← Chapters

စီရင်ချက်နတ်ဗိမာန်၏ခွေး

Vol. 8 Ch. 141

စီရင်ချက်နတ်ဗိမာန်၏ခွေး

Vol. 8 Ch. 141

“အာ.. ပေယဲ့ ဒီကောင်လေး ငါ ဘယ်လိုအသက်ရှင်သွားရတော့မှာလဲ” မုယန်းသည် အပြေးရောက်လာကာ ပေထင်းဟွမ်၏ ပခုံးကိုခပ်ဖွဖွတွန်းလိုက် သည်။ သူသည် သူမအတွက် အမှန်တကယ်ပျော်သည်။ သူသည် သူမ၏ ခွန်အားနှင့် အလှမ်းဝေးဝေးသွားသည်ဟု ခံစားရသော်လည်း သူမအနောက်သို့ မှီအောင်လုပ်ဦးမည်။ သူသည် ဤသန်မာသည့်ကောင်လေးနောက်မှ ပြန်ကျ ကျန်နေခဲ့၍မဖြစ်ပေ။

ပေထင်းဟွမ် အခမ်းအနားသွားမည်ကို သိသဖြင့် လန်ချန်းမိုသည် ကြာကြာမနေတော့ပေ။

ကုန်သွယ်ရေးအဖွဲ့အစည်းမှထွက်လာပြီးနောက် ပေထင်းဟွမ်သည် စိတ်ထဲမှမေးခွန်းကို မမေးဘဲမနေနိုင်တော့ပေ “အစ်ကိုကြီး ကျွမ်းကျင်သူတွေ အများကြီးဖိတ်ထားတာဆို.. ကျွန်တော့်ဆရာက အဲလောက်အားကောင်းတာ ဘာလို့ သူ့ကိုမဖိတ်တာလဲ”

မုယန်းသည် ပြုံးပြီးခေါင်းခါလိုက်သည်။ သူသည် သူမ၏ပခုံးကို အမြတ် တနိုးပုတ်လေသည် “သူတို့လိုကျွမ်းကျင်သူတွေကျတော့ ဘယ်အရာကမှ သူတို့ ရင်ကိုထိအောင်မလုပ်နိုင်ဘူး.. သူတို့မျက်လုံးထဲမှာ တချို့ကိစ္စတွေက မထူးခြား နေဘူး.. သူတို့ကို ဖြောင်းဖြနိုင်တာက ကျင့်ကြံခြင်းလမ်းစဉ်ပဲ.. ဒါပေမဲ့ သူတို့ က တကယ်ကို လျစ်လျူရှုတတ်ကြတာ.. စစ်မှန်တဲ့ကျွမ်းကျင်သူတွေက ဘေးကနေပဲကြည့်ကြတာ.. စစ်မြေပြင်က အထိန်းအချုပ်မဲ့သွားပြီဆိုမှ လှုပ်ရှား ကြတာ”

ပေထင်းဟွမ်သည် နားလည်သွားသဖြင့် ခေါင်းညိတ်ပြီး ပြုံးပြလိုက်သည်။ သူမသည် စိတ်ကျင့်ကြံရေးနည်းလမ်းတွေကို နားလည်ပြီးနောက် အနည်းငယ် တုံးအသွားသလိုခံစားရသည်။

မြို့ဝန်အိမ်တော်၏ဝင်ပေါက်တွင် ရထားလုံးနှင့် မြင်းများသည် နေရာ တိုင်းတွင်ရပ်ထားသည်။ အိမ်တော်သည် အသံများနှင့် ဆူညံနေပြီး လူများသည် မွှေးပျံ့သောအဝတ်အစားများကို ဝတ်စားထားကြသည်။ ကျောက်စိမ်း အခါးရည်အိုးများသည် တောက်ပနေသည်။ ခံတပ်မြို့မှ အထက်တန်းစားများ ရောက်လာကြသည်။ နေရာမျိုးစုံမှ ဓားသခင်နှင့် ဝိညာဉ်သခင်များလည်းရှိ၏။ အလွန်ပင် မူးဝေလောက်စရာမြင်ကွင်းဖြစ်သည်။

“အစ်ကိုကြီးမု နှင်းဝံပုလွေကြေးစားအဖွဲ့ရဲ့ သခင်လေးလည်း ဒီကိုလာ လားမသိဘူး.. နောက်ကျရင် ကျွန်တော့်ကို သူ့ဆီခေါ်သွားပေးဦး” ပေထင်းဟွမ် သည် သူမကို အကြောင်းအရင်းမရှိ ယုံကြည်ခဲ့သည့်လူငယ် ချင်းယွိအကြောင်း တွေးမိနေတုန်းပင်။

“ဟုတ်ပြီ” ပေထင်းဟွမ်၏ စကားအသွားအလာအရ ပေထင်းဟွမ်သည် ချင်းယွိကို တွယ်တာကြောင်း မိုယန်းခန့်မှန်းမိသည်။ သူသည် အနည်းငယ် မသက်မသာဖြစ်သလို ခံစားလိုက်ရ၏။ သူ့ရှေ့မှလူငယ်သည် သူ့အကြောင်း တွေးအောင်လုပ်နေသည်။ နေရာလဲလိုက်လျှင် ချင်းယွိသည်လည်း ယခု သူတွေးသလိုတွေးနေမည်ဟု သူ ယုံကြည်သည်။

