← Chapters

ပုံပြင်တစ်ပုဒ်

Vol. 16 Ch. 218

ပုံပြင်တစ်ပုဒ်

Vol. 16 Ch. 218

စားပွဲကို သန့်ရှင်းရေးလုပ်နေသော လုကောနှင့် လျိုဟုန်တို့ကို ကြည့်လိုက်ပြီး ဟန်မူယဲ့က ဓားစံအိမ်အကြီးအကဲ၏ ခံစားချက်ကို ရုတ်တရက်နားလည်သွားသည်။

ကျင့်ကြံခြင်းက လူတစ်ယောက်ကို သေမျိုးလောကနှင့် ဖြည်းဖြည်းချင်း ဝေးကွာသွားအောင် ပြုလုပ်နေသည်။

အနာဂတ်တွင် သူသည် သာမန်အစားအသောက်များ စားရန်အတွက် ပထမထပ်သို့ မကြာခဏ ဆင်းလာဖြစ်တော့မည် မဟုတ်ပေ။

သူက ဓားစံအိမ်၏ တတိယထပ်သို့ ပြန်သွားပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ဓားချီအလင်းများ ပေါ်ထွက်လာသည်။

ထိုအချိန်မှာ သူ့စိတ်နယ်ပယ်ထဲတွင် စိတ်ဝိညာဉ်ဓားချီများ ရှိနေသည်။

ထိုဝိညာဉ်ဓားချီကို ဓားစံအိမ်အကြီးအကဲ မော့ရှန့်ဟွာ ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်။ ထိုဓားချီသည် အလွန်စွမ်းအားကြီး၏။

သူ့ချီပင်လယ်ထဲတွင် ဓားဆန္ဒ ၁၉ခု ကျန်သေးသည်။

ဓားဆန္ဒနှစ်ခုသည် အင်အားကြီးမားသော ဓားမာန်ဟုန်အဖြစ် ပြောင်းလဲသွားခဲ့သည်။

သူ့ဒန်ထျန်ထဲတွင် အင်မော်တယ်အဆင့် ဆေးလုံးများ၏ သဘာဝစွမ်းအင် ကိုးဆယ်ရာနှုန်းမှာ ကုန်ခမ်းသွားပြီး ဖြစ်သည်။ ကျန်ရှိနေသော စွမ်းအားများသည် သူ့ဒန်ထျန်နယ်မြေထဲတွင် ပျံ့နှံ့နေကြသည်။

သဘာဝစွမ်းအင်ဝဲဂရက်တစ်ခုသည် ဖြည်းဖြည်းချင်း လည်ပတ်နေ၏။

တိမ်တိုက်ကိုးလွှာ၏ ပထမအဆင့်မှာ သဘာဝစွမ်းအင်များနှင့် ပြည့်နှက်လုနီးပါး ဖြစ်နေသည်။

ဓားဆေးလုံးသုံးလုံးသည် မြောလွင့်ကာ ဓားဆန္ဒတစ်ခုကို ဖိနှိပ်ထားသည်။

သူသည် အခြေခံအုတ်မြစ်ပထမအဆင့်မှနေ၍ ဒုတိယအဆင့်သို့ ရောက်တော့မည် ဖြစ်သည်။

ဒန်ထျန်ထဲမှာ ကျန်ရှိနေသော အင်မော်တယ်ဆေးလုံး၏ စွမ်းအင်များကြောင့် သူသည် မကျင့်ကြံလျှင်ပင် အခြေခံအုတ်မြစ် ဒုတိယအဆင့်သို့ လျင်မြန်စွာ ရောက်သွားလိမ့်မည်။

ခန္ဓာကိုယ်ကျင့်ကြံခြင်းနှင့် ပတ်သတ်၍ ပြောင်းလဲမှု သိပ်မရှိပေ။ သို့ပေမဲ့ ဆက်တိုက် တိုက်ခိုက်ခဲ့ရသောကြောင့် သူ့ခွန်အားက အနည်းငယ်တိုးလာခဲ့သည်။

