အပိုင်း(၅၂၁)
Vol. 35 Ch. 521
ဟူဟောက်က အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် ကြယ်ခုနှစ်ပွင့်ဘိုးဘေးနယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
ဟူဟောက်က ဤအုပ်စုအတွင်း၌ ပါရမီအရှိဆုံးသူဖြစ်ပြီး သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူမှလွဲ၍ သူ၏ကျင့်ကြံမှုကအမြင့်ဆုံးဖြစ်သော်လည်း ဤအုပ်စုအတွင်း၌ကျင့်ကြံမှုအမြင့်
ဆုံးအဖြစ်ရှိနေသောသူမှာ ဝမ်ရှန့်သာဖြစ်သည်။
ရှင်းယောင်မြို့အတွင်းရှိ အင်အားကြီးမိသားစုများ၏စွမ်းအား
ဖြင့်နှိုင်းယှဉ်လိုက်မည်ဆိုလျှင်တော့ ဟူဟောက်ကထည့်ပြောဖို့ပင်မတန်ချေ။ ဟူဟောက် ပြောသောချူးမိသားစုအားဖိနှိပ်ရန်နှင့် ထိုက်မိသားစုအားအနိုင်ယူပြီးရှင်း
ယောင်မြို့ထက်၌ဝင့်ကြွားစွာရပ်ရန်
ကပို၍ပင်ဝေးသည်ဖြစ်သည်။
မည်သူကမှ ဟူဟောက်၏ စကားအားအလေးအနက်မထားကြချေ။ သူ့၌ရည်မှန်းချက်ရှိသော်လည်းသူ့ကိုယ်
သူယုံကြည်မှုလွန်ကဲပြီး နေ့ခင်းကြောင်တောင်အိမ်မက်မက်နေသည်ဟုသာသူတို့တွေးကြလိမ့်မည်ဖြစ်သည်။
အချို့လူငယ်များဆိုလျှင်ဟူဟောက်အား
ဟာသာလုပ်နေကြ၏။ သက်လတ်ပိုင်း
အရွယ်လူ ဝမ်ရှန့်သည်သာလျှင် လူငယ်များ၏အပြုအမူအမူအား စိတ်မဝင်စားခြင်းဖြစ်သည်။ သူကရှေ့သို့လျှောက်လှမ်း၍ ပတ်ဝန်းကျင်အား ဂရုတစိုက်အာရုံခံရင်း အန္တရာယ်ကိုရင်ဆိုင်ရန်အသင့်ပြင်ထားသည်။
ဤကျင့်ကြံသူများအားလုံးလေထဲ၌ပျံသန်းနိုင်စွမ်းရှိကြသော်လည်း နတ်ဆိုးသားရဲတောင်တန်းအတွင်း၌ ပျံသန်းခြင်းအားတားမြစ်ထားသည်ဖြစ်သည်။ ယင်းက စွမ်းအားကြီးနတ်ဆိုးသားရဲများအား
စွဲဆောင်စေလိမ့်မည်ဖြစ်၏။
ခန္ဓာကိုယ်ရွေ့လျားမှုများအားအသုံးပြုခြင်းကလူစုကွဲရန်ပိုမိုလွယ်ကူသည်ဖြစ်သည်။
အကယ်၍နတ်ဆိုးသားရဲများသာပေါ်လာခဲ့လျှင် သေကြေပျက်စီးမှုများဖြစ်ရန်ပို၍လွယ်ကူသည်။ ဤကဲ့သို့အတူတကွလျှောက်လှမ်းခြင်းကသာ အန္တရာယ်ကျရောက်လာသောအခါ၌ ရန်သူအားအတူတကွရင်ဆိုင်နိုင်
လိမ့်မည်ဖြစ်သည်။
ဤအချိန်တွင် အသေးလေးဟုခေါ်သော ကောင်မလေးက ခေါင်းလှည့်၍ သူမ၏နောက်၌ရှိသော ရှစ်ဖုန့်အားကြည့်လိုက်သည်။ ရှစ်ဖု်န့က သူမတို့နှင့်အလှမ်းနည်းနည်းဝေး
နေသည်ဖြစ်၏။ကောင်မလေး၏ မျက်နှာထက်၌ ဖြည်းဖြည်းချင်းစိုးရိမ်မှုတို့ဖြစ်ပေါ်လာသည်။ သူမကတမင်တကာအရှိန်လျော့လိုက်ပြီး ဖြည်းဖြည်းချင်း အုပ်စုထဲမှထွက်လိုက်သည်။
