← Chapters

လူသား စကြဝဠာ

Vol. 87 Ch. 1230

လူသား စကြဝဠာ

Vol. 87 Ch. 1230

ထိုစဉ် ခမ်းနားဖွယ် တာအိုလှိုင်းများက မိုဝူကျိအား ရစ်ပတ်လာလေ၏။ မိုဝူကျိက ပျက်စီးလာသည့် စကြဝဠာကြီးအား တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့စိတ်နှလုံး အခြေအနေမှာ တည်ငြိမ်လာသည်။

“ လူသား စကြဝဠာ ဖြစ်တည်စမ်း ….” မိုဝူကျိက လူသားကမ္ဘာအစွန်းတွင် ရပ်ကာ လက်ညိုးထိုးလိုက်သည်။ လူသားကမ္ဘာ၏ နယ်မြေအလွှာများက ပို၍ ရှင်းလင်းလာသည်။

စကြဝဠာတစ်ခု ဖြစ်တည်လာသည့်အလား နယ်မြေအလွှာများ၊ အာကာပြင်၊ လေဟာနယ်နှင့် ဂြိုလ်များပါ ရှိလာသည်။

အရာအားလုံးက အဆင်ပြေပြေ ဖြစ်လာသလို အရိုးရှင်းဆုံး ဖြစ်လာသည်။

မိုဝူကျိက လက်ကို ရုတ်တရက် မြောက်လိုက်သည်။ သူ့သဘာဝ လက်ဖြင့် ရွှေရောင်လမ်းကြောင်းပေါ် ရွေ့လျားနေသည့် အမျိုးသားအား အလွယ်တကူ ကောက်ယူလိုက်သည်။ ထို့နောက် လက်တစ်ချက်အဝေ့ဖြင့် ကမ္ဘာပျက်အတွင်း ပစ်ချခံလိုက်ရသည်။

အားလုံးက မိုဝူကျိအား လေးလေးစားစား ဦးညွှတ်လိုက်ကြသည်။ တချို့လူများက ထိုလူသည် သူ့တာအိုလက်တွဲဖော်အား တွန်းချခဲ့သူ ဖြစ်ကြောင်း သိလိုက်ကြ၏။ ထို့ကြောင့် မိုဝူကျိက ဖယ်ရှားလိုက်ခြင်း ဖြစ်ပေသည်။

လျန်ယင်ရှန်း၊ ဝိဇ္ဇာသူတော်စင်မ၊ ဟွမ်တိနှင့် ကျန်လူများကလည်း မိုဝူကျိအား တအံ့တဩ ငေးကြည့်နေကြသည်။ ယွမ်ကျန်းရီက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်

“ ဝူကျိ … မင်း ဝိဇ္ဇာအဆင့်ကို ကျော်လွန်သွားပြီလား ”

မိုဝူကျိက ဝိဇ္ဇာအဆင့် ကျော်လွန်သွားသည်မှာ သိသာလှသည်။ အရင် ဝိဇ္ဇာများပင် မလုပ်နိုင်ခဲ့ကြပေ။

မိုဝူကျိက ခပ်ယဲ့ယဲ့ပြုံးကာ  “ ဟုတ်တယ် .. ကျုပ် ဝိဇ္ဇာအထက် အဆင့်ကို နားလည်သွားပြီ ”

ထိုသို့ပြောပြီးနောက် လက်ကို တဖန်ပြန်လည် ဆန့်ထုတ်လိုက်သည်။

စကြဝဠာ ပျက်စီးလာမှုပင် မိုဝူကျိ လက်အား ဘာထိခိုက်မှုမှ မဖြစ်စေနိုင်တော့ပေ။ ထိုအခိုက်အတန့်လေး၌ မိုဝူကျိ လက်က လော့ကို ဖမ်းဆုပ်ပြီးသား ဖြစ်သွားသည်။

“ တာအိုရောင်းရင်းမိုက ဝိဇ္ဇာအဆင့်ကို ကျော်လွန်သွားပြီပဲ … ဒီညီငယ်လေးက နောက်လိုက်  ….” လော့က စကားဆုံးအောင်ပင် မပြောလိုက်ရဘဲ မိုဝူကျိ၏ သဘာဝစွမ်းအားလက်ဖြင့် ခြေမွခံလိုက်ရသည်။

