သခင်ကြီးပေယဲ့
Vol. 8 Ch. 143
ကွင်းပြင်မှာ လျင်မြန်စွာပင် ရှင်းလင်းသွားသည်။ ချင်းယွိ သူ့လူများနှင့် ရောက်လာချိန်တွင် ကွင်းပြင်အဆုံးတွင် ဝါးပင်ကဲ့သို့ မတ်မတ်ရပ်နေသည့် လူငယ်တစ်ဦးကိုတွေ့လိုက်ရသည်။ တဖျပ်ဖျပ်ခတ်နေသောလေသည် သူ၏ တိုက်ခိုက်ရေးဝတ်စုံကို ဖောင်းလာသည်အထိ တိုက်ခတ်နေသည်။ သူ၏ ဆံနွယ်ရှည်များသည် နောက်ကျောတွင် လှုပ်ယမ်းနေသည်။ သူ၏ ထူးခြား သောမျက်နှာကို နှင်းဖြူရောင်မျက်နှာဖုံးဖြင့် အုပ်ထားသည်။ သူ၏ ထင်းနေ သောနှာခေါင်းများသည် ၄ လပိုင်းတွင်ပွင့်သည့် သစ်တော်သီးပန်းပွင့်နှင့်တူ သည်။ သူ၏ နှုတ်ခမ်းများသည် မျဉ်းကြောင်းအသွင်ကွေးကောက်နေပြီး သူ သည် ဂုဏ်ယူမဆုံးနိုင်သည့်အသွင်အပြင်ဖြစ်သည်။ သူ၏ လက်ရာမြောက် သော မေးရိုးသည် တောင်ထိပ်တွင် နှစ်ပေါင်းထောင်သောင်းမက အရည်မပျော် နိုင်သည့် နှင်းလက်တစ်ဆုတ်စာနှင့်တူသည်။
အကြည့်တစ်ချက်နှင့်ပင် ချင်းယွိသည် သူ့ကိုယ်သူပင် မေ့သွားလေ၏။ သူ ထိုလူငယ်ကို မြင်လိုက်သည့်အချိန်တွင် လော့ပေမြို့တွင်ရှိစဉ်က သူ့ကို “အစ်ကိုကြီး” ဟု အဆက်မပြတ်ခေါ်ခဲ့သည့် ထိုလူငယ်ကို ချင်းယွိသွားတွေးမိ သည်။ သူတို့သည် ခပ်ဆင်ဆင်ဖြစ်သော်လည်း ထိုလူငယ်အပေါ်မှ အားကောင်း သော စွမ်းအင်အတက်အကျသည် ရှောင်ကျို့မဖြစ်နိုင်ဟု ချင်းယွိကို သတိပေး နေသည်။ ရှောင်ကျို့သည် ဓားသမားဖြစ်သည်။
ရှောင်ကျို့ ဘာများလုပ်နေသည်ကို သူ မသိပေ။ သူ ရှောင်ကျို့ကိုပါ ခေါ် လာသင့်သည်။
“သခင်လေး သူပဲ အဲဒီသခင်ကြီး.. အဲဒါက ဝိညာဉ်ခွဲတောင်ကြားမှာ တုန်းက ကျွန်တော်တို့ကိုကယ်ခဲ့တဲ့ သခင်ကြီးမဟုတ်ဘူးလား” ပေထင်းဟွမ်ကို မြင်လိုက်သည်နှင့် တိုင်နွန်သည် ပျော်ရွှင်စွာဖြင့် ထခုန်လေသည်။ ဤအခိုက်အတန့်တွင် ပေထင်းဟွမ်သာ စစ်မြေပြင်တွင်ရှိမနေပါက သူ အောင်ပွဲခံမည်ဖြစ်သည်။
“ဟုတ်တယ် သူပဲ သူပဲ မမှားနိုင်ဘူး” ခေါင်းဆောင်၏ တောက်လောင် သော အကြည့်များသည် ပေထင်းဟွမ်ဆီသို့ ကျရောက်နေသည်။ ဤသခင်ကြီး သည် မျက်နှာဖုံးပြောင်းသွားသော်လည်း သူတို့ မမှားနိုင်ပေ။ ဤသခင်ကြီး၏ သွက်လက်သောအရည်အချင်းနှင့် ထူးခြားသောခွန်အားတို့သည် သူတို့၏စိတ် ထဲတွင် စွဲကျန်နေခဲ့သည်။ သူ့တွင် ထူးခြားသည့်ရောင်ဝါရှိပြီး ထိုအရာကို မည်သူမှ လိုက်မတုနိုင်ပေ။
“ပေယဲ့” ချင်းယွိသည် အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော် စဉ်းစား ကြည့်ပြီးနောက် သူ နားလည်သွားသည်။ ရှောင်ကျို့သည် ရှောင်ကျို့၊ ပေယဲ့ သည် ပေယဲ့ဖြစ်သည်။ ပေယဲ့သည် ရှောင်ကျို့မဟုတ်ခြင်းကြောင့် သူ အကျိုး မယုတ်နိုင်ပေ။
