← Chapters

နောက်ဆုံးရယ်မောနိုင်မည့်သူ

Vol. 3 Ch. 45

နောက်ဆုံးရယ်မောနိုင်မည့်သူ

Vol. 3 Ch. 45

သုတေသနဌာနနှင့် ဟန်ရှောင်းတို့ကြား ပဋိပက္ခ သတင်းသည် ဌာန၁၃တွင် တောမီးလို ပျံ့နှံ့သွားသည်။ လူတိုင်းထင်ထားသလိုပင် ဟန်ရှောင်းက သာမန် ယန္တရားပညာရှင်လေးမျှသာဖြစ်၍ ရလဒ်က သိသာနေသည်။

နောက်ရက်အနည်းငယ် အတွင်းတွင်၊ ဟန်ရှောင်းက ဘာလှုပ်ရှားမှုမှ မပြပေ။ မျှော်လင့်ထားသလိုပင် သူက ကျိတ်မှိတ်ခံရန် ဆုံးဖြတ်ခဲ့သည်မှာ သိသာလာသည်။

သို့ရာတွင်၊ ဘာကြောင့် သုတေသနဌာနက သာမန်ဝန်ထမ်းလေး တစ်ယောက်ကို ဘာကြောင့် ရမယ်ရှာနေသလဲ ဆိုတာကတော့ ပဟေဠိအဖြစ် ကျန်ရှိနေဆဲပင်။

လီယာလင်းသည်လည်း ဟန်ရှောင်းနှင့် ပက်သက်နေမှုကြောင့် ထိခိုက်ခံစားရသည်။ သူမက ဟန်ရှောင်းကို စကားပြောရန် ဖုန်းခေါ်တိုင်းလည်း ဖုန်းလိုင်းက အမြဲတမ်း ခေါ်ဆို၍ မရပေ။

သေချာတာပေါ့၊ ဟန်ရှောင်းက ဒီလိုလွယ်လွယ် လက်လျှော့လိုက်မည် မဟုတ်ပေ။ သူ မလှုပ်ရှားသေးသည်မှာ ပြင်ဆင်မှုများ မပြီးသေးသောကြောင့် ဖြစ်သည်။

ဟန်ရှောင်းက ပြန်သိမ်းနိုင်တဲ့ဓါးကို ရောင်းချခဲ့ရာမှ ဒေါ်လာ ၁၀၀,၀၀ ရရှိခဲ့ပြီး၊ ယမ်းမှုန့်မှ ၃၀,၀၀၀ ရရှိခဲ့သည်။

လွန်ခဲ့သော ရက်များအတွင်း၊ ကုန်ကြမ်းပစ္စည်း ဒေါ်လာ ၃၀,၀၀၀ ဖိုး သုံးစွဲကာ ပြန်သိမ်းနိုင်တဲ့ဓါးများကို ပြုလုပ်ခဲ့သည်။ - စုစုပေါင်း ‌အချောင်း ၁၀၀ ရှိ၏။

"ဒါဆို လုံလောက်သင့်ပါပြီ။"

ဓါးအချောင်း ၁၀၀ ပြုလုပ်ပြီးသောအခါ သစ်သားပုံးတစ်ခုထဲထည့်ပြီး ဌာန၁၃မှ ထွက်လာလိုက်သည်။

စစ်ပွဲ၏ ခြိမ်းခြောက်မှု ရုတ်တရက် ပေါ်လာသဖြင့် သေနတ်များကို နိုင်ငံ၆နိုင်ငံတွင် တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ အရပ်သားများအနေဖြင့် သေနတ်ပိုင်ဆိုင်ခြင်းသည် တရားမဝင်သောကြောင့် ဟန်ရှောင်းသည် မြို့ထဲသို့ ခိုးမဝင်မီက သေနတ်အားလုံးကို စွန့်ပစ်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင်၊ နိုင်ငံ၆နိုင်ငံအတွင်းတွင် တရားမဝင် လက်နက်ကုန်သည်များ ရှိနေသည်။ သူတို့ကဲ့သို့ ကြားနေကုန်သည်များကို "Galaxy" တွင် ထည့်သွင်းထားသည်။ ကစားသမားများအတွက် ရန်သူ့တိုင်းပြည်များတွင် ထိုးဖောက်ဝင်ရောက်‌ရေးနှင့် လုပ်ကြံရေးမစ်ရှင်များအတွက် ပစ္စည်းကိရိယာများနှင့် သတင်းများ ဝယ်ယူနိုင်ရန် နည်းလမ်းတစ်ခုဖြစ်သည်။

သဘာဝကျကျပင်၊ ဟန်ရှောင်းက ထိုကုန်သည်များ ဘယ်နေရာမှာ ရှိသလဲဆိုတာ အတိအကျ သိသည်။ဟန်ရှောင်းက စီရင်စု ၈သို့ ဦးတည်လိုက်ပြီး လက်နက်ကုန်သည် မာရှို့စစ်ကို ရှာဖွေလိုက်သည်။