သူ့စိတ်ထဲမှ ထိုသို့တွေးလိုက်ပြီးနောက် မိုယန်းသည် ပျော်ရွှင်စွာဖြင့် ပေထင်းဟွမ်အား ချင်းယွိနှင့် ခေါ်သွားတွေ့ပေးလိုက်သည်။

ဝင်ပေါက်တွင် အရည်အသွေးမြင့်ရထားလုံးရပ်ကာ လမ်းအဝင်အထွက် များကို ပိတ်လိုက်သည်။ မိုယန်းသည် မျက်မှောင်ကြုတ်ကာ တံခါးပွင့်လာချိန် တွင် ပေထင်းဟွမ်ကို ဆွဲထားလိုက်သည်။ အနီရောင်ဝတ်ထားသော အမျိုးသား တစ်ယောက်သည် သူတို့ရှေ့တွင် လမ်းလာပိတ်လေသည်။

“မြို့ဝန်ငယ်လေးမု မြို့ဝန်အိမ်တော်ရဲ့ မြို့ဝန်ငယ်တစ်ယောက်အနေနဲ့ ဒီလိုတိုက်ပွဲကြီးမတိုင်ခင်ကို ဘာလို့အကုန်လုံးကို အိမ်တော်ထဲဆွဲခေါ်သွင်းတာ လဲ” အနီဝတ်ထားသောလူသည် လက်ညှိုးပတ်ထိုးလေသည် “ဒီလိုအမှိုက်ကို အထူးဧည့်သည်လိုခေါ်လာတာ.. တကယ့်ကျွမ်းကျင်သူတွေက ဘယ်လိုထင် သွားကြမလဲ”

ဒီလိုအမှိုက်ဟုတ်လား။ သူက ပေယဲ့ကို အမှိုက်လို့ပြောလိုက်တာလား။ မုယန်း၏ချောမောသောမျက်နှာသည် နီရဲသွားသည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထိုလူ့ကိုထိုးတော့မည်အပြုတွင် ပေထင်းဟွမ်သည် သူ့ကိုတားလေသည်။

အသက် ၂၀ အရွယ်ရှိသောထိုလူသည် ချောမောသည့် အသွင်အပြင်ရှိ သည်။ သူ့မျက်နှာကိုကြည့်လျှင် လန်ချန်းမိုနှင့် အနည်းငယ်ဆင်သည်ဟု ပေထင်းဟွမ်ထင်မိသည်။ သူ ကူကယ်ရာမဲ့သလိုခံစားရသည်။ လူတစ်ဦးကို ကြည့်ရာတွင် သူတို့၏အကြည့်ကို အခြေခံပြီး အကဲဖြတ်နိုင်သည်။ လန်ချန်းမို ၏ အပြာရောင်မျက်လုံးများနှင့် မတူညီစွာပင် ဤလူ၏မျက်အိမ်သည် အမည်း ရောင်ဖြစ်သည်။ သူ့မျက်လုံးများသည် နဂိုလှပမှုရှိသော်လည်း ရက်စက်ပုံပေါ် သည်။ သူ၏အကြမ်းဖက်တတ်သော မျက်နှာထားသည် သူ၏လှပမှုကို ဖျက်ဆီးနေပြီး သူ၏ ကလူတတ်သော နီရဲသည့်မျက်နှာနှင့် ပို၍ပင် မလိုက်မဖက်ဖြစ်နေသည်။

ပေထင်းဟွမ်သည် ထိုလူ၏ သရုပ်မှန်ကို ခန့်မှန်းရန်ကြိုးစားနေမိ၏။ သူသည် သူတို့တွေ့လိုက်သည်နှင့် သူမကို နင်းချေချင်နေသည်။ သူမသည် ဤလူကိုလုံးဝမမှတ်မိပေ။

“လန်ချန်ဖုန်း ဘာတွေပြောနေတာလဲ.. အလင်းနတ်ဘုရားက နေရာတိုင်း မှာရှိတယ်.. မထင်မရှားပုရွက်ဆိတ်တောင်မှ ငါ့အလင်းအောက်မှာ ဂရုစိုက်ခံ ခွင့်ရှိတယ်” ဖြူစွတ်နေသောလက်တစ်ဖက်သည် ရွှေရောင်ရထားလုံး၏ ကန့်လန့်ကာကို မ,လိုက်သည်။ သူ၏ရွှေရောင်မျက်လုံးများသည် အားလုံးကို အထင်သေးစွာကြည့်နေသည်။ သန့်စင်သောသားတော်ဂူဟောက်အပြင် တခြားမည်သူရှိဦးမည်နည်း။

ပေထင်းဟွမ်သည် ရုတ်တရက် နားလည်သွားသည်။

***

All Chapters