← Chapters

ချီးကျူးမှုကို ခိုးယူခြင်း - အပိုင်း ၂

Vol. 3 Ch. 44

ချီးကျူးမှုကို ခိုးယူခြင်း - အပိုင်း ၂

Vol. 3 Ch. 44

"အသေးအဖွဲလေးပါ။ ဒီပစ္စည်းက သိပ်ပြီးကောင်းကောင်း လုပ်ထားတာ မဟုတ်ဘူး၊ ပြီးတော့ ကုတ်နဲ့လည်း မပိတ်ထားဘူး။"

"ဒါဆို၊ ငါမင်းနဲ့ လွှဲခဲ့ပြီ။ မင်း ဒီဇိုင်းပုံစံဆွဲလို့ရရင်၊ မင်းကို ငါတို့ဌာနထဲ ဆွဲခေါ်လိုက်မယ်။ သေချာ‌တာပေါ့၊ မင်းရဲ့ရာထူးလည်း တိုးသွားမှာပဲ။"

လော်ရွှမ်း မျက်လုံးများ အရောင်လက်သွားသည်။ ယန္တရားလက်ကြောင့် ဒုက္ခရောက်အပြီးတွင် ထောက်ပံ့ရေးဌာန၌ သူ့အတွက် အနာဂတ်မရှိတော့ဟု ခံစားခဲ့ရသည်။

အထက်က ပုဂ္ဂိုလ်များ၏ မျက်နှာသာပေးမှုကိုသာ ပြန်ရခဲ့ပါက၊ အဲဒီကပ်ဘေးကောင် ဟန်ရှောင်းထက် သူက သေချာပေါက် သာလွန်သွားနိုင်မည်

…

ဝပ်ရှော့တွင်၊ ဟန်ရှောင်းက အဆင်ပြေစေရန် အဆောက်အဦးအသစ်သို့ ပြောင်းရွှေ့နေထိုင်လိုက်သည်။

ထိုသို့စီစဉ်မှုက လူချမ်းကို စိတ်သက်သာရာ ရသွားစေသည်။ သူတို့၂ဦးကြားတွင် အခြေအနေက ကိုးရိုးကားရားနိုင်တုန်း ရှိသေးသည်။

"ဝှစ်"

အပူကာဝတ်စုံဝတ်ထားသော ဟန်ရှောင်းက မီးဖို၏ အဖုံးကို ဖွင့်လိုက်ရာ အပူငွေ့များ ရုတ်တရက် ပန်းထွက်လာသည်။ သူက အတွင်းရှိ နီရဲနေသော သတ္တုအပိုင်းအစလေးကို မီးညှပ်ဖြင့် ကောက်ယူလိုက်သည်။

ယခု၊ ပြန်သိမ်းနိုင်တဲ့ဓါးကို ဟန်ရှောင်းပြုလုပ်ရာတွင် ရွေးချယ်စရာ နည်းလမ်း ၂ခုရှိ၏ - မိုလောင်းခြင်းနှင့် ပုံစံတုံးဖြင့် သတ္တုကို ဖြတ်တောက်ပုံဖော်ခြင်း

နည်းလမ်း ၂မျိုးလုံးက သူ့အားသာချက်နှင့်သူ ရှိကြစဉ်တွင်၊ ဒုတိယနည်းလမ်းက အောင်မြင်မှုနှုန်းမြင့်မြင့်ဖြင့် အမြောက်အများထုတ်လုပ်နိုင်သည်။ ထို့ကြောင့် ဟန်ရှောင်းက ပို၍ သဘောကျသည်။

ပြန်သိမ်းနိုင်တဲ့ဓါး၏ အားသာချက်မှာ ဖွက်ထားနိုင်ခြင်းဖြစ်သည်။ လက်တွေ့အသုံးကျမှုက လက်ရာအရည်အသွေးထက် ပို၍အရေးကြီးသောကြောင့် ထိုဓါးကို ပြုလုပ်ရာတွင် အသေးစိတ် ဂရုစိုက်မနေတော့ပေ။

ဖြတ်တောက်ပုံဖော်ခြင်း ပြုလုပ်ရာတွင် အသုံးပြုသည့် သတ္တုပြားများက ဌာန၁၃မှ ဝယ်ယူထားခြင်းဖြစ်ရာ၊ အရည်အသွေးမှာ ထိပ်တန်းအဆင့်ဖြစ်သည်။ ဟန်ရှောင်းက သတ္တုပြားကို မီးဖိုထဲသို့ မထည့်မီ ဓါတုဆေးတစ်မျိုးဖြန်း၍ အရောင်တင်လိုက်သည်။ မီးဖိုမှ ထွက်လာသောအခါ ပုံသွင်းစက်အောက်သို့ ထားလိုက်၏။ ဓါးကို ပြုလုပ်ခြင်း မပြီးဆုံးခင် သူက အဆင့်တစ်ချို့ကို ပြုလုပ်ရန် လိုနေသေးသည်။