အရိုးနှင့် ကြွက်သားတို့၏ သန်မာမှုကို တွေးမိသောအခါတွင် ဟန်မူယဲ့က လက်မြှောက်လိုက်သည်။ သူ့လက်ထဲတွင် လက်ပြတ်တစ်ခုပေါ်လာသည်။

ထိုလက်ပြတ်သည် ခြောက်သွေ့နေပြီး မီးခိုးရောင်နှင့် အနက်ရောင်အလွှာတစ်ခု ဖုံးအုပ်ထားသည်။ သူက ရွှေနက်ရောင်အရိုးများကို မြင်နိုင်သည်။

မိစ္ဆာလက်မောင်းအရိုး…။

ထိုလက်မောင်းအရိုးကို ယူထားသည့် အကြောင်းအရင်းသည် ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်အတွက် အသုံးပြုရန် ဖြစ်သည်။

သူ့လက်ဝါးထဲတွင် ဓားချီအလင်းများပေါ်ထွက်လာပြီး မီးတောက်တစ်စ ဖြစ်ပေါ်လာ၏။

၎င်းသည် သန့်စင်ခြင်းနည်းစနစ်တစ်ခု ဖြစ်သည်။

မီးတောက် ပေါ်ထွက်လာသောအခါတွင် ဓားချီတစ်စပေါ်လာပြီး လက်မောင်းအရိုးကို ဝိုင်းရံလိုက်သည်။

ဓားချီအာခီမီပညာရပ်…

သူက လက်မြှောက်လိုက်လျှင် ဓားအိမ်တစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။

ထိုဓားအိမ်ထဲတွင် ကံကြမ္မာဓားနှင့် ခရမ်းမီးတောက်ဓားများ ရှိနေသည်။

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်သည်။ မီးတောက်များက ဓားအိမ်ကို ရစ်ပတ်သွား၏။

မိစ္ဆာလက်မောင်းအရိုးသည် ရွှေအလင်းတန်း စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဓားအိမ်ပေါ်သို့ ကျသွားသည်။ ထို့နောက် ဓားအိမ်နှင့် ဖြည်းဖြည်းချင်းပေါင်းစပ်နေသည်။

မီးတောက်များ ပျောက်ကွယ်သွားသောအခါတွင် ဓားအိမ်ပေါ်တွင် ရွှေရောင်အမှတ်အသားများ ပေါ်ထွက်လာသည်။

ဟန်မူယဲ့က ဓားအိမ်ကို လက်နှစ်ဖက်နှင့်မ၍ ကျောမှာလွယ်ပြီး အနည်းငယ် ပြုံးလိုက်သည်။

ဓားအိမ်မှ ဖိနှိပ်နိုင်သောခွန်အားတစ်ခု သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။

ထိုခွန်အားသည် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီး အရိုးနှင့်သွေးမျိုးဆက်ကို သန့်စင်ပေးနေသည်။

ဓားအိမ်ကို ကျောပေါ်မှာသယ်ထားခြင်းက သူ့ကြွက်သားနှင့်အရိုးများကို ဆက်တိုက်လေ့ကျင့်ထားနိုင်သည်။

နတ်ဆိုးလက်မောင်းအရိုး၏ စွမ်းအားသည် ခန္ဓာကိုယ်သန်မာမှုကို ကမ္ဘာမြေအဆင့်အထိရောက်အောင် ကျင့်ကြံရန်အတွက် လုံလောက်၏။

ဓားအိမ်ကို သန့်စင်ပြီးသောအခါတွင် ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ့လက်ကို အလင်းတန်းများရစ်ပတ်လာပြီး ဓားဆန္ဒ၏စွမ်းအားကို အသက်သွင်းလိုက်သည်။

ဟူး…

သူ့ဒန်ထျန်ထဲမှာရှိနေသော ဓားဆန္ဒသည် အစိမ်းရောင် ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ဓားဆေးလုံးများ သူ့ဘေးတွင် တန်းစီကြသည်။

သူက လက်ကိုလှုပ်ရှားလိုက်သောအခါတွင် အစိမ်းရောင်သန်းနေသော စုတ်ပြတ်နေသည့် သံထီးတစ်ချောင်း သူ့ရှေ့တွင် ပေါ်လာသည်။

