦး။ တိုင်းတပါးသား အရည်အချင်းရှိတဲ့သူတွေစုပေါင်းပြီး တော်လှန်ကြရင်တောင် အံ့ဩဖို့ကောင်းမှာ မဟုတ်ဘူး။

ကံမကောင်းစွာဖြင့်၊ ဌာန၁၃က ဌာနတစ်ခုနှင့် တစ်ခု ဝင်ရောက်စွက်ဖက်မရအောင် အလွန်အမင်း ခွဲခြားထားသည်။ ထိပ်တန်းအရာရှိများသာ သုတေသနဌာန၏ လုပ်ဆောင်ချက်များကို ဝင်ရောက်စွက်ဖက်နိုင်သည်။ ကြည့်ရသည်မှာ သူတို့သည်လည်း ဆက်လက်စောင့်ကြည့်ရန်သာ စိတ်ဝင်စားဟန်ရှိသည်။

သုတေသနဌာနက အေးဂျင့်များကို ဟန်ရှောင်းထံမှ သူတို့ဝယ်ယူထားသော ပြန်သိမ်းနိုင်တဲ့ဓါးအတွက် ငွေကြေးအမြောက်အများဖြင့် ကမ်းလှမ်းနေ၏။ လူတိုင်းက ထိုအရာကို အလွန်နိမ့်ကျသော ရွှေ့ကွက်အဖြစ် ရှုမြင်နေကြသည်။

ဟန်ရှောင်း၏ အထူးအခြေအနေကို မသိကြသည့် အေးဂျင့်အများစုက သာမန် ယန္တရားပညာရှင်တစ်ယောက်ကို အနိုင်ကျင့်သည်မှာ တရားနည်းလမ်းမကျဟုတွေးကာ သူတို့၏ဓါးများကို ပေးအပ်ခြင်း မပြုကြပေ။

သို့သော်ငြားလည်း၊ ပိုက်ဆံအတွက် ဓါးများကို ပေးအပ်သည့် လူတစ်ချို့တော့ ရှိနေသည်။

ကိုရက်က သုတေသနဌာနနှင့် အပေးအယူလုပ်သည့် ပထမဆုံးအေးဂျင့်ဖြစ်သည်။ သူက ဒေါ်လာ ၃၀,၀၀၀ တောင်းဆိုလိုက်၏ - မူရင်းဈေး၏ အဆ၃၀ဖြစ်ပြီး - သုတေသနဌာနကလည်း လိုက်လျောခဲ့သည်။

သူ၏ အကြောင်းပြချက်က ရိုးရှင်း၏ - ငွေကြေးအရ ထိုက်တန်လို့ ဖြစ်သည်။ အေးဂျင့်အများစုက သူတို့၏ ကိုယ်ကျင့်တရားကို ထိန်းသိမ်းနေစဉ်တွင်၊ သူက ထိုလူများကို အခွင့်အရေးကို လက်လွတ်ခံလိုက်သည့် အရူးများဟု လှောင်ပြောင်နေသည်။

သုတေသနဌာနတွင် လော်ရွှမ်းနှင့် အတွင်းရေးမှူးက ပြန်သိမ်းနိုင်တဲ့ဓါးကို စစ်ဆေးနေကြသည်။

‌"လော်ရွှမ်း၊ မင်းပြန်ပြီး ထုတ်လုပ်နိုင်လား။"

အခန်း (၄၃) ပြီး၏။

လင်းဆက်

All Chapters