ဤသည်မှာ ဝိဇ္ဇာအဆင့်အထက်ရှိ အစစ်အမှန် အဆင့် ဖြစ်ပေသည်။ လော့အား သတ်လိုက်ပြီးနောက် မိုဝူကျိက စကြဝဠာတာအိုစည်းမျည်းကို မရှာပေ။ ဤအခိုက်အတန့်၌  သူ့စကြဝဠာ ပြီးပြည့်စုံသွားစေပြီ ဖြစ်သောကြောင့် စိတ်ထဲ မထားတော့ပေ။ သူက စကြဝဠာ တာအိုစည်းမျည်းအား ဂရုမစိုက်တော့ပေ။

ထို့နောက် မိုဝူကျိက လက်ဝါးဖြန့်လိုက်သည်။ ထိုအခါ ပျက်စီးနေသည့် စကြဝဠာအတွင်း မီတာသန်းပေါင်းများစွာ ရှိသည့် လှိုင်းလုံးတစ်ခု ဖြစ်တည်လာသည်။ ထိုလှိုင်းလုံးက စကြဝဠာပျက်စီးခြင်းနှင့် မသက်ဆိုင်သည့်အလား ဆက်လက် ကျယ်ပြန့်လာသည်။

အစိတ်စိတ်အမြွှာမြွှာ မပြိုကွဲသေးသည့် ကျင့်ကြံသူများစွာက ထိုလှိုင်းလုံးပေါ် အပြေးအလွှား တက်လိုက်ကြသည့်အခါ မိုဝူကျိနှင့် လူသားကမ္ဘာဆီ ကံကြမ္မာများ ထပ်လောင်း ရောက်ရှိလာပြန်သည်။

“ ဝူကျိ … လူသားကမ္ဘာမှာ တစ်ခုခု လိုအပ်နေတယ်လို့ ထင်မိတယ် ” ဘေးရှိ လျန်ယင်ရှန်းက ပြောလိုက်သည်။

သူမက မိုဝူကျိသည် ဝိဇ္ဇာအဆင့်လွန်ကို တက်လှမ်းခဲ့သည့် ဖြစ်စဉ်တစ်ခုလုံး မြင်တွေ့ခဲ့သောကြောင့် လူသားကမ္ဘာအတွင်း အပြောင်းအလဲများကို အာရုံခံမိပေသည်။ သို့သော်လည်း သူမက သူ့လူသားကမ္ဘာသည် မပြီးပြည့်စုံသေးကြောင်း ခံစားမိနေဆဲ ဖြစ်၏။ သူမက ထိုလိုအပ်ချက်အကြောင်းကို‌တော့ အတိအကျ မပြောပြတတ်ပေ။

မိုဝူကျိက ခေါင်းညိတ်ကာ  “ ကျုပ် သိပါတယ် ”

ဤလူသားကမ္ဘာသည် အသက်ဓာတ်တစ်မျိုး လိုအပ်နေသေးပြီး “ ဖန်ဆင်းမှုအလုံးစုံ၏ စွမ်းအားအသက်ဓာတ် ” ဖြစ်ပေသည်။

သူက လက်ကို ဆန့်ထုတ်လိုက်ပြီးနောက် လူအုပ်အတွင်းမှ အနီရောင် အမြုတေတစ်ခု ပေါ်လာသည်။ သူက တုံ့ဆိုင်းမနေဘဲ သစ်နက်အောက် ထားလိုက်၏။

ဤသည်မှာ သူ့ကမ္ဘာ ဖြစ်၏။ အရာအားလုံးက သူ့အတွက် ရှင်းလင်းနေပြီး သူ့ဆီမှ ဖုံးကွယ်ထား၍ မရပေ။ သူက ဤအမြုတေသည် မည်သူ့အပိုင် ဖြစ်ကြောင်း ဂရုမစိုက်ပေ။ သူက ထိုအမြုတေကို လုယူလိုက်သလို ဖြစ်သော်လည်း အသက်ရှင်သန်ဖို့ရာအတွက် လိုလိုလားလား  ထုတ်ပေးလိမ့်မည်ဟု ယုံကြည်မိသည်။

ဤသည်မှာ မီးဓာတ် သဘာဝ အမြုတေ ဖြစ်၏။ မီးဓာတ် သဘာဝအမြုတေကို သစ်နက်အောက် ထားလိုက်သည်နှင့် ပြောင်းလဲမှုတစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။ ထိုစဉ် သစ်နက် မဟုတ်တော့ပေ။ ထို့အစား ဖန်ဆင်းမှုအလုံးစုံ၏ စွမ်းအားများ ပါဝင်နေသည့် ဧရာမ သစ်ပင်ကြီးတစ်ပင်အဖြစ် ပြောင်းလဲသွားသည်။