သံထီးပေါ်လာသောအခါတွင် ၎င်းသည် အဝေးသို့ ပျံသန်းသွားရန် မလိုလားဟန် ပြနေသည်။

သံထီးသည် ဓမ္မရတနာနှင့် ယှဉ်နိုင်သော မိစ္ဆာရတနာဖြစ်သည်။

ထိုရတနာမျိုးသည် ကောင်းကင်ဘုံအဆင့်ပညာရှင်များကို သတ်ဖြတ်နိုင်သည်။

ထူစွန်းရှစ်၏လက်ထဲတွင် ဤသို့သော ရတနာမျိုးရှိပါက တောင်ပိုင်းကုန်းမြေ၏ မိစ္ဆာကြီးများ မကျူးကျော်ခင်မှာ နှစ်ကြိမ်ခန့် စဉ်းစားရလိမ့်မည်။

ဟူး…

ဓားဆေးလုံးသုံးလုံးက ကြယ်များအသွင်သို့ ပြောင်းလဲပြီး ဓားအလင်းများကို လှုပ်ရှား၍ သံထီးကို လွှမ်းခြုံလိုက်သည်။

သံထီးသည် တုန်ခါသွားပြီး အနက်ရောင်မိစ္ဆာချီများ ပေါ်ထွက်လာသည်။

ဟန်မူယဲ့၏ ခေါင်းပေါ်တွင် ရှိနေသော အစိမ်းရောင်ဓားအလင်းက ဆင်းသက်လာသည်။ သို့ပေမဲ့ မိစ္ဆာအငွေ့အသက်များကြောင့် ပျောက်ကွယ်သွားရသည်။

သူက တခြားနည်းလမ်းအချို့ ကြိုးစားကြည့်သော်လည်း သံထီး၏ မိစ္ဆာချီများကို ပျောက်ကွယ်သွားအောင် မလုပ်နိုင်ပေ။

သူ့ကျင့်ကြံဆင့်က မလုံလောက်သောကြောင့်် ထိုသို့ဖြစ်နေကြောင်း ဟန်မူယဲ့ နားလည်လိုက်သည်။

ထိုအရာက ပုံမှန်ပင်ဖြစ်သည်။

ဓားစံအိမ်သည် အငြိုးအတေးကြီးမားသော ဓားတစ်လက်ကို အချိန်ကြာမြင့်စွာ ဖိနှိပ်သန့်စင်ရ၏။ ဤမိစ္ဆာရတနာက ပိုဆိုးပေလိမ့်မည်။

ဓားအလင်းက သူ့ခန္ဓာကိုယ်ကို ဝိုင်းရံထားသည်။ ဟန်မူယဲ့၏လက်ထဲတွင် အလင်းသည် လှည့်ပတ်နေပြီး သူက သံထီးကို ဓားစံအိမ်ပထမထပ်၏ အလယ်သို့ ပို့လိုက်သည်။

ရွှေရောင်အလင်းတစ်ချက်နှင့်အတူ သူ ပျောက်ကွယ်သွားသည်။

သူသည် ပေနှစ်ဆယ်ဝန်းကျင်ရှိသော တိတ်ဆိတ်နေသည့်အခန်းတစ်ခန်းထဲ၌ ပြန်ပေါ်လာသည်။

ဤနေရာသည် ဓားစံအိမ်၏ မြေအောက်ခန်းဖြစ်သည်။

ဤနေရာတွင် မြေခွေးဖြူကို ဖိနှိပ်ထားသည်။

အာကာသလမ်းကြောင်းကို ချိပ်ပိတ်ထားသောနေရာမှာလည်း သည်နေရာ ဖြစ်သည်။

ယခင်က ဟွမ်လောင်လျှိုသည် ဤနေရာတွင် လေ့ကျင့်ခဲ့သည်။

အခန်းမှာ သစ်သားစင်တစ်ခုနှင့် စားပွဲတစ်လုံးမှလွဲပြီး ဗလာဖြစ်နေသည်။

ဟန်မူယဲ့က သံထီးကို သစ်သားစင်ပေါ်မှာ ထားလိုက်သည်။ ရွှေအလင်းတစ်ခုသည် သံထီးပေါ်တွင် ဖြစ်ပေါ်လာပြီး မိစ္ဆာချီများကို ဖိနှိပ်နေသည်။

