← Chapters

သေရည်ခွက်ထဲမှ ရေ

Vol. 16 Ch. 217

သေရည်ခွက်ထဲမှ ရေ

Vol. 16 Ch. 217

သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုက်ရီဓားဂိုဏ်း၏ အဖြူရောင်ဝတ် ပင်မဂိုဏ်းတပည့်ဖြစ်သူ စွန်းကျင်းရှစ် ထိုင်နေသည်။

“စီနီယာအစ်ကိုဟန်”

စွန်းကျင်းရှစ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။

“ဒါက ခေါင်းဆောင် ထွက်မသွားခင်မှာ ပေးသွားတဲ့အကြွေးစာရွက်ပဲ”

“ထိုက်ရီဓားဂိုဏ်းခေါင်းဆောင်က အကြွေးစာရွက်မှာ လက်မှတ်ထိုးပြီးပြီ”

ဟန်မူယဲ့က ကြည့်လိုက်ပြီး စာရွက်ပေါ်တွင် အကြွေးဟု ရေးသားထားကြောင်း မြင်လိုက်ရသည်။

အနောက်မှာ ရှည်လျားသောကိန်းဂဏန်းများ နှင့်အတူ အမျိုးမျိုးသော အရင်းအမြစ်များကိုလည်း ရေးထားသည်။

မည်သို့ပင်ဖြစ်စေကာမူ အားလုံးပေါင်း ဝိညာဉ်ကျောက်တုံး ၈၅သန်းရှိနေသည်။

“စီနီယာအစ်ကိုဟန်… ကျွန်တော်တို့ထိုက်ရီဓားဂိုဏ်းက ခေါင်းဆောင်တင်နေတဲ့အကြွေးကို မပေးဘဲနေမှာမဟုတ်ပါဘူး”

စွန်းကျင်းရှစ်က အသက်ပြင်းပြင်းရှူသွင်းပြီး တိုးတိုးလေးပြောလိုက်သည်။

“ဒါပေမဲ့ ကျုပ်တို့က တစ်ခါတည်း အကုန်လုံးထုတ်ပေးဖို့တော့ အဆင်မပြေသေးဘူး”

“နှစ်တစ်ရာ… ကျုပ်တို့ ထိုက်ရီဓားဂိုဏ်းက တစ်နှစ်ကို ဝိညာဉ်‌ကျောက်တုံးတစ်သန်းနဲ့ နှစ်တစ်ရာခွဲဆပ်ပါ့မယ်”

တစ်နှစ်မှာ တစ်သန်း၊ နှစ်တစ်ရာမှာ သန်းတစ်ရာ…။

အတိုးနှုန်း မနည်းပေ။

ဟန်မူယဲ့ ပြုံးလျှက် ခေါင်းညိတ်လိုက်သည်။

သူသည် ထိုက်ရီဓားဂိုဏ်း၏ သဘောထားကို နားလည်၏။

ဝိညာဉ်ကျောက်တုံးများက သိပ်အရေးမပါပေ။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဓားဂိုဏ်းဖြစ်သော ထိုက်ရီဓားဂိုဏ်းသည် အမြင့်ဆုံးအရည်အသွေး ဝိညာဉ်ကျောက်တုံးတစ်သောင်းကို ထုတ်မပေးနိုင်ဟု ဟန်မူယဲ့မယုံပေ။

ထိုက်ရီဓားဂိုဏ်းက ဟန်မူယဲ့နှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတို့ကို သူတို့နှင့် ပတ်သတ်ဆက်နွယ်စေလိုသောကြောင့် အကြွေးများကို နှစ်တစ်ရာခွဲပေးခြင်းဖြစ်သည်။

၎င်းသည် ထူစွန်းရှစ်၏အစီအစဉ်လည်း ဖြစ်နိုင်သည်။

ထူစွန်းရှစ် မရှိတော့သောကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ထိုက်ရီဓားဂိုဏ်းသည် နံပတ်တစ်နေရာကို အချိန်အတော်ကြာအောင် ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ပေ။