ဤသစ်ပင်ကြီး၏ အကိုင်းအခက်များက ဆက်တိုက် ကြီးမားလာပြီး လူသားကမ္ဘာ နေရာတိုင်းအထိ ပြန့်နှံ့လာသည်။

လူသားကမ္ဘာအတွင်း ဝင်နေကြသော ကျင့်ကြံသူအားလုံးက ရှင်းရှင်းလင်းလင်း မြင်လိုက်ကြသည်။ တစ်ချိန်တည်းဆိုသလို လူသားကမ္ဘာ၏ အလွှာများကလည်း ပို၍ ရှင်းလင်းလာသည်။ လျန်ယင်ရှန်းနှင့် တခြားဝိဇ္ဇာများပင် လူသားကမ္ဘာသည် ယခု ပြည့်စုံလာကြောင်း ခံစားမိလိုက်ကြ၏။

သို့သော်လည်း မိုဝူကျိက သူ့လူသားကမ္ဘာသည် တစ်ခုခု လိုအပ်နေသေးကြောင်း သိလိုက်သည်။ အကြောင်းမှာ သူက ဝိညာဉ်ကြော ဇာစ်မြစ်ကို မခံစားမိ၍ ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်ကြော မွေးဖွားလာဖို့ ကန့်သတ်ထားသလို ဖြစ်နေပေမည်။

ဆိုလိုသည်မှာ ဝိညာဉ်ကြော ရှိပြီးသား ကျင့်ကြံသူတွေမှလွဲ၍ လူသားကမ္ဘာအတွင်း မွေးဖွားလာသည့် လူတွေတွင် ဝိညာဉ်ကြော ပါရှိမည် မဟုတ်တော့ပေ။ သူတို့အားလုံးကား သေမျိုးလူသား အစစ်အမှန်များ ဖြစ်လာကြမည်။

“ သခင်ကြီး ” ရွိုက်ကောနှင့် တာ့ဟွမ်တို့ အသံလည်း ထွက်ပေါ်လာသည်။ နှစ်ယောက်လုံးက လူများကြား တိုးဝေ့ကာ မိုဝူကျိဆီ အပြေးအလွှား ရောက်လာကြသည်။ မိုဝူကျိက လူသားဂိုဏ်းအတွင်း အသက်ရှင်ကျန်ရစ်သူများအနက် မိုချင်းချယ်၊ ယန်လီ၊ ကျော့ဖျင်အန်းနှင့် တခြားရင်းနှီးပြီးသား လူများကို မြင်တွေ့လိုက်ရသည့်အခါ စိတ်အေးသွားမိသည်။

“ သခင်ကြီး ပြန်မလာတာနဲ့ တာ့ဟွမ်နဲ့ကျွန်တော်တို့က သခင်ကြီးအကြောင်း နေ့တိုင်း တွေးနေကြတာ ” ရွိုက်ကောက မိုဝူကျိဘေး ရောက်လာသည်နှင့် တတွတ်တွတ် ပြောလိုက်သည်။

အကယ်၍ ထိုစကားများမှ တာ့ဟွမ်ဆီမှ ထွက်လာလျှင် မိုဝူကျိအနေနှင့် ယုံမိလောက်၏။ သို့သော်လည်း ထိုစကားများက ရွိုက်ကောဆီမှ ထွက်လာသည့်အခါ မိုဝူကျိအနေနှင့် ယုံဖို့ရာပင် မစဉ်းစားတော့ပေ။

“ သခင်ကြီး …”တာ့ဟွမ်က အလွန်စိတ်လှုပ်ရှားနေမိသည်။ သူ့ရှင်သန်မှုမှာ မိုဝူကျိကြောင့် ဖြစ်တည်လာခြင်း မဟုတ်ပါလော။ လူသားဂိုဏ်းကို မည်သူမှ မနှောင့်ယှက်ကြသလို  ဂိုဏ်းအတွင်း သူ့အဆင့်အတန်းမှာ မြင့်မားသော်လည်း သူက မိုဝူကျိဘေးမှ လိုက်ပါကာ နေရာအနှံ့ လျှောက်သွားချင်မိသည်။