ထိုရွှေရောင်အလင်းသည် ဓားစံအိမ်တွင် ရှိသော မရေမတွက်နိုင်လောက်သည့်ဓားများ၏ စွမ်းအားမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုစွမ်းအားသည် ပြင်းထန်လွန်းသောကြောင့် မိစ္ဆာချီများမှာ တိုက်စားခံရသကဲ့သို့ တရှဲရှဲမြည်လာသည်။

မိစ္ဆာအငွေ့အသက်များ ပျောက်ကွယ်သွားရန် သိပ်ကြာမည် မဟုတ်ပေ။

ရွှေရောင်လင်းနေသော သံထီးကို တစ်ချက်ကြည့်လိုက်ပြီး ဟန်မူယဲ့က ရှေ့တွင် ရှိနေသောသစ်သားစားပွဲကို လှည့်ကြည့်သည်။

စားပွဲပေါ်တွင် လက်ဝါးအရွယ်အစားသေတ္တာနှင့် သစ်သားဘီးတစ်ချောင်းရှိသည်။

လုရှောင်ယွင်သည် ဓားစံအိမ်ကို စစ်ဆေးဖို့လာခဲ့သည်ဟု ပြောသည်။ သို့ပေမဲ့ သူမက မည်သည့်အရာကိုမှ မထိခဲ့ပေ။

ဓားစံအိမ်ထဲတွင် ရှိနေသောပစ္စည်းများသည် အမတ်ချုပ်ကြီးနှင့် သက်ဆိုင်နေသောကြောင့် သူမ ထိနိုင်သောပစ္စည်းများ မဟုတ်ပေ။

ဟန်မူယဲ့က စားပွဲပေါ်တွင် ရှိသော သစ်သားသေတ္တာလေးကို ကြည့်သည်။ သေတ္တာဖွင့်သော နေရာတွင် ပုန်းကွယ်နေသောခလုတ်တစ်ခုနှင့် အပေါက်လေးတစ်ပေါက်ရှိသည်။

ဟန်မူယဲ့က ဆံပင်ကိုသပ်လိုက်ပြီး အနက်ရောင်ဓားအသေးတစ်ချောင်းကို ထုတ်ယူသည်။ ထို့နောက် အပေါက်ထဲသို့ ညင်သာစွာထည့်လိုက်သည်။

ချလပ် ....

သစ်သားသေတ္တာလေး ပွင့်သွားသည်။

သေတ္တာကို ဖွင့်ကြည့်လိုက်သောအခါတွင် အတူတူ ချည်နှောင်ထားသော ဆံပင်နှစ်ချောင်းကို မြင်လိုက်ရသည်။ ထိုဆံပင်များ၏ဘေးတွင် အဝါရောင်စာလိပ်တစ်ခု ရှိသည်။

သူက စာလိပ်ကို ညင်သာစွာ ဖွင့်ကြည့်သည်။ စာလိပ်ထဲတွင် စာလုံးအသေးလေးများ အတန်းလိုက်ရှိနေသည်။

‘ဆံပင်နက်နဲ့ဆံပင်ဖြူ၊ နှစ်တစ်သောင်းကြာအောင် အတူရှိမယ်’

ဆံပင်ကို ချည်နှောင်ထားသည်။

‘အချစ်စိတ်ကို သေမျိုးစုံတွဲလို ချိပ်ပိတ်ထားတာလား’

ဟန်မူယဲ့က စာလိပ်ကိုကြည့်လိုက်သောအခါတွင် တုန်လှုပ်သွားသည်။

ထိုစကားလုံးများက မီးတောက်များကဲ့သို့ သူ့စိတ်ထဲကို တိုက်ရိုက်တိုးဝင်လာပြီး ရွှေရောင်ပုံရိပ်များအဖြစ် ပြောင်းလဲသွားသည်။

