← Chapters

ငါနဲ့တိုက်ခိုက်ရဲလား *

Vol. 8 Ch. 142

ငါနဲ့တိုက်ခိုက်ရဲလား *

Vol. 8 Ch. 142

လန်ချန်ဖုန်းကို မေးရန်ပင်မလိုတော့ပေ။ သူ၏မျိုးရိုးနှင့် မျက်နှာသည် လန်ချန်းမိုနှင့်တူနေရာ ဤလူသည် လန်မိသားစုဝင်ဖြစ်သည်ကို ပေထင်းဟွမ် သိလိုက်သည်။ သို့သော် သူမ ဆရာဖြစ်သူ၏မိသားစုသည် စီရင်ချက်နတ်ဗိမာန် ၏ လက်ပါးစေဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားပေ။

ပေထင်းဟွမ် အကြောင်းအရင်းကို ခန့်မှန်းမိသည်ကိုကြည့်ပြီး ဂူဟောက် ၏ မျက်လုံးများသည် ပေထင်းဟွမ်အား လှောင်ရယ်နေသကဲ့သို့ ရန်စလေ၏။ သူသည် ပေထင်းဟွမ်ကိုမတိုက်ခိုက်ရဲသော်လည်း သူမကို တိုက်ခိုက်ရသူရှိ သည်။

ထိုလူသည် လန်ချန်ဖုန်းဖြစ်သည်။

ဤသို့ဖြစ်ရာ သူမသည် ဝိညာဉ်သခင်ကြီးအနေနှင့် သူ့ခွန်အားကို စမ်းသပ်ချင်သည်။

ပဋိပက္ခများဖြစ်ပွားတော့မည်။ ဤတိုက်ကြီးတွင် သွေးနှင့် ကြမ်းတမ်း သောတိုက်ခိုက်မှုများ မပြတ်ခဲ့ပေ။ အခမ်းအနားပွဲတက်ရောက်လာသော လူများသည် အိမ်တော်အပြင်ဘက်သို့ရောက်လာပြီး သူတို့ကိုဝိုင်းထားကြ၏။ အားလုံးသည် သူတို့ကို ပွဲကြည့်သလိုကြည့်နေကြကာ ကြောက်ရွံ့ခြင်းလည်း မရှိကြပေ။

လူပိုများလာလေလေ ဂူဟောက်သည် ပြုံးလေလေဖြစ်သည်။ လန်ချန်းမို က သူ့ကိုကာကွယ်ပေးနေတာမဟုတ်ဘူးလား။ သူသည် လန်ချန်းမို၏ မျက်နှာ ကို ရိုက်ရန် တိုက်ရိုက်အကျဆုံးနှင့် ရှက်စရာအကောင်းဆုံးနည်းလမ်းကို အသုံး ပြုရမည်။ စီရင်ချက်နတ်ဗိမာန်သည် ရန်စရန်ခွင့်မပြုကြောင်းကို ပြပေးရမည်။

ပေထင်းဟွမ်သည် တည်ငြိမ်စွာပင် ရှေ့တိုးလိုက်သည်။ သူမသည် ခေါင်း မော့ကာ နှင်းဖြူရောင်မေးစေ့ကို ပင့်ထားလိုက်သည်။ သူမ၏ အလွန်မောက်မာ သောအပြုအမူသည် ဘေးနားမှလူများကို ပင့်သက်ရှိုက်စေသည်။ ဒီလူငယ်လေးကတော့နော်.. ဘယ်လိုကျွမ်းကျင်သူနဲ့ ရင်ဆိုင်နေရတာလဲဆို တာကိုရော သိရဲ့လား။

သူသည် ရှန်းမျိုးနွယ်၏ လူငယ်မျိုးဆက် ပါရမီရှင် အသက် ၂၂ နှစ်အရွယ် ကြယ် ၇ ပွင့် ဝိညာဉ်သခင်ကြီးဖြစ်သည်။ သူသာ အသက် ၂၃ နှစ်မတိုင်ခင်တွင် ကောင်းကင်အဆင့်သို့ ကျော်ဖြတ်နိုင်ပါက သူသည် သန့်စင်သောသားတော် ဂူဟောက်ပြီးလျှင် ဒုတိယမြောက်ပါရမီရှင်ဖြစ်မည်။ ၁ နှစ်အတွင်း ကောင်းကင် အဆင့်ကို ကျော်လွန်မည်မှာ မသေချာလျှင်တောင် သူ၏အရည်အချင်းသည် ကောင်းကင်ကို အာခံနိုင်လောက်သည်အထိရှိသည်။

“သန့်စင်သောသားတော် သခင်ကြီး” လန်ချန်ဖုန်းသည် ပြုံးပြီး ပေထင်းဟွမ်အား အထင်သေးစွာဖြင့် လက်ညှိုးထိုးလေသည် “ကျွန်တော်က အသံနတ်ဘုရားစကားကိုနားမထောင်တဲ့သူကို စကားပြောပြီး နတ်ဘုရားရဲ့ အလိုအတိုင်းလိုက်ပေးတာပါ”