“ အာ …” မိုဝူကျိက သူ့လူသားကမ္ဘာကို တအံ့တဩ ကြည့်လိုက်မိသည်။ သူ့လူသားကမ္ဘာသည် ယခုလေးတင် ဖြည့်စွက်လိုက်သည့်အလား ခံစားလိုက်မိသည်။ ဝိညာဉ်ကြော ကန့်သတ်ထားသည့် နေရာတစ်ခု မဟုတ်တော့ပေ။

တာ့ဟွမ်အား ကြည့်ကာ မိုဝူကျိက တာ့ဟွမ်ခေါင်းကို ပုတ်ပေးလိုက်ပြီး သူ့ဘာသာ ရေရွတ်လိုက်သည်  “ ငါ နားလည်သွားပြီ ”

တာ့ဟွမ်တွင် ဝိညာဉ်လမ်းကြောင်း ၁၀၈ ခု ပိုင်ဆိုင်ထားသလို ချီသွေးကြော ၁၀၈ ခုလည်း ပိုင်ဆိုင်ထားပေသည်။ သူက ထိပ်ဆုံးအဆင့် ဝိညာဉ်ကြောကိုပင် ကိုယ်စားပြုနိုင်ပေသည်။ တာ့ဟွမ် ရောက်ရှိလာမှုက လူသားစကြဝဠာ၏ ပြစ်ချက်များအား ပြင်ဆင်ပေးလိုက်သလို ဖြစ်သွားသည်။

လူသားကမ္ဘာ၏ အလွှာများက ပုံသဏ္ဍာန် ပေါ်လာပြီ ဖြစ်၏။ လူသားကမ္ဘာက အလွှာအမျိုးမျိုး ကွဲထွက်ကာ ရုပ်လုံးကြွလာသည်။

တခြားနည်းဖြင့် ပြောရလျှင် ယခုအခါ သူ့လူသားစကြဝဠာအတွင်း သေမျိုးကမ္ဘာ၊ ကျင့်ကြံရေး ကမ္ဘာ၊ အင်မော်တယ် ကမ္ဘာနှင့် နတ်ဘုရားကမ္ဘာပင် ရှိနေလေပြီ။

မိုဝူကျိက သူ ပိုင်းဖြတ်လိုက်သည့် လူသားစကြဝဠာတစ်ဝက်သည် နောက်ထပ် အလွှာအသစ်တစ်ခု ဖြစ်လာကြောင်း မြင်လိုက်ရသည့်အခါ စိတ်အေးသွားလေသည်။ဤအလွှာမှာ လူသားစကြဝဠာ၏ ထိပ်ဆုံး ဖြစ်၏။

ထိုစဉ် မိုဝူကျိက “ တိမ်လွှာ ကိုးလွှာအထက်၌ အမှန်တရား ဆုတောင်းဖျာ တည်ရှိ၏” ဆိုသည့် ဆိုလိုရင်းကို နားလည်သွားပေသည်။ ဟုန်ကျွင်းက ယခင်စကြဝဠာ ဖန်တီးမှုနှင့် ပတ်သတ်နေသည်မှာ သိသာလှသည်။ ထို့ကြောင့် ဟုန်ကျွင်းက ကောင်းကင်ဘုံအထက်၌ နေနိုင်ခြင်း ဖြစ်ပေသည်။

ဟန်ချင်းရု၊ ချူယို့နှင့် ချိန်စုယင်တို့လည်း သူတို့ဘေးရှိ အပြောင်းအလဲကို ကြည့်ကာ တအံ့တဩ ဖြစ်နေကြသည်။ ထိုစဉ် မိုဝူကျိ၏ အသံက သူတို့ဘေးနား ထွက်ပေါ်လာလေ၏

“ ကမ္ဘာက ပြောင်းလဲနေတယ်ဆိုပေမဲ့ အခုအထိ မပြီးပြည့်စုံသေးဘူးလို့ ခံစားမိနေတုန်းပဲ။  ကိုယ့်ကို စောင့်ပေးဦးနော်”

မိုဝူကျိက သူ့ကမ္ဘာသည် မပြီးပြည့်စုံသေးကြောင်း ခံစားမိနေဆဲ ဖြစ်သည်။ တာ့ဟွမ် ရောက်ရှိလာမှုက သူ့ကမ္ဘာအတွင်း ဝိညာဉ်ကြောဇာစ်မြစ် ပြဿနာကို ဖြေရှင်းပေးလိုက်သော်လည်း တစ်ခုခု လိုအပ်နေသေး၏။