ထိုက်ရီဓားဂိုဏ်းအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုသည် ဂိုဏ်းခေါင်းဆောင်၏ တံခါးပိတ်ကျင့်ကြံခြင်းမှလွဲလျှင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဖြစ်နိုင်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ထိုက်ရီဓားဂိုဏ်းတို့ လျှို့ဝှက် မဟာမိတ်ဖွဲ့ထားလျှင် ဖုန်းလင်ဓားဂိုဏ်းကို အတူတကွခုခံနိုင်ပေမည်။

ထူစွန်းရှစ်သည် နှစ်တစ်ရာအကြာတွင် ပြန်လာပါက အဆင်ပြေသည်။ သို့သော်လည်း သူ ပြန်မလာပါဘဲ ထိုက်ရီဓားဂိုဏ်းမှာ ကောင်းကင်ဘုံအဆင့်ပညာရှင် ပေါ်ထွက်မလာလျှင် အခြေအနေ ဆိုးသွားလိမ့်မည်။

ဟန်မူယဲ့က လက်ဆန့်ထုတ်ပြီး ရှေ့တွင် ရှိသောစာရွက်ကို ဓားချီနှင့် ထိတွေ့လျက် သူ့အမှတ်အသားကို ချန်ရစ်ခဲ့သည်။

စွန်းကျင်းရှစ်က စာရွက်ကို တစ်ဝက်ဖြဲလိုက်ပြီး တစ်ပိုင်းကို ဟန်မူယဲ့ဆီသို့ပေးသည်။ တစ်ပိုင်းကို သူသိမ်းထားလိုက်သည်။ ထို့နောက် သင်္ဘောပျံပေါ်မှ ထွက်ခွာသွား၏။

ဟန်မူယဲ့ မျက်လုံးမှိတ်ပြီး ကျင့်ကြံနေလိုက်သည်။

ဆယ်ရက်အကြာတွင် သင်္ဘောပျံသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ပြန်ရောက်လာသည်။

ဤတစ်ကြိမ်မှာ သူနှင့်အတူ တပည့်တစ်ထောင်ကျော် ပြန်ပါလာသည်။

“ဒေါင် ဒေါင် ‌ဒေါင် ဒေါင် ဒေါင် ဒေါင်”

ခေါင်းလောင်းသံသည် ခြောက်ကြိမ် မြည်လာသည်။

ဟန်မူယဲ့သည် အနက်ရောင်ဝတ်စုံကို ဝတ်ထားပြီး လက်နှစ်ဖက်ဖြင့် ဓားကျိုးတစ်လက်ကို ကိုင်ထားသည်။ သူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အရှေ့မှာ ရပ်နေ၏။

ပိုမိုအိုမင်းသွားပုံရသော ဂိုဏ်းခေါင်းဆောင်ကျင်းကျီသည် အကြီးအကဲများကို ဦးဆောင်ထားပြီး သူတို့နောက်တွင် ဂိုဏ်းတပည့်များမှာ ညီညာစွာရပ်နေကြသည်။

“တိမ်မြုံကမ်းပါးတိုက်ပွဲမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အကြီးအကဲလုဟောင်ဟာ မိစ္ဆာကြီးတွေကို တားဆီးဖို့ သူ့ခန္ဓာကိုယ်ကို စတေးခဲ့တယ်။ ဒီနေ့မှာ သူက ဓားတစ်လက်အဖြစ်နဲ့ပဲ ပြန်ရောက်လာတယ်။”

ဟန်မူယဲ့က ကျယ်လောင်စွာ အော်ပြောသည်။ ထိုသတင်းသည် အံ့ဖွယ်ကိုးပါးတောင်ကုန်း တစ်လျှောက် ပျံ့နှံ့သွားသည်။

သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဂိတ်တံခါးကို မော့ကြည့်သည်။

‘အံ့ဖွယ်ကိုးပါးဓားဂိုဏ်း’ ဟူသောစာလုံးမှာ တောက်ပနေ၏။

ဤဂိုဏ်းသည် ဓားကျင့်ကြံသူတစ်စုကို ကိုယ်စားပြုသည်။

ဓား၏ နောက်သို့လိုက်နေသော ကျင့်ကြံသူများနှင့် နှလုံးသားထဲတွင် ဓားရှိသော ကျင့်ကြံသူများ ဖြစ်ကြသည်။