ရှစ်ဖုန့်ကကျားဖြူနှင့်လာနေသောအခါ ကောင်မလေးကရှစ်ဖုန့်နားသို့လျှောက်
သွားလိုက်ပြီး ရှစ်ဖုန့်အားပြောလိုက်သည်။
“ရှင်တစ်ယောက်တည်းနောက်မှာကျန်နေပြီး
တော့ လျှောက်လာတာက အရမ်းအန္တရာယ်များတယ်..ရှင်ကျွန်မ
တို့နဲ့အတူတူလျှောက်တာပိုကောင်းလိမ့်မယ်”
ကောင်မလေး၏ စကားများအားကြားရသောအခါတွင် သူမ၏ရည်ရွက်ချက်များအား ရှစ်ဖုန့်ပင်ကိုယ်အားဖြင့်နားလည်
သည်ဖြစ်သည်။ သို့သော် သူကခေါင်းကိုခါယမ်းလိုက်ပြီး
ပြောလိုက်သည်။
“ဟင့်အင်း. ဒီသခင်လေးကိုဒီသခင်လေး
ကာကွယ်နိုင်တယ်”
အကယ်၍ သူအန္တရာယ်နှင့်မမျှော်လင့်ဘဲ
ပက်ပင်းကြုံခဲ့လျှင်တောင် သူနှင့်အတူလျှောက်သွားသောသူတို့အားလုံး ရှင်းလင်းခံရလိမ့်မည်သာဖြစ်သည်။
“ရှင်ကရှင်ရဲ့အဆင့်ခုနှစ်သူတော်စင်နယ်ပယ် ကျားဖြူအကြောင်းပြောနေတာပဲ”
ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် အသေးလေးက ရှစ်ဖုန့်၏ သူ့ကိုယ်သူကာကွယ်နိုင်စွမ်းရှိသည်ဟူ
သောစွမ်းရည်ကဤကျားဖြူအားပြောခြင်းဖြစ်သည်ဟုတွေးလိုက်သည်။ သူမ၏မျက်လုံးထဲ၌ ရှစ်ဖုန့်ကသူမထက်များစွာနိမ့်ကျသော ကြယ်တစ်ပွင့်ဘုရင်နယ်ပယ် ငချွတ်လေးဟုသာမြင်သည်ဖြစ်သည်။
ကောင်မလေးကပြောလိုက်သည်။
“ရှင်သဘောမပေါက်တာဖြစ်လိမ့်မယ်..ဒါပေမဲ့ စေစောကကျွန်မတို့တွေမြင်တွေ့ခဲ့ရတဲ့နတ်ဆိုးသားရဲအလောင်းတွေအားလုံးက အဆင့်ခုနှစ် သူတော်စင်နယ်ပယ်နတ်ဆိုးသားရဲတွေကြီးပဲ..အဲ့စွမ်းအားကြီးနတ်ဆိုးသားရဲတွေကိုသတ်ပစ်ခဲ့တဲ့ မွန်းစတားသာ ပေါ်လာခဲ့ရင် ရှင့်ရဲ့ ကျားဖြူကလည်းရှင့်ကိုကာကွယ်နိုင်
စွမ်းရှိမှာမဟုတ်ဘူး”
“ဒါကြောင့် ရှင်ကျွန်မတို့နဲ့ အတူတူလာပြီးတော့တစ်ယောက်ကိုယ်
တစ်ယေက် စောင့်ရှောက်သင့်တယ်.
အဲ့တာမှ အကယ်၍ သေရေးရှင်ရေးအခြေအနေသာကြုံလာခဲ့ရင် ကျွန်မတို့ရန်သူကို အတူတကွရင်ဆိုင်တိုက်ခိုက်နိုင်မှာ”
ကောင်မလေးကရှစ်ဖုန့်အား ကျလောက်အောင်ပြောသောလေသံဖြင့် ပြောလိုက်သည်။
မည်သို့ပင်ဖြစ်နေပါစေ ကောင်မလေး၌ကောင်းမွန်သောရည်ရွယ်ချက်ရှိသည်ဖြစ်သည်။သူ့အားသူမမြင်တွေ့ခဲ့ရသည့် စမ်းချောင်းတစ်ဖက်ခြမ်းမှစ၍ သူ့အနေဖြင့် ဤအန္တရာယ်များလှသော တောအုပ်အတွင်း သေကြေပျက်စီးမှုဖြင့်မမျှော်
လင့်ဘဲကြုံကြိုက်မည်ကို သူမစိုးရိမ်ခဲ့သည်။
ရှစ်ဖုန့်သူမ၏ ရည်ရွယ်ချက်အားနားလည်သည်ဖြစ်၏။
ရှစ်ဖုန့်က ရှောင်းယီအမည်ရှိသောကောင်မ
လေးအားပြောလိုက်သည်။
“မင်းရဲကြင်နာမှုအတွက်ကျေးဇူးတင်ပတယ်.