ဓါးတစ်ချောင်းစီ ပြုလုပ်ခြင်းက သူ့အတွက် အတွေ့အကြုံအမှတ် ၁၀၀-၂၀၀ ပေးနိုင်၏။ ဒီဇိုင်းပုံစံ၏ အဆင့်ကလည်း အဆင့် ၁ မှ ၂သို့ သူ့ဖာသာ မြင့်တက်သွားသည်။ ထို့ကြောင့် ပစ္စည်း၏ အရည်အသွေးသည်လည်း အနည်းငယ် တိုးတက်လာ၏။

ပြီးဆုံးသွားသောအခါ၊ ဟန်ရှောင်းက အပူကာဝတ်စုံကို ချွတ်လိုက်ပြီး နဖူးပေါ်မှ ချွေးများကို သုတ်လိုက်သည်။ အသစ်ပြုလုပ်ပြီးထားသည့် ဓါးများကို စစ်ဆေးပြီးနောက်၊ ဝပ်ရှော့မှ အမှာစာ တစ်ချို့ကို ပြုလုပ်တော့သည်။

ပြုလုပ်နေစဉ်မှာပင်၊ ဟန်ရှောင်း၏ဖုန်း မြည်လာ၏။ ဖုန်းကို ကိုင်ကြည့်လိုက်ရာ လီယာလင်းဖြစ်နေသည်ကို တွေ့ရသည်။

"တစ်ခုခုဖြစ်နေပြီ။ အေးဂျင့်အကုန်လုံးက အမှာစာတွေကို ဖျက်ပစ်ချင်နေတယ်။"

"ဘာတွေဖြစ်နေတာလဲ။" သတင်းကြောင့် ဟန်ရှောင်း လန့်ဖျပ်သွား၏။

"သုတေသနဌာနက ပြန်သိမ်းနိုင်တဲ့ဓါးကို ပြန်ပြီး ထုတ်လုပ်နိုင်သွားပြီ။ ပြီးတော့ သူတို့က အမြောက်အများ ထုတ်လုပ်ပြီး၊ လူတိုင်းရစေမယ်လို့ ကြေညာထားတယ်။

လူတိုင်းက သုတေသနဌာနသည် အရှက်မရှိဘဲ မည်သို့ လက်သီးပုန်းထိုးသည်ကို မြင်ကြသော်လည်း၊ သူတို့က ပြန်သိမ်းနိုင်တဲ့ဓါးကို အလကားရမည်ဖြစ်သဖြင့် သူတို့၏ အမှာစာများကို ပယ်ဖျက်ကြသည်မှာ သဘာဝပင်ဖြစ်သည်။

ပြန်သိမ်းနိုင်တဲ့ဓါး၏ အမြတ်ရနေမှုသည် ပြီးဆုံးသွားခဲ့လေပြီ။

ဟန်ရှောင်းက အတွေးနက်စွာ ထိုင်နေမိသည်။ သုတေသနဌာနက ဒီလောက် မျက်နှာပြောင်တိုက်လိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ ဤကဲ့သို့ ဖြစ်လာနိုင်သည်ဟု သိထားသော်လည်း၊ ဒီလောက်မြန်မြန် လှုပ်ရှားလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ဒီဇိုင်းပုံစံကို ကိုယ့်သဘောနှင့်ကိုယ် ပေးအပ်ခြင်းက သူ့အတွက် အဖွဲ့၏ ဂုဏ်သတင်းအမှတ် ရရှိစေနိုင်သော်လည်း အတွေ့အကြုံအမှတ်များတော့ ရရှိနိုင်တော့မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ၊ သူတို့က ပိုမိုသန်မာ‌လာအောင် လုပ်နေသည့် ဟန်ရှောင်း၏ အစီအစဉ်ကို ထိခိုက်စေခဲ့သည်။

ဟန်ရှောင်းက ဖုန်းကျွင်းကို ဖုန်းခေါ်လိုက်သည်။

"မင်းကြားပြီးပြီလို့ ငါယူဆတယ်။" သူက လေသံပျော့ပျော့ဖြင့် မေးလိုက်သည်။

ဖုန်းကျွင်းက သက်ပြင်းချလိုက်သည်။

"သုတေသနဌာနက တကယ်ကို လွန်လွန်းတယ်။ အထက်က သူတို့ကို ခွင့်ပြုမိန့်တောင် မပေးသေးဘူ၊ သူတို့က အမြောက်အများ ထုတ်လုပ်မယ်ဆိုတဲ့သတင်းကို လွှင့်လိုက်တယ်။"

ဟန်ရှောင်း မျက်မှောင်ကြုံ့သွားသည်။

"ငါ့ကို အသေးစိတ်‌ ပြောပြ။"

ဖုန်းကျွင်းက ဟန်ရှောင်းကို ကိုရက်နှင့် လော်ရွှမ်းတို့အကြောင်း ပြောပြလိုက်သည်။

"သုတေသနဌာနက တရားဝင် စာထုတ်ပြီလား။"

"မထုတ်ရသေးဘူး။"