သေခြင်းရှင်းခြင်းသည် အရေးကြီးပြီး မိတ်ဆွေဆက်ဆံရေးမှာလည်း အရေးပါသည်။

နှလုံးသားထဲတွင် ရှိသောတာအိုသည် ပို၍အရေးကြီးသည်။

မဟာအကြီးအကဲလုဟောင်က ဟန်မူယဲ့ကို ကူညီပြီး မိစ္ဆာကို ခုခံပေးခဲ့သောအချိန်တွင် သူက တစ်ခွန်းပဲ ပြောခဲ့သည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့တပည့်ကို သတ်ချင်ရင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့မဟာအကြီးအကဲဖြစ်တဲ့ ငါ့ဆီကနေ ခွင့်တောင်းခဲ့လား”

ထိုစကား ဖြစ်သည်။

နှစ်ရာချီကျင့်ကြံခဲ့ပြီး သူ့ကိုယ်သူ စတေးသွားခဲ့သည်။

၎င်းသည် ဓားကျင့်ကြံခြင်းဖြစ်သည်။

ရှင်သန်ခြင်းနှင့် သေဆုံးခြင်းမှလွဲ၍ ဓားတစ်လက်သာ တည်ရှိသည်။

လက်ထဲတွင် ဓားတစ်လက်၊ နှလုံးသားထဲတွင် ဓားတစ်လက်…။

ဓားကျိုးသွားပြီးနောက် ခန္ဓာကိုယ်ပျက်စီးသွားသည့်တိုင် နှလုံးသားထဲမှာ နောင်တမရှိပါ။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းထဲမှာ လှည့်ကွက်များ၊ အကြံအစည်များ လျစ်လျူရှုခြင်းများ ရှိနေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအချိန်တွင်တော့ လူတိုင်း၏ နှလုံးသားထဲမှာ ဓားရှိနေသည်။

“ဓားစံအိမ်ကို ဓားပို့ဆောင်မယ် ....”

ကျင်းကျီက အော်ပြောလိုက်ပြီး ရှေ့သို့တိုးလာသည်။ သူက ဟန်မူယဲ့၏ လက်ထဲတွင် ရှိသောဓားကို လက်လွှဲယူသည်။ သူ့မျက်လုံးများသည် ရေငွေ့များကြောင့် အရည်လဲ့နေ၏။

ဟန်မူယဲ့က လှည့်ထွက်ပြီး ဓားစံအိမ်သို့ ဆက်လျှောက်သွားလိုက်သည်။

“ပြန်လာတာ ကြိုဆိုပါတယ် အကြီးအကဲလုဟောင် ....”

သူ့နောက်တွင် ရှိနေသော ရွှေမျိုးဆက်တပည့်များက ဓားကျိုးကို အရိုအသေ ပေးလိုက်ကြသည်။ တစ်စုံတစ်ယောက်မှာ ရှိုက်ငိုနေသည်။

၎င်းသည် ကျင့်ကြံခြင်းဖြစ်သည်။

၎င်းသည် ကျင့်ကြံသူများ၏ လောက ဖြစ်သည်။

....

သူတို့ ဓားစံအိမ်သို့ ပြန်ရောက်လာသောအချိန်တွင် လုကော၊ လင်းရှန်၊ ယန်မင်ရွှမ်နှင့် တခြားလူများက သူတို့ကို ကြိုဆိုကြသည်။

ဟန်မူယဲ့က လူတိုင်းကို ကြည့်လိုက်ပြီး မည်သည့်စကားမှ မဆိုပေ။

အားလုံးက ဓားစံအိမ်ရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။

ဟန်မူယဲ့သည် ဟွမ်လောင်လျှိုကို ပြန်ခေါ်မလာခဲ့ပေ။

ကောင်းရှောင်ရွှမ်မှာလည်း ပြန်ပါမလာပေ။

ဟွမ်လောင်လျှိုသည် သေဆုံးမသွားသော်လည်း မိစ္ဆာကြီးတစ်ကောင်အဖြစ် ပြောင်းသွားသောကြောင့် အသိစိတ်ကို ထိန်းချုပ်မထားနိုင်လောက်တော့ပေ။