ဒါပေမဲ့ ဒီသခင်လေးဘာလုပ်နေတယ်ဆိုတာကို ဒီသခင်လေးသိပါတယ်..အကယ်၍ဘာအန္တရာယ်မဆိုကျရောက်လာခဲ့ရင်တောင် အဲ့တာက ဒီသခင်လေးအသက်ကိုအလွယ်တ
ကူယူနိုင်မှာမဟုတ်ဘူး”
“ရှင်”
ရှောင်းယီကရှစ်ဖုန့်အား ဖျောင်းဖျရန်ကြိုးစားခဲ့သော်လည်းရှစ်ဖုန့်၏ မာနကြီးသောစကားလုံးတို့အား
ကြားလိုက်ရသောအခါတွင် ရုတ်ခြည်းမပျော်ရွှင်သောအမူအ
ယာတစ်ခုအားပြသလာသည်။ သူမက နှုတ်ခမ်းလေးစူ၍ပြောလိုက်သည်။
“ရှင်ကမိသားစုကြီးကလာတာဆိုတော့ အရမ်းမာနကြီးနိုင်တာမလား. အခုကရှင်မပြောနဲ့ ဦးလေးဝမ်ရှန့်တောင်အန္တရာယ်အချိန်
မရွေးကျရောက်လာနိုင်တာကိုခံစားရတယ်”
ကောင်မလေး၏ စကားအားကြားလိုက်ရသောအခါတွင်
ရှစ်ဖုန့်က ပြန်လည်ချေပခြင်းမပြုပေ။
ထိုအစားသူကမေးလိုက်သည်။
“မင်းတို့ကြည့်ရတာ မိသားစုကြီးကလူတွေကို မလိုမုန်းထားမှုတစ်ခုရှိနေတဲ့ပုံပဲ”
ရှစ်ဖုန့်ဤသို့ပြောရသည့်အကြောင်းပြချက်မှာ မိန်ကလေးပြောသောစကားအား
သူကြားရသည့်အပြင် ဟူဟောက်ဟုခေါ်သောလူငယ်၏ အေးစက်သောစကားလုံးများကို
လည်းသူကြားခဲ့ရ၍ဖြစ်သည်။
“ကျွန်မတို့လား”
ရှစ်ဖုန့်၏မင်းတို့ဟူသော စကားလုံကြားလိုက်ရသောအခါတွင် ကောင်မလေးက သူမ၏ရှေ့မှလျှောက်နေသော ဟူဟောက်အားကြည့်လိုက်ပြီးနောက်သူမ၏အဖော်ဖြစ်သူများအားကြည့်လိုက်သည်။ယင်းကအမှန်ပင်ဖြစ်သည်။ သူမ၏အဖော်များကဆင်းဆင်း
ရဲရဲမွေးဖွားလာခဲ့ရပြီး သူတို့၏ကိုယ်ပိုင်အားထုတ်မှုများ
ပေါ်တွင်မှီခိုကာ တစ်ဆင့်ချင်းကျင့်ကြံခဲ့ရသည်ဖြစ်သည်။
မိသားစုကြီးများ၌မွေးဖွားလာခဲ့သော
ကလေးများက သူတို့မွေးဖွားလာကတည်းကဘာ
မှလုပ်စရာမလိုပဲ ကျင့်ကြံခြင်းအတွက်အရင်းအမြစ်များ
ကပေါကြွယ်ဝသည်ဖြစ်သည်။ သူမ၏အဖော်များကတော စွန့်စားပြီး နတ်ဆိုးသားရဲတောင်တန်းအတွင်း
ဝင်ရောက်ကာ ကျင့်ကြံခြင်းအတွက် ရင်းမြစ်များအားလဲလှယ်နိုင်ရန် အမဲလိုက်ကြရသည်။
ထိုထက်ပိုသည်ကား ကောင်မလေးအနေဖြင့်နတ်ဆိုး
သားရဲများ၏လက်သည်းတို့အောက်၌သူမ၏အဖော်များ ဝမ်းနည်းဖွယ်သေဆုံးခြင်းကိုမြင်
တွေ့ရသည်ဖြစ်သည်။
ဤကဲ့သို့သောမမျှတသည့် ဆက်ဆံမှုများအောက်တွင်သူမ၏အ
ဖော်များက ခက်ခက်ခဲခဲအပတ်တကုတ်ကြိုး