“နတ်ဘုရားဟုတ်လား” ပေထင်းဟွမ်သည် ဟာသကြီးတစ်ခုကို ကြား လိုက်ရသလို ရယ်မောလေသည်။ သူမ၏အသံတစ်ခုတည်းသာ ကမ္ဘာကြီးကို လွှမ်းမိုးသွားသကဲ့သို့ မြို့တစ်မြို့လုံးမှာ သူမ၏အသံလွှမ်းခြုံသွားလေသည် “ဒီလိုမျိုး သိက္ခာရှိတဲ့လက်ပါးစေက ဒီလောက်မောက်မာနေတာမတွေ့ဖူးဘူး”

နတ်ဘုရားဟုတ်လား။ ကမ္ဘာပေါ်မှာ နတ်ဘုရားဆိုတာ ဘယ်လိုရှိနိုင်မှာ လဲ။ နတ်ဘုရားတွေက သာမန်လူတွေထက် အသက်ရှည်ရှည်နေနိုင်တယ်လို့ တော့ပြောကြတာပဲ။

ကောင်းကင်အဆင့်သို့တက်ပြီးနောက် အသက်ကြီးသည့်လုပ်ငန်းစဉ်မှာ နှေးကွေးလာပြီး အသက်လည်းရှည်လာသည်။ နတ်ဘုရားဟုတ်လား။ ဤတိုက် တွင် တစ်စုံတစ်ယောက်ရှိမည်ဆိုပါက ထိုလူသည် မီးတောက်မြို့၏ မြို့ဝန်ဖြစ် သည်။

လူအများရှေ့၌ အရိုက်ခံရသည်မှာ မည်မျှရှက်ဖို့ကောင်းလိုက်သနည်း။ လန်ချန်ဖုန်းသည် ပေထင်းဟွမ်အား လည်ပင်းညှစ်သတ်ချင်နေသည်။ သူသည် ဂူဟောက်လောက် အကြံအိုက်မနေပေ။ သူသည် ပေထင်းဟွမ်အား လက်ညှိုး ထိုးပြီးပြောလေသည် “ဟေ့ကောင် မင်း သေချင်နေပြီလား”

“လန်ချန်ဖုန်း မင်းက ငါနဲ့တိုက်ခိုက်ချင်တာလား.. ယောက်ျားဖြစ်ပြီး ပါးစပ်နဲ့ပြောပြီးဘာလုပ်မှာလဲ.. မင်းနဲ့ စကားများဖို့အချိန်မရှိဘူး တိုက်ခိုက်ချင် ရင် မင်းရဲ့အစွမ်းအစတွေပြလိုက်”

ပေထင်းဟွမ်သည် သူမ၏ဝတ်ရုံရှည်ကို ချွတ်ပြီး သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။ သူမဝတ်ထားသော အနက်ရောင်စစ်သည်ဝတ်စုံသည် သူမ၏ ပိန်ပါးသောခန္ဓာကိုယ်ကို ပုံဖော်ထားသည်။ နှင်းဖြူရောင်မျက်နှာဖုံး သည် အနက်နှင့် အပြင်းထန်ဆုံး ခြားနားမှုကို ပေးစွမ်းလေသည်။ အမြင်အာရုံ ဆန့်ကျင်ဘက်ဖြစ်နေမှုသည် မိန်းကလေးများကို ရင်ခုန်စေသည်။

“နှစ်ယောက်တွဲတိုက်မှာလား.. မင်းကသေချင်မှတော့ မင်းဆန္ဒကိုဖြည့် ပေးရမှာပေါ့” လန်ချန်ဖုန်းသည် ပေထင်းဟွမ်၏စကားများကို ကြားပြီးနောက် စိတ်လွတ်သွားသလိုပင်။ သူသည် ဤကောင်လေးကို သတ်မည်ဟု ဂူဟောက် အားကတိပေးခဲ့သည်ကို ဖြည့်ဆည်းရန် မစောင့်ဆိုင်းနိုင်တော့ပေ။

မြို့ဝန်အိမ်တော်၏ တံခါးဝင်ပေါက်သည် ကျယ်ဝန်းသည်။ အဖြူရောင် ကျောက်တုံးဖြင့် ခင်းကျင်းထားသော မြေကြီးသည် အလွန်မာကျောသည်။ တရားစီရင်ရေးနတ်ဘုရား ရုပ်ထုမှလွဲ၍ ဟင်းလင်းဖြစ်နေသောကွင်းပြင်သည် မှော်သားရဲခံတပ်၏ ထူးခြားချက်တစ်ခုဖြစ်သည်။ နေ့စဉ်နေ့တိုင်း ဤနေရာ၌ တစ်ဦးချင်းတိုက်ပွဲများရှိကာ သွေးဆူသောစွန့်စားသူများ ကြေးစားများအတွက် နေရာကောင်းတစ်ခုဖြစ်ခဲ့သည်။

***

All Chapters