…

ဟန်ရှောင်းက မာရှို့စစ်ကို အလွယ်တကူပင် ရှာတွေ့ခဲ့ပြီး၊ ဟန်ရှောင်းက ပြန်သိမ်းနိုင်တဲ့ဓါးထည့်ထားသည့် သေတ္တာကို ဖွင့်၍ အသုံးပြုပုံကို ရှင်းပြလိုက်ရာ သူ့အား ဧည့်ခံရသည်ထက်ပင် ပို၍ပျော်ရွှင်သွားသည်။

မာရှို့စစ်က မှောင်ခိုဈေးကွက်တွင် အတွေ့အကြုံများသည့်အလျောက် ပြန်သိမ်းနိုင်တဲ့ဓါး၏ တန်ဖိုးကို ချက်ချင်း အသိအမှတ်ပြုနိုင်သည်။ သမားရိုးကျ အနီးကပ်လက်နက်များသည် အကျိုးအမြတ် သိပ်မများသော်လည်း၊ ပြန်သိမ်းနိုင်တဲ့ဓါး၏ ဖုံးကွယ်နိုင်စွမ်းနှင့် အံ့အားသင့်အောင် လုပ်နိုင်သည့်အချက်သည် လူကြိုက်များကြမည်မှာ သေချာလှသည်။

ဟန်ရှောင်းက သေတ္တာတစ်ခုလုံး ရောင်းချလိုသည့် သူ့ဆန္ဒကို ဖော်ပြလိုက်သည်။

"မင်း ရေရှည် ထုတ်လုပ်ပေးနိုင်မလား။" မာရှို့စစ်က မေးလိုက်သည်။

ဟန်ရှောင်းက ရယ်လိုက်ပြီး

"ဒီဇိုင်းပုံစံဆိုရင်ရော စိတ်ဝင်စားမလား။"

မာရှို့စစ် မျက်လုံးပြူးသွားသည်။ ဒီဇိုင်းပုံစံများသည် ယန္တရားပညာရှင်များအတွက် အလွန်တရာမှ အရေးပါသော ပစ္စည်းများဖြစ်သည်။ ထိုအရာက ပိုင်ရှင်ကို သူတို့၏ တီထွင်မှုများအပေါ် လက်ဝါးကြီးအုပ် ချုပ်ကိုင်ခွင့် ပေးထားသည်။ ယန္တရားပညာရှင်တစ်ယောက်က သူ၏ ဒီဇိုင်းပုံစံကို ရောင်းချခြင်းမှာ အလွန်ရှားပါးလှသဖြင့် မာရှို့စစ်က လန့်ဖျပ်သွားရုံသာမက အပျော်လွန်သွားသည်။

သို့သော် ဝါရင့်နေသော အရောင်းသမားဖြစ်သည့်အတွက် သူ၏ အတွင်းမှ ဗလောင်ဆူနေသည့် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားလိုက်သည်။

"ဈေးကို ပြောပါ။" သူက ပုံမှန်အတိုင်းပင် မေးလိုက်သည်။

"ဒီမှာ အချောင်း ၁၀၀ ရှိတယ်။ တစ်ချောင်း ၅,၀၀၀။ ဒီဇိုင်းပုံစံကို ၁သန်းနဲ့ ရောင်းမယ်။"

မာရှို့စစ် အသာလေး ပင့်သက်ရှိုက်လိုက်သည်။ 'တစ်ချောင်း ၅,၀၀၀? ဒီဇိုင်းပုံစံအတွက် ၁သန်း? ငါ့သာ လုသွားပါတော့လား'

"တစ်ခွန်းဈေးပဲ။"မာရှို့စစ်က သူ့ဈေးကို သဘောတူမည်ဟု ဟန်ရှောင်းက ယုံကြည်မှု ရှိနေသည်။

မာရှို့စစ် မျက်မှောင်ကြုံ့သွားပြီး၊ ခဏမျှ စဉ်းစားလိုက်ကာ လိုက်လျောလိုက်သည်။

"သဘောတူတယ်။"နိုင်ငံ၆နိုင်ငံ ဘဏ်များက ချိတ်ဆက်မထားကြ၍ (Dark Web) အနက်ရောင်ဝဘ်ဆိုက်ဘဏ်ကသာ မြေအောက်လောကတွင် အဓိက အရောင်းအဝယ် လုပ်သည့်နည်းလမ်းဖြစ်သည်။ ထိုဘဏ်က တစ်ကမ္ဘာလုံး ချိတ်ဆက်ထားရုံမက အလွန်လုံခြုံသည်။

ဟန်ရှောင်းက အကောင့်အတွက် လက်‌ဗွေစစ်ဆေးခြင်းကို တစ်ထိုင်တည်း လုပ်လိုက်သည်။

"မင်းနဲ့ အလုပ်တွေ ထပ်လုပ်ဖို့ စောင့်မျှော်နေပါမယ်။ ဒါက ဗီအိုင်ပီကတ်ပါ။"

ဟန်ရှောင်းက မာရှို့စစ်ဆီမှ ကတ်ကိုယူကာ သိမ်းထားလိုက်သည်။လက်နက်ကုန်သည်များနှင့် ရင်းနှီးမှု တည်ဆောက်ထားခြင်းက ရေရှည်တွင် အသုံးဝင်လာနိုင်သည်။ သူကလည်း ဌာန၁၃တွင် တစ်သက်လုံးနေရန် မစီစဉ်ထားပေ။

…

ဌာန၁၃တွင်၊ သုတေသနဌာနဒါရိုက်တာက စုံစမ်းစစ်ဆေးရေးဌာနဒါရိုက်တာနှင့် စင်္ကြန်တွင် ဆုံ၏။

“ကြည့်ရတာ မင်းတို့တွေက ဘာမှကောင်းကျိုးမရှိတဲ့ကောင်ကို ထောက်ပံ့ပေးဖို့ ရွေးမိပြီထင်တယ်။” သုတေသနဌာနဒါရိုက်တာက လှောင်လိုက်သည်။ “ဖိအားနည်းနည်းလေးနဲ့တောင် သူက လွယ်လွယ်နဲ့ ဂူအောင်းနေပြီမဟုတ်လား။ ငါအကြံပေးတာကို လက်ခံလိုက်ပါ - သူ့ကို ကောင်းကောင်းဆက်ဆံတာ ရပ်လိုက်တော့။”

အကြောင်းတစ်ချို့ကြောင့်၊ စုံစမ်းစစ်ဆေးရေးဌာနဒါရိုက်တာက သူ့စကားကို ဒေါသထွက်မသွားပေ။ သူက ရိုးရိုးလေးသာ ပြန်ပြုံးပြသည်။

“ကံကောင်းပါစေ။” သုတေသနဌာနဒါရိုက်တာ၏ ပခုံးကို ပုတ်ပြီး ပြန်ပြောလိုက်သည်။

သုတေသနဌာနဒါရိုက်တာ စိတ်ရှုပ်သွား၏။ ‘ကံကောင်းပါစေ? မင်းဘာပြောချင်တာလဲ’

ရုတ်တရက်၊ သူ့ဖုန်းက မြည်လာသည်။ ဌာနအကြီးအကဲက သူ့ကိုရှာနေ၏။ အကြီးအကဲ၏ အခန်းသို့ ကတိုက်ကရိုက် အပြေးသွားလိုက်သည်။

“အကြီးအကဲ၊ ခေါ်တယ်ဆိုလို့။”

“မင်းရဲ့ အစီအစဉ်ကို မနေ့က ခွင့်ပြုလိုက်ပြီ။ ပြန်သိမ်းနိုင်တဲ့ဓါးအတွက် မင်းတို့ဌာနက ဆုလာဘ်ရလိမ့်မယ်။”

ကြားလိုက်ရသည့် သတင်းကြောင့် သုတေသနဌာနဒါရိုက်တာ အလွန်ပျော်သွားသည်။

“အကြီးအကဲရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။”

အကြီးအကဲက ရယ်လိုက်ပြီး

“အပျော်တွေ မစောပါနဲ့ဦး”

သုတေသနဌာနဒါရိုက်တာ မျက်ခုံးများ တွန့်သွားသည်။

“ဘာဖြစ်လို့လဲ။ ဟန်ရှောင်းကြောင့် ဆိုရင်တော့ ပြဿနာမရှိပါဘူး။ သူလုပ်နိုင်တာ ဘာမှမရှိဘူး”

“အိုး၊ မင်းက အဲလိုထင်တယ်ပေါ့။” အကြီးအကဲက မေးလိုက်သည်။

သုတေသနဌာနဒါရိုက်တာက ခေါင်းညိတ်လိုက်သည်။

“ကောင်းတယ်...”

ရုတ်တရက်၊ အကြီးအကဲက ဖိုင်တစ်ခုကို ကောက်ကိုင်လိုက်ကာ သုတေသနဌာနဒါရိုက်တာ၏ မျက်နှာကို ပစ်ပေါက်လိုက်သည်။

“မင်းက အာဏာကို အလွဲသုံးစားလုပ်ပြီး ဌာနရဲ့ နည်းပညာကို ကိုယ်ပိုင်အကျိုးအမြတ်အတွက် ရောင်းစားတာကို စဉ်းစားကြည့်ရင်...၊ ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလဲ”

ဘာကြီး...?

အခန်း (၄၅) ပြီး၏။

လင်းဆက်

All Chapters