စားပြီးရင်းကြိုးစားခဲ့ကြသော်လည်း တစ်ခါတစ်ရံ၌ထိုမိသားစုကြီးများအား သည်းခံရသည်များလည်းရှိခဲ့သည်။ ထို့ကြောင့်သူမအနေဖြင့် ထိုလူများအပေါ်ကောင်းမွန်သော သဘောထားရှိမနေခြင်းဖြစ်သည်။
ထို့နောက်ကောင်မလေးကရှစ်ဖုန့်
အားပြောသည်။
“ရှင်တို့လိုမိသားစုကြီးကလူတွေကမင်းသားတွေလိုနေရတာ…ငယ်ငယ်လေးကတည်းက အဝတ်အစားကောင်းကောင်းမွန်မွန်တွေ
ဝတ်စားပြီးနေထိုင်ခဲ့တာကြောင့် ရှင်တို့တွေကကျွန်မတို့ကိုလုံးဝနား
လည်မှာမဟုတ်ဘူး”
“ဒီသခင်လေးက မိသားစုကြီးကလာတာမဟုတ်ဘူး”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ဒီသခင်လေးကလည်း ဆင်းရဲတဲ့မိသားစုတစ်ခုကလာတာ. အတိတ်တုံးက ဒီသခင်လေးမှာစားစရာတောင်လုံလုံ
လောက်လောက်မရှိခဲ့ဘူး”
ရှစ်ဖုန့်ကအမှန်အတိုင်းပြောလိုက်သည်။
သူ၏ယခင်ဘဝမှ မှတ်ဉာဏ်များမနိုးထခင်အထိ သူ၏မိခင်နှင့်ညီမဖြစ်သူတို့မှာဆင်းဆင်းရဲရဲနေခဲ့ရသည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူတို့ခုတ်ပိုင်းထားသောထင်းများအားရောင်းမထွက်သောအချိန်များ၌ သူတို့မိသားစုသုံးယောက်မှာ မကြာခဏဆာလောင်မှုဒဏ်အား
ခံစားရသည်ဖြစ်သည်။
“ရှင်ကဆင်းရဲတဲ့မိသားစုကလာတာလား”
ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် ကောင်မလေးကသူ့အားမယုံသည်မှာ
သိသာသည်။ ဆင့်ခုနှစ် သူတော်စင်နယ်ပယ်ကျားဖြူတစ်ကောင်အားစီးနင်းထားသည့် ကြယ်တစ်ပွင့်အင်ပါယာ
နယ်ပယ်တစ်ဦးအားမည်သူ
ကမှယုံလိမ့်မည်မဟုတ်ပေ။
ရှစ်ဖုန့်၏အောက်၌ရှိသောအဖြူလေးအားကြည့်၍ ကောင်မလေးကပြောလိုက်သည်။
“ကျွန်မရှင့်ကိုယုံမယ်ထင်နေတာလား. “
ထို့နောက်ကောင်မလေးကဆက်ပြောသည်။
“ရှင်သာ ဆင်းရဲတဲ့မိသားစုတစ်ခုလာ
တာဆိုရင်ရှင်းယောင်မြို့မှာ စွမ်းအားအကြီးမားဆုံးမိသားစုဖြစ်တဲ့ ချူးမိသားစုနဲ့မိတ်ဆွေတွေဖြစ်မှာတဲ့လား”
“စွမ်းအားအကြီးဆုံးမိသားစုလား”
ကောင်မလေး၏ စကားများအားကြားလိုက်ရသော
အခါတွင်ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။ သူမပြောသည်အားအခြေခံ၍ သားအမိနှစ်ဦးတို့မှာသူမတို့၏
နယ်ပယ်အတွင်း၌ တော်တော်လေးကြီးမားသော
နောက်ခံတစ်ခုရှိသည့်ပုံပေါ်သည်။
“ထျန်းဟန်တိုက်ကြီးထဲမှာသိုင်း
ပညာရပ်တွေအသီးသီးရှိတယ်.. စွမ်းအားကြီးအင်အားစုတစ်ခုနဲ့
အခြေခံအုပ်မြစ်တစ်ခုကိုမင်းလိုချင်တယ်ဆိုရင် အဲ့တာကစွမ်းအားကြီးခွန်အား
အပေါ်မှာတည်ဆောက်ရတယ်…
ဘယ်မိသားစုကမှအစကတည်းက မိသားစုကြီးမဖြစ်လာသလို ဘယ်အင်အားစုကမှ အစကတည်းက အင်အားစုကြီးတစ်ခုဖြစ်လာတာမရှိဘူး. အဲ့တာကသူတို့ရဲ့အပတ်တကုတ်ကြိုးစားအားထုတ်မှုနဲ့ခွန်အားစွမ်းပကားတို့နဲ့အတူ ယှဉ်တွဲဖြစ်ပေါ်လာတာပဲ”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ရှင်က မိသားစုကြီးတစ်ခုကလေ. ရှင်က အရာအားလုံးနဲ့မွေးဖွားလာသူဆိုတော့ ရှင်လွယ်လွယ်လေပြောနိုင်တာပေါ့”
ကောင်မလေးကဆက်ပြီးငြင်းခုန်သည်။
ရှစ်ဖုန့်က ဘာမှမပြောပေ။ဤကိစ္စနှင့်ပက်သက်ပြီးကောင်မလေးနှင့်သူမငြင်းခုန်လိုပေ။ သူပြောချင်သည်ကိုပြောခဲ့ပြီးဖြစ်သည်။
ယခုသူကဲ့သို့ပင် ယခင်ဘဝကသူကလည်း အရာအားလုံးအားသူ၏ ကိုယ်ပိုင်အားထုတ်မှု ၊အပတ်တကုတ်ကြိုးစားမှု၊အခက်အခဲများနှင့် သေခြင်းတို့မှကတ်သီလေးလွတ်မြောက်မှုတို့မှ နေ၍ တည်ဆောက်ခဲ့ရခြင်းဖြစ်သည်။
ယခင်ဧကရာဇ်ကျိုးယိုက ကမ္ဘာပေါ်၌စွမ်းအားအကြီးမား
ဆုံးသူဖြစ်သည်။ လူများက ငရဲဘုံကိုးခု ဧကရာဇ်မှာခမ်းနားကြီးကျယ်
သည်ဟုတွေးကြသော်လည်း နောက်ကွယ်ရှိဖြစ်ရပ်များမှ ခါးသီးမှုများနှင့်ကြိုးစားအား
ထုတ်ခဲ့ရမှုများအားမည်သူကမျှ နားမလည်နိုင်ကြချေ။ သူ၏အသက်အားစွန့်စား၍ အန္တရာယ်ရှိသောအခြေအနေများ
အားဖြတ်ကျော်ခဲ့ရသည်။ ယခင်ဘဝရောယခုဘဝ၌ပါ သေလုနီးပါးအခြေအနေများအား
သူဘယ်လောက်ထိဖြတ်ကျော်ခဲ့ရသည်ကို သူမသိတော့ချေ။
ထို့နောက်ရှစ်ဖုန့်က မျက်လုံများအားဖြည်းဖြည်းချင်း
မှိတ်လိုက်ပြီး ကျင့်ကြံမှုအခြေအနေသို့ဝင်ရောက်သွားသည်။ ရှစ်ဖု့န်ကသူမ၏ ကြင်နာသောစကားလုံးများနား
ထောင်ခြင်းမရှိဘဲသူမတို့နှင့်အတူ တစ်ယောက်ကိုယ်တစ်ယောက်စောင့်
ရှောက်နိုင်ရန် လျှောက်လှမ်းခြင်းမရှိသည်ကိုတွေ့
ရသောအခါတွင် ကောင်မလေးကသူ့အားလျစ်လျူရှုလိုက်ပြီး အုပ်စုစီပြန်သွားလိုက်သည်။
ဆက်ရန်……
ဘာသာပြန်သူ-ARISE