ဟန်ရှောင်း ဒေါသထွက်လာသည်။ ကြည့်ရတာ သုတေသနဌာနက သူ့ကို ဖြေရှင်းချက်ပေးဖို့ပင် ရည်ရွယ်ချက်ရှိပုံ မရပေ။

သုတေသနဌာန မည်သို့ လှုပ်ရှားရဲသည်မှာ တစ်ပိုင်းဖြစ်သည်။ သို့သော် အထက်မှ ပုဂ္ဂိုလ်များက ဘာတွေဖြစ်နေလဲဆိုတာ သေချာပေါက် နားလည်မည်ဖြစ်သည်။ ဟန်ရှောင်းက သူတို့ဘာကြောင့် တားဆီးခြင်း၊ ခွင့်ပြုခြင်း တစ်ခုမှ မလုပ်သေးသည့် အကြောင်းပြချက်ကို တွက်ဆနိုင်သွားသည်။ သူတို့က သူဘယ်လို တုန့်ပြန်မလဲကို စောင့်ကြည့်နေကြခြင်းပင်။ သုတေသနဌာနက စော်ကားနေသည်ကို သူကသာ ခွင့်ပြုလိုက်ပါက၊ သူ့ကို ယခုကဲ့သို့ ကောင်းကောင်းမွန်မွန် ဆက်ဆံနေသည်များကို ရပ်လိုက်တော့မည် ဖြစ်သည်။

သေချာတာပေါ့၊ ဒါက တစ်ဖက်သတ် အတွေးမျှသာ ရှိသေးသည်။

ထိပ်တန်းအရာရှိတွေက ဘယ်ဌာနဘက်ကိုမှ လိုက်မှာ မဟုတ်ဘူး။ ငါအလွန်အကျွံ မလုပ်သေးသရွေ့၊ သူတို့က လိုက်လျောညီထွေဆက်ဆံပြီး ငါ့ကို လျော်ကြေးပြန်ပေးမှာပဲ။

အတွေးတစ်ချက် ဟန်ရှောင်း ဖြတ်ခနဲ ရသွားသည်။ ဒါက အဆင့်မြင့်အသိပညာတွေရဖို့ အခွင့်အရေးပဲ။

သို့သော်၊ အဆင့်မြင့်အသိပညာသည် ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်၍ သာမန်ကာလျှံကာပြောရုံဖြင့် ရိုးရှင်းစွာ ထုတ်ပေးမည် မဟုတ်ပေ။

ဟန်ရှောင်း၏စိတ်ထဲတွင် အကြံအစည်တစ်ခုက စတင်၍ ရုပ်လုံးပေါ်လာသည်။

နေ့ခင်းကြောင်တောင်ကြီး ငါ့ကို ဓါးပြတိုက်ချင်တာလား။ ငါက အဲလောက် အနိုင်ကျင့်ဖို့ မလွယ်ဘူးဆိုတာ မင်းတို့ကို သင်ပေးမယ်။

…

သုတေသနဌာနတွင်...

"ဟားဟား။ ကောင်းကောင်း လုပ်ခဲ့တာပဲ။ ကောင်းတယ် ကောင်းတယ်။" သုတေသနဌာန၏ အတွင်းရေးမှူးချုပ်က လော်ရွှမ်းကို အကြီးအကျယ် ချီးကျူးနေသည်။

လော်ရွှမ်းက ရိုးရိုးလေးသာ ပြုံးနေသော်လည်း၊ တကယ်တမ်းတွင် သူ၏ ပျော်ရွှင်မှုများကို ဖိနှိပ်နေရသည်။

"ဌာနမှူးက မင်းကို တော်တော် အထင်ကြီးနေတယ်။ ငါတို့ ထောက်ပံ့ရေးဌာနကနေ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အကုန်တောင်းထားပြီးပြီ။ မင်းက ငါတို့ရဲ့ ဝန်ထမ်းလို့ ယူဆလို့ ရနေပြီ။

"ရာထူးတိုးမယ့် ကိစ္စကရော။"

"ဌာနမှူးက မင်းကိုယ်တိုင် မင်းရဲ့ ကိုယ်ပိုင်အဖွဲ့ကို ဦးဆောင်ရမယ်လို့ အထူးညွှန်ကြားချက် ပေးထားတယ်။ မင်းရဲ့ clearance ကလည်း မြင့်သွားလိမ့်မယ်။ အလုပ်ကောင်းကောင်းသာ ဆက်ပြီးလုပ်နေ၊ ဘာမှ စိတ်ပူစရာ မရှိဘူး။"

လော်ရွှမ်း၏ အပြုံးက ပို၍‌ တောက်ပလာသည်။

"ငါကြားတာ ဟန်ရှောင်းကို အထက်က တော်တော် တန်ဖိုးထားကြတယ်တဲ့။ ပြဿနာတစ်ခုခုများ ရှိလာနိုင်လား။" သူက မေးလိုက်သည်။

"စိတ်အေးအေးထားပါ။ ငါ့မှာ အတွင်းသတင်းရထားတယ်။ သူဘာမှ မလုပ်နိုင်ပါဘူး။"

အခန်း (၄၄) ပြီး၏။

လင်းဆက်

All Chapters