ဤသည်မှာ သူ့တာအိုနှင့် သေချာပေါက် ဆက်နွယ်နေပေသည်။ သူ့တာအိုက သူ့ဆီမှ ဖြစ်တည်လာခြင်း ဖြစ်ကာ သူ့အတွက် သင့်တော်သော်လည်း စကြဝဠာတစ်ခုလုံးအတွက် သင့်တော်ဖို့ မလိုအပ်လောက်ပေ။

လူကောင်းများက ကောင်းကြသလို လူဆိုးများက ဆိုးကြပေသည်။ ထိုဆိုလိုရင်းက ဤစကြဝဠာနှင့် မကိုက်ညီပေ။

“ သခင်လေး ” မိုဝူကျိက လျှင်မြန်စွာ အရွယ်ရင့်လာသည့်အလား မျက်မှောင်ကျုတ်သည်ကို မြင်လိုက်သောအခါ ယန်အာက စိတ်ပူပင်စွာ ခေါ်လိုက်သည်။

လျန်ယင်ရှန်းက မိုဝူကျိသည် လူသားကမ္ဘာအကြောင်း နောက်ကြောင်း ပြန်တွေးနေကြောင်း သိလိုက်သည်။ သူမက ယန်အာကို မြန်မြန် ဆွဲခေါ်လိုက်ပြီး မိုဝူကျိအား မနှောင့်ယှက်ဖို့ ညွှန်ပြလိုက်သည်။

“ ကျုပ် သိပြီ ” အချိန်အတော်ကြာပြီးနောက် မိုဝူကျိက ရုတ်ချည်း မျက်လုံး ပြန်ပွင့်လာသည်။ သူက ကျယ်ပြောလှသည့် စကြဝဠာကြီးအား ကြည့်ကာ

“ ကျုပ် လူသားစကြဝဠာက နတ်ဆိုးတာအို လိုအပ်နေသေးတယ်။ ကျုပ် လူသားကမ္ဘာ ပြီးပြည့်စုံစေဖို့အတွက် နတ်ဆိုးတာအို  ကျင့်ကြံတဲ့ ကျင့်ကြံသူတွေဆီကနေ အကူအညီ တောင်းချင်ပါတယ် ”

မိုဝူကျိက ကမ္ဘာမြေမှ ရောက်လာသူ ဖြစ်ပြီး နတ်ဆိုးတာအိုနှင့် ထိစပ်မှုအနည်းငယ်သာ ရှိခဲ့ဖူးသည်။ သူ့တာအိုက စည်းမျည်းအမျိုးမျိုး ရှိထားသော်လည်း နတ်ဆိုးတာအိုကိုတော့ မပါချေ။ သူ့လူသားစကြဝဠာသည် ပုံပေါ်လာပြီ ဖြစ်ရာ သူ မကြိုက်လျှင်ပင် မလိုအပ်ဘူးဟု ဆိုလိုခြင်း မဟုတ်ကြောင်း သိပေသည်။

မိုဝူကျိစကားကို ကြားကာ နတ်ဆိုးကျင့်ကြံသူများစွာက ရှေ့ထွက်လာကြသည်။ လက်တွေ့၌ သူတိုက ဤစကြဝဠာနှင့် သဟဇာတ မဖြစ်ကြောင်း ခံစားနေရ၏။

သိပ်မကြာခင် မိုဝူကျိက မျက်မှောင်ကျုတ်လိုက်ပြန်သည်။ နတ်ဆိုးတာအို ကျင့်ကြံကြသော လူအများစုတွင် ရက်စက်သည့် အငွေ့အသက်များ ရှိကြပေသည်။ အကယ်၍ ထိုကြမ်းတမ်းရက်စက်သည့် စွမ်းအားများသာ သူ့လူသားစကြဝဠာနှင့် ပေါင်းစပ်သွားလျင် မည်သို့ ဖြစ်လာမည်နည်း။

“ အစ်ကိုဝူကျိ ကျုပ် ဟော်ယွီချန်ကို မေ့နေပြီလား။ ကျုပ်ကို ဒီကိစ္စထဲ မပါခိုင်းလို့ မဖြစ်ဘူးနော် ” ရင်းနှီးပြီးသား ရယ်မောသံကို ကြားလိုက်ရသည်။ ထို့နောက် ရွှေရောင်လမ်းကြောင်းပေါ်မှ ရင်းနှီးပြီးသား ပုံရိပ်လေး ဆင်းသက်လာသည်။