အလင်းနှင့်အရိပ်များလှုပ်ရှားသွားပြီး ပုံရိပ်များပေါ်လာသည်။

အင်္ကျီလက်ပွနှင့် ရွှေရောင်ဝတ်စုံဝတ်ထားသော ကွန်ဖျူးရှပ်စာပေသမားတစ်ယောက်…

နှင်းထက် ဖြူဖွေးသောဝတ်စုံနှင့် မိန်းကလေးတစ်ယောက်။ မိန်းကလေး၏ အင်္ကျီလက်စများသည် နီရဲနေပြီး အဖြူရောင်ဝတ်စုံကို ပိုမိုပေါ်လွင်စေသည်။

ပုံရိပ်ထဲတွင် ရှိနေသောလူငယ်သည် စာပေသမားအငွေ့အသက်ကို ပေးစွမ်းနေသည်။ သူက စုတ်တံဖြင့် တစ်စုံတစ်ခုကို ရေးနေသည်။

မိန်းကလေးသည် ဉာဏ်ကောင်းပြီး ကြင်နာတတ်ပုံရသည်။

ကျော်ကြားသောတောင်တန်းနှင့် မဟာမြစ်များ၊ ရှေးခေတ်နေရာနဲ့ မြို့ကြီးများ။

လူငယ်က စာအုပ်အိတ်ကိုသယ်ပြီး အဖြူရောင်ဝတ်စုံအစေခံမိန်းကလေးနှင့်အတူ အလယ်ပိုင်းကုန်းမြေတွင် ခရီးသွားနေသည်။

တောင်တန်းနှင့် မြစ်၏ သဘာဝအား ဆင်ခြင်နေသောလူငယ်ကို မိန်းကလေးက အဖော်ပြုခဲ့သည်။ သူမက ပျော်ရွင်စွာခုန်ပေါက်လိုက်ပြီး လူငယ်ကိုဖက်၍ ငိုနေသည်။

ကွန်ဖျူးရှပ်စာပေသမားများနှင့် မဟာတာအိုအကြောင်း ဆွေးနွေးနေသောလူငယ်ကို သူမ စောင့်ကြည့်ခဲ့သည်။ သူ့လက်ဖက်ရည်ခွက်ကို ဖြည့်ပေးပြီး အပြုံးတစ်ခုနှင့်အတူ သူ့သေရည်ကို နွေးထွေးစေခဲ့သည်။

စာပေပညာရပ်များနှင့် မိစ္ဆာများအားဖိနှိပ်ခဲ့သောသူ့ကို သူမ အဖော်ပြုခဲ့သည်။

လူငယ်၏ အစိမ်းရောင်ဝတ်စုံသည် နန်းတွင်းဝတ်စုံအဖြစ်ပြောင်းသွားပြီး ငယ်ရွယ်သောပုံစံက တည်ငြိမ်လာသည်။

မိန်းကလေးသည် ယခင်အတိုင်းပင်ဖြစ်သည်။ လူငယ်ကတော့ စာပေသမားတစ်ယောက် ဖြစ်လာခဲ့သည်။

လူအများက သူ့ကို ချီးမြှောက်ကြသည်။ အရာရှိများက သူ့ကို ကိုးကွယ်ကြသည်။ ကမ္ဘာကြီးက သူ့ကို ရွှေရောင်တံဆိပ်တုံးတစ်ခု ပေးခဲ့သည်။

စာပေသမားသည် သဘာဝအတိုင်း နှလုံးသားထဲတွင် ကမ္ဘာကြီးအား သယ်ပိုးထားရသည်။

နန်းတွင်းအမတ်ကြီးသည် သူ့နှလုံးသားကို အဖြူရောင်မြေခွေးလေးတစ်ကောင်အား မပေးနိုင်ပေ။

ထိုနေ့ညတွင် သူသည် သေရည်နှင့် အကများခြံရံလျက် လရောင်အောက်မှာ ကဗျာရေးနေခဲ့သည်။ မိန်းကလေးမှာ အဆိပ်ခတ်ထားသောသေရည်ကို သောက်မိပြီး ရှုပ်ထွေးစွာ ကခုန်နေသည်။