သူ့ဝိညာဉ် ပြန်လည်ကောင်းမွန်လာလျှင်ပင် သူသည် အပြင်ကမ္ဘာမှ ပြန်မလာနိုင်လောက်ပေ။

အပြင်ကမ္ဘာမှနေ၍ အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ပြန်ရောက်လာသော ဒဏ္ဍာရီများ မရှိပေ။

ဟန်မူယဲ့က ယန်မင်ရွှမ်ကို ကြည့်လိုက်သည်။ သူက ယန်မင်ရွှမ်၏ ပခုံးကို ပုတ်လိုက်ပြီး တိုးတိုးလေးပြောသည်။

“သူ့အလောင်းကို လာကောက်စရာမလိုဘူးလို့ ဂိုဏ်ချုပ်ယန်က ပြောလိုက်တယ်”

“တစ်နေ့ကျရင် မင်းက အလင်းတောင်ကုန်းဓားဂိုဏ်းကို သွားပြီး ဂိုဏ်းခေါင်းဆောင်ရာထူးကို ပြန်ယူနိုင်တယ်”

ယန်မင်ရွှမ်သည် အံကို တင်းတင်းကြိတ်ထားပြီး မျက်လုံးများနီရဲလျက် လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်သည်။

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ဓားစံအိမ်ထဲသို့ဝင်သွားသည်။ သူသည် တတိယထပ်သို့ တက်သွားပြီး စားပွဲခုံရှည်နောက်မှာ ထိုင်ကာ ပြတင်းပေါက်အပြင်ဘက်သို့ ငေးမောကြည့်နေသည်။

သူသည် သုံးရက်တိတိ ထိုသို့ ထိုင်နေခဲ့သည်။

ထိုသုံးရက်အတွင်းမှာ သူသည် စကားမပြောသလို လှုပ်လည်းမလှုပ်ပေ။

သုံးရက်အကြာတွင် သူက ဓားစံအိမ်၏ ပထမထပ်သို့ ဆင်းလာခဲ့သည်။

“စီနီယာအစ်ကိုဟန်ဆင်းလာပြီ။ အစ်ကိုလု မြန်မြန်လေး စားစရာတွေသွားပြင်လိုက်” စား

ပွဲရှည်နောက်မှာထိုင်နေသော ကျန်းမင်က အော်ဟစ်လိုက်သည်။

တံခါးဝတွင် လုကောက ရပ်တန့်သွားပြီး လျင်မြန်စွာ ပြန်ပြေးသွားသည်။

ဟန်မူယဲ့က စားပွဲရှည်ပေါ်တွင် ရှိသောစာအုပ်ကို လှန်ကြည့်နေသည်။

ထိုစာအုပ်ထဲတွင် ဓားပြန်ပို့သော အကြောင်းအရာများကို မှတ်တမ်းတင်ထားသည်။

ဖုန်းရှို့တောင်မှ တိမ်မြုံကမ်းပါးအထိ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တပည့်များ ထောင်နှင့်ချီ၍ ‌သေဆုံးခဲ့ကြသည်။

ထိုအထဲတွင် ဟန်မူယဲ့က ရင်းနှီးနေသော နာမည်များကို မြင်လိုက်ရသည်။

လုရီကျန်း…။

စွန်းတယုံ…။

တောက်ရှစ်ဝူ…။

....

လုဟောင်…။

“ဂိုဏ်းခေါင်းဆောင်က မဟာအကြီးအကဲရဲ့ဓားကို ဓားစံအိမ်ရဲ့ဒုတိယထပ်မှာ ကိုယ်တိုင်နေရာချထားတယ်”

ကျန်းမင်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

ဓားစံအိမ်တွင် ဟန်မူယဲ့မှလွဲ၍ မဟာအကြီးအကဲ၏ဓားကို လက်ခံရန် အရည်အချင်း ပြည့်မီသူမရှိပေ။

ကျင်းကျီသည် ဓားကို ဒုတိယထပ်တွင် ကိုယ်တိုင်ထားပေးခဲ့သည်။

ဟန်မူယဲ့က ခေါင်းညိတ်ပြီး စာအုပ်ကိုပိတ်သည်။

လုကော လျင်မြန်စွာ ပြန်ရောက်လာသည်။

သတင်းကြားလာသော လျိုဟုန်သည်လည်း နောက်မှလိုက်လာသည်။

လူတိုင်းက ဟင်းပွဲများနှင့် ပြည့်နေသော စားပွဲရှည်ရှေ့တွင် ထိုင်လိုက်ကြသော်လည်း တစ်ယောက်မှ မလှုပ်ရှားကြပေ။

ဟွမ်လောင်လျှိုနှင့် ကောင်းရှောင်ရွမ်တို့၏နေရာမှာ လွတ်နေသည်။

ဟန်မူယဲ့က သေရည်အိုးကိုယူပြီး အားလုံး၏ရှေ့တွင် ခွက်ထဲ၌ ငှဲ့လိုက်သည်။

“အနာဂတ်မှာ ငါ အပြင်လောကကိုသွားပြီး အစ်ကိုဟွမ်နဲ့ ရွှမ်လေးကို ပြန်ခေါ်လာခဲ့မယ်”

သူက ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

“ကျုပ် လုကောက အပြင်ကမ္ဘာကိုသွားပြီး အစ်ကိုဟွမ်နဲ့ ရွှမ်လေးကို ပြန်ခေါ်လာခဲ့မယ်”

“ကျုပ် လင်းရှန်က အပြင်ကမ္ဘာကိုသွားပြီး အစ်ကိုဟွမ်နဲ့ ရွှမ်လေးကို ပြန်ခေါ်လာခဲ့မယ်”

....

အားလုံးက သေရည်ကို သောက်လိုက်သော်လည်း သေရည်၏ အရသာကို မခံစားမိကြပေ။

ထိုအရက်ခွက်မှာ ရေခွက်ဖြစ်နေသည်။

ယခင်က လုတစ်ဆယ်သည် လီသုံး၏ အသည်းကွဲသေရည်အိုးကို ရေများဖြင့် လဲခဲ့သည်။

လီသုံးသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ပြန်မလာခဲ့ပေ။

လီသုံး၊ ကျောက်ယိုကျစ်၊ ကျန်းဟန်နှင့် တခြားလူများက လုရှောင်ယွင်နှင့်အတူ အလယ်ပိုင်းကုန်းမြေသို့ ထွက်သွားကြသည်။

လုရှောင်ယွင်၏စကားအရ သူမက သူတို့ကို ပြန်ပေးဆွဲသွားခြင်းဖြစ်သည်။

လီသုံးနှင့် ကျောက်ယိုကျစ်တို့၏ ဓားကျင့်ကြံခြင်းပါရမီမှာ ထူးခြားကြောင်း ဟန်မူယဲ့ နားလည်သည်။

သူတို့သည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ကျင့်ကြံသူများ၏ ဖိနှိပ်ခံရမှုကို ကြုံတွေ့ပြီးနောက် ယခင်ကထက် သန်မာကာ လောက၏ အထွတ်အထိပ်သို့ ရောက်ရှိလိုကြ၏။

သူတို့သည် အနောက်ဘက်နယ်စပ်ကုန်းမြေမှ ထွက်သွားပြီး ကျင့်ကြံခြင်း၏ မြင့်မြတ်နယ်မြေဖြစ်သော အလယ်ပိုင်းကုန်းမြေသို့သွားရောက်ကာ ကျင့်ကြံကြမည် ဖြစ်သည်။

သူတို့တွင် ထိုသို့ ရွေးချယ်ခွင့်ရခဲ့သည့်အတွက် ဟန်မူယဲ့ ဝမ်းသာမိသည်။

သူသည်လည်း တစ်ချိန်တွင် အလယ်ပိုင်းကုန်းမြေသို့ သွားလိုသည်။

ဟန်မူယဲ့သည် သေရည်ခွဲထဲမှ ရေများကိုသာ သောက်နေပြီး ဟင်းပွဲများကို မထိပေ။

All Chapters