မိုဝူကျိက ဟော်ယွီချန် ရောက်လာသည်ကို မြင်လိုက်ရသည့်အခါ စိတ်အေးမိသွားသည်။ ဟော်ယွီချန်သည် ရင်သပ်ရှုမောဖွယ် လူချောတစ်ယောက် ဖြစ်ပြီး သူ့ကျက်သရေအဖြာဖြာက ပြစ်ချက်ကင်းလွန်းလှသည်။

“ ညီအစ်ကိုဟော်က ဝိဇ္ဇာတပိုင်းအဆင့်တောင် ရောက်သွားပြီလား ” မိုဝူကျိ၏ ကျင့်ကြံဆင့်ဖြင့် ဟော်ယွီချန်၏ ကျင့်ကြံဆင့်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဟော်ယွီချန်သည် ဝိဇ္ဇာတပိုင်းအဆင့် ရောက်ရုံသာမက သူ့တာအိုမှာလည်း အင်မတန် သန့်ရှင်းကာ စင်ကြယ်ပေသည်။

သူက ဟော်ယွီချန် ရောက်လာသည့် အကြောင်းအရင်းကို သိပေသည်။ ဟော်ယွီချန်က နတ်ဆိုးတာအိုကို ကျင့်ကြံသည် မဟုတ်ပါလော။ ယခင် နတ်ဆိုးတာအိုကို ကျင့်ကြံကြသည့် ကြမ်းတမ်းခက်ထန်သည့် အရှိန်အဝါရှိကြသော ကျင့်ကြံသူများနှင့် ယှဉ်လိုက်လျှင် ဟော်ယွီချန်၏ နတ်ဆိုးတာအိုက အစစ်အမှန် နတ်ဆိုးတာအို ဖြစ်၏။

“ အစ်ကိုမို …. ကျုပ် ကျင့်ကြံဆင့်က ခင်ဗျားကို ကျော်သွားလောက်ပြီလို့ တွေးမိတဲ့အချိန်တိုင်း ကျုပ်ကို အံ့ဩတကြီး ဖြစ်စေတာပဲဗျို့ ” ဟော်ယွီချန်က ရယ်မောက ပြောလိုက်သည်။

“ ဒီတစ်ကြိမ် မင်း အကူအညီ လိုအပ်နေပြီ။ အနည်းဆုံးတော့ လူသားကမ္ဘာကို နတ်ဆိုး တာအိုစည်းမျည်း မရှိဘဲ လုပ်လို့ မဖြစ်ဘူးလေ။ အဲကြောင့် မင်းဆီကနေ …. ”

မိုဝူကျိ စကားမဆုံးခင် ဟော်ယွီချန်က စကားဝင်ဖြတ်ပြောလိုက်သည်

“ ကျုပ် ဆုံးဖြတ်ပြီးပါပြီ။ ကျုပ်တာအိုအကြောင်း ကျုပ် အသိဆုံးပဲလေ။ အစ်ကိုမိုဆီကနေ စကြဝဠာ တာအိုစည်းမျည်းတစ်ခုတော့ ဌားရတော့မယ် ”

“ အဲဒါ ဘာများ ခက်ခဲနေရမှာလဲ ” မိုဝူကျိက လက်ဝေ့လိုက်သည့်အခါ စကြဝဠာ တာအိုစည်းမျည်းတစ်ခုအား ဟော်ယွီချန် လက်ထဲ ထည့်ပေးလိုက်သည်။ ဤရတနာက ဝိဇ္ဇာများပင် တိုက်ခိုက်ကြသည့် ရတနာ ဖြစ်သော်လည်း သူ့အမြင်၌ မြက်ပင်တစ်ပင်အလား ဖြစ်ပေသည်။

ဟော်ယွီချန်က ခေါင်းညိတ်ကာ ထိုစကြဝဠာတာအိုစည်းမျည်းအား နဖူးအထက် ထားလိုက်ပြီးနောက်  “ အစ်ကိုမို ကျုပ်ကို ကူပါဦး”