ထိုနေ့ညတွင် နန်းတွင်းအမတ်ကြီးက ‘တောင်နဲ့မြစ်များမှ စာတစ်စောင်၊ လက်ရှိဟာ အိပ်မက်တစ်ခုမှာ မေ့လျော့သွားလိမ့်မည်’ ဟူ၍ ရေးခဲ့သည်။

မြေခွေးဖြူ ပြန်ပေါ်လာသောအခါတွင် အခန်းတစ်ခုထဲ၌ ပိတ်မိနေခဲ့သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အောက်တွင် ချိပ်ပိတ်ထားသော အခန်းတစ်ခန်း ရှိနေသည်။

ချိပ်စည်း၏စွမ်းအားကြောင့်‌ မြေခွေးဖြူသည် နှစ်တစ်သောင်းတိတိ ထွက်မသွားနိုင်ပေ။

မြေခွေးဖြူက ကျိန်ဆဲပြီး ကိုက်ဖြတ်လျက် ငိုကြွေးနေသည်။ ချိပ်စည်းတံဆိပ်၏ စွမ်းအားများက ဆယ်ကျော်သက်ကလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး မြေခွေးဖြူ၏ စိုးရိမ်စိတ်များကို အပြုံးနှင့်အတူ ပြေလျော့စေခဲ့သည်။

တစ်နေ့တွင် ချိပ်စည်းသည် ကျိုးပျက်သွားပြီး မြေခွေးဖြူထွက်သွားသည်။ ဆယ်ကျော်သက်ကလေးက သက်ပြင်းချလိုက်ပြီး ခေါင်းခါလျက် သူမနှင့်အတူ လိုက်သွားသည်။

ကောင်းရှောင်ရွှမ်နှင့် မြေ‌ခွေးဖြူလေး…။

‘အဲ့ဒီတော့ ဒါက သူတို့ရဲ့အတိတ်ဘဝနဲ့ လက်ရှိဘဝလား’

‘မြေခွေးဖြူက ကြင်နာတတ်တဲ့မိန်းကလေးတစ်‌ယောက်ပဲ။ ကောင်းရှောင်ရွှမ်က သူမကို ဖိနှိပ်ထားတဲ့ ဝင်္ကပါအစီအရင်ဝိညာဉ်ကနေ ဖြစ်လာခဲ့တာလား’

အမတ်ချုပ်ကြီးဝမ်၊ ဝမ်မော့ရှန့်၊ ကွန်ဖျူးရှပ်တာအိုသူတော်စင်က တိုင်းပြည်အတွက် မိန်းမလှလေးကို စိတ်ပျက်စေခဲ့သည်။

ဟန်မူယဲ့က သက်ပြင်းချလိုက်ပြီး စိတ်ထဲမှာရှိနေသောပုံရိပ်ကို ဖုံးကွယ်တော့မည့်အချိန်မှာ ထိုပုံရိပ်က ရုတ်တရက်လှုပ်ရှားလာပြန်သည်။

ဤတစ်ကြိမ်မှာတော့ ပုံရိပ်များက မတူညီတော့ပေ။

အသက် ၁၂နှစ် ၁၃နှစ် အရွယ် ကောင်လေးတစ်ယောက်သည် တောအုပ်ထဲတွင် ဆေးပင်များ ခူးဆွတ်လာပြီး အပြင်းအထန်ဒဏ်ရာရနေသော မြေခွေးဖြူကို ကယ်တင်ခဲ့သည်။

မြေခွေးဖြူကို သေချာကုသပြီးသောအခါတွင် မြေခွေးဖြူက ထွက်သွားခဲ့သည်။

နှစ်ပေါင်းများစွာကြာသောအခါတွင် အစိမ်း‌ရောင်ဝတ်စုံစာပေသမားနှင့် အဖြူရောင်ဝတ်စုံ မိန်းကလေးတို့သည် မတော်တဆ တွေ့ဆုံခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် အဖော်ပြုခဲ့သည်။

All Chapters