အားလုံး၏မျက်လုံးများသည် သူတို့နှစ်ယောက်အပေါ် ကျရာက်နေသည်။ အသက် ၁၄ နှစ်အရွယ်ပေထင်းဟွမ်နှင့်ယှဉ်လျှင် လန်ချိန်ဖုန်းသည် အနည်း ငယ် ပို၍စိတ်မရှည်သလိုပင်။ သို့သော် သူသည် စိတ်မရှည်ပိုင်ခွင့်ရှိသည်။ သူနှင့် ပေထင်းဟွမ်အကြားမှ ခွန်အားကွာခြားချက်သည် အလေးအနက်မှတ်ယူ ရန် မထိုက်တန်ပေ။
ပေထင်းဟွမ်သည် သူ့ကို တိတ်တဆိတ်ကြည့်နေသည်။ ဤအရာသည် သူမ ခွန်အားကြီးလာပြီးသည့်နောက်ပိုင်း ပထမဆုံးအကြိမ် ရင်ဆိုင်ရသည့် အကြီးဆုံး စိန်ခေါ်မှုဖြစ်သည်။ ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးနှင့် ရင်ဆိုင်ရသည် မှာ သူမသည် ရွေးချယ်စရာမရှိဘဲ ချင့်ချိန်ရမည်။ သူမသည် မျက်လုံးများကို ဖြည်းဖြည်းချင်းမှိတ်ကာ စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး သူမ၏အခြေအနေကို အကောင်းဆုံးဖြစ်အောင် ထိန်းညှိသည်။
မရေမတွက်နိုင်သောလူများ အပြေးရောက်လာသည်။ ကွင်းပြင်၏ အနောက်တွင် မြို့ဝန်၏အိမ်တော်ရှိသည်။ ယနေ့ညတွင် ဤနေရာသည် အိမ်ကွင်းဖြစ်သည်။ ထိုအချိန်တွင် လူများလည်း အုပ်လိုက်ရှိနေသည်။ ကျော တွင် လက်နက်များသယ်ဆောင်သည့် စွန့်စားသူများလည်း နေရာစုံမှ ပြေးလာ ကြသည်။ ဤနေရာတွင် နတ်သားရဲတစ်ကောင် ပေါ်လာသည်ထက်ပင် ပို၍ မျက်စိဖမ်းစားနိုင်လောက်သည့် မြင်ကွင်းဖြစ်နေသည်။
“ဘာဖြစ်ကြတာလဲ” မှော်သားရဲတောမှ အခုမှပြန်ရောက်လာသည့် ဟန်မုသည် ကွင်းပြင်ဆီသို့သွားနေသည့် စွန့်စားသူတစ်ဦးကို တားလိုက်သည်။ ကြီးမားသောလူအုပ်ကြီးသည် ဦးတည်ဘက်တစ်ဖက်တည်းကိုသွားနေသည်မှာ အံ့ဩစရာဖြစ်သည်။
ရှင်းထျန်ကြေးစားအဖွဲ့ကို ဦးဆောင်ပြီး ဝိညာဉ်နဂါးမောက်သီးခူးရန် တာဝန်ထမ်းဆောင်သည့် သားဖြစ်သူမှာ ပြန်မလာခဲ့ပေ။ သူသည် သူ့လူများကို ဦးဆောင်ပြီး တောထဲတွင် ၇ ရက်တိုင်တိုင်ရှာဖွေခဲ့သော်လည်း သတင်းအစအန မရခဲ့ပေ။ ရှင်းထျန်အဖွဲ့နှင့်အတူ ဝိညာဉ်ခွဲတောင်ကြားသို့ဝင်သည့် အင်အားစု များအကြားတွင် ရှင်းထျန်အားယှဉ်နိုင်သူမှာ နှင်းဝံပုလွေကြေးစားအဖွဲ့သာရှိ သည်။ နှင်းကြေးစားဝံပုလွေအဖွဲ့သည် ဝိညာဉ်နဂါးမောက်သီးနှင့်အတူပြန်လာ ကာ သားဖြစ်သူဦးဆောက်သည့်အဖွဲ့မှာ ပျောက်ခြင်းမလှပျောက်သွားခဲ့သည်။
ထိုအရာကြောင့်ပင် နှင်းဝံပုလွေကြေးစားအဖွဲ့သည် ဤတာဝန်တွင် ဝင် နှောင့်ယှက်လေသလားဟု သူ့ကို တွေးထင်စေသည်။
“သခင်ကြီး…” မလှမ်းမကမ်းတွင် ရှင်းထျန်ကြေးစားအဖွဲ့၏ အဖွဲ့ဝင် တစ်ယောက်သည် သူတို့အဖွဲ့ပြန်အလာကို တံခါးတွင်စောင့်နေသည်။ ထိုအချိန် တွင် သူ၏စူးရှသောမျက်လုံးများသည် ဟန်မုကိုမြင်သဖြင့် အားလုံးကိုထားခဲ့ ကာ အမြန်ပြေးလာလေသည် “သခင်ကြီး မြန်မြန်လာခဲ့ ကွင်းထဲမှာ ပွဲကြီး ပွဲကောင်းရှိနေတယ်.. လူငယ်လေးတစ်ယောက်က လန်ချန်ဖုန်းကို စိန်ခေါ်ချင် နေတာ”
***