မိုဝူကျိက သူ့အကူအညီ မရှိဘဲ ဟော်ယွီချန်သည် စကြဝဠာ တာအိုစည်းမျည်းနှင့် ပေါင်းစပ်နိုင်မည် မဟုတ်ကြောင်း သိပေသည်။ သူက တုံ့ဆိုင်းမနေဘဲ လူသားတာအိုစည်းမျည်းအား ထုတ်လိုက်သည်။ ထိုလူသားတာအိုစည်းမျည်းဖြင့် ဟော်ယွီချန်သည် စကြဝဠာ တာအိုစည်းမျည်းနှင့် မြန်မြန် ပေါင်းစပ်နိုင်လိမ့်မည်။ သူ့တာအိုအရှိန်အဝါက ဆက်တိုက် မြင့်တက်လာပြီး ဝိဇ္ဇာအဆင့် ရောက်ရှိသွားသည်။

“ ဝူကျိ … ကျုပ် အရင်သွားနှင့်မယ်။ နောက်ဘဝမှ ပြန်ဆုံကြတာပေါ့။ ကျုပ်ဇနီးကို စောင့်ရှောက်ပေးပါ …” ထိုသို့ပြောပြီးနောက် ဟော်ယွီချန်က မိုဝူကျိ တုံ့ပြန်သည့်အထိ မစောင့်နေတော့ဘဲ သူ့ခန္ဓာကိုယ်အား  နတ်ဆိုးတာအို စည်းမျည်း လှိုင်းလုံးများအဖြစ် ပြောင်းလဲကာ လူသားကမ္ဘာအတွင်း ပြန့်နှံ့သွားစေလိုက်သည်။

လူသားကမ္ဘာက တုန်ခါလာပြီး ပြည့်စုံသွားလေသည်။

မိုဝူကျိက ဟော်ယွီချန် ပျောက်ဆုံးသွားသောကြောင့် ကြောင်အမ်းအမ်း ကြည့်နေမိသည်။ အချိန်အတော်ကြာ ကြာပြီးနောက် သူက လေးလေးစားစား ဦးညွှတ်လိုက်သည်။ သူက ဟော်ယွီချန်အား သူ့ခန္ဓာကိုယ်ကို တာအိုစည်းမျည်းအဖြစ် ပြောင်းလဲပေးဖို့ မလိုလားခဲ့ပေ။ သို့သော်လည်း ဟော်ယွီချန်က လူသားကမ္ဘာနှင့် ထာဝရ ပေါင်းစပ်စေလိုက်၏။

ယခင် သူက လူသားကမ္ဘာကို ဖွင့်ဖို့ အချိန်အတော်ကြာ စဉ်းစားခဲ့ရသည်ကို တွေးမိသွားသောအခါ အပြစ်ရှိစိတ် ခံစားလာမိ၏။

မိုဝူကျိက ဦးညွှတ်လိုက်သောကြောင့် ကျန်လူများလည်း သူနှင့်အတူ ဦးညွှတ်လိုက်ကြသည်။

မိုဝူကျိက သက်ပြင်းချလိုက်ပြီး လူအုပ်ကြီးအား ကြည့်ကာ

“ ညီအစ်ကိုဟော်ရဲ့တာအိုလက်တွဲဖော်က ဘယ်သူလဲ။ ကျုပ်ရဲ့ ဦးညွှတ်မှုကို ခံယူပါ … ”

“ အစ်ကိုကြီးမို … ဒီကမ္ဘာအတွက် နတ်ဆိုးတာအိုစည်းမျည်း ဖြစ်လာစေချင်တာ ယွီချန်ရဲ့ ဆန္ဒပါ ” ညင်ညင်သာသာ အသံလေး ထွက်ပေါ်လာသည်။

“  စုရှီ .. မင်းလား ” မိုဝူကျိက သူ့ရှေ့ရှိ မိန်းမလှလေးကို ကြောင်အမ်းစွာ စိုက်ကြည့်နေမိသည်။ သူက စုရှီသည် ဟော်ယွီချန်၏ တာအိုလက်တွဲဖော် ဖြစ်လာလိမ့်မည်ဟု မသိခဲ့ပေ။

“ အစ်ကိုကြီးမို  … ကျွန်မလည်း ထွက်သွားတော့မယ် ” စုရှီက ဦးညွှတ်လိုက်ပြီးနောက် ဟော်ယွီချန် ပျောက်ဆုံးသွားသည့် နေရာဆီ သွားလိုက်သည်။ သိပ်မကြာခင် သူမလည်း ပျောက်ကွယ်သွားလေသည်။